Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

လူထုစိန်ဝင်း - အတွေးရှင်းအရေးရှင်းစာရှုခင်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

လူငယ် ရှုခင်း

 

စိတ်ကူးနဲ့ အိပ်မက်

 

          “စိတ်ကူးယဉ်တာကို ရူးတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ် သလား” စကားပြောသင်တန်းမှာ ကန့်သတ်ဘောင် မရှိ၊ လွတ်လွတ်လပ် လပ် ပြောချင်တာ ပြောဆိုလို့ရတဲ့ ကဏ္ဍလေးတစ်ခု လုပ်ထားပါတယ်။ အဲဒီအချိန်မှာ ကျောင်းသူ၊ ကျောင်းသားတိုင်း မေးလေ့၊ ပြောလေ့ရှိတဲ့ ကိစ္စ တစ်ခုကတော့ စိတ်ကူးယဉ်ခြင်းနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။

          “စိတ်ကူးယဉ်”တာကို တချို့က အကောင်းမြင်ပေမဲ့ တချို့ကတော့ ခုခေတ်စကားနဲ့ပြောရင် “ဂေါက်” နေတာလို့ မြင်တတ်ကြပါတယ်။ မဖြစ် နိုင်တာတွေကို စိတ်ရူးပေါက်ပြီး တွေးနေတယ်ပေါ့လေ။ “လက်တွေ့ကျမှု” ကိုမှ ကောင်းတယ်၊ မှန်တယ်လို့ ထင်ကြတာကိုး။ လက်တွေ့ ကျမှုကမှ အောင်မြင်မှုရဲ့ အခြေခံလို့လည်း ယူဆတတ်ကြတယ်။

          တကယ်က ဘာအလုပ်ပဲဖြစ်ဖြစ် စိတ်ကူးက ပေါက်ဖွားလာတယ် ဆိုတာ သတိထားမိသူ နည်းပါတယ်။ စိတ်ကူးကြောင့် အလုပ်ပေါ်လာပြီးမှ ဒီစိတ်ကူးရဲ့ ရလဒ်ကို အကောင်အထည်ဖော်ဖို့ လက်တွေ့ လုပ်ရတာပါ။ စိတ်ကူးမပါတဲ့ လက်တွေ့သက်သက်ဟာ အကန်း လမ်းလျှောက်သလိုသာ ဖြစ်ပါလိမ့်မယ်။ ဟိုကွေ့ ဒီထိုးနဲ့ ရည်မှန်းချက်ရှိရာ မရောက်နိုင်တော့ပါ ဘူး။ အလားတူပါပဲ။ လက်တွေ့မပါတဲ့ စိတ်ကူးဆိုတာလည်း လေဖမ်း ဒန်းစီးသလိုသာ ဖြစ်မှာပါပဲ။

          စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ဒွန်တွဲနေပါတယ်။ စိတ်ကူးယဉ်တာ ဟာ ရူးတာမဟုတ်ပါဘူး။ အောင်မြင်သူများရဲ့ အခြေခံလုပ်ငန်း ဖြစ်ပါ တယ်။ အသိဉာဏ်ပညာရှိသူများသာ လုပ်နိုင်ပါတယ်။ ပညာမတတ်၊ ဗဟု သုတ ခေါင်းပါးသူများ စိတ်ကူးယဉ်မှု မလုပ်နိုင်ပါဘူး။ ပညာရှိသူများ စိတ်ကူး ကြံဆထားတာများကို လက်တွေ့ လုပ်ကိုင်ပေးသူသာ ဖြစ်နိုင်ပါ တယ်။ “ပညာရှိများ တွေးကြည့်က ပြေးကြည့်တာထက် မှန်တယ်” ဆိုတဲ့ စကား ရှိပါတယ်။ ပညာရှိက သာမန်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ သွား ကြည့်ဖို့ မလိုပါဘူး။ “ပညာမျက်စိ” နဲ့ ဘာလုပ်ရင် ဘာဖြစ်လိမ့်မယ်ဆိုတာ သိပါတယ်၊ မြင်ပါတယ်။

          “စိတ်ကူးယဉ်တယ်ဆိုတာ ပညာရှိအလုပ်” လို့ ကျောင်းသူ၊ ကျောင်းသားတွေကို ဆွေးနွေးဝေဖန်ပြပါတယ်။ လူငယ်များပီပီ သဘောတူ လက်ခံကြပါတယ်။ ဒီလိုသဘောတူ လက်ခံကြပေမဲ့ စိတ်ကူးကို ဆုံးခန်း တိုင်အောင် ယဉ်လေ့ရှိသူကျတော့ နည်းပါတယ်။ တချို့က ဒါပေမဲ့”ဆိုပြီး ရပ်နေလိုက်ကြပါတယ်။ ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမဲ့ လုပ်တော့ လုပ်ချင်တာပေါ့၊ ဒါပေမဲ့” ဆိုတာ ဒီနေ့လူငယ်လေးတွေရဲ့ ပါးစပ်က အပြောအများဆုံးစကား ဖြစ်နေပါတယ်။ ဒီ “ဒါပေမဲ့” ဆိုတာ ရှိနေသရွေ့ ဘယ်တော့မှ ထူးချွန်အောင်မြင်သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

          “ဒါပေမဲ့” ကို လုံးဝ ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။ ဖျောက်ဖျက်နိုင်ဖို့ အတွက် ဒါပေမဲ့” ဖြစ်ပေါ်လာရခြင်း ဇာစ်မြစ်ကို သိဖို့လိုတယ်။ ဒါပေမဲ့” ဖြစ်လာတဲ့ နံပါတ်တစ်အကြောင်းက ကိုယ့်စိတ်ကူးအပေါ်မှာ ယုံကြည်မှု မခိုင်မာခြင်း ဖြစ်တယ်။ စကတည်းက ယုံကြည်မှုမခိုင်မာတော့ အားထုတ်မှုလျော့ရဲရဲ ဖြစ်တယ်။ စိတ်မပါ့တပါနဲ့လုပ်ရင် ဘာအလုပ်မှ မအောင်မြင်နိုင် ပါဘူး။

          နံပါတ်နှစ်အကြောင်းက ဖြတ်သန်းကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်ရဲတဲ့သတ္တိ ချို့တဲ့ခြင်း ဖြစ်တယ်။ စိတ်ဓာတ်ပျော့ညံ့ သူဟာ ဘယ်တော့မှ ထူးချွန်ထက်မြက်အောင်မြင်သူ မဖြစ်နိုင်ပါဘူး။

          နံပါတ် သုံးအချက်က “ဇွဲ”မရှိခြင်း ဖြစ်တယ်။ ယုံကြည်မှုနဲ့ သတ္တိ ခိုင်မာ ပြတ်သားပေမဲ့ လက်တွေ့ လုပ်နည်းလုပ်ဟန် မှားနေရင် မအောင်မြင်နိုင်ပါဘူး။ တစ်ကြိမ်၊ နှစ်ကြိမ် ဆုံးရှုံးမှုကြုံတွေ့တာနဲ့ ဇွဲလျှော့ပြီး ဆက် မလုပ်တော့ဘူးဆိုရင် အောင်မြင်မှုမရနိုင်ပါဘူး။ ကြီးကျယ်တဲ့စိတ်ကူး မှန် သမျှ တစ်ခါတည်းနဲ့ အောင်မြင်သွားတယ် ဆိုတာမျိုး ရှိခဲပါတယ်။ မှား လိုက်၊ ပြင်လိုက်၊ ထပ်မှားလိုက်၊ ထပ်ပြင်လိုက် ဆိုတဲ့နည်းနဲ့သာ အောင်မြင် မှု ရကြတာဖြစ်တယ်။ ဒါကြောင့် အရှုံးကို၊ အမှားကို အထပ်ထပ်အခါခါ ရင်ဆိုင်ဝံ့တဲ့ “ဇွဲ” ရှိဖို့ လိုပါတယ်။

          ဒီအချက်သုံးချက်နဲ့ ညီညွတ်မှ အောင်မြင်မှုရနိုင်တယ်။ စိတ်ကူးတွေ လက်တွေ့ ဖြစ်လာနိုင်တယ်။ အလုပ်တစ်ခုကို စလုပ်ပြီး လမ်းတစ်ဝက်က လှည့်ပြန်တယ်ဆိုရင် ဘာမှမလုပ်ဘဲနေတာထက် ပိုဆုံးရှုံး နစ်နာရတယ်။ ဘာမှမလုပ်သူက ဘာမှမဆုံးရှုံးဘူး။ အောင်မြင်သူမဖြစ်ရုံသာ ရှိမယ်။ လမ်း တစ်ဝက်က လှည့်ပြန်သူအဖို့ကတော့ လမ်းတစ်ဝက်အထိ စိုက်ထုတ်ခဲ့ရတဲ့ “အရင်း” တွေ ဆုံးရှုံးရုံမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူဟာ ဘယ်တော့မှ လူရာမဝင်တော့ပါဘူး။ ရူးတယ်ဆိုတာ စိတ်ကူးယဉ်လို့ မဟုတ်ပါ ဘူး။ လူရာမဝင်တော့တာကြောင့်သာ ဖြစ်တယ်။ လူရာမဝင်တော့ဘူး ဆို တာနဲ့ သိမ်ငယ်စိတ်တွေ လွှမ်းမိုးလာပြီး စိတ်ကျဝေဒနာ ဝင်သွားလေ့ ရှိပါ တယ်။ အဲဒါကြောင့် အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ်အမှန်တကယ် ယုံကြည်တဲ့အလုပ် ဟုတ် မဟုတ်၊ အခက်အခဲတွေ၊ အန္တရာယ်တွေကို အမှန် တကယ် ရင်ဆိုင်ခြင်းပြုနိုင် မပြုနိုင် အရင်ဆုံးစဉ်းစားသင့်ပါတယ်။ မလုပ် ဖြစ်တာထက် လုပ်ပြီးမှ လမ်းတစ်ဝက်က ပြန်လှည့်ရတဲ့အဖြစ်က အများ ကြီး ဆိုးပါတယ်။

          အတန်းထဲမှာ ကျောင်းသားတွေကို သင်ပေးလေ့ရှိတဲ့ ကဗျာလေး တစ်ပုဒ် ရှိပါတယ်။ က လေးကို လူငယ် လုံမငယ်တွေအတွက် လက် ဆောင် ပါးလိုက်ပါတယ်။

 

          People Who Achieve Their Dreams... 

They have confidence in themselves 

They have a very strong sense of purpose 

They never have excuses for not doing something

They always try their hardest for perfection 

They never consider the idea of failing 

They work extremely hard towards their goals 

They know who they are 

They understand their weaknesses as well as their strong points 

They can accept and benefit from criticism 

They know when to defend what they are doing 

They are creative 

They are not afraid to be a little different 

in finding innovative solutions that will enable them to 

achieve their dreams

 

                                                                       Susan Polis Schutz

 

အိပ်မက်ကို တကယ်ဖြစ်အောင် လုပ်နိုင်ကြသူများ 

 

သူတို့မှာ သူတို့ကိုယ်သူတို့ စိတ်ချယုံကြည်မှု ရှိတယ်။ 

သူတို့မှာ အင်မတန်ခိုင်မာတဲ့ ဘဝရည်မှန်းချက် ရှိတယ်။ 

သူတို့မှာ ဆင်ခြေတွေပေးပြီး ဘာမှမလုပ်ဘဲနေတဲ့ စိတ်ဓာတ် မရှိ ဘူး။ 

သူတို့မှာ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားချင်စိတ် ရှိတယ်။

 သူတို့ဟာ အရှုံးဆိုတဲ့စကား ဘယ်တော့မှ မစဉ်းစားဘူး။ 

သူတို့ဟာ ပန်းတိုင်ရောက်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားတဲ့စိတ်ဓာတ် ရှိတယ်။ 

သူတို့ဟာ သူတို့ကိုယ်သူတို့ သိကြတယ်။ 

သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကို သိကြတယ်။ 

သူတို့ဟာ သူတို့ရဲ့ အားကောင်းချက်တွေကိုလည်း သိကြတယ်။ 

သူတို့ဟာ ဝေဖန်မှုကိုခံယူပြီး အကျိုးရှိအောင် လုပ်နိုင်ကြတယ်။

သူတို့ဟာ သူတို့လုပ်နေတဲ့ အလုပ်ကို ဘယ်အချိန်မှာ ကာကွယ်

စောင့်ရှောက်ရမလဲဆိုတာ သိကြတယ်။ 

သူတို့ဟာ တီထွင်ဆန်းသစ်မှု ရှိကြတယ်။ 

သူတို့ဟာ တီထွင်ဆန်းသစ်တဲ့ ရလဒ်ကို ရဖို့အတွက် လမ်းခွဲထွက်ရ မှာကို မကြောက်ကြဘူး။ 

ဒီအချက်တွေက သူတို့ကိုယ်သူတို့ အိပ်မက်တွေ အကောင်အထည် ပေါ်လာစေလိမ့်မယ်။

 

                                                                                          ရှုမငြီး၊ နိုဝင်ဘာ၊ ၂၀၀၅