Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

လှသမိန် - လူတော်လူကောင်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

စာရိတ္တဟူသည် အဘယ်နည်း

 

          စာရိတ္တဟူသည် ကောင်းသော ကိုယ်ကျင့်တရားဟု အကြမ်းအား ဖြင့် နားလည်ကြလေသည်။ အမှန်အားဖြင့် လူ၏ပင်ကိုအမြူတေ အရည် အချင်းပင်ဖြစ်၍ စာရိတ္တသည် ပြုမူပြောဆို ကျင့်ကြံနေထိုင်မှု ဟူသမျှ ကို လမ်းဖြောင့်ထိန်းကျောင်း သွန်သင်ပေးသော စိတ်ဓာတ်နှင့် ဉာဉ်ဟူသော စိတ်ဓာတ်အထုံပင် ဖြစ်လေသည်။ ထိုစိတ်ဓာတ်အရ လူတို့သည် ပြုကျင့်နေထိုင်ကြသည်ဖြစ်ရာ၊ ထိုစိတ်ဓာတ်ကောင်းမွန်မြင့်မြတ်လျှင် ကိုယ်ကျင့်အပြုအမူလည်း ကောင်းမွန်သည်သာ ဖြစ်လေသည်။ အပြု အမူသည် စာရိတ္တအစစ် မဟုတ်ပေ၊ ထိုအပြုအမူကို စေ့ဆော်သော အတွင်း စိတ်သာလျှင် စာရိတ္တအစစ်ဖြစ်၍၊ အတွင်းစိတ်ချို့တဲ့ယွင်းပါး လျှင် အပြုအမူလည်း ယွင်းပါးရသည်သာ ဖြစ်လေသည်။

          စာရိတ္တဟူသော အရည်အချင်းကို စောင့်စည်းမှု၊ လိုက်နာမှု၊ သိမြင် မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ဖြင့် ပေါင်းဖွဲ့ ထူထောင်ထားရမြဲဖြစ်ပေရာ၊ ထိုကျင့်ဆောင်မှုများ မရှိကလည်း စာရိတ္တဟူ၍ မရှိနိုင်ပေ။ ထို့ကြောင့်အတွင်းစိတ်နှင့် စိတ်၏လှုံ့ဆော်ခံစားမှု အားထုတ်မှုတို့သည် အပြန် အလှန်ဆက်စပ်နေလေသည်။ 

          ကိုယ်ကျင့်တရားဟူသော စကား၏အနက် အပိုင်းအခြားမှာကား စာရိတ္တ၏ကျယ်ပြန့်မှုလောက် မကျယ်ပြန့်သေးပေ၊ ကျင့်ဆောင်အပ်သော တရားများသည် စာရိတ္တ၏အစိတ်အပိုင်းသာဖြစ်၍ နှလုံးသွင်း ဆင်ခြင်အပ်ရာ၊ သဘောထားရှေးရှုအပ်ရာ စသော စိတ်၏အမှုတို့သည် လည်း စာရိတ္တမှ ပေါက်ပွားပြုပြင်အပ်သော တရားများဖြစ်လေသည်။ ကိုယ်- နှုတ်- စိတ်- သုံးပါးလုံး၏အမှုဟူသမျှသည် စာရိတ္တဗဟိုချက်မှ ဖြာထွက်သည်သာ ဖြစ်လေသည်။ စာရိတ္တသည်သာ လူတို့၏ကိုယ်စိတ်    လှုပ်ရှားအားထုတ်မှုများကို လူ့လောက၏အကျိုးစီးပွားမပျက်ပြားအောင် ထိန်းသိမ်းပဲ့ကိုင်ပေးနေပေရာ၊ လူတို့အတွက် အလိုအပ်ဆုံး အမြင့်ဆုံး အရည်အချင်းသည် စာရိတ္တပြည့်စုံမှု၊ စာရိတ္တဗလသာလျှင် ဖြစ်လေသည်။

          စာရိတ္တပြည့်စုံခြင်း၏တန်ခိုးအာဏာအရှိန်အဝါသည်လည်း ကြီးမားကျယ်ပြန့်လှလေသည်။    ကမ္ဘာ့အထွတ်အထိပ်သို့ရောက်အောင် တွန်းတင်နိုင်သော အရည်အချင်းမှာ စာရိတ္တပင် ဖြစ်လေသည်။ စာရိတ္တ ၏အထုအထည်အလိုက် လူတို့သည် လူအချင်းချင်း၏ယုံကြည်မှု၊ မြှောက်စားမှု၊ ကြည်ညိုလေးမြတ်မှုကို ခံယူရလေသည်။

          ဉာဏ်ပညာ ထက်မြက်မှုကြောင့် လူလေးစားသကဲ့သို့ စာရိတ္တမွန် မြတ်မှုကြောင့် လူကြည်ညိုရပေသည်။  ပညာသည် ဉာဏ်အရေးဖြစ်၍၊ စာရိတ္တသည် စိတ်ဓာတ်အရေးဖြစ်ရာ စာရိတ္တမဲ့သော ပညာဂုဏ်သည် အချည်းနှီးမျှသာ ဖြစ်လေသည်။ ကမ္ဘာကိုလည်းကောင်း၊ ပညာကိုလည်းကောင်း၊ ခြယ်လှယ်နိုင်သည်မှာ စိတ်၏စွမ်းအားသာပင်ဖြစ်၍ စိတ်၏ အင်အားများ စနစ်တကျဖွဲ့စည်းထားရာ စာရိတ္တဗလသည် အဓိက အင် အားပင် ဖြစ်တော့၏။ ပညာရှိကို ကြည်ညိုရသည်ထက် ကိုယ်ကျင့်အတွင်းစိတ်နှင့် စိတ်၏လှုံ့ဆော်ခံစားမှု အားထုတ်မှုတို့သည် အပြန် အလှန်ဆက်စပ်နေလေသည်။ 

          ကိုယ်ကျင့်တရားဟူသော စကား၏အနက် အပိုင်းအခြားမှာကား စာရိတ္တ၏ကျယ်ပြန့်မှုလောက် မကျယ်ပြန့်သေးပေ၊ ကျင့်ဆောင်အပ်သော တရားများသည် စာရိတ္တ၏အစိတ်အပိုင်းသာဖြစ်၍ နှလုံးသွင်း ဆင်ခြင်အပ်ရာ၊ သဘောထားရှေးရှုအပ်ရာ စသော စိတ်၏အမှုတို့သည် လည်း စာရိတ္တမှ ပေါက်ပွားပြုပြင်အပ်သော တရားများဖြစ်လေသည်။ ကိုယ်- နှုတ်- စိတ်- သုံးပါးလုံး၏အမှုဟူသမျှသည် စာရိတ္တဗဟိုချက်မှ ဖြာထွက်သည်သာ ဖြစ်လေသည်။ စာရိတ္တသည်သာ လူတို့၏ကိုယ်စိတ်    လှုပ်ရှားအားထုတ်မှုများကို လူ့လောက၏အကျိုးစီးပွားမပျက်ပြားအောင် ထိန်းသိမ်းပဲ့ကိုင်ပေးနေပေရာ၊ လူတို့အတွက် အလိုအပ်ဆုံး အမြင့်ဆုံး အရည်အချင်းသည် စာရိတ္တပြည့်စုံမှု၊ စာရိတ္တဗလသာလျှင် ဖြစ်လေသည်။

          စာရိတ္တပြည့်စုံခြင်း၏တန်ခိုးအာဏာအရှိန်အဝါသည်လည်း ကြီးမားကျယ်ပြန့်လှလေသည်။    ကမ္ဘာ့အထွတ်အထိပ်သို့ရောက်အောင် တွန်းတင်နိုင်သော အရည်အချင်းမှာ စာရိတ္တပင် ဖြစ်လေသည်။ စာရိတ္တ ၏အထုအထည်အလိုက် လူတို့သည် လူအချင်းချင်း၏ယုံကြည်မှု၊ မြှောက်စားမှု၊ ကြည်ညိုလေးမြတ်မှုကို ခံယူရလေသည်။

          ဉာဏ်ပညာ ထက်မြက်မှုကြောင့် လူလေးစားသကဲ့သို့ စာရိတ္တမွန် မြတ်မှုကြောင့် လူကြည်ညိုရပေသည်။  ပညာသည် ဉာဏ်အရေးဖြစ်၍၊ စာရိတ္တသည် စိတ်ဓာတ်အရေးဖြစ်ရာ စာရိတ္တမဲ့သော ပညာဂုဏ်သည် အချည်းနှီးမျှသာ ဖြစ်လေသည်။ ကမ္ဘာကိုလည်းကောင်း၊ ပညာကိုလည်းကောင်း၊ ခြယ်လှယ်နိုင်သည်မှာ စိတ်၏စွမ်းအားသာပင်ဖြစ်၍ စိတ်၏ အင်အားများ စနစ်တကျဖွဲ့စည်းထားရာ စာရိတ္တဗလသည် အဓိက အင် အားပင် ဖြစ်တော့၏။ ပညာရှိကို ကြည်ညိုရသည်ထက် ကိုယ်ကျင့်သဘောသွားကို စာကြောင်းရေ အနည်းငယ်မျှဖြင့် တိတိပြတ်ပြတ် အချက်အလက်မျှကို ဖော်ပြ၍ မပြည့်စုံနိုင်ပေ။ ရိုးဖြောင့်မှု၊ သစ္စာရှိမှု၊ ကြင်နာသနား ကိုယ်ချင်းစာတရားရှိမှု၊ မကောင်းမှုကို စက်ဆုတ်ရွံရှာမှု၊ သူရဲဘောမကြောင်မှု၊ အခွင့်အရာ နားလည်မှု စသည်အားလုံးသည် စာရိတ္တ၏ ကြောသေး ကြာမြွာများပင်ဖြစ်ရာ၊ ထိုအရည်အချင်းများကို ပြေလည်အောင် ဖော်ထုတ်နိုင်သည်တွင်မှ စာရိတ္တဗလ၏စံချိန်စံမှတ်ကို သိမြင်သာနိုင်မည်ဖြစ်လေသည်။ ကောင်းမြတ်သော ကိုယ်စိတ်နှုတ်၏ အမှုများသည် စာရိတ္တ၏အကောင်အထည်မရှိသော စိတ်ဓာတ်အထု အထည်ကို တင်ဆောင်ပြသသော ရုပ်သဏ္ဌာန်တို့ပင် ဖြစ်လေသည်။

          လူတစ်ယောက်၏ ကြီးကျယ်မြင့်မြတ်မှုကို စိစစ်ကြရာတွင် ၎င်း၏ပါရမီ၊ ၎င်း၏ထူးချွန်ပြောင်မြောက်သော စွမ်းရည်စသည်တို့ထက် ၎င်းသည် သာမန်လူ့လောကတွင် ဆက်ဆံနေထိုင်မှုများ၌ ပြုမူကျင့်ဆောင်ချက်များအပေါ်၌သာ မူတည်၍ ခွဲဝေဆုံးဖြတ်ရမည်ဟု ပညာရှိ များဆိုလေ့ရှိလေသည်။ အကြင်သူ၏ မိမိအပေါင်းအသင်းများအပေါ်၌ ရည်မွန်စွာဆက်ဆံမှု၊ ဒုက္ခရောက်နေသူများကို ကြင်နာမှု၊ မိမိ၏ နှုတ် ကတိကို စောင့်စည်းမှု၊ သည်းခံနိုင်ခဲသော အရာ၌စိတ်ခိုင်မတ် သည်းခံ နိုင်စွမ်းမှု၊ တည်ကြည်မှု စသည်တို့မှ စာရိတ္တအင်အားမည်မျှ ရှိသည်ကို ထုတ်ဖော်ပြသနိုင်လေသည်။

         လူတစ်ယောက်အပေါ်တွင် ၎င်း၏ရေးသားချက် ပြောဆိုချက်များ ထက် လူ့လောက၌ ၎င်းကိုယ်တိုင် ပြုမူဆောင်ရွက်ချက်ကိုသာ အခြေခံ တည်၍ အကဲဖြတ်ရပေမည်။ ဆင်းရဲသည်ဖြစ်စေ၊ လူတော်လူကောင်းတို့ တွင် ရှိအပ်သော စာရိတ္တ အရည်အချင်းနှင့်ပြည့်စုံလျှင် လူရည်မွန် တစ်ယောက်ဟု ဆုံးဖြတ်ရပေသည်။

          စာရိတ္တသည် ပညာဉာဏ် ထက်မြက်မှု၊ ပညာတတ်မှုနှင့် မသက်ဆိုင်ပေ။ ပညာတတ်၍ အသိပညာသစ်များ တိုးတက် ကျယ်ဝန်းသဖြင့် စာရိတ္တအင်အား ပိုမိုခိုင်ဖြိုးလာမည်ဟု တစ်ထစ်ချမဆိုနိုင်ပေ။ ပညာတိုး ၍ အမိုက်မျိုးစုံကာ စာရိတ္တ ပျက်ပြားနိုင်သည်လည်း ရှိပေသည်။ ပင်ကို စိတ်ဓာတ်တွင် စိတ်ကောင်းစိတ်မြတ် မွေးလိုသော ဓာတ်ခံ ဗီဇမပါရှိက ပညာတတ်သမျှ အမြင်ကျယ်သမျှမှာ အခြားသူတို့ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးမည့် ကောက်ကျစ်စဉ်းလဲမှု ယုတ်ညံ့မှုတို့နှင့် ပြွမ်းတီး နေမည်သာ ဖြစ်လေသည်။ စိတ်ဓာတ်ကောင်းပေါ်၌ ပေါက်ပွားသော ပညာသာလျှင် အဖိုးတန်လေသည်။ ပညာဖြင့် စာရိတ္တကို တိုးတက်စေ နိုင်မှသာ လူတော်ဖြစ်၍ ဆုတ်ယုတ်စေသူဖြစ်က သာမန်ပညာမဲ့ထက် ညံ့သော လူညံ့ဖြစ်ပေမည်။ 

          တစ်ဆုပ်စာမျှသော အကျင့်ကောင်းသည် တစ်ပွေ့စာမျှသော ပညာလောက် အဖိုးတန်သည်ဟူ၍ ဂျော့ဟားဘတ်ဆိုသူက ပြောဖူးလေ သည်။ ၎င်းမှာ ပညာဂုဏ်၊ ပညာ၏အစွမ်းအာနိသင်ကို ရှုတ်ချအထင် သေးခြင်း မဟုတ်ပေ။ ဆက်စပ်မှု သဘောကိုသာ ဖော်ပြလေသည်။ ပညာတတ်ထဲမှ စာရိတ္တကောင်းသူရှိသကဲ့သို့၊ ပညာမဲ့ထဲမှလည်း ရှိနိုင် သည်သာ ဖြစ်လေသည်။ သို့ရာတွင်... ပညာမဲ့အကျင့်ပျက်သည်၊ ပညာ တတ် အကျင့်ပျက်လောက် ကြောက်မက်ဖွယ် မကောင်းလှပေ။ ပညာမဲ့ ၏အစွမ်းထက် ပညာတတ်၏အစွမ်းက ပို၍ ကျယ်ပြန့်လိမ့်မည်သာပင်။

          လူတစ်ယောက်သည် ပညာရပ် အသီးသီးတွင် ချွန်နိုင်သော်လည်း စာရိတ္တတွင် လူရည်သန့်ဖြစ်ချင်မှ ဖြစ်နိုင်ပေသည်။ ပညာတတ်ရုံနှင့် မပြီးပေ။ အတွေးအခေါ် ရင့်သန်ထက်မြက်မှု၊ စိတ်သဘောထားကြီးမှု၊ အတွေ့အကြုံ၊ သင်ခန်းစာရမှု၊ တော်တည့်ဖြောင့်မတ်မှု စသည်တို့ရှိမှ ထိုပညာ၏အကျိုးကို ကျပ်ပြည့်ခံယူနိုင်ရာ၊ ထိုအထောက်အကူတို့သည် စာရိတ္တအင်အားမျှသာ... ဖြစ်ပေသည်။ ရွှံ့ညွန်ထက်၌ ကြာပေါက်နိုင်သကဲ့သို့ ပညာမဲ့တို့တွင်လည်း စာရိတ္တ ပွင့်သစ်နိုင်ပေသည်။

          စာရိတ္တမြှင့်တင်ရေးတွင် စီးပွားဥစ္စာ ပြည့်တင်းကုံလုံမှုသည် အထောက်အပံ့ဖြစ်စေနိုင်ဟု အချို့ယူဆတတ်ကြလေသည်။ ၎င်းမှာ မှန်ကန်သော တစ်သမတ်တည်းကျသည့် သဘောတရား မဟုတ်ပေ။ ဖောက်ပြန်မှု၊ လောဘဇောတိုက်မှုတို့ကို စီးပွားဥစ္စာကပင် ဖန်တီးအားသွန် နိုင်ပေသည်။ စည်းစိမ်ချမ်းသာနှင့် လောဘဇော၊ အပျော်အပါးနှင့်လော်မာမှုတို့သည် ဆက်စပ်သော သဘောရှိရာ၊ ကောင်းမွန်မြင့်မြတ်စွာ ချမ်းသာပျော်ရွှင်နိုင်ရေးတွင် စာရိတ္တသာ မထိန်းသိမ်းနိုင်ခဲ့သော် ကြာရှည် တည်မြဲနိုင်လိမ့်မည် မဟုတ်ပေ။ ယုတ်ညံ့သောဉာဉ် ပင်ကိုက ရှိပါမူ ထိုဉာဉ် သည် စိတ်ချမ်းသာသောကြောင့် အားပြည့်လာလျက် ကြီးစွာသော ဖောက်ပြန်မှုကို ကျူးလွန်မိစေနိုင်လေသည်။ စာရိတ္တပျက်သော လူချမ်း သာ လူကြီးလူကောင်းများကိုလည်း အများပင် တွေ့ ရှိကြားသိနိုင်သည် မဟုတ်ပါလော။

          ဆင်းရဲ၍ ခိုး- ဆို- တိုက်ခိုက်ကာ စာရိတ္တ ပျက်ပြားရသကဲ့သို့ ချမ်းသာ၍လည်း လောဘ၊ ဒေါသ၊ မာန၊ သောကအတ္တ,စသော လော် လည် မှောက်မှာ စိတ်များဖြင့် စည်းစိမ်ယစ်ကာ စာရိတ္တတရားမှားယွင်း ကွယ်သွားနိုင်သည်သာ ဖြစ်လေသည်။ စာရိတ္တပျက်ခြင်းမှာ မိမိ အသက် ထင်ရှားရှိစဉ်သာမက ဘဝတစ်ပါးပြောင်းသွားသည့်တိုင်အောင် ပြောစ မှတ်ရ ကျန်ရစ်တတ်ပေရာ၊ အနေရှုံး အသေရှုံးရသော အရှုံးပင်ဖြစ်လေ သည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ စာရိတ္တကို တမင် မွေးရပေမည်။ ချမ်းသာနေခြင်းဖြင့် စာရိတ္တပျက်မှုကို ကာကွယ်ပေး လိမ့်မည် မဟုတ်ပေ။ ဆင်းရဲသဖြင့်သာ စာရိတ္တပျက်ရသည်ဟူ၍လည်း ခွင့်လွတ်နိုင်လိမ့်မည် မဟုတ်ပေ။ စာရိတ္တကောင်းသူကို လောကတွင် အဘယ်နေရာ၊ အဘယ်ဘဝ၊ အဘယ်အဆင့်တွင် ရှိနေသည်ဖြစ်စေ၊စာရိတ္တကောင်းမြဲသာ ဖြစ်ပေသည်။ စာရိတ္တကောင်း လျှင် သက်ရှိအခါ ဆင်းရဲစေကာမူ၊ ကွယ်လွန်သောအခါ ဂုဏ်သတင်း ကြွင်းကျန်၍ အသေ လှနိုင်ပေသည်။ အနေလှရုံဖြင့် လူ့တာဝန်မကျေပေ။ အသေလှပါမှ လူတော်လူကောင်းတစ်ယောက် ဖြစ်ပေမည်။ 

          စာရိတ္တသည် စီးပွားလည်း မှန်၏၊ စာရိတ္တစီးပွားစုသည် ထိုစီးပွား ၏ အကျိုးပေးခွင့်ကို မုချခံစားရမည်သာပင်။ လူအဆင့်အတန်းကို ခွဲကန့် လျှင် စာရိတ္တစီးပွားပြည့်သူသည် အမြင့်ဆုံးအတန်းကပင် နေရပေမည်။ စာရိတ္တပြည့်တင်းမှုကို အဘယ်အကြောင်းမျှဖြင့် ခြွင်းချန်ထားရန် မသင့် ပေ။ စာရိတ္တပျက်ပြားခြင်းကိုလည်း အဘယ်အကြောင်းမျှဖြင့် လျှောက်လဲ ချေဆိုခွင့်ပေးရန် မရှိပေ။ လူ့လောကအတွင်း လူဖြစ်ကျိုးနပ်စေရန် စာရိတ္တ ကို ဖြည့်တင်းခိုင်မတ်စေရန်မှာ လူတိုင်း၏အဓိက တာဝန်ပင် ဖြစ်လေ သည်။

          စိတ်၏ကောင်းမြတ်မှုဟူသမျှကိုလည်း စာရိတ္တအင်္ဂါတွင် သွတ် သွင်းသင့်ပေသည်။ လူတို့သည် ရိုးသားဖြောင့်မတ်ရုံနှင့် စာရိတ္တပြည့် မြောက်ပြီဟု မယူဆနိုင်သေးပေ။ အခြားသော စိတ်ကောင်းစိတ်မြတ်များ ရှိရန်လည်း လိုလေသည်။ ဥပမာ စာရိတ္တကောင်းလျက် စိတ်တိုဘုကျ တတ်ပြန်ပါမူ ၎င်း၏စာရိတ္တသည် ဆွံ့အနေသူ၏ ပညာနှင့်သာတူပေ လိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းစိတ်မြတ် အရည်အချင်းများကိုလည်း ဖြည့်ကျင့်ရပေမည်။

          စာရိတ္တကို တဖြည်းဖြည်း တစ်ဆင့်ဆင့် ထူစိုက်ရမြဲဖြစ်လေသည်။ လူလောကတမင်တကာဖြည့်ကျင့်ခြင်း မဟုတ်စေကာမူ ဆောင်ရွက်ပြု လုပ်သမျှ အရာတိုင်းသည် စာရိတ္တ အထုအထည်ကို ဖြည့်ခြင်းဖြင့်လည်း

ကောင်း၊ ပဲ့ချေခြင်းဖြင့်လည်းကောင်း၊ ဂယက်ရိုက် တန်ပြန်မှုရှိလေသည်။ ဆံပင်ငယ်ကလေးတစ်ချောင်းသည်ပင် အရိပ်ထင်နိုင်သကဲ့သို့ သေးငယ်