Skip to product information
1 of 6

Other Websites

ဝေးသာလွန်း - ဦးကြည်မောင်၏နှစ်ကိုယ်ကြားပြောစကား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဦးကြည်မောင်၏ နှစ်ကိုယ်ကြားပြောစကား

 

          အဲလန်ကလီမင့်။ ။ အောင်ဆန်းစုကြည်နဲ့ ဘယ်လို ဆုံစည်းခဲ့ပါသလဲ။ သူ့အပေါ် ဘယ်လိုအမြင် ဘယ်လိုသဘောထားရှိပါသလဲ။

           ဦးကြည်မောင်။ ။အင်း မထင်မှတ်ဘဲ အင်မတန်ရင်းချာတဲ့ မိတ်ဆွေ တစ်ဦးရဲ့ အိမ်မှာပါ။ ရန်ကုန်မှာပါပဲ။ ပြန်စဉ်းစားကြည့်တော့ ၁၉၈၆ ကပေါ့ ။ပြောရရင်တော့၊ ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ ကျွန်တော်တို့ တစ်မိနစ်နှစ်မိနစ်လောက်ပဲ စ ကားပြောဖြစ်ခဲ့တာပါ။ ကျွန်တော်မှတ်မှတ်ထင်ထင် အရှိဆုံးက သူခပ်ယို့ယို့ဖြစ်တာရယ်၊ နှုတ်ဆိတ်တာရယ်ပေါ့။ သူ့ကြည့်ရတာ ရည်မွန် တဲ့မိန်းကလေးပါ။ စကားပြေစကားဖျင်းတို့ အတင်းအဖျင်းတို့ ပြောတာကို ဝါသနာပါပုံမရဘူး။ အဲ ထူးထူးခြားခြား ကျွန်တော် သတိရနေတာက၊ ဒီတုန်းက အရယ်အပြုံး မတွေ့ရတာပဲ။ အဲဒါကလဲ တစိမ်းတရံတွေနဲ့ ဆက်ဆံပြော လိုစိတ်မရှိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့လေ (ရယ်လျက်)။ အရွယ်တော့ တော်တော် တင်တယ်။ ဆယ့်ခုနစ်နှစ် အရွယ်လို့ ထင်ရလောက်ပေမဲ့ အသက်က လေးဆယ့် နှစ်နှစ်လောက်ရှိပြီ။ လိုရင်းပြောရရင် ကျွန်တော်သူ့ကို လုံးဝအထင်မကြီးမိ ပါဘူး။ ဒီတုန်းက သူဟာ လေးဆယ့်နှစ်နှစ်လောက်ရှိမယ်။ အရွယ်တော့ တော် တော်တင်တယ်။ သို့သော် ပျိုမျစ်နုနယ် သပြေခက်အရွယ်တော့ မဟုတ်ဘူးပေါ့။

 

          အဲလန် ။ ။ အဲ ဒီနောက်တော့ကော။

          မောင်  ။ ။ အဲဒီနောက်တော့ တစ်နှစ်အကြာလောက်မှာ ကျွန်တော့် မိတ်ဆွေ ဦးထွေးမြင့်၊ ကျွန်တော့်ဆီ ရောက်လာတယ်။ ခုတော့ ဒီလူ ထောင်ထဲမှာ။ အဲဒီတုန်း က ဦးထွေးမြင့်က သူနဲ့ အင်မတန် ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပေါ့။ သူက ပြောတယ် “အောင်ဆန်းစုကြည်က နိုင်ငံရေးဝင်လုပ်ဖို့ စိတ်ဝင်စားနေတယ်။ ခင်ဗျား သူ့ကို အကြံကောင်းဉာဏ်ကောင်းတွေပေးဖို့ ဆန္ဒရှိမလားလို့ သူ သိချင်တယ်” ကျွန်တော်က လုံးဝစိတ်မပါဘူးလို့ သူ့ကို ပြောလိုက်တယ်။ ဘာဖြစ် ဖြစ် ဘယ်သူဖြစ်ဖြစ်ပေါ့။ ကျွန်တော်နိုင်ငံရေး ဝင်လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဦးထွေးမြင့် နှစ်ကြိမ်လာတယ်။ ကျွန်တော်လဲ နှစ်ကြိမ်လုံး ဒီအတိုင်းပဲ ပြန်ပြော ခဲ့တယ်။ ဒီကိစ္စလဲ ဒီမှာတင် ပြီးသွားရော ဆိုပါတော့။

 

          အဲလန်။ ။ နိုင်ငံရေးထဲ ပြန်ဝင်ရင် ထောင်ထဲပြန်ဝင်ရမယ် ဆိုတာကြောင့် လားခင်ဗျား။ 

          မောင်။ ။မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ အကြွင်းမဲ့ အာဏာရှင် အစိုးရအောက်မှာ နိုင်ငံရေးလုပ်တာ မလုပ်တာ အကြောင်းမဟုတ်ဘူး။ အဖမ်းခံရဖို့ ဆိုတာ အမြဲတမ်းရှိနေတာပဲ။ အာဏာရှင်စနစ်ရဲ့ သဘာဝကြောင့် ရှိနေတဲ့ ဘေးအန္တရာယ်လို့ ဆိုနိုင်ပါတယ်။ ဒီမှာက စည်းဆိုတာ မရှိဘူးဗျ။ အာဏာ ပိုင်ကြီးတွေ ခံတွင်းမတွေ့တိုင်း၊ အလိုမကျတိုင်း တစ်ယောက်ယောက်ကိုဆွဲပြီး ထည့်လိုက်တာပဲ။ အဖမ်းခံရမယ်၊ မခံရဘူးဆိုတဲ့အပေါ် မူတည်ပြီး ကျွန်တော် နေထိုင်လုပ်ကိုင်နေတာ မဟုတ်ဘူး။ သတိတော့ မပေါ့ဘူးပေါ့လေ။ အချိန်မရွေး ကျွန်တော် အဖမ်းခံရနိုင်တယ် ဆိုတာကို ကျွန်တော်နှလုံးသွင်းထားပါတယ်။ ဒါ နဝတနဲ့ နေရတဲ့ဘဝပဲ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကိုတော့ကျွန်တော် လွတ်လပ်တဲ့ လူတစ်ယောက်လို့ ယူဆထားတယ်။ ကျွန်တော်ဟာ စုစုပေါင်းထောင်သက် ဆယ့်တစ်နှစ်၊ ထောင်လေးကြိမ်ကျခဲ့ဖူးတယ်။ ဒါကို အထူးအဆန်းလုပ်ပြီး အပင်ပန်းခံ ခေါင်းထဲ မထည့်ပါဘူး။

 

          အဲလန်။ ။ ဒေါ်စုက မြန်မာ့နိုင်ငံရေး ဒယ်အိုးကြီးထဲ ဝင်ဖို့ စိတ်ပါနေ ပြီးဆိုတာ သိရတော့ မအံသြဘူးလား။

          မောင်။။အင်းသူ့အတွက်လုပ်စရာတွေများ၊ခရီးကရှည်မယ်။အင်းပေါ့လေသူကဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပဲ။ဗိုလ်ချုပ်ဆိုတာက“စစ်သားကြီး၊နိုင်ငံရေးသမားကြီး”လေ။ ကျွန်တော်တို့ရဲ့အမျိုးသားသူရဲကောင်းကြီး လေ။ ဒါကို သူ တန်ဖိုးထားမှာပေါ့။ ပြီးတော့ စုဟာ မြန်မာနိုင်ငံသားပါ။ ဝါသ နာပါလို့ နိုင်ငံရေးဝင်မယ်ဆိုရင် လဲဝင်ပလေ့စေပေါ့။ ဒါသူ့အခွင့်အရေးပဲ။ ဒါပေမဲ့ ကျွန်တော့်ကို သူစိတ်ဝင်စားတယ်ဆိုတာကိုတော့ အံ့သြမိတယ်။ တကယ် တော့ ကျွန်တော်တို့က တစိမ်းပြင်ပြင်တွေပါ။ ကျွန်တော်က သူ့ကိုလဲ မသိ ကျွမ်းဘူး၊ သူ့အရည်အချင်း အစွမ်းအစကိုလဲ မသိဘူးလေ။ နောက်တစ်နှစ် အကြာ၊ ၁၉၈၈ ဇူလိုင်လကုန်မှာ ကျွန်တော့်ကို တတိယအကြိမ် ထောင်ထဲ ဆွဲထည့်ထားလိုက်တယ်။ ကျွန်တော်နဲ့ အတူ တခြားကိုးဦးလဲ အဖမ်းခံရတယ်။ နှစ်ဆယ့်ရှစ်ရက် ထောင်ထဲမှာနေခဲ့ရတယ်။ ဦးအောင်ကြီးနဲ့ ကာလရှည် မြင့်စွာကတည်းက အပေါင်းအသင်းဖြစ်ခဲ့လို့တဲ့ဗျ။ ဦးအောင်ကြီးက စစ်သား၊ နိုင်ငံရေးသမားဟောင်းကြီး။ သူက ဦးနေဝင်းဆီ စာရှည်ကြီး တစ်စောင်ရေးခဲ့ တယ်။ အဘိုးကြီးကို ဆင်းပေးဖို့ စာထဲမှာတောင်းဆိုထားတာ။ ဦးနေဝင်းက အာဏာသက်ပြင်းရှည်တဲ့ အာဏာရှင်ကြီး။ ကျွန်တော် ထောင်က ပြန်လွတ်လာ လို့ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက်ပဲရှိဦးမယ်၊ ဦးထွေးမြင့် ကျွန်တော့် အိမ် ရောက်လာပြန်ပါတယ်။ “အောင်ဆန်းစုကြည်က ခင်ဗျားကိုတွေ့ချင်နေတယ်”လို့ပြောပါတယ်။ ဒီတော့ကျွန်တော်လဲ စဉ်းစားရတော့တာပေါ့။ အင်း တွေ့ကြည့်မယ်။ ဒီအမျိုးသမီး ဘာတွေကြံစည်နေပါလိမ့်။ အချိန်တော့ ရောက်ပြီ။ တော်လှန်ရေးတစ်ရပ်ကလဲ လှုပ်ခတ်လာနေပြီ။ ဒါနဲ့သူ့ကိုသွားတွေ့လိုက်တယ်။ တွေ့ဆုံပွဲရဲ့အနှစ်သာရကတော့ဒီလိုပါ။ ကျွန်တော်ပြောလိုက်တယ်။““စု၊ဗမာ့နိုင်ငံရေး ထဲဝင်ဖို့ ပြင်ဆင်ပြီးပြီ။ အဆုံးထိသွားဖို့ဆိုရင် စိတ်ရှည်သည်းခံရမယ်။ အဆိုးဆုံးအတွက်ပြင်ဆင်ထားရမယ်” သူဂရုတစိုက်နားထောင်ပါတယ်။

 

          အဲလန် ။ ။ ဒေါ်စုက ခင်ဗျားမှာ ဘာကို စိတ်ဝင်စားတာပါလဲ။

           မောင် ။ ။ ကျွန်တော်က စစ်သားလူထွက် ထောင်ထွက်လေ (ရယ်လျက်)။ စုထက် အနှစ် နှစ်ဆယ်ကျော် စီနီယာကျတယ်။ နောက်မှ ကျွန်တော်သိရတယ်။ သူက အရပ်လေးမျက်နှာရှိတဲ့ လူတွေကို လိုက်ကြည့် လိုက်ရှာနေတာကိုး။ တိုက် ပွဲအတွက် ဘယ်သူဟာ ယုံကြည်ရမလဲ၊ ဘယ်သူဟာ “ကင်ဒီဒိတ်” ဖြစ်နိုင်မလဲ ဆိုတာပေါ့ဗျ သိလား။ သူက မွေးကတည်းက သွေးထဲမှာကို တော်လှန်ရေးပါ လာတာ။ ခရီးဆုံးအထိသွားဖို့ သူ့အတွက် ဘက်စုံကူညီသမှုတွေ လိုတယ်လေ။ ဒါနဲ့ အဲဒီကစပြီး ကျွန်တော်တို့ မကြာမကြာဆုံကြတယ်။ အဲဒီနှစ် နောက်ပိုင်းမှာ ကျွန်တော်တို့အားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ကြတယ်။ ဒါကတော့ အကြောင်းခြင်းရာတွေရဲ့ အနှစ်ချုပ် အဖြစ်သနစ်ပါပဲ။

         

           အဲလန်။ ။ ဒီတော့ ဒေါ်စုက ခင်ဗျားကို သြဇာရှိတဲ့ အတိုက်အခံသမား ကောင်းကြီးတစ်ဦးအနေနဲ့ ယုံကြည်မှုရှိတာပါလား။

          မောင်။ ။ သူက ကျွန်တော့်ကို လေးစားသမှုရှိပါတယ်။ ခင်လဲခင်မင် ပါတယ်။ ကျွန်တော့်ကို အားကိုးယုံကြည်ထိုက်တယ်လို့သူယုံကြည်ထားပါတယ်။ဒီချုပ်ပါတီကြေညာချက်ရေးဖို့ကျွန်တော့်ကိုတာဝန်ပေးတော့ ကျွန်တော်ရေးခဲ့ပါတယ်။ နောက် ပါတီကို တင်ပြတော့ လက်ခံကြပါတယ်။ ပြီးတော့လဲ ကျွန်တော်ဟာ အသိဉာဏ်ရှိတယ်၊ ချင့်ချိန်ပြောဆိုတတ်တယ်လို့ စုက ယုံထားပါတယ်။ ဘယ်လို အတွေးအခေါ် အယူအဆနဲ့ သဘောထား စုမှာ ရှိသည်ဖြစ်စေ၊ ကျွန်တော့်အတွေးအခေါ်အယူအဆ သဘောထားကို သူချင့်ချိန်ယူဆနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အလုပ်ဆက်ဆံရေး ဖြစ်ပါတယ်။

          ကျွန်တော်တို့ ဒီချုပ်ကိုဖွဲ့စည်းလိုက်တဲ့ ယေဘုယျသဘောထား တစ်ခုလုံး ဟာ ရိုးရိုးလေးပဲဆိုတာ ခင်ဗျားသိတာပဲ။ တစ်ပါတီ အာဏာရှင်စနစ်ကြောင့် ဗမာပြည်မှာ ဧရာမ လေဟာနယ်ကြီးတစ်ခု ရှိနေခဲ့ပါတယ်။   ကျွန်တော်တို့ အားလုံးက ဒီဟာကွက်ကြီးကို ဖြည့်ကြတာပါ။ ပါတီကို ပြုပြင်ဖွဲ့စည်းလိုက်တော့ ဦးတင်ဦးက ဥက္ကဋ္ဌ၊ စုက ကျွန်တော်တို့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ် လာတယ်။ ကျွန်တော်က သုတေသနတာဝန်ယူ ရတယ်။ ဒါပေမဲ့ ၁၉၈၉ ဇူလိုင်လ ၂၀ မှာ ဦးတင်ဦးနဲ့ ဒေါ်စုတို့ အဖမ်းခံရတော့ ကျွန်တော်က ဒီချုပ်ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာရတယ်။ နိုင်ငံခြားသတင်းစာဆရာတွေနဲ့ စာရေးပြောဆိုရတယ်။ သတင်းစာတွေနဲ့ ဆက်ဆံရတယ်။ အဲဒါတွေ လုပ်ခဲ့ရတယ်။

 

          အဲလန်။ ။ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့်အတူ ခင်ဗျားတို့လူတွေအားလုံး ထောင်သွင်းအကျဉ်းအကျမခံရတာက ထူးဆန်းနေတယ်။ ခင်ဗျား က NLDရဲ့ အမြင်သဘောထားတွေကို ကမ္ဘာကသိအောင် ဗမာ့အရေးတော်ပုံရဲ့ အသံကို ထုတ်ဖော်ပြောဆိုရသူ ဖြစ်လာတယ်။

          မောင်။ ။ အင်း သူတို့ အဲဒါမှားတာပေါ့။ ကျွန်တော်ဟာ သူတို့ကို ဒုက္ခပေးတဲ့လူလို့ ဖန်တီးထားကြပြီး၊ ကျွန်တော့်အနေအထားကို လျှော့တွက်ကြတာကိုးဗျ။ ဒီနောက်တော့ ကျွန်တော်ဟာ NLD ရဲ့ ဒီဖက်တို ဥက္ကဋ္ဌ de facto chairman ဖြစ်လာတယ်။ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲပြီးတဲ့အထိပေါ့။ စက်တင်ဘာ ၆ ရက်မှာ ကျွန်တော့်ကို ထောင်ထဲ ဆွဲထည့်ထားလိုက်တယ်။

 

           အဲလန်။ ။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အဖမ်းခံရပြီး တဲ့နောက် ဆယ့်လေးလနီးပါး ထောင်မကျအောင် ခင်ဗျားဘယ်လိုများ ရှောင်ခဲ့ပါသလဲ။

          မောင်။ ။ ခင်ဗျားသိပါတယ်။ ကျွန်တော့်ကို အမြဲတမ်းလိုက်နေတာ၊ အနှောင့်အယှက်ပေးနေတာ။ ကျွန်တော် စကားကို ဒေါသနဲ့မပြောတတ်ပါဘူး။ တစ်ကြောင်းကလဲ ကျွန်တော်ဟာမျက်နှာပြောင်တိုက်ပြီး အာဘောင်အာရင်း သန် သန်နဲ့ မပြောတတ်ပါဘူး။ အရှိန်အဝါသုံးတာမျိုး လုပ်တတ်တဲ့အကျင့်မရှိပါဘူး။ သိတယ်မို့လား ကျွန်တော်က ခပ်လျှိုလျှိုပဲ နေချင်တာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အမြဲသတိပေးပါတယ်။ ကျွန်တော်ဟာ ဘာကောင်မှမဟုတ်ဘူး ဆိုတာ။ ကျွန်တော့်ရဲ့ ဂုဏ်ဟာ အဲဒါပဲဖြစ်တယ်။ ကျွန်တော်ထင်တယ်လေ။ အဲဒါ ကျွန်တော်ရဲ့ တစ်ခုတည်းသော...(ရယ်လျက်)။

 

          အဲလန်။ ။ တခြားဟာတွေလဲ ရှိဦးမှာပေါ့။ ခင်ဗျားကိုကြည့်ရတာ နိုင်ငံရေး ရည်မှန်းချက်နဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်ပဲဆိုတာ.....

          မောင်။ ။ ဟုတ်တယ် အချိန်မရွေး နိုင်ငံရေးကထွက်ဖို့ ပြင်ဆင် ထားတယ်။ ရောက်တဲ့နေရာကပေါ့ ဗျာ။ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ကျွန်တော့်လုပ်ရပ်အပေါ် ပါတီဝင် တစ်ဦးဦးက မကျေနပ်ရင် ဘာကန့်သတ် ချက်မှ မထားဘဲ နုတ်ထွက်ပေးဖို့ အသင့်ပဲလို့။ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်ပြောထားတယ်။ ဒီမယ်၊ ဒါဟာ ဂိမ်းကြီးတစ်ခုပဲ။ ကျွန်တော်တို့ဟာ ဂိမ်းထဲဝင်ကစားတဲ့ ပလေယာတွေ။ ဒီတော့ အတ္တမာနတွေ သိပ်မများစေနဲ့။ မဟုတ်တာတွေ မပါစေနဲ့။ ကျွန်တော့်အဆုံးအဖြတ်ကို မကြိုက်ရင်၊ သဘော မတွေ့ရင်၊ မကျေနပ်ရင်၊ ကျွန်တော့်ကိုထွက်သွားစေချင်ရင်၊ ဒီလိုဆိုရင် ကျွန်တော်အဖွဲ့ချုပ်က ကျွန်တော်ထွက်သွားရုံပဲ။ အလုပ်တစ်ခုလုံးကို အများ လက်ထဲ ထိုးအပ်ထားခဲ့ဖို့အသင့်ပါပဲ။ ဒါကို ကျွန်တော့်လုပ်ဖော်ကိုင်ဖက် တွေ သိမြင်သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့် အိမ်ကလဲဒေါ်စုဆီလာဖို့ မိနစ်ပိုင်းလေးလောက် လမ်းလျှောက်လာရုံနဲ့ ရောက်တယ်လေ။ ဒီတော့ အိမ်ကို အသာလေး လမ်းလျှောက်ပြန်သွားလိုက်ရုံပါပဲ။ ဒီသဘောထားကို ကျွန်တော်က ဂုဏ်သိက္ခာတစ်ခုလို့ ထင်ပါတယ်။ 

 

          အဲလန်။ ။ ဟုတ်ကဲ့ခင်ဗျာ၊ သိပ်မေးသင့်တဲ့ မေးခွန်းတစ်ခု မေးချင်ပါ တယ်။ န၀တဟာ အရွေးခံရတဲ့ အမတ်အများစုကို ထောင်ချရ၊ တချို့ကို သေတဲ့အထိ ညှဉ်းပန်းရ၊ ကျန်လူတွေကို နှုတ်ဆိတ်အောင် ဖိထားရတဲ့ အကျိုးဆက်ကိုသာဖြစ်ပေါ်စေခဲ့တဲ့ ၊ဒီမိုကရေစီတစ်နိုင်ငံထူထောင်ဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကို ဘာကြောင့် ကျင်းပရပါသလဲ။

          မောင်။ ။ သူတို့ နိုင်မယ်ထင်လို့ပေါ့ဗျာ။ 

 

           အဲလန်။ ။ တုန်လှုပ်ချောက်ချားစရာပါပဲ။ နဝတဟာလက်နက်မဲ့ ဒီမိုကရေစီလိုလားသူ ချီတက်ဆန္ဒပြသူတွေကို ထောင်ချီပြီး သတ်ဖြတ်ခဲ့တယ်။ လူထုကို ထိန်းချုပ်ဖို့ညှဉ်းပန်းနှိပ်စက်မူကို အင်စတီကျူးရှင်းတစ်ရပ်အဖြစ် သုံးခဲ့တယ်။ အဲဒီနည်းတွေကိုသုံးပြီး အကြောက်တရား ကြီးစိုးတဲ့နိုင်ငံတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒါနဲ့တောင် သူတို့တကယ်နိုင်မယ် ထင်ကြတယ်လို့ ခင်ဗျားက ပြောသေးတယ်။

          မောင်။ ။ နဝတက ကျွန်တော်တို့ကို ပြိုကွဲနေတဲ့ ပါတီတစ်ခုလို့ ထင်ခဲ့တယ်။ သူတို့ယူဆပုံက ဒီလို။ “ခေါင်းကိုဖြတ်ပစ်လိုက်ပြီ။ ခြေလက်တွေ ဘာမှမလုပ်နိုင်တော့ဘူး” ကဲ ခင်ဗျားဖာသာ ချင့်တွက်ပြီး တွေးကြည့်တော့။ ကျွန်တော်တို့က ဘယ်လိုလူစားမျိုးတွေနဲ့ ထိတွေ့ဆက်ဆံနေရသလဲ ဆိုတာ။

 

          အဲလန်။ ။ သူတို့ အတွက်မှားခဲ့ကြတယ်လား။ ကျွန်တော် မေးပါရစေ၊ ဒီလိုကော မဖြစ်နိုင်ဘူးလား။ န၀တရဲ့ ရည်ရွယ်ချက် အစစ်အမှန်က လူ့အဖွဲ့ အစည်းတွေထဲကနေ၊ လူကြိုက်များပြီး နိုင်ငံရေး အရည်အချင်းရှိသူတွေ အားလုံး ကိုရှင်းထုတ်ပစ်ဖို့။ ဗမာပြည်ကနေ ဒီမိုကရေစီအင်္ဂါရပ်တွေ အားလုံးကို အပြီး တိုင်ချေမှုန်းပစ်ဖို့။ ပြီးဒီလိုကော မဖြစ်နိုင်ဘူးလား။ ဦးနေဝင်းဟာ သူရဲ့အာဏာရှင်ဘဝကို ဆက်လက်အသက်ဆက်ဖို့ရာ၊ ပါတီစုံဒီမိုကရေစီဆိုတဲ့ အရုပ်ကြီးကို ကလိန်စေ့ ငြမ်းဆင်ဖန်တီးလိုက်တာလို့။ ခင်ဗျားတို့ကို ဆက်လက်ပြီးဖြိုခွင်းဖို့၊ ဒီမိုကရေစီလှုပ်ရှားမူခေါင်းပိုင်းကို ဖြတ်ရုံသာမက၊ တစ်စစီဖဲ့ထုတ်ပြီးအမှည့်ခြွေခြွေနေတာလေ။

          မောင်။ ။အင်း စစ်ရပ်ကွက်အားလုံးအပါအဝင်၊ သူတို့ အပိုင်နေရာ တွေမှာ သူတို့ ရှုံးနိမ့်တယ်ဆိုတာကို တကယ်တွေ့ကြတော့၊ သူတို့ တုန်လှုပ် တယ်။ ဒေါသထွက်ကြတယ်။ သူတို့လူတွေက သူတို့ကို မဲပေးကြမယ်လို့ အပိုင်တွက်တာလေ။ သိတယ်မို့လား။ မဲဆန္ဒပေးပွဲက ဘယ်လိုအဖြေထွက် မလဲဆိုတာ။ စစ်ထောက်လှမ်းရေး လျှို့ဝှက်အကြမ်းဖျင်းဆာဗေး လုပ်ထား တယ်လို့ ကျွန်တော်တို့သိထားရတယ်။ ပြည်သူလူထုအများစုကြီးက NLD ကို မဲပေးကြလိမ့်မယ်ဆိုတာကို သူတို့ သဘောပေါက်သွားတဲ့အခါ သိပ်နောက် ကျသွားခဲ့ပြီလေ။ သူတို့မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်အကျိုးရလဒ်ကို မြင်တွေ့တော့ သူတို့တကယ်ပဲ တုန်လှုပ်သွားကြတယ်။

 

          အဲလန်။ ။ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ မရိုးမသားအောက်လမ်းနည်းတွေ အတော်ရှိခဲ့တယ်ဆိုတာ.....။ 

          မောင်။ ။ ခင်ဗျားရဲ့တွေးဆချက်ကို ထောက်ခံတဲ့ယုံကြည်ထိုက်တဲ့ အချက်အလက်တွေအများကြီးရှိပါတယ်။ သို့သော် ကျွန်တော် ကြားရတာက မဆလဟောင်းထဲက ထိပ်ပိုင်းက လူအချို့က ရွေးကောက်ပွဲရလဒ်ကို ကြားတော့ ချုံးပွဲချငိုကြသတဲ့။ ကြားရတာတော့ဗျာ၊ တချို့နေရာတွေမှာဆိုရင် အောင်ပွဲခံဖို့ ညစာစားပွဲကြီးတွေ တခမ်းတနား လုပ်ဖို့တောင် ပြင်ဆင်ထားကြသတဲ့။ သတင်း အရင်းအမြစ်တော်တော်များများဆီက ကျွန်တော်တို့ ကြားခဲ့ရတာတွေပါ။ သူ တို့က သိပ်တော်တဲ့သရုပ်ဆောင်တွေမဟုတ်ဘူးလေ။ သိတယ်မို့လား ဒီသတင်း တွေဟာ ခိုင်လုံပါတယ်။

 

          အဲလန်။ ။ ရှိသေးတယ်ဗျ။ ကျွန်တော် ကြားထားသိထားရတာ။ ဦးနေဝင်း က လူတချို့နဲ့ သူရဲ့ စီမံချက်ကို ထုတ်ဆွေးနွေးသေးတယ်တဲ့။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ရွေးကောက်ပွဲရလဒ်ကဝင်လာတယ်၊အရွေးကောက်ခံလွှတ်တော် အမတ်တွေ ထောင်သွင်းအကျဉ်းချခံရတယ်ဆိုတော့ ခင်ဗျားလဲအဖမ်းခံရဖို့ သိပ်မဝေးတော့ဘူးဆိုတာ တွက်ဆထားရမယ်။

         မောင်။ ။ ကျွန်တော်က အရာရာကို ပြင်ဆင်ထားပါတယ်။ စစ်ထောက်လှမ်း ရေးက ကျွန်တော်သွားလေရာ လိုက်နေတာ။ သို့သော် ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်

 

 

 

         

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)