Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

လှိုင်မြင့်ကြည် - ၅း၂နည်းဖြင့်ကျန်းမာစွာနေထိုင်နည်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း ၁
စားသောက်နေထိုင်မှုပုံစံအား ၅း၂ ဖြင့်
အကုန်အစင်ပြောင်းလဲပေးခြင်း 
 
အစားအသောက်မျိုးစုံ စားသောက်ပါ..၊ ဥပုသ်စောင့်ပါ...။
ပြီးတော့ ပျော်ရွှင်စွာနေထိုင်ပါ

 

          ကျွန်မဘဝရဲ့ သုံးပုံနှစ်ပုံသော အချိန်ကာလတွေကို အစား အသောက်ချင့်ချိန်စားသောက်ခြင်းတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မ က နံနက်စာကို ချော့ကလက်နဲ့ ဗာဒံစေ့ပါ လခြမ်းကွေးပုံ ပေါင်မုန့် တစ်ခုစားလိုက်ပြီး ကျန်တဲ့အချိန်တွေမှာလည်း ကြုံတဲ့အစားအသောက် တွေကို စားသောက်ဖြစ်ခဲ့ပါတယ်။

          ကျွန်မက ၅း၂ နဲ့ ဥပုသ်စောင့်မယ့်အလေ့အကျင့်ကို လုပ်ခဲ့ရာ မှာ ဥပုသ်စောင့်ရက် ၂-ရက်အပြည့်မဟုတ်ဘဲ တစ်ရက်တည်း စောင့် နိုင်ရုံနဲ့တင် ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေခဲ့ပါတယ်။

          ၅း၂ စားသောက်နေထိုင်မှုပုံစံကြောင့် ကျွန်မခန္ဓာကိုယ်အတွက် အမှန်တကယ်လိုအပ်တဲ့ ကယ်လိုရီ ၂၅% ကို ရရှိစေသလို ခန္ဓာကိုယ် အတွင်း ဓာတုဖြစ်စဉ်တွေကိုလည်း အပြောင်းအလဲဖြစ်စေပါတယ်။

          ကျွန်မက နေ့လယ်စာနဲ့ ညနေစာကို စားသုံးရာမှာ နေ့လယ် စာအတွက် စွပ်ပြုတ်နဲ့ ညနေစာအတွက် ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ပူတင်း၊ သစ်သီးအနည်းငယ်ကို စားသုံးလေ့ရှိခဲ့ပါတယ်။

          ကျွန်မက နှစ်သက်စွာ စားသုံးလေ့ရှိခဲ့တဲ့ ဒိန်ခဲ၊ ချော့ကလက်၊ ကော့တေးတွေကို ဆက်လက်စားသုံးခဲ့ပေမဲ့ ၅:၂ စားသောက်နေထိုင်မှု ပုံစံအတိုင်း စဉ်ဆက်မပြတ် လေ့ကျင့်မှုတွေလုပ်ခဲ့တာကြောင့် ၅-လ အတွင်းမှာ ပေါင် ၂၀ (၉ ကီလိုဂရမ်) ကျော်အထိ ကိုယ်အလေးချိန် လျော့ကျခဲ့ပါတယ်။

          နောက်ဆက်တွဲကောင်းကျိုးတွေအနေနဲ့ ကျွန်မဟာ ခွန်အား ပြည့်ဝစွာနဲ့ အိပ်ရာက နိုးထလာတတ်ပြီး တစ်နေကုန် လန်းဆန်း ပေါ့ပါးနေလေ့ရှိပါတယ်။ ဇန်နဝါရီလလိုမျိုး စိုစွတ်ပြီး လေထန်တဲ့ ရာသီ ဥတုတွေမှာတောင် ကျွန်မတစ်ကိုယ်လုံး ဖြေလျှော့နေသလိုမျိုး ခံစားရပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုပါ ဖြစ်စေခဲ့ပါတယ်။

          ကျွန်မက အစားအသောက် အနေအထိုင် ပြောင်းလဲခြင်းတွေနဲ့ ကောင်းတဲ့ ဘဝနေထိုင်မှုပုံစံကိုရရှိအောင် ကြိုးစားနေတဲ့ လူအမြောက် အမြားကို လေ့လာဆန်းစစ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မရဲ့ အစီအစဉ် အရ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ “လင်ဒါ” ဆိုတဲ့ အမျိုးသမီးတစ်ဦး က ကျွန်မနဲ့ အဆက်အသွယ်ရခဲ့ပြီး သူမနဲ့ပတ်သက်သမျှတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

          လင်ဒါက အစားအသောက် ချင့်ချိန်စားသောက်ခြင်းကို နှစ် ပေါင်းများစွာ ကြိုးစားခဲ့သူဖြစ်ပါတယ်။ သို့ သော်လည်း ချင့်ချိန် စားသောက်မှုပုံစံအမျိုးမျိုးက သူမအတွက် ထိရောက်မှုမရှိခဲ့တာကြောင့် ပထမဆုံးအနေနဲ့ ဥပုသ်စောင့်ဖို့ အစီအစဉ်ရေးဆွဲခဲ့သူဖြစ်ပါတယ်။

          လင်ဒါက ရက်သတ္တတစ်ပတ်ကို ၂-ကြိမ် (၂-ရက်ခန့်) ဥပုသ်စောင့်ဖို့ အစီအစဉ်ရေးဆွဲလိုက်တယ်။ တကယ်လို့ ဥပုသ်စောင့်ခြင်းက သူမအတွက် အဆင်ပြေတယ်ဆိုရင် သူမအသက် ၁၀၀ အရွယ်မှာ မာရသွန်ပြေးပွဲ ဝင်နိုင်လိမ့်မယ်လို့တောင် လင်ဒါက အရွှန်းဖောက် ပြော ဆိုခဲ့ပါတယ်။

          လင်ဒါရဲ့ အရွှန်းဖောက်ပြောဆိုတဲ့ စကားတွေကို ကျွန်မက နောက်ပြောင်ပြောဆိုခြင်းသက်သက်ပဲလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လင်ဒါက အံ့သြဖွယ်ကောင်းလောက်အောင် သက်ရှည်ကျန်းမာတဲ့သူ တစ်ယောက်ဖြစ်လာတာ တွေ့ခဲ့ရပါတယ်။

          လင်ဒါရဲ့ ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတဲ့ ကောင်းကျိုးတွေကို လင်ဒါ ဖွင့်ဟပြောဆိုခဲ့တဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။

          “ကျွန်မ ကိုယ်အလေးချိန် ၂ စတုန်နဲ့ ၄ ပေါင် လျော့ကျသွားတယ်။ အခုလက်ရှိ ကျွန်မရဲ့ ကိုယ် အလေးချိန်က ၁၀ စတုန်ပဲ ရှိတော့တယ်၊ ကျွန်မနောက်ထပ် ၁၀ ပေါင်ထက် ပိုမကျချင်တော့ဘူး၊ အခုအချိန်မှာ ကျွန်မက ၅း၂ နဲ့ ရက်သတ္တတစ်ပတ်ကိုကျော်ဖြတ်သလို တစ်ခါတလေမှာလည်း ၆:၁ နဲ့ ဖြတ် သန်းခဲ့ပါတယ်။

          ကျွန်မက တစ်ပတ်မှာ အနည်းဆုံး ၁ ရက် လောက်တော့ ဥပုသ်စောင့်ဖြစ်အောင် စောင့်တယ်။ ဥပုသ်စောင့်တဲ့အကျိုးကြောင့် ကျွန်မရဲ့ ကိုယ်အလေး ချိန်က သိသိသာသာ လျော့ကျသွားတယ်လေ၊ အများ အားဖြင့် နေ့လယ်ခင်းတွေမှာ ကျွန်မ တစ်မှေး လောက်တော့ အိပ်စက်ဖြစ်တယ်၊ ကျွန်မက အသက်၆၃ နှစ်ရှိပြီး အငြိမ်းစားယူထားတဲ့ မိန်းမတစ်ယောက် ပါ၊ ဒီတော့ ကျွန်မရဲ့ ကျန်းမာရေး အစီအစဉ်တွေကို စိတ်တိုင်းကျ ရေးဆွဲနိုင်တာပေါ့ ။

          ကျွန်မက နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းအဖြစ် ၂ မိုင်လောက်အထိ လမ်းလျှောက်ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မ လုံးဝ မပြေးပါဘူး၊ ကျွန်မ အလုပ်လုပ်နေစဉ် ကာလတစ်လျှောက်မှာ နေ့စဉ် ဘတ်စ်ကားမီအောင် အပြေးအလွှား သွားလာရတာတွေ လုပ်ခဲ့ပြီးပြီ မဟုတ်လား၊ အခုအချိန်မှာတော့ အစားအသောက် ချင့်ချိန် စားသောက်ဖို့ နဲ့ ဥပုသ်စောင့်ဖို့ ကိစ္စတွေကို အမှား အယွင်းမရှိအောင် ဆောင်ရွက်ချင်တဲ့ စိတ်က အမြဲ တမ်း ရှေ့ဆောင်နေပါတယ်။

လင်ဒါ ၆၃-နှစ်

 

          လင်ဒါလိုမျိုး စားသောက်နေထိုင်မှုပုံစံကို လုံးဝ ပြောင်းလဲ နိုင်အောင် ကြိုးစားနေသူတစ်ယောက်ကို ထပ်မံတွေ့ဆုံဖြစ်ခဲ့ပါတယ်။

          သူကတော့ ဆော့ဖ်ဝဲဗိသုကာ “အင်ဒရူး” ဆိုသူဖြစ်ပါတယ်။

          အင်ဒရူးအပါအဝင် လုပ်ဖော်ကိုင်ဖက် ၅-ယောက်ကလည်း ၅၂ စားသောက်နေထိုင်မှုပုံစံကို လိုက်နာကျင့်သုံးခဲ့တာကြောင့် သီတင်း ပတ် ၁၄-ပတ်အတွင်း တိုးတက်မှုအခြေအနေအရပ်ရပ်ကို အောက်ပါ အတိုင်း ဖော်ပြနိုင်ခဲ့ပါတယ်။

          “ကျွန်တော်က သီတင်းပတ် ၁၄ ပတ်အတွင်း ၅ ကီလိုဂရမ်အထိ ကိုယ်အလေးချိန် လျော့ကျသွား

တယ်၊ ကျွန်တော့်အတွက် ကျန်းမာရေးနဲ့ ညီညွတ် စေတဲ့ ခန္ဓာကိုယ်ရရှိအောင် ကြိုးစားနေချိန်အတွင်း ဒါဟာ သိသာတဲ့ တိုးတက်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

          ကိုယ်အလေးချိန် လျော့ကျသွားပြီ ဆိုတာနဲ့ ကျွန်တော့်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ သိသိသာသာ

လျော့ကျသွားပြီး အစားအသောက်တွေကို ဘယ်လို ချင့်ချိန်စားသုံးသင့်တယ် ဆိုတဲ့ စဉ်းစားတွေးခေါ်မှု ကိုလည်း ရင့်သန်လာစေပါတယ်။

          တကယ်တော့ လူတိုင်းကိုယ်စီက နေ့စဉ်အလိုက် စားသုံးတဲ့အစားအစာတွေကို သတိမူပြီး လိုအပ်တဲ့ အာဟာရ အတိုင်းအတာရရှိရေးအတွက်သာ ချင့်ချိန် စားသုံးရမှာ ဖြစ်ပါတယ်၊ ကျွန်တော့် အတွေ့ အကြုံ အရ ၅၂ စားသောက်နေထိုင်မှုပုံစံဟာ ကိုယ် အလေး ချိန် လျော့ကျရေးအတွက် အဓိကအစီအစဉ် မဟုတ်

သော်လည်း သွေးဖိအား (သွေးပေါင်) မှန်ကန်ခြင်း၊ ကိုလက်စထရောလျော့ကျခြင်းဆို တဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်ခြင်းတွေကို ဖြစ်စေပါတယ်”

အင်ဒရူး၊ ၄၂-နှစ်

 

          ၅း၂ စားသောက်နေထိုင်မှုပုံစံအတိုင်း လေ့ကျင့်နိုင်ခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျပြီး ကျန်းမာရေးကောင်းလာသူ နောက်တစ်ယောက် ရှိပါသေးတယ်။ သူကတော့ အသက် ၃၄ နှစ်အရွယ် “ဆူးလ်” ဆိုသူဖြစ်ပါတယ်။

          “ဆူနေးလ်” ရဲ့ အတွေ့ အကြုံတွေကိုလည်း မှတ်သားဖွယ်ရာအဖြစ် အောက်ပါအတိုင်း လေ့လာပေးနိုင်ပါတယ်။

          “ကျွန်တော့်ရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အဓိက ရည်မှန်းချက်ကတော့ ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ ကိုလက်စထရောတွေကို သိသိသာသာ လျှော့ချနိုင် ဖို့ပဲ ဖြစ်ပါတယ်၊ ကျွန်တော်က အင်ဂလိုအင်ဒီယန်း တစ်ယောက်ပါ။

          ကျွန်တော်က အိန္ဒိယအစားအသောက်တွေကို နှစ်သက်စွာ စားသုံးလေ့ ရှိခဲ့တာကြောင့် ကို လက် စထရော လျှော့ချဖို့ အစီအစဉ်အတွက် လုံးဝ မဖြစ် နိုင်တာကို နားလည်ခဲ့ပါတယ်။

          ကျွန်တော့်အနေနဲ့ ငွေကုန်ကြေးကျသက်သာပြီး အခက်အခဲမရှိတဲ့ နည်းလမ်းတွေနဲ့ အစားအသောက် ချင့်ချိန် စားသောက်တဲ့ပုံစံကို အလိုရှိခဲ့ပါတယ်။

          အစားအသောက် ချင့်ချိန်စားသောက်တဲ့ အစီ အစဉ်ကို စတင် လေ့ကျင့်ရာမှာ ပထမရက်သတ္တ တစ်ပတ်-နှစ်ပတ်အတွင်း အခက်အခဲမရှိဘဲ လိုက်နာ ရတဲ့ စည်းကမ်းတွေကလည်း နည်းပါးခဲ့ပါတယ်။

          အစားအသောက်နှင့် ချိန်စားသောက်တဲ့ အစီ အစဉ်အပြင် ကျွန်တော်က ဥပုသ်စောင့် သေးတာ

ကြောင့် ဆာလောင်မွတ်သိပ်မှုတွေ ခံစားရလိမ့်မယ် လို့ ထင်မြင်ခဲ့ပေမဲ့ လက်တွေ့မှာ ဆာလောင်တဲ့ ဝေဒနာက သာမန်အနေအထားလောက်ပဲ ရှိတာကို တွေ့ရပါတယ်၊ ဒီလိုနဲ့ ရက်သတ္တ အနည်းငယ်အတွင်းမှာ ကျွန်တော်ဟာ ကိုယ်အလေးချိန် ၃ ဒသမ ၂ ကီလိုဂရမ်အထိ လျော့ကျပြီး ဗိုက်ပူနေတာလည်း လုံးဝပြားချပ်သွားခဲ့ပါတယ်”

 

          အသက် ၄၁-နှစ်အရွယ်ရှိတဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာ “ကိုစတက်စ်” ကတော့ ပြေးခုန်ပစ်အားကစားသမားတစ်ယောက် ဖြစ်ခဲ့ ပါတယ်။

          သို့သော်လည်း နောက်ပိုင်းမှာ သူဟာ သွေးတိုးရောဂါနဲ့ ကိုယ် အလေးချိန်မြင့်တက်လာတဲ့ဝေဒနာကို စိတ်ပျက်စွာ ခံစားခဲ့ရပါတယ်။

          “ကိုစတက်စ်” ရဲ့ ကိုယ်တိုင်ဖွင့်ပြောချက်တွေကို အခုလို တင်ပြ ပေးလိုက်ပါတယ်။

          “ကျွန်တော်က ၅၂ ပုံစံနဲ့ စားသောက်နေထိုင် ပြီး တစိုက်မတ်မတ် ကြိုးစားနိုင်ခဲ့လို့ ကိုယ်အလေး ချိန် ၂ ကီလို ဂရမ်အထိ လျော့ကျခဲ့ပါတယ်။

          ကျွန်တော့်ရဲ့ ကိုယ်တွေ့ အရ အစားအသောက် ကို ချင့်ချိန်စားသောက်ပြီး ဥပုသ်လည်း စောင့်တဲ့ အခါ အခြား ဘယ်ဆေးဝါး၊ ဘယ်လေ့ကျင့်ခန်းတွေမှ လုပ်စရာမလိုဘဲ ပိုမိုကျန်းမာလာတာကို တွေ့ရပါတယ်။

ကျွန်တော်က ဥပုသ်မစောင့်နိုင်တဲ့ နေ့တွေမှာ တောင် ကို ယ် စားတဲ့ အစားအသောက်တွေ မှာ ကိုလက်စထရော ဘယ်လောက်ပါတယ်၊ ဘယ်ဟာ တွေက ကိုယ်အလေးချိန် မြင့်တက်စေတယ်ဆိုတာ ကို ခွဲခြားပြီး သတိထား စားသုံးတတ်တဲ့ အလေ့