Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သက်လုံ - သင့်ကျန်းမာရေးအတွက်ဖုန်းရွှေ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
အခန်း-၁
 စည်းဝါးကိုက် စီမံမှု အတတ်ပညာ

     

            ရှေး တရုတ်လူမျိုးများ၏ အယူအဆအရ ဆိုသော် တည်နေရာ တစ်ခုတွင် အထားအသိုနှင့် မျက်နှာမူရာ အရပ်တို့သည် အတိုင်း ထက် အလွန်ပင် အရေးပါလှပေသည်။ ကျွန်ုပ်တို့၏ နေအိမ်၊ ကျွန်ုပ် တို့၏ အလုပ်ဌာန၊ ကျွန်ုပ်တို့ကို ဝန်းရံတည်ရှိနေကြသော ပိုင် ဆိုင်ပစ္စည်းများသည် ကျွန်ုပ်တို့၏ သဘောထားများနှင့် စိတ်ဓာတ် ကိုပင် အကျိုး သက်ရောက်စေနိုင်ပေ၏။

          တရုတ်တို့၏ ရိုးရာ သမိုင်းပုံပြင်များနှင့် ဒေဝတာပုရာဏ်တို့က ယင်းသို့သော အကျိုးသက်ရောက်မှုသည် လူတစ်ယောက်၏ ကိုယ် စိတ် အမူအရာများနှင့် သဘောထား အမြင်များကို အပြုသဘော

ဆောင်စေရန် သော်လည်းကောင်း၊ အပျက်သဘော ဆောင်စေရန် သော်လည်းကောင်း၊ ချစ်ခင်သည့် စိတ်ထား ပေါ်ပေါက်စေရန်သော် လည်းကောင်း၊ ချစ်ခင်မှု ကင်းမဲ့သည့် စိတ်ထား ပေါ်ပေါက်စေရန်

သော် လည်းကောင်း၊ ညီညီညွတ်ညွတ် ရှိစေရန်သော်လည်းကောင်း၊ တစ်ဖက်သားကို ထိခိုက်စေရန်သော်လည်းကောင်း ပုံလောင်း ပေးတတ်သည်ဟူ၍ ကျွန်ုပ်တို့အား သင်ကြားပေးပါသည်။

          ဤစာအုပ်သည်ကား ဖုန်းရွှေ (Feng Shui)ဟု ခေါ်ဝေါ်သော စည်းဝါးကိုက် ညီညွတ်မှုနှင့် ကံကောင်းမှုတို့ကို တိုးမြှင့်စေရန်အတွက် အရာဝတ္ထုများကို စီစဉ်ထားရှိခြင်းနှင့် ပတ်သက်သည့် တရုတ်ရိုးရာ သျှတ္တရ ပညာကို ဖော်ပြမည်ဖြစ်၏။ 

          ဤမည်သော ရှေးဟောင်းပညာသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်မှ အရာဝတ္ထုများနှင့် ကျွန်ုပ်တို့ ထိတွေ့ ဆက်ဆံရေးမှ တစ်ဆင့် ငြိမ်းအေးမှုနှင့် ကြီးပွားမှုအသစ်တို့ရှာဖွေတွေ့ရှိစေရန် အတွက် ကျွန်ုပ်တို့အား စွမ်းအားပေးပါလိမ့်မည်။

          ကျွန်ုပ်တို့သည် ထိုအရာဝတ္ထုများကို လူများ(လူသား)၊ ပတ်ဝန်း ကျင် (ကမ္ဘာမြေ)၊ မနောဓာတ် (ကောင်းကင်ဘုံ)တို့သည် တိုးတက် မှုအတွက် စည်းဝါးကိုက် ညီညွတ်မှု ဖြစ်ပေါ်စေအောင် စီစဉ် နေရာ ချထားရမည် ဖြစ်ပါ၏။

            အနောက်တိုင်းမှ အစဉ်အလာ အယူတွင်လည်း ဆင်ဆင်တူသော စိတ်ကူး အယူအဆများရှိ၍ “ဂျီယိုမန်စီ” (Geomancy) သို့မဟုတ်“ဘူမိကြန် အတတ်” ဟူ၍ ခေါ်ဝေါ်ပေ၏။ 

            တရုတ်ဘာသာစကားအရ ဖုန်း(Feng)သည် “လေ”ဟု အဓိပ္ပာယ်ရ၍ ရွှေ(Shui)သည် “ရေ”ဟူ၍ အဓိပ္ပာယ်ရသည်။ “လေနှင့်ရေ”ဟူ သော စကားလုံးစုက “တောင်ထိပ်သို့ တက် ရောက်သော လေ” နှင့် “လှိုင်းထိပ်ဖျားသို့ ရောက်သော ရေ”တို့ကို သရုပ်ဆောင်ကာ၊ သူတို့နှစ်ဦး စည်းဝါးကိုက် ညီညွတ်သွားသည် ရှိသော် လူ၏ သဘောထား အမြင်များနှင့် လုပ်ဆောင်ခက်များသည် အောင်မြင်ခြင်းသို့ ဦးတည်လေသည်။                 

            ဖုန်းရွှေ၏ အရင်းမူလများကို ရှေးဟောင်း နက္ခတ္တဗေဒ၊ ပထဝီဝင် ရိုးရာပုံပြင်များ၊ တရုတ်ရိုးရာ အသိပညာ၊ တောက်ဝါဒီ တို့၏ စကြဝဠာဗေဒနှင့် ခံယူချက်သဘောတရား၊ ယီကျင်းကျမ်း (ပြောင်းလဲမှုကျမ်း ဟုဆိုအပ်သော တရုတ်ရိုးရာ စံပြကျမ်း)မှ ရှေ့ ဖြစ် ဟောနည်း ဟူသည်တို့တွင် တွေ့ရှိနိုင်ပါသည်။

            ရှေး တရုတ်လူမျိုးတို့သည် ဤသို့သော ကိစ္စမျိုးကို ကောင်းစွာနားလည်ခဲ့ကြပါသည်။ သူတို့၏ ရှည်လျားသော သမိုင်းစဉ်နှင့် အထပ်ထပ် စုပုံလာသော ရည်မွန်တတ်ပွန်မှု ဆိုင်ရာ အတွေ့အကြုံ များက သူတို့အား ဘယ်သူနှင့်မျှ မတူသည့် ရိုးရာအစဉ်အလာအယူ နှင့် ယင်းအသိပညာကို လက်ခံမြတ်နိုးပေသော စိတ်ဓာတ်ကို ပေး နှင်းပေသည်။

           ဤသို့ အထူးဖြစ်သော ပေါင်းစပ်ခြင်းများသည် ဖုန်းရွှေအခြေခံ အယူဝါဒကို မွေးဖွားပေးလေသည်။ ယင်း အယူဝါဒ အရဆိုသော် ဝတ္ထုပစ္စည်းများကို မင်္ဂလာရှိသော ထားသိုပုံများဖြင့် စီစဉ်ထားရှိခြင်း သည် ကောင်းကင်မှ နားမလည်နိုင်သော စွမ်းအင်များကို မြေပေါ်မှ လူများ၊ အရာဝတ္ထုများနှင့် ဓာတ်တည့်မှု ရှိစေပြီး၊ ဤသျှတ္တရကို ကျင့်သုံးသူ ပညာရှိများအား ကံကောင်းမှုကို ယူဆောင်ပေးနှင်းသည် ဟူသော အယူဝါဒ ဖြစ်ပေ၏။

          ရှေးဟောင်း တရုတ်လူမျိုးများက ဤသို့လည်း ယုံကြည်ခဲ့ကြ သေးသည်။ ဘဝတွင် စည်းဝါးကိုက် ညီညွတ်မှုနှင့် ဟန်ချက်ညီမှုတို့ သည် အဇ္ဈတ္တ (လူ၏ သဘာဝအရည်အသွေးဟု အဓိပ္ပာယ်ရသော “ပုရိမ ကောင်းကင်ဘုံ”)နှင့် ဗဟိဒ္ဓ (လူ၏ ပတ်ဝန်းကျင်မှ ပြောင်း လဲမှု အခြေအနေများဟု ဆိုအပ်သော ပစ္ဆိမ ကောင်းကင်ဘုံ”) နှစ်ခုစလုံးဖြစ်သော ပင်မ ထွက်ပေါ်ရာများဆီမှ လူဆီသို့ လာ ရောက်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။

           ထို့ပြင် ယင်းသို့သော အရှိန်ဩဇာ သက်ရောက်မှုများသည် ဘဝတွင် လူ၏ အောင်မြင်မှု အခွင့်အလမ်းများကို တိုးပွားအောင် လည်း လုပ်လို့ရသည်။ လျော့ပါးအောင်လည်း လုပ်လို့ရသည်ဟူ၍ လည်း ဆိုမိန့်ကြကုန်၏။

          မည်သို့ပင်ဖြစ်စေ ဘယ်တုန်းကမှ ဘာကိုမျှ အာမခံချက် ပေးထားခြင်း မရှိသည် ဖြစ်သောကြောင့် ဤဖုန်းရွှေတည်းဟူသော သျှတ္တရပုံစံကို ပရ မတ္ထအမှန်တရား တစ်ပါးအနေဖြင့် စာဖတ်သူများသည် မျက်စိမှိတ် မယုံ ကြည် စေလိုပါ။

           စင်စစ်သော်ကား ဤပညာသည် အနုပညာ စင်မြင့်တစ်ခုကို စီမံထားသိုပုံနှင့် ပို၍ တူပါ၏။ လူအား စင်မြင့်တစ်ခုကို တည်ဆောက်ပေးပြီး၊ ထိုလူသည် ထိုစင်မြင့်ပေါ်တွင် နေ့စဉ် ကြုံတွေ့ရ သည့် အတားအဆီး၊ အနှောင့်အယှက်များကို ကျော်လွှားရေး၌ “စိတ်က ရုပ်ကို ချုပ်ကိုင်ခြင်း”ဇာတ်လမ်းကို ကပြ အသုံးတော်ခံရန် ဖြစ်ချေသည်။

          အခြားသော အရာများထက် ကောင်းကျိုးဆောင်ပြီး ချစ်ခင် ညီညွတ်သည့် ပတ်ဝန်းကျင်ကို စီမံဖန်တီးပေးကာ ထိုပတ်ဝန်းကျင် ထဲ၌ လူသည် အိမ်မှာရော လုပ်ငန်းခွင်တွင်ပါ စည်းဝါးကိုက် ညီ ညွတ်မှု ရရှိစေရန်ကို ပို၍ ရှေ့တန်းတင်ကာ စီမံဖန်တီးပေးခြင်း ဖြစ်ပါသည်။

          အစဉ်အလာ အယူအားဖြင့် တတ်ကျွမ်းသော တရုတ် ဖုန်းရွှေဆရာသည် ကျွမ်းကျင်သော ရှေ့ဖြစ်ဟော   ဆရာလည်း ဖြစ်၊ ယီကျင်းရှေ့ဖြစ်ဟော အတတ်တွင်လည်း ပါရဂူ ဖြစ်ရပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသျှတ္တရ သုံးခုသည် အချင်းချင်း ဆက်စပ်နေပြီး တူညီသော ဇာစ်မြစ်များ ရှိကြသောကြောင့်တည်း။

          မှန်ကူကွက်ပေါင်း ထောင်,သောင်း ပါရှိသော ဖုန်းရွှေသျှတ္တရ သည် ရှေးဟောင်းရိုးရာ အတတ်ပညာ၏ ဤ အခက်အလက် အားလုံးကို သိမ်းကျုံးပေါင်းရုံးထားချေ၏။

            ထို့ပြင်လည်း သိထားရန် အရေးကြီးသည်မှာ ဖုန်းရွှေတွင် မတူညီသော အသိတရား အဆင့်များ ရှိသည်ဆိုခြင်း ဖြစ်၏။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသိတရားနှင့် ဉာဏ်ပိုင်းဆိုင်ရာ အသိတရား နှစ်ခုစလုံးသည် ရှိနေရပေမည်။

          ဖုန်းရွှေဆရာကို ရွေးချယ်ရာတွင် သင်သည် သိက္ခာသမာဓိရှိသူကို အထူးဂရုစိုက်၍ ရွေးချယ်သင့်ပါ၏။ သို့မှသာ “မကောင်းသော ပန်းသီးများ”ကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး မကောင်းသော ကံအခွင့် သင့်ခြင်းမှလည်း ရှောင်ကြဉ်ရာ ရောက်ပေသည်။ 

          သင့်ကို အကြံပေးဖို့ ပညာရှင်ကို တာဝန်ပေးတော့မည်ဆိုလျှင် ထိုသို့ မပြု လုပ်ခင် သင့်ကိုယ်ပိုင် ဇာတိစိတ်ဆိုင်ရာ ဉာဉ်များနှင့် အသိဉာဏ်ဆိုင်ရာ ဝေဖန် ပိုင်းဖြတ်ချက်တို့ကို အသုံးပြုပါလော့။ ရှေးဦးစွာ အရာရာကို စစ်ဆေး၍ သတိ ကြီးစွာ ရှိပါချေလော့။

          ကျွန်ုပ်တို့ သိထားသည့်အတိုင်း ဤစာအုပ် အပါအဝင် စာအုပ် များသည် နောက်ခံ သဘောတရားများ၊ အတွေးအခေါ်များ၊ နည်း လမ်းများ အကြောင်းကိုသာ ဖော်ပြထားကြပါ၏။

          ဤဟာများသည် ဖုန်းရွှေ၏ အသိဉာဏ်ပိုင်းဆိုင်ရာ မျက်နှာစာ များ ဖြစ်ကြကုန်၏။ ထိုဟာနှင့် ထပ်တူထပ်မျှ အရေးပါသည့် စိတ် ဓာတ်ပိုင်းဆိုင်ရာ အတိုင်းအတာကိုမူ စကားလုံးများအားဖြင့် ဖော် ပြရန် ခက်ခဲလှသည်။

          နားလည်ဖို့ရန်ကား ပို၍ ခက်ခဲ နေပြန်သေး၏။ ယင်းသို့သော မျက်နှာစာများသည် မည်သည့်စာအုပ်မဆို စာအုပ်များ၏ နယ်ပယ် အပြင်ဘက်က အရာများ ဖြစ်ကြပေသည်။

          ဖုန်းရွှေသျှတ္တရကို တရုတ်နိုင်ငံနှင့် အခြားသော အာရှနိုင်ငံများတွင် ရာစု နှစ်ပေါင်းများစွာကပင် ကျင့်သုံးလာခဲ့ကြပြီး၊ အလား တူ လေ့ကျက်ပြုလုပ်မှုများကို ရှေးဟောင်းအီဂျစ်လူမျိုးများ၊ ခေါမ (ခေါ်) ဂရိလူမျိုးများ၊ ရောမ(ခေါ်) ရိုမန်လူမျိုးများ၊အာရပ် လူ မျိုးများ၊ အိန္ဒိယလူမျိုးများ မြောက်နှင့် တောင်အမေရိကတိုက် များရှိ နေရင်းစွဲ လူမျိုးများသည်လည်း တတ်ကျွမ်း လေ့ကျင့်ကြကြောင်း သိရသည်။ ညတွင်းချင်းဖြင့် ပါရဂူဖြစ်လာရန် မမျှော် လင့်ပါနှင့်။

           သို့ရာတွင် ဤသျှတ္တရများကို အနည်းငယ်မျှ သိထားသော အသိပညာ ရရှိခြင်းကပင်၊ လက်သင် အဆင့်မှာပင်လျှင် ကျွမ်းကျင် သူ ဆရာတစ်ယောက်ကို ထွက်ရှာရသဖြင့် ကုန်ကျရသော မလို အပ်သည့် စရိတ်များနှင့် ရှုပ်ထွေးမှုများမှ သက်သာသွားမည် ဖြစ် ပါသည်။

          တရုတ်လူမျိုး၏ ရိုးရာ ဖုန်းရွှေ(ဂိုဏ်းပေါင်းစုံ အယူအဆများ အပါအဝင်) အတတ်ပညာကို ယေဘုယျအားဖြင့် မျိုးဆက်တစ်ခုမှ နောက် မျိုးဆက်တစ်ခုသို့ ဆရာတပည့် ဆက်ဆံရေးအားဖြင့်သော် လည်းကောင်း၊ သားစဉ်မြေးဆက် မျိုးရိုးအားဖြင့် လည်းကောင်း လက်ဆင့်ကမ်းခဲ့ကြသည်။

          ဤသို့ ပညာလက်ဆင့်ကမ်းခြင်းသည် အလေးအနက်ထားရမည့် ကိစ္စတစ်ရပ် ဖြစ်လေရာ၊ ဤသျှတ္တရ၏  ဆရာသခင်များသည် မှန်ကန်သော တပည့်များကို အချိန်ယူ စမ်းသပ်ရွေးချယ်ဖို့ လိုအပ်မှုကို ထက်မြက်သော ဉာဏ်အားဖြင့် သိရှိကြလေသည်။

           သင့်တော်သော အာရုံ ထိတွေ့ လွယ်မှု၊ သို့တည်းမဟုတ် သင့်တော်သော အာရုံခံစားနိုင်မှု စွမ်းအားကင်းမဲ့နေသော သူသည်စစ်မှန်သော ပညာအမွေခံ မဖြစ်နိုင်ချေ။ 

           သုတပြည့်စုံသော စိတ်ပါဝင်စားသူ တစ်ဦးမျှသာ ဖြစ်ပါလိမ့် မည်။ စင်စစ်သော်ကား ဤသျှတ္တရသည် လူတိုင်းအတွက် မဟုတ်ချေ။ အမှန်ဆိုရလျှင် အချို့သော ဂုရုဆရာများသည် သူတို့၏ အတတ် ပညာများကို နောက်လူများ လက်ဆင့်ကမ်း ပေးသွားခြင်း မရှိဘဲ ကွယ်လွန်ခဲ့ကြ၏။ 

           သင့်တော်သော ပညာအမွေခံကို မရနိုင်သော အကြောင်းသက် သက်ကြောင့်ပင် ဖြစ်သည်။ ထိုအခြင်းအရာကိုပင် ထောက်ရှု၍ အကယ်၍ ဂုရုဆရာသည် အကျင့်ပျက်ခဲ့သော် သူ၏ အတတ်နှင့် လေ့ကျက်မှုတို့သည် သူနှင့် “စိတ်ဓာတ်အားဖြင့် အဆက်ပြတ် သွားလေတော့သည်။ ယင်းသို့သော ပုဂ္ဂိုလ်များသည် သူ့ကိုယ်တိုင် အတွက်ရော၊ အခြား လူများအတွက်ရော အန္တရာယ်ကြီးပေ၏။

           အစဉ်အလာရှိသော ဖုန်းရွှေဆရာများသည် ဗဟိဒ္ဓ ဖုန်းရွှေတွင် သာမက အဇ္ဈတ္တဖုန်းရွှေတွင်ပါ လေ့ကျင့်တတ်မြောက်ကြသည်ဖြစ်၍ ထို ဗဟိဒ္ဓနှင့် အဇ္ဈတ္တတို့သည် ဤစာအုပ်၏ အာရုံစိုက်ချက် ဖြစ် သည်။

           ထိုဆရာများသည် ကျေးလက်ဒေသများဆီသို့ အချိန်ကြာမြင့်စွာ ခရီးသွားလာကြပြီး ရွာများမြို့များ အနှံ့ ရောက်ရှိကြကာ နေရာကောင်းများကို မည်သို့ ရှာဖွေရမည်၊ နေရာဆိုးများကို မည်သို့ ရှောင်ကြဉ်ရမည် ဆိုခြင်းကို ဆည်းပူးကြ၏။

            ဤသို့သော ခရီးစဉ်များတွင် အိမ်မြှောင်စက်ဝိုင်းနှင့် ခိုင်ခန့်သော လမ်းလျှောက်ဖိနပ်များသည် အဖော်ကောင်းများ ဖြစ်ကြပြီး၊ ဖုန်းရွှေ နောက်ခံသဘောတရား၊ ဒေဝတာပုရာဏ်၊ရိုးရာယုံကြည်မှုများ၊