သင်းမြမြကို - တစ္ဆေလေးနဲ့သွေစုတ်ဖုတ်ကောင်များ
တစ္ဆေလေးနှင့် သွေးစုပ်ဖုတ်ကောင်များ
အဲဒီနေ့ညမှာ ဂျိတ်ခ်တစ်ယောက် စိတ်တွေအရမ်းလှုပ်ရှားနေတာပေါ့။ စိတ်လှုပ်ရှားတော့ သူက အိပ်လို့လည်းမပျော်တော့ဘူးပေါ့။ နောက်ဆုံးမှာ
စနေနေ့ကို ရောက်လာတယ်။ ပွဲဈေးကို သူသွားခွင့်ရတော့မယ့်နေ့ပေါ့။ ပထမဆုံး ဂျိတ်ခ်က သူနဲ့အတူ အဖော်လိုက်မယ့်တစ်ယောက်ကို ရှာလိုက်တယ်။
“ဒက်ဒီက သားကို ပွဲဈေးလိုက်ပို့ပေးမှာလား”
ဂျိတ်ခ်က သူ့ဖခင်ကို မေးကြည့်တော့
သူ့ဖခင်က ပြန်ပြောတယ်။
“ငါ လိုက်မပို့နိုင်ဘူး ဂျိတ်ခ်၊ ဆောရီးပဲ ...၊
ငါ အခုအလုပ်တွေ မအားသေးဘူး”
ဂျိတ်ခ်ရဲ့ ဒက်ဒီကသတင်းစာထဲမှာ ခေါင်းမြှုပ်ပြီး စိတ်ဝင်တစားနဲ့ဖတ်နေတာပေါ့
ဒီတော့ ဂျိတ်ခ်က သူ့မိခင်ကိုမေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပြန်တယ်။
“သားကို ပွဲဈေးလိုက်ပို့ပေးပါလား မာမီ”
ဂျိတ်ခ်ရဲ့မာမီက ခေါင်းကိုတွင်တွင် ယမ်းခါပြီး
အခုလိုပြောပြန်သတဲ့။
“ဆောရီးပဲ ဂျိတ်ခ်ရေ ...
အမေ ပွဲဈေးကိုသွားဖို့ အချိန်မရှိဘူးကွဲ”
ဒီအခါ ဂျိတ်ခ်က စိတ်ညစ်ပြီး စောဒကတက်လိုက်တယ်။
“ပွဲဈေးမှာ ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ အမျိုးပေါင်း ၅၀ လောက်ရှိတယ်”
ဒီအခါ အမေကလည်း ပြန်ပြောတာပေါ့။
“ဪ ... ဟုတ်လား၊ အမေ့မှာလည်း အဝတ်လျှော်ပြီး မီးပူတိုက်ဖို့အတွက် အဝတ်အစားတွေက အထည် ၅၀ လောက် ရှိနေတယ်ကွဲ၊
မင်းအစ်မကို တစ်ချက် မေးကြည့်ပါလား၊ သူ ပွဲဈေးလိုက်ပို့ပေးမလားလို့”
ဂျိတ်ခ်ရဲ့အစ်မလုပ်သူ “မာဆီရာ”က ပျင်းရိတတ်ပြီး တစ်ချိန်လုံး ဖုန်းတစ်လုံးနဲ့ပဲ အလုပ်ရှုပ်နေတတ်တဲ့သူတစ်ယောက် ဖြစ်တာကို ဂျိတ်ခ်က သတိထားမိလိုက်တယ်။
ဒါပေမဲ့လည်း မာဆီရာကိုသေချာအောင်မေးဖို့ ဆုံးဖြတ်လိုက်တယ်။
မာဆီရာက မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေရာကနေ ဂျိတ်ခ်ဝင်လာတာကို တွေ့တော့ “နင် ဘာလိုချင်လို့လဲ” လို့မေးလိုက်တယ်။
ဂျိတ်ခ်က ချိုသာစွာပြုံးရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တယ်။
ပြီးမှ ထုံးစံအတိုင်း -
“သားကို ပွဲဈေးလိုက်ပို့ပေးမလား” ကို့မေးလိုက်တယ်။
“အေး... ခဏနေဦး၊ ငါ ဘရက်ဒ်ဆီကို ဖုန်းဆက်စရာရှိသေးတယ်”
မာဆီရာက ပြန်ဖြေသတဲ့။
-
ဘရက်ဒ်က မာဆီရာရဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ပါ။
ဘရက်ဒ်နဲ့မာဆီယာတို့ ဖုန်းပြောပြီဆိုရင် အနည်းဆုံး နာရီပိုင်းကြာတတ်တာကြောင့် ဂျိတ်ခ်က တစ်ချက်ညည်းညူလိုက်မိတယ်။
ဂျိတ်ခ်က စောဒကတက်ပြီး ထပ်ပြောတယ်။
“ပွဲဈေးက အခု စဖွင့်နေပြီ”
မာဆီရာက ဂျိတ်ခ်ကို တစ်ချက်ပြူးကြည့်လိုက်တယ်။
ဂျိတ်ခ်က အလျှော့မပေးဘဲ
“ပွဲဈေးက ဆယ်နာရီဆို ပိတ်ပြီ”” လို့ အထွန့်ထပ်တက်လိုက်တယ်။
မာဆီရာကလည်း ဖုန်းကောင်းကောင်းမပြောရလို့ ဂျိတ်ခ်ကို ဒေါကန်ပြန်သတဲ့။
“ဘရက်ဒ်ရေ ... ကျယ်ကျယ်ပြော၊ ဒီမှာ ကောင်းကောင်းမကြားရဘူး”