Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

လှသမိန် - မြန်မာစကားပြေလမ်းညွှန်

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out
Type

         မြန်မာတို့သည် စာပေယဉ်ကျေးမှုကို စတင် ပိုင်ဆိုင် လာစကတည်းက မြန်မာစကားပြေကို ရေးဖွဲ့ခဲ့ကြသည်မှာ ယခုရေးဆဲကာလသို့တိုင်ခဲ့လေပြီ။ ရှေ့တွင် ဆက်လက်၍ လည်း လူမျိုးနှင့်နိုင်ငံ မပျောက်သရွေ့ ကာလပတ်လုံး ဆက်၍ ဆက်၍ ရေးဖွဲ့ကြပေဦးမည်။ အက္ခရာစာပေကို အရေးအသား ၏သင်္ကေတအဖြစ် အသုံးချခဲ့ကြရာမှ၊ ခံစားမှုနှင့် သိနားလည် မှုတို့ကို ရေးမှတ်တင်ပြရုံသာမက၊ သူတစ်ပါး ခံစားတတ်စေရန်၊ သိနားလည်စေရန် ရေးသားတင်ပြခြင်းအမှုကိုလည်း ပြုခဲ့ကြ လေသည်။

          ထိုမှတစ်ပါး နားလည်အောင် အသိပေးရေးသား သော အခြေခံရေးနည်းကို အတွန့်တက်ကာ ဖတ်ချင်စဖွယ် သာယာနာပျော်ဖွယ်ဖြစ်အောင် တင်စားဖွဲ့နွဲ့ ရေးသားခြင်း ` အတတ်ပညာသည်လည်း တိုး တက်ကျယ်ပြန့်လာခဲ့ပေသည်။ ထို့ကြောင့် ယနေ့ကာလတွင် “သုတစာပေ” နှင့် “ရသစာပေ” ဟူ၍ အမျိုး အစားနှစ်ရပ်ကို အထင်ကရ ခွဲခြားနိုင်သည့်အခြေသို့ရောက်ရှိနေပေသည်။

          မြန်မာစာပေခေတ်တစ်လျှောက်လုံးတွင် ရေးသား ဖွဲ့ နွဲ့ မှုများသည် အများအပြား အဆက်မပြတ် ပေါ်ထွက်နေခဲ့ ပေလိမ့်မည်။ စကားပြေရော ကဗျာလင်္ကာအားဖြင့်ပါ စာပေ အထွေထွေများ ကြွယ်ခဲ့ပေလိမ့်မည်။ သို့ရာတွင် စာရေးသားသောဝတ္ထုပစ္စည်းများ၏ သင်္ခါရသဘောကြောင့်လည်းကောင်း၊ ယခုခေတ်ကဲ့သို့ ဒေသအနှံ့ ကူးသန်းသွားလာမှုနှင့် စာမူအများ ရေးနှိပ်ပြန့်ပွားနိုင်သော အခြေအနေပေးမှုများ မရှိခဲ့ခြင်းကြောင့် လည်းကောင်း၊ နိုင်ငံအတွင်း စစ်မက်အရေးအခင်းများ၌ ဆုံးပါးပျက်စီးရခြင်းကြောင့်လည်းကောင်း၊ အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်သော အလေ့အထပျံ့နှံ့ခြင်း နည်းပါး မှုကြောင့်လည်းကောင်း၊ များစွာသော စာပေကောင်းများပျောက်ဆုံးပျက်စီးခဲ့ရပေသည်။ အလွန်တွင် ကျယ်ပျံ့နှံ့သော စာပေအချို့သည်သာ ရဟန်းတော်ကျောင်းများ၏ ကြီးမားသော ကျေးဇူး ဥဿာဟကြောင့် ယနေ့ခေတ်အထိ ထင်ရှားကြွင်းကျန် နေခဲ့ပေသည်။

          ထို့ကြောင့် ထင်ရှားကြွင်းကျန်နေသေးသော ပုဂံခေတ် ကျောက်စာချပ်များမှသည် ပေပေါ်မှတစ်ဆင့် ပုံနှိပ်စာအုပ်များ အဖြစ် ပေါ်ထွန်းခဲ့သော စာပေများအထိ၊ ခေတ်အစဉ်အဆက် ကို တံတားထိုး မိရုံမျှ စာပေများ အမွေခံနိုင်ခွင့်ရကြပေသည်။ မည်မျှ တိမ်ကောပျက်စီးသွားခဲ့သည်ကို ခန့်မှန်းခြင်း မပြုနိုင် ပေ။ တစ်ခါတစ်ရံတွင် ကြိုကြိုကြားကြားမှ ပျောက်ကွယ်နေ သော၊ မကြားမသိရဖူးသော စာမူများ ပေါ်ထွက်လာတတ်ပေ ရာ မပေါ်မထွက်ဘဲ နစ်ငုပ်ပျောက်ဆုံးရသည်များလည်း မုချ ရှိပေလိမ့်မည်။

          ယခုခေတ်တွင်ကား သိပ္ပံပညာအရ ပုံနှိပ် ခေတ်ဆန်း လာခြင်းနှင့် စာကြည့်တိုက်တို့၏ ထိန်းသိမ်းနိုင်စွမ်းတို့ကြောင့် ရေးသားပြုစုသမျှသော စာပေအများစုတို့မှာ နှစ်ကာလကြာ ရှည် မပျောက်မပျက် တည်ရှိနိုင်သည့်ပြင်၊ ရေးသားပြုစုရန် အခြေအနေသာသော စာပေပညာရှင်အရေအတွက်လည်း အလွန်ပင် များပြားလာခဲ့ပေသည်။

          အမှန်အားဖြင့် အတိတ်မှသည် ယနေ့ခေတ်အထိ စာပေအားလုံးကို လေ့လာဖတ်ရှုနိုင်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်သည်သာမက၊ ဖြစ်နိုင်ကောင်းသော အလုပ် လည်း မဟုတ်ပေ။ မိမိတို့တစ်သက်တမ်းအတွင်း ပေါ်ထွက် လာနေသော စာပေတို့ကိုပင် အစေ့အc လက်လှမ်းမီအောင် ဖတ်ရှု မိရန်မလွယ်ပေ။ ထို့ကြောင့် စာပေ၏အတိတ် လမ်းကြောင်းကို ယုတ်စွအဆုံး ရေးရေးမျှပင် ဖြန့်ကြက် လွှမ်းခြုံ၍ သတိပြုစေနိုင်ခွင့်ရှိခဲ့ပါမူ ကောင်းလေစွဟူ၍ တောင့်တမိပေ သည်။

          ထိုမှတစ်ပါး စာပေဆိုသည်မှာ အနည်းနည်းဖြင့် အရသာခံနိုင်သော စည်းစိမ်လည်း ဖြစ်ပေသည်။ မိမိဉာဏ် အမြင်ကို ကျယ်ဝန်းစေသော မှန်ဘီလူးလည်း ဖြစ်ပေသည်။ မိမိခံစားမှုကို လှုံ့ဆော်သော မြင်ကွင်းကျယ်လည်း ဖြစ်ပေ သည်။ ထို့ကြောင့် စာပေဖြင့် ပေးဖြန့်ထားသော ခံစားဖွယ် တို့ကို လူအများရယူသုံးဆောင် ခံစားနိုင်သော အခြေအနေကို လည်း တောင့်တလိုလားမိပေသည်။

           ဤသို့သော လိုလားတောင့်တမှုအတွက်ကား စာပေကို အရသာခံ၍ ဖတ်တတ်သော အရည်အသွေးထုံစေ၍၊ စာပေကို တပ်မက်ခင်တွယ်လာစေရန် တစ်နည်းနည်း ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်ဟူ၍လည်း မြင်မိပေသည်။ စာရေးသူတို့သည် ဖတ်သူခံစားသိမြင်စေလိုသော ဆန္ဒရှိစမြဲ ဖြစ်၍၊ ဖတ်သူတို့အကျိုးငှာ ရည်ရွယ်ချက်တစ်မျိုး မျိုးထား လျက် ရေးသားကြသည်သာ ဖြစ်ပေသည်။ စာရေး၍၊ စာရေးခ အထိုက်အတန်ရမည်ဖြစ်စေကာမူ၊ စာရေးသူတိုင်းသည် စာရေး ခရရေး သက်သက်အတွက် ရေးသည်မဟုတ်ဘဲ၊ မိမိစာ၊ မိမိ ရေးလို ဖွဲ့ လိုချက်ကို ဖတ်ရှုသူနှင့် ထိတွေ့ စေရေးအတွက် အဓိက အာရုံသွင်း၍ ရေးသားကြသည်သာ ဖြစ်ပေသည်။ ပရိသတ်အများ လက်ခံဖတ်ရှုကြသည်ကို လိုလားသာယာခြင်း မရှိသော စာရေးဆရာဟူသည် ရှိနိုင်သောအရာပင်မဟုတ်ပေ။

          ထို့ကြောင့် တပင်တပန်း ရေးသူတို့၏ဆန္ဒ၊ ထိုသူတို့ ၏ ချွေးနှဲစာများကို ပရိသတ်က အလေးထား၍ တွေးတော ဆင်ခြင်ကာ၊ တန်ဖိုးထား၍ ဖတ်ရှုခံစားစေလိုသော စေတနာ အားလျော်စွာ၊ များစွာသော စာရေးသူတို့ ခေတ်အဆက်ဆက် ရေးသားခဲ့ကြသောစာပေများမှ ကောက်နုတ်၍ သုံးသပ် လေ့လာခံစားနိုင်ပုံများကို လမ်းကြောင်း၍ အမြင်ချင်း ဆွေးနွေး ဖလှယ်ခြင်းသည် အကျိုးများမည့်လုပ်ငန်းတစ်ရပ်ဖြစ်မည်ဟု နှလုံးသွင်းခဲ့မိပေသည်။ ထို့ကြောင့်လည်း အတိတ်ခေတ်မှ ယနေ့အထိ စာပေဖွဲ့ နွဲ့ ဟန်အမျိုးမျိုးကို သုံးသပ်၍ လေ့လာမှု အရသာခံမှုလမ်းကြောင်းကို သွယ်ဖောက်လိုက်ရပေသည်။

          ဤတွင် ရေးသားဖော်ပြရန် အချက်များ ရှိနေပေ သည်။ ပုဂံခေတ်မှသည် ယနေ့အထိ ပေါ်ထွက်လာခဲ့သော

စကားပြေ အရေးအသားရှင် စာရေး ဆရာများကား အလွန်ပင် များပြားလှပေသည်။ စာရေးသူ ၏ ရည်ရွယ်ချက်သည် စာရေးဆရာ တစ်စုံတစ်ယောက်ကိုလည်းကောင်း၊ သူ၏ စာပေ၊ သို့မဟုတ် စာအရေးအသား တစ်စုံတစ်ရာကို ဤသို့ကောင်းသည် ဤသို့ ဆိုးသည်ဟူ၍ ဝေဖန်လိုရင်း မရှိပေ။ ဤသို့ဝေဖန်ရန်လည်း လွယ်ကူမည်မဟုတ်ပေ။ ပုဂ္ဂိုလ်တစ်ဦး လုံးကို မဆိုထားဘိ၊ စာအရေးအသားတစ်စောင် တစ်ဖွဲ့တည်း ကို ဝေဖန်မည်ဆိုလျှင်ပင် မူရင်း၏ပမာဏထက် အဆများစွာ ရှည်လျားပေလိမ့်မည်။ သို့နှင့်လည်း ထောင့်စေ့နိုင်မည် မဟုတ် ဘဲ၊ လူသားတစ်ဦး၏ ရှုထောင့်တစ်ကွက်မှ သုံးသပ်ချက်မျိုး သာ ရှိပေလိမ့်မည်။ 

          စာရေးသူ၏ရည်ရွယ်ချက်မှာ အတိတ်မှ ပစ္စုပ္ပန်အထိ မြန်မာစာအရေးအဖွဲ့တို့အပေါ်တွင် အရသာ ခံစားတတ်ကြရန် လမ်းကြောင်းပေးဖို့သာ ဖြစ်ပေသည်။ တစ်နည်းဆိုသော် စာပေ အရသာ ခံနည်းကို ဖော်ပြရန်သာ ဖြစ်ပေသည်။ ထို့ကြောင့် များလှစွာသော အရေးအသားလည်း ပြောင်မြောက်၍ ပြည်သူ က အသိအမှတ်ပြု လက်ခံပြီးသော စာပေပညာရှင် စာရေး ဆရာပေါင်းများစွာ၏အနက်မှ အနည်းငယ်မျှသော စာရေး ဆရာတို့၏ အရေးအဖွဲ့တို့ကို ပုံစံနမူနာပြ၍ အရသာခံပြီးထား ပေသည်။ လမ်းညွှန်၍ထားပေသည်။ ။

          ဤတွင် ပုံစံထုတ်ထားသမျှသည် အကောင်းဆုံးသော လက်ရာများချည်းဖြစ်သည်ဟူ၍ မဆိုလိုပေ။ ထိုထက်များစွာ အရသာပေါ်သော လက်ရာမြောက်သော စာရေးဆရာကိုယ်တိုင် ဘဝင်တွေ့ သော လက်ရာများလည်း အများအပြားပင်ရှိမည် ဖြစ်၍ ပင်ကိုစာရေးဆရာ၏ အကြိုက်ဆုံး၊ လက် အတွေ့ဆုံး စာပိုဒ်မျိုးလည်းဖြစ်ကောင်းမှ ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ အရေးအဖွဲ့ ပုံစံရရုံမျှသာ ရွေးချယ်ထားသည်ဖြစ်၍ ရွေးချယ် ထားသမျှ စာအပေါ်တွင် ဓမ္မဓိဋ္ဌာန် စိစစ်မွမ်းဖွဲ့၍သာ ရှင်းလင်း တင်ပြထားပေသည်။

         လက်ရာ အတော်အတန် ကွဲပြား၍ ခေတ်ကာလတို့ အတော်အတန် ငုံမိရုံမျှ သဘောထား၍ ကာလစုံ အရေးစုံတို့ကိုကောက်နုတ်တင်ပြရာ၌လည်း စံတစ်ခုပြုလောက်သော စာရေး ဆရာ အကျော်အမော်ပုဂ္ဂိုလ်များလည်း အများအပြားပင် ကျန်ရှိနေသည်ဖြစ်ရာ၊ ထိုပုဂ္ဂိုလ်တို့၏ စာပေများက ဂုဏ် မမြောက်အရသာမထင်၍ ပယ်ချန်ထားသည်ကား မဟုတ်ပေ။ စာရေးဆရာတိုင်း၏ တစ်ဘာသာစီ ကွဲပြားသော ရေးဟန်များ၊ ရသများကို ပြည့်စုံ စုံလင်အောင် ဖော်ကျူးတင်ပြလိုသည်သာ ဖြစ်သော်လည်း၊ စာမျက်နှာအချိန်ကာလ၊ ရည်ရွယ်ချက် အပိုင်း အခြားတို့ကို ငဲ့၍ ပုဂ္ဂိုလ်ကျော်အများကို ပုံစံ မမှီမယူ ချန်လှပ် ခဲ့ရသည့်အတွက် အဆင့်အတန်း ခွဲခြားခြင်း၊ အတော်၊ အညံ့ ခွဲခြားခြင်း မဟုတ်ကြောင်းကို ထိုပုဂ္ဂိုလ်တို့အား တောင်းပန်ရ မည်သာ ဖြစ်ပေသည်။

          ထိုမှတစ်ပါး ရသဖော်ကျူးခြင်းပြုရာ၌လည်း သက်ဝင် နေသော ရသကုန်စင်အောင် ထုတ်ဖော်တင်ပြရန် အရေးမှာ အယူအဆအရသာခံမှုအရ ပုဂ္ဂိုလ်တစ်ဦးလျှင် တစ်နည်း တစ်ဘာသာ ကွဲလွဲနိုင်သည်ဖြစ်သောကြောင့် မူရင်းသက်ရှိ စာရေးဆရာတို့အနေဖြင့် မိမိတို့ကိုယ်တိုင် သုံးသပ်ခံယူချက် အတိုင်း တင်ပြနိုင်စွမ်း မပြည့်သည်ကို တွေ့ရသည့်အခါတွင်