Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

လေးကိုတင် - ကဗျာဆရာများနှင့်စကားပြောခြင်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ကိုရွေးနှင့် စကားစမြည်

 

မေး။ ဆရာ့ရဲ့ ကဗျာခံစားမှုတွေဟာ ပွင့်လင်းမြင်သာပါတယ်

ဆိုတဲ့ ဒီကနေ့လို နိုင်ငံရေးမြင်ကွင်းထဲမှာ အခြေခံနေပါ တယ်။ နိုင်ငံတစ်ဝန်းဖြစ်ပျက်နေတာတွေကို တထိတ်ထိတ် ကဗျာ” ဖတ်ရတာနဲ့ပဲ နားလည်လို့ ရပါတယ်။ ဒီတော့ နာဂစ်၊ လက်ပံတောင်း၊ မြစ်ဆုံ ၊ ငြိမ်းချမ်းရေးနဲ့ ရန်ကုန်ရပ်ဝန်း

ကဗျာတွေ ခံစားရေးဖွဲ့ ပုံကို ပြောပြပါဦး။ 

 

ဖြေ။ ကျွန်တော့်ကဗျာ ခံစားမှုကို ရိုးရှင်းတယ်လို့ သုံးပါရစေ။ ဒီဘက်ခေတ်

မှာ လူအများစုဟာ အချိန်နဲ့ဥစ္စာဓနအရမ်းဆင်းရဲကြတယ်။ ဒါကြောင့် ကျွန်တော့်ကဗျာကို ဖတ်ရလွယ်ကူအောင်ရေးတယ်။ ရိုးရိုးရှင်းရှင်း နိမိတ်ပုံတွေကိုသုံးတယ်။ တစ်ခေါက်ဖတ်ပြီး နောက်တစ်ခေါက်ထပ် ဖတ်စရာမလိုလောက်အောင် ခံစားနားလည်စေချင်တယ်။ ဥပမာ “တထိတ်ထိတ်ကဗျာ”ထဲက အမုန်းဓားကို နှလုံးသားနဲ့ ထောက်ပြီး ကွေးနေရတာဆိုတော့” ဆိုတဲ့ စကားလုံးမျိုးပေါ့။ ကိုယ့်ကို မလို မုန်းထားသူတွေ၊ ကိုယ့်ကို အကြိမ်ကြိမ်ချုပ်နှောင်သူတွေ၊ ကိုယ့်

အသက်ကို အကြိမ်ကြိမ် လုပ်ကြံသူတွေနဲ့ အတူ အလုပ်လုပ်ဖို့ ရွေးကောက်ပွဲဝင်မယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တော့ ကျွန်တော် တကယ်ပဲစိုးရိမ်မိပါတယ်။ ရင်ထဲမှာ တကယ့်ကို တထိတ်ထိတ်ပါပဲ။ ဒါကြောင့် ဒီနိမိတ်ပုံလေးကို သုံး လိုက်တာပါ။ အခြားသူတွေလည်း ကျွန်တော့်လိုပဲ ခံစားရမယ်လို့ ထင်ပါတယ်။ နာဂစ်ဝင်မွှေသွားတော့ ကျွန်တော်မွေးဖွားရာ စလူဆိပ် ရွာလေး ပျောက်ဆုံးသွားတယ်။ ကျွန်တော်ကလေးဘဝတစ်လျှောက် လုံး ကြီးပြင်းခဲ့ရာ ရွေးမြစ်ကမ်းဘေးက ကျောက်မေ့ရွာကလေးလည်း ကြေမွသွားတာပဲ။ ကျွန်တော့်အမျိုးတွေ အများကြီးပျက်စီးသွား ကြတယ်။ အဲဒီအတွက် နာဂစ်ကဗျာတွေ ကြေကြေကွဲကွဲ ရေးဖွဲ့ ဖြစ် ပါတယ်။ လက်ပံတောင်းအရေး၊ မြစ်ဆုံအရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေအရေး၊ ရခိုင်ဒေသအရေးတွေအထိ ကျွန်တော့် ခံစားမှုတွေ ကူးစက်ခဲ့ပါတယ်။ ကဗျာတွေ တော်တော်များများ ရေးဖြစ်ပါတယ်။ ဒီအရေးတွေဟာ ဒေသခံတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စလို့ ယုံကြည်လို့ ပါပဲ။

 

မေး။ နောက် ရန်ကုန်ရပ်ဝန်းမှာ ဖြစ်ပျက်နေတာတွေကို လည်း

မျက်ခြည်မပြတ်ပါဘူး။ “ရန်ကုန်ကိုအလစ်မပေးနဲ့” ကဗျာဆို ပါစို့ ။ နိမိတ်ပုံ တွေအားကောင်းတယ်။ ဥပမာ လင်းတဆွဲတဲ့ အသားတစ်လို... ရန်ကုန်ဟာ အပိုင်းပိုင်းအထစ်ထစ်ပဲ”ဆိုတာ မျိုးပေါ့။ ဆရာ့ရဲ့ အာရုံရုပ်ထဲမှာ ကဗျာဓာတ်စီးပုံလေးသိချင်

ပါတယ်။

 

 ဖြေ။ “ရန်ကုန်အလစ်မပေးနဲ့” ကဗျာရေးဖြစ်ဖို့ တွန်းအားပေးတောက

မန္တလေးမြို့ကိုရေးတဲ့ “မြို့သိမ်းကဗျာနှစ်ပုဒ်က အဓိကဖြစ်မယ်ထင် ပါတယ်။ ကျွန်တော်မန္တလေးက ပြန်လာတော့ မြို့သိမ်းကဗျာရေး ဖြစ်တယ်။ ရန်ကုန်ကို ရေးချင်ပေမဲ့ ရေးလို့မရဘူးဖြစ်နေတယ်။ ကျွန်တော် ရန်ကုန်မြို့ထဲကို နေ့တိုင်းနီးပါးရောက်ပါတယ်။ တစ်ခါတော့ ဆူးလေပန်းခြံဘက်ကို လေးငါးရက်မရောက်ဖြစ်ဘူး။ ရောက် လည်းရောက်ရော ကျွန်တော် အံ့သြရတော့တာပဲ။ ဆူးလေပန်းခြံမရှိ တော့ဘူး။ စာအုပ်ဆိုင်တွေ မရှိတော့ဘူး။ အများသုံး အိမ်သာမရှိ တော့ဘူး။ မြေကွက်လပ်ကြီးကို ခြံဝန်းခတ်ထားတာပဲ တွေ့ရတော့ တယ်။ ကျွန်တော်တကယ်ကို အံ့သြမိပါတယ်။ ရန်ကုန်ဟာ အပြောင်းအလဲ မြန်လှချည်လားလို့ပေါ့။ အဲဒီမှာ အတွေးတစ်ခုရတာ ပါပဲ။ ရန်ကုန်ကို အလစ်ပေးလို့ မဖြစ်တော့ဘူးဆိုတဲ့အတွေးပါ။ ကျွန်တော်က အလုံမှာ နေပါတယ်။ တစ်နေ့ကြည့်မြင်တိုင်ဘက်ကို သွားရင်း ထပ်ပြီး အံ့သြရပြန်တယ်။ ကမ်းနားကို မမြင်ရတော့ပါဘူး။ ကျွန်တော်တို့အလုံကဘောလုံးကွင်းကြီးဆိုလည်း မရှိတော့ပါဘူး။ ယာယီဈေးကြီးဖြစ်နေပါပြီ။ နောက်ထပ် ဘာကြီးဖြစ်ဦးမယ်မသိပါ ဘူး။ ညနေ အိမ်ပြန်ချိန်တွေမှာတောင် ငါတို့လမ်းကို ဘယ်သူတွေ သိမ်းသွားပြီလဲ၊ ငါတို့အိမ်ကို ဘယ်သူတွေ ဝယ်သွားပြီလဲဆိုတဲ့ အတွေးဝင်လာရာက “ရန်ကုန်ကို အလစ်မပေးနဲ့” ကဗျာရေးဖြစ်သွား တာပါပဲ။

 

မေး။ ဆရာ့ရဲ့ ပထမဦးဆုံးကဗျာစာအုပ် ကြည်လင်သော ရေ

တံခွန်” မဖြစ်ခင် ရေတံခွန်ဇာစ်မြစ်ကလေးကို ပြောပြပါဦး။

နောက်ဆရာ့ရဲ့ မူလကဗျာလမ်းကြောင်းမှာပဲ “ကိုယ်ပိုင်ဟန်” (Own Style) တည် ဆောက်ရပုံ လည်း စဉ်းစားကြည့် ပါခင်ဗျာ။ ကဗျာရေးသက် နှစ် ၂၀ အကြောင်းပေါ့။ 

 

ဖြေ။ ကြည်လင်သောရေတံခွန်” ကဗျာစာအုပ်ရဲ့ နောက်ခံအကြောင်းအရာ

တွေက ရှည်လျားလှပါတယ်။ အကျဉ်းချုပ်ပြီး ပြန်ပြောရရင် ရေတံခွန် ဆိုတဲ့ စကားလုံးလေးက ကျွန်တော့်ကို လွှမ်းမိုးနေခဲ့တာ ကာလ အတော်ကြာခဲ့ပါပြီ။ အဲဒီအချိန်တွေတုန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ အကျဉ်းကျနေတဲ့ ကာလပေါ့။ သူ့ကို အမှတ်တရ အားပေးချင်တာကြောင့် ရေတံခွန်ကဗျာစာအုပ် ၄ အုပ်လုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့သူငယ်ချင်းတစ်စု

ကျွန်တော်၊ ဝင်းမြင့်၊ မိုးဝေး၊ ခက်ထန်ပိုင်စိုး၊ ဝဏ္ဏကို တို့အပြင် ကိုမိုးသီးဇော်၊ ကိုဝင်းမောင်၊ ကိုဝင်းလွင်၊ ဝင်းဇော်လွင်၊ ကျော်ဇောခိုင် စသည်ဖြင့် ဝိုင်းဝန်းအားထုတ်ခဲ့ကြတာပါ (ကျွန်တော်၊ ဝင်းမြင့်၊ မိုးဝေးနဲ့ ဝဏ္ဏကိုတို့ တစ်ယောက်တစ်အုပ်စီ စီစဉ်ကြပါတယ်။ ပုံစံ မတူတဲ့ကဗျာစာအုပ် ၄ အုပ်ဖြစ်လာတာပါပဲ။) စစ်အစိုးရလက်ထက် မှာ တထိတ်ထိတ်နဲ့ ပျော်စရာကောင်းခဲ့တာပါပဲ။ အခုတော့ အဲဒီ ကဗျာ ၄ အုပ်ထဲက ကဗျာတွေလည်း မဂ္ဂဇင်းစာမျက်နှာတွေပေါ် ကြဲပြန့်ကုန်ပါပြီ။ အဲဒီသံယောဇဉ်နဲ့ပဲ တစ်ကိုယ်တော်ကဗျာလုပ်ဖြစ် တော့ နောက်ဆုံး ကြည်လင်သောရေတံခွန်” ကို သုံးဖြစ်တာပါပဲ။

ကိုယ်ပိုင်ဟန်ဆိုတာကိုတော့ သိပ်သတိမထားမိပါဘူး။ ကိုယ် လမ်းလျှောက်တာ ကိုယ်ပြန်မမြင်ရသလိုမျိုးပဲ ထင်ပါတယ်။ အရင် ထက်စာရင် ကဗျာမှာ နိမိတ်ပုံတွေကို လျှော့ပစ်တယ်။ မူရင်းအဖြစ် အပျက်တွေအတိုင်းနီးပါးစကားလုံးတွေကို သုံးတယ်။ နိမိတ်ပုံသုံးဖြစ် ရင်လည်း အားရှိတဲ့နိမိတ်ပုံမျိုးဖြစ်အောင် သတိထားပြီးရေးပါတယ်။

 

မေး။ ဆရာက နိုင်ငံတကာခံစားမှုလည်း ရှိသားပဲ။ ဆရာ့ရဲ့ ပါလက်

စတိုင်းကလေးငယ်တစ်ဦးရဲ့ မေးခွန်း” ကဗျာကနေ “ဇန်နူး

ဘန်ဇ္ဇာ” ကဗျာတွေအထိဆိုပါတော့။

 

ဖြေ။ နိုင်ငံတကာကိစ္စတွေကိုလည်း စိတ်ဝင်စားပါတယ်။ အဓိကအားဖြင့်

တော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေနဲ့ တခြားမီဒီယာ တွေကနေ နိုင်ငံတကာရေးရာတွေကို သိခွင့်ရပါတယ်။ မှားတာမှန် တာထက် အားနည်းတဲ့ ဘက်ကရပ်တည်မိပါတယ်။ ပါလက်စတိုင်း က ကလေးတွေကို ကဗျာဖွဲ့ မိသလို ဂျော်ဂျီယာက ကလေးတွေ အတွက်လည်း ကဗျာဖွဲ့ ဖြစ်ပါတယ်။ ။

ဇန်နူးနဲ့ ဘန်ဂါဟာ ကျွန်တော့်စိတ်ကူးထဲက ဇာတ်ကောင် တွေပါ။ ဒီခေတ် ကျွန်တော့်တို့ လူမှုအသိုက်အဝန်းကို သတိပေးချင် တာပါ။ မတရားမှုတွေဟာ ရေလှိုင်းတွေလို၊ တောမီးတွေလိုလာနေပြီ ဆိုတော့ ကျွန်တော်တို့ ကိုယ့်တရားကိုယ်စောင့်နေရုံလောက်နဲ့ မလုံလောက်တော့ဘူး။ ကာကွယ်ရမယ်ဆိုတာကို သိစေချင်တာပါ။

 

မေး။ နောက်ဆုံးမေးခွန်းပါပဲ။ ဒီကနေ့ ကဗျာတော်တော်များများ

ဟာ မြန်မာပြည်နိုင်ငံရေးကားချပ်ထဲမှာ ခံစားရေးဖွဲ့နေကြ ပါတယ်။ တချို့ဆိုရင် နိုင်ငံရေး ကြေညာစာတမ်းလိုလို ဖတ်ရတာမျိုးဆိုပါတော့။ ထားပါ။ ဆရာ့အနေနဲ့ ကဗျာ တစ်ပုဒ်ကို အနုပညာပစ္စည်းတစ်ခုလို ဖန်တီးတဲ့နေရာမှာ အကြောင်းအရာနဲ့ သဟဇာတဖြစ်ဖို့ ကြိုးစားပုံရယ်၊ ဆန္ဒစွဲ ကင်းကင်း (Non-Objectism) နဲ့ ဖန်တီးရင်း အနုပညာအား

ကောင်းအောင် ဖန်တီးပုံရယ်... နောက်ဆုံးပြောစေချင်ပါတယ်။ ကဗျာနဲ့အကြောင်းအရာ သဟဇာတဖြစ်ဖို့ ကြိုးစားရတဲ့ မေးခွန်းကို ကျွန်တော်မဖြေတတ်ပါဘူး။ ဆန္ဒစွဲကင်းကင်းနဲ့ အနုပညာအား

ကောင်းအောင် ဖန်တီးပုံဆိုတာ ကျွန်တော့်အတွက်ပိုပြီး ခက်ခဲနေပါ တယ်။ ကျွန်တော်က ဆန္ဒစွဲမကင်းပါဘူး။ ကျွန်တော်က ခံစားမှုကို ဦးစားပေးတတ်သူဆိုတော့ အားနည်းတဲ့ဘက်ကပဲ ရပ်တည်မိတယ်။ အဲဒီအတွက် အမှန်တရားနဲ့ ဝေးသွားနိုင်ပါတယ်။ အနုပညာအား ကောင်းမကောင်းဆိုတာထက် ကိုယ့်ကဗျာကို အကောင်းဆုံးဖြစ် အောင်တော့ အားထုတ်ပါတယ်။ ။

 

ဖြေ။ယင်ကောင်နဲ့ အင်တာဗျူး အယ်ဒီတာ ကျွန်တော်တို့မဂ္ဂဇင်းရဲ့ စာမျက်နှာအခက်အခဲနဲ့ အချိန်ကြောင့်

လိုရင်းပဲမေးတော့မယ်ဗျာ။ ယင်ကောင် ခင်ဗျားက လိုရင်းဆိုတော့ ကျွန်တော်က တိုရှင်းပေါ့ ဗျာ။

ယင်

ခင်ဗျား ပုံခဲ့သမျှ အမှိုက်ပုံထဲ ဘယ်ခေတ်ကို အကြိုက်ဆုံးလဲ။ ခေတ်တွေ စနစ်တွေနဲ့ပြောမယ့်အစား နှစ်တွေနဲ့ ပြောရရင် နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်ခုဟာ ကျွန်တော်တို့ အကြိုက်ဆုံး မစင်တွင်းတွေပေါ့၊ အအီဆုံးနဲ့ အညံ့ဆုံးပါပဲ။