Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

လူထုစိန်ဝင်း - လူငယ်နှင့်တာဝန်ယူစိတ်

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

လူငယ်နဲ့ တာဝန်ယူစိတ်

 

          တစ်နေ့ညက အီတလီ စီးရီးအေ ဘောလုံးပွဲတစ်ပွဲ ထိုင်ကြည့်နေရင်း ပထမပိုင်း ပြီးသွားချိန်မှာ ဟိုလိုင်းဒီလိုင်း လျှောက်ရွှေ့ နေရာက စိတ်ဝင်စား စရာ မြင်ကွင်းတစ်ခု တွေ့လိုက်တာနဲ့ စိုက်ကြည့်နေလိုက်မိပါတယ်။

          မြင်ကွင်းက မိန်းမတစ်ယောက်က ကားအတွင်းမှာရှိနေတဲ့ ကလေး တစ်ယောက်ကို ဒေါသတကြီးနဲ့ ရိုက်နက်ထိုးကြိတ်နေတဲ့ မြင်ကွင်းဖြစ်ပါ တယ်။ တစ်ချက်နှစ်ချက် မကပါဘူး။ စိတ်ရှိလက်ရှိ အချက်ပေါင်းများစွာ ရိုက်နှက်နေတာပါ။ လက်ဝါးနဲ့ရိုက်သလို ကလေးရဲ့ ခေါင်းကို၊ ကျောကို လည်း လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးကြိတ်ပါတယ်။ အရိုက်ရပ်ပြီး ထွက်လာပြီးမှ အခဲမကျေနိုင်သေးသလို ကားဆီပြန်လှည့်ကာ တစ်ကျော့ပြန် ထိုးကြိတ်ရိုက်နှက်ပါသေးတယ်။

          အဲဒီကိစ္စကို အစအဆုံး ရုပ်မြင်သံကြား ကင်မရာနဲ့ အဝေးက လှမ်း ရိုက်ယူထားတာပါ။ အမှတ်မထင် လျှပ်တစ်ပြက်မြင်တွေ့လိုက်ရတာကြောင့် ဘယ်နိုင်ငံက အသံလွှင့်ဌာနမှန်းတောင် မသိလိုက်ရပါဘူး။ အဲဒီအမျိုးသမီး ကို အဲဒီမြို့ရှိ ကလေးသူငယ်များ ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေး အဖွဲ့ အစည်းတစ်ခုက တရားစွဲတယ်လို့ သတင်းထဲမှာပြောသွားတာ ကြားလိုက်ရပါတယ်။ ဘောလုံးပွဲ ဆက်ကြည့်ရဦးမှာဖြစ်လို့ အဲဒီသတင်းနဲ့ ပတ်သက်ပြီး တခြားလိုင်းများမှာ ရှာမကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ အမှတ်တမဲ့မြင်လိုက်ရတဲ့ မြင်ကွင်းကိုတော့ မျက်စိထဲမှာ စွဲနေပါတယ်။

          အမေဖြစ်သူက ဘာအကြောင်းနဲ့ သူ့ရင်သွေးကို ဒါလောက်သဲကြီး မဲကြီး ရိုက်နှက်ထိုးကြိတ်နေရတာလဲ။ ဘာအကြောင်းပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ကြုံတွေ့နေသည်ဖြစ်စေ သုံးနှစ်၊ လေးနှစ် အရွယ်ကလေး တစ်ယောက်ကို ဒီလိုမရိုက်သင့်ပါဘူး။ ဆိုနိုင်ခက်ခဲဖြစ်လွန်း လို့ နောင်ကြဉ်အောင် ဆုံးမတာလို့ အကြောင်းပြချက်ပေးလည်း လက်ခံနိုင် ဖွယ် မရှိပါဘူး။ ကလေးကို ရိုက်နှက်နေတာက သတ္တဝါနဲ့လက်နက် မမျှပါ ဘူး။ အချက်ပေါင်း လေးငါးဆယ်အောက် လျော့မယ်မထင်ပါဘူး။ ရိုက် နှက်ပုံကလည်း အမေတစ်ယောက်က သားသမီးကို ဆုံးမတဲ့ပုံ မဟုတ်ပါဘူး။ အားရပါးရကြီးကို ထိုးကြိတ်ရိုက်နှက်နေတာ ဖြစ်ပါတယ်။ မြင်ရတာနဲ့တင် စိတ်မကောင်းဖြစ်လိုက်ရတာ။

          ဒါပေမဲ့ သတင်းရဲ့ အဆိုအရ အဲဒီအမေဖြစ်သူကို အဖွဲ့ အစည်းတစ်ခု က တရားစွဲတယ်ဆိုတာ သိရလို့ စိတ်သက်သာရာ ရသွားပါတယ်။ “သူ့ သားသမီး သူရိုက်တာ၊ ဒို့(တို့)နဲ့ ဘာဆိုင်တာမှတ်လို့”ဆိုတဲ့ သဘောမျိုး မထားဘဲ ကိုယ့်လူအဖွဲ့အစည်းအတွင်း လူသားများအနေနဲ့ ယူသင့်ယူထိုက် တဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြတဲ့ အဖွဲ့ အစည်းကိုလည်း လှိုက်လှိုက်လှဲလှဲနဲ့ သာဓု ၃ ကြိမ် ခေါ်လိုက်မိပါတယ်။

          “မြို့ပြ လူ့အဖွဲ့ အစည်း” ထူထောင်ထွန်းကားလာခြင်းဟာ အကြောင်း တစ်ခုအဖြစ် ပါဝင်နေပါသလား။

          ရှေးက ကျေးလက်လူ့အဖွဲ့ အစည်းမှာတော့ လူသားအားလုံးဟာ အချင်းချင်း လူသားစိတ်နဲ့ ဆက်ဆံကြပါတယ်။ သူ့အပူကို ကိုယ်မျှယူပြီး ကိုယ့်ဒုက္ခကို သူက “တစ်ဇွန်းတစ်ယောက်မ” လေးပဲဖြစ်ဖြစ် ပါဝင်ကူညီ ကြမြဲ ဖြစ်ပါတယ်။

          မြို့ပြခေတ်ရောက်ပြီး အထပ်မြင့်တိုက်ကြီးတွေပေါ်မှာ ကိုယ့်အခန်း လေးထဲကိုယ် အလုံပိတ်ပြီး အောင်းနေကြရတဲ့ အခါကျတော့ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ ဖြစ်ကုန်ကြတယ်လေ။ ဒီတော့ ရိုင်းပင်းမှုဆိုတာ ဘယ်ရှိတော့မှာလဲ။ ကိုယ့်ဒုက္ခနဲ့ကိုယ်၊ သူ့ဒုက္ခနဲ့သူနေပေါ့ ။

          မြို့ပြဖွဲ့ စည်း တည်ထောင်မှု ဖြစ်လာရတဲ့ အကြောင်းရင်းက ကိုယ် စားဖို့ ကိုယ်စိုက်ဆိုတဲ့ စီးပွားရေး၊ လူမှုရေးစနစ်ကနေပြီး ဈေးတင်ရောင်းဖို့ စိုက်ပျိုးတဲ့စနစ်ကို ကူးပြောင်းသွားခြင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီစနစ်အရ ဈေးမြို့ကြီးတွေ ပေါ်ထွန်းကာ စိုက်ပျိုးထုတ်လုပ်သူ မဟုတ်တဲ့ ဈေးသည် လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့ရပါတယ်။

          ဈေးသည်သဘာဝက စိုက်ပျိုးထုတ်လုပ်သူများဆီက ကုန်ပစ္စည်း ဝယ် ယူပြီး တစ်ဆင့် ဈေးမှာတင်ပြီး ရောင်းချခြင်းဖြစ်ပါတယ်။ ဈေးသည်ရဲ့ အဓိကဦးတည်ချက်က အမြတ်ရရေးဖြစ်ပါတယ်။ အမြတ်ရရေးဆိုတဲ့ ဦး တည်ချက်ကြောင့် လူသားရဲ့ “လူစိတ်” ဟာ ယုတ်လျော့ကျဆင်းသွားပါ တယ်။ ဈေးရောင်းဈေးဝယ် အဆင့်ကနေပြီး နိုင်ငံစုံ ကော်ပိုရေးရှင်းကြီး အဆင့်ထိရောက်လာတော့ “ကြောင်ဖြူတာ မည်းတာက အရေးမပါဘူး၊ ကြွက်မိဖို့သာ လိုရင်းပဲ”ဆိုတဲ့ အဘိဓမ္မာ ထွန်းကားလာရပါတယ်။

          “ကြောင်ဖြူ၊ ကြောင်မည်း အဘိဓမ္မာဟာ “လူစိတ်” ပျက်စီးသွားစေတဲ့ လက်သည်တရားခံ ဖြစ်ပါတယ်။ လူစိတ်ပျက်စီးသွားတဲ့ အခါကျတော့ တာဝန်သိစိတ်”တို့၊ “တာဝန်ယူစိတ်”တို့ပါ တစ်နွယ်ငင်တစ်စင်ပါ” ပျက်စီး သွားရတော့တာ ဖြစ်ပါတယ်။

          ခုခေတ်ကို ပညာခေတ်လို့ ခေါ်ဆိုနေကြပါတယ်။ ပညာခေတ်ဆို တော့ လူသားများဟာ ကိုယ့်တာဝန် ဘာလဲဆိုတာတော့ ကိုယ်မသိဘဲ မနေ ပါဘူး။ လူတိုင်းလိုလို သိကြပါတယ်။ ဒါပေမဲ့ “တာဝန်သိစိတ်” ရှိရုံနဲ့

တော့ မလုံလောက်သေးပါဘူး။ “တာဝန်ယူစိတ်” ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်မှာ၊ ကိုယ်နေတဲ့ရပ်ကွက်မှာ၊ ကိုယ့်မြို့မှာ၊ ကိုယ့်တိုင်း ကိုယ့်ပြည်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေရှိပါတယ်။ ကိုယ်နဲ့မဆိုင်ပေမဲ့ ယူသင့်ယူအပ်တဲ့ တာဝန်မျိုးတွေလည်း ရှိပါတယ်။ အဲဒီလို ယူသင့် ယူအပ်တဲ့ တာဝန်တွေကို ကိုယ့်သဘောနဲ့ကိုယ်ယူပြီး ဆောင်ရွက်တတ်သူများကို “လူ့အဖိုးတန်” လို့ လူ့အဖွဲ့ အစည်းက သတ်မှတ်လေ့ရှိပါတယ်။

          တာဝန်ယူစိတ် ရှိတဲ့လူဟာ “အဖိုးတန်လူ” ဖြစ်ပြီး တာဝန်ယူစိတ် မရှိတဲ့လူကတော့ “အမှိုက်” ဖြစ်ပါတယ်။

          “အဖိုးတန်လူ” ဆိုတာ မာသာထရီဇာလို၊ မင်းကွန်းလူအိုရုံကို စတင် တည်ထောင်ခဲ့တဲ့ ကျောင်းအစ်မကြီး ဒေါ်ဦးဇွန်းလို ပုဂ္ဂိုလ်မျိုးကိုခေါ်တာ ဖြစ်ပါတယ်။

          မာသာထရီဇာဆိုတာ ဥရောပတိုက်သူတစ်ဦး ဖြစ်ပါတယ်။ သီလရှင် ဘဝနဲ့ အိန္ဒိယကိုရောက်လာတော့ ဆင်းရဲမွဲတေသူတွေ၊ ငတ်မွတ်ခေါင်းပါးသူ တွေ၊ လူ့လောကရဲ့ အပယ်ခံတွေ တစ်ပြုံတစ်မကြီး ရှိနေတာကို တွေ့ရပါ တယ်။ တချို့ဆိုရင် ဝေဒနာအမျိုးမျိုးနဲ့ သေလုမျောပါးဖြစ်ပြီး လမ်းဘေးမှာ လဲနေကြပါတယ်။ အိန္ဒိယနိုင်ငံက လူများအတွက်တော့ ဒီမြင်ကွင်းတွေဟာ မြင်တွေ့နေကျမို့ ရိုးနေပါပြီ။

          ငတ်မွတ်ခေါင်းပါးတာ၊ ဆင်းရဲမွဲတေတာ၊ ရောဂါထူပြောတာ၊ လမ်း ဘေးမှာ လူတွေလဲကျ သေဆုံးနေတာ အဆန်းမဟုတ်တော့ပါဘူး။ အအေး လွန်ကဲတဲ့ ဆောင်းရာသီမျိုးဆိုရင် မနက်ဝေလီဝေလင်း မိုးမလင်းခင်မှာ မြူနီစီပယ်က လမ်းဘေးပလက်ဖောင်းတွေပေါ်မှာ မာတောင့်နေတဲ့အလောင်း

တွေ လိုက်ကောက်ရတာ ကာလကတ္တားမြို့ကြီး တစ်ခုတည်းမှာတင် တစ်ရာ မကရှိမြဲ ဖြစ်တယ်တဲ့လေ။

          သူ့ဒုက္ခနဲ့သူ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ “တောင်မင်း မြောက်မင်းမကယ်နိုင်” ဖြစ်နေကြတာမျိုးလား။

          “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စနစ်ကြီး ခေတ်ကြီး ကြောင့် လူသားတွေ “လူစိတ်” ခေါင်းပါးကုန်ကြတာမျိုးလား။

          ဘာကြောင့်ပဲဖြစ်ဖြစ် လူသားတွေမှာ “တာဝန်ယူစိတ်” လျော့နည်း လာတာတော့ အမှန်ပါပဲ။ ဒီအခြေအနေမျိုးမှာ သနားစရာ အပယ်ခံလူတန်း စားတွေကို တွေ့ရတော့ သီလရှင်ကလေး စစ္စတာ ထရီဇာရဲ့ ပင်ကိုနူးညံ့တဲ့ နှလုံးသားကို ထိထိခိုက်ခိုက် ဖြစ်သွားစေခဲ့ရပါတယ်။ သီလရှင်ကလေးဟာ သူတာဝန်ကျရာ သီလရှင်ကျောင်းက အထက်ဆရာကြီးတွေထံ ခွင့်ပန်ပြီး

ကျောင်းတာဝန်က နုတ်ထွက်ခဲ့ပါတယ်။ သူကိုယ်ပိုင် ဂေဟာလေးတစ်ခု ဖြစ်ကတတ်ဆန်း တည်ထောင်ပြီး လမ်းဘေးမှာ သေလုမျောပါး လဲနေသူ များကို ခေါ်ယူပြုစုပါတယ်။

          သေခါနီးဆဲဆဲမို့ ဘာမှမတတ်နိုင်တော့တာ မှန်ပါတယ်။ ဒါပေမဲ့မသေခင်ကလေးမှာ အတတ်နိုင်ဆုံး သက်သောင့်သက်သာကလေး နေသွား ရအောင် ပြုစုပေးပါတယ်။ တစ်ဘဝလုံး လူ့လောကရဲ့ အပယ်ခံအဖြစ်နဲ့ နေလာခဲ့ရရှာတဲ့ လူသားများကို သူတို့တစ်ခါမှ မရခဲ့ဖူးတဲ့ ကြင်နာယုယမှု ကလေးမျိုး ပေးခြင်းဆိုတာ အများသူငါအတွက်တော့ ဘာမှသိပ်ပြီးကြီးမားတဲ့ ကောင်းမှုကြီးတစ်ခုလို့ ယူဆလိမ့်မယ် မဟုတ်ပါဘူး။

          ဒါပေမဲ့ မေတ္တာတို့၊ ကရုဏာတို့ဆိုတာမျိုး တစ်ကြိမ်တစ်ခါကလေး တောင်မှ မခံစားဖူးရှာတဲ့၊ သူဌေးအိမ်က ခွေးကလေးပဲ ဖြစ်လိုက်ပါတော့လို့ တောင် တောင့်တောင့်တတရှိရှာကြတဲ့ အပယ်ခံ၊ အစွန့်ခံ လူသားများ အတွက်တော့ သီလရှင်ကလေးရဲ့ ပြုစုယုယမှုဟာ အိပ်မက်တောင် မမက်ဝံ့ခဲ့ တဲ့ အတွေ့အကြုံမျိုး ဖြစ်ပါတယ်။

          စစ္စတာ ထရီဇာကလေး ဘဝကနေ မာသာ ထရီဇာကြီးဘဝ ရောက် လာချိန်မှာ ဘုရင်ဂျီဘာသာဝင်အားလုံးရဲ့ အခေါင်အချုပ် ရဟန်းမင်း အိန္ဒိယ နိုင်ငံကို အလည်အပတ် ရောက်ရှိလာပါတယ်။ ရဟန်းမင်းကြီးက ကိုယ်ပိုင် လေယာဉ်ပျံကြီးနဲ့ လာတာပါ။ အထူးစပါယ်ရှယ် အော်ဒါပေး လုပ်ခိုင်းရတဲ့ “ကျည်ခံ” ကာဒီလက် ကားကြီးကိုလည်း လေယာဉ်ပေါ် တင်ယူလာပါ တယ်။ အိန္ဒိယနိုင်ငံကိုရောက်ပြီး သူ့လက်အောက်ခံ သီလရှင်ကြီးရဲ့ လုပ်ငန်း တွေကို မြင်တွေ့ရတဲ့အခါ သူပြန်တော့ ကာဒီလက်ကားကြီးကို ဆုတော် လာဘ်တော်အဖြစ် ချီးမြှင့်ပေးကမ်းထားခဲ့ပါတယ်။

          ကရုဏာရှင်လူသား သီလရှင်ကြီးက ကာဒီလက်ကားကြီးကို တက် မစီးပါဘူး။ ချက်ချင်းရောင်းပစ်လိုက်ပြီး ဆေးရုံဆောက်ပါတယ်။ သူမ ကွယ်လွန်တော့ ဟိန္ဒူအများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံက နိုင်ငံတော်ဈာပန အဖြစ် သတ်မှတ်ပြီး သမ္မတနဲ့တကွ သူ့အစိုးရတစ်ဖွဲ့လုံး တက်ရောက်လာခဲ့ ပါတယ်။ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ စတဲ့ဘာသာကွဲများက ဆိုင်ရာဆိုင် ရာ ဘုန်းတော်ကြီးတွေက သူတို့ဘာသာအလျောက် ဝတ်ပြုဆုတောင်းပေး ကြပါတယ်။

          လူ့လောကကို တာဝန်ကျေသူအပေါ်မှာ လူ့လောကကလည်း တာဝန်ကျေပါတယ်။ လူသားတို့ရဲ့ အကျိုး သယ်ပိုးသူမှာ ဘာသာ အယူဝါဒ ကွဲပြားစိတ် မရှိတော့ပါဘူး။ လူမျိုး၊ ဘာသာ ဆိုတာတွေရဲ့ ကန့်သတ်ချက် နယ်နိမိတ်ကို ကျော်လွန်သွားခဲ့ပါပြီ။ သူ့စိတ် ထဲမှာရှိတာက “လူသား” ဆိုတာပဲ ဖြစ်ပါတယ်။

          ဒုက္ခဝေဒနာ ခံစားရသူမှန်သမျှကို သူက ပြုစုစောင့်ရှောက်မှု ပေးမှာ သာဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ စည်းဘောင်တွေနဲ့ ကန့်သတ်ထားတဲ့ လူရဲ့ အဖြစ်ကို ကျော်လွှားလွန်မြောက်သွားပါပြီ။ သူတို့ဟာ သာမန်လူ မဟုတ်ကြတော့ပါဘူး။ “မဟာလူသား” အဖြစ် ရောက်ရှိသွားပါပြီ။

          မာသာထရီဇာလို လူသားမျိုး ကျွန်တော်တို့ဝန်းကျင်မှာလည်း ရှိခဲ့ဖူး ပါတယ်။ အဒေါ် လူထုဒေါ်အမာ ရေးခဲ့တဲ့ “မန္တလေးသူ မန္တလေးသားများ” ဆိုတဲ့ စာအုပ်မှာ မဟာလူသားကြီး သုံးဦးတောင်မှ ဖော်ပြထားတာ တွေ့ခဲ့ ဖတ်ခဲ့ရပါတယ်။ မင်းကွန်းလူအိုရုံကို စတင်ထူထောင်ခဲ့တဲ့ ကျောင်းအမကြီး ဒေါ်ဦးဇွန်း၊ မန္တလေးမှာ မီးသင်္ဂြိုဟ်စက်ဆောက်ဖို့ စတင်ဆော်သြပြီး ကိုယ်တိုင် ငွေကြေးမတည်ပေးသူ၊ အသားစား ရှောင်ကြဉ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး ဦးကျော် လှနဲ့ မန္တလေးတစ်မြို့လုံး သစ်ပင်တွေလိုက်စိုက်သူ ဆိုက်ကားဆရာကြီး ဦးငွေတို့ ဖြစ်ကြပါတယ်။

          ဒေါ်ဦးဇွန်းက ပိုးကုန်သည်မိဘများရဲ့ တစ်ဦးတည်းသောသမီးပါ။ မိဘများကွယ်လွန်တော့ ကိုယ်တိုင် ပိုးကုန်သည်ကြီးလုပ်ပြီး တင့်တင့်တယ် တယ် နေနိုင်ခဲ့သူဖြစ်ပါတယ်။ မင်းကွန်းလူအိုရုံကို ကိုယ်ပိုင်ငွေကြေးနဲ့ စတင် တည်ထောင်ပြီး လူအိုလူမင်းများကို ကိုယ်တိုင်သွားရောက် ပြုစုနေထိုင်ပါ တယ်။ နောက်တော့ ချမ်းသာကြွယ်ဝသမျှကို ရောင်းချထုခွဲပြီး မန္တလေး၊ ရန်ကုန်၊ သထုံ၊ ပေါင်းတည် စတဲ့မြို့ကြီးတွေမှာ လူအိုရုံတွေ ဆောက်ပါ တယ်။ ကိုယ်တိုင် သီလရှင်ဝတ်ပြီး လူအိုတွေကို အသက်ထက်ဆုံး ပြုစု စောင့်ရှောက်သွားပါတယ်။

          ဦးကျော်လှ ဆိုတာကလည်း မန္တလေးမြို့မှာ ရန်ကုန်လို မီးသင်္ဂြိုဟ် စက်ဆောက်ဖို့ ပထမဆုံး စတင်လှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။ သူ့တစ်သက်တာ ချွေးနှဲစာနဲ့ ရှာဖွေစုဆောင်းထားသမျှ အားလုံးကို ရောင်းချပြီး မြို့အတွက်၊ လူတွေအတွက် တာဝန်သိသိနဲ့ အလှူဒါနပြသွားခဲ့သူ ဖြစ်ပါတယ်။ ဦးကျော် လှကို ကြည်ညိုစရာကောင်းတာက သူပြုတဲ့ အလှူဒါနအားလုံးကို လူမသိ သူမသိ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်သွားခဲ့တာ ဖြစ်ပါတယ်။          နောက်တစ်ယောက်ကတော့ သစ်ပင်စိုက်သမားကြီး ဦးငွေပါ။ ကျောင်းအစ်မကြီး ဒေါ်ဦးဇွန်းလို၊ သူတော်စင် ဦးကျော်လှလို ချမ်းချမ်းသာ သာ ကြွယ်ကြွယ်ဝဝရှိရှာသူ မဟုတ်ပါဘူး။ ဆိုက်ကားနင်းသူတစ်ဦးသာ ဖြစ်ပါတယ်။ ပိုက်ဆံမရှိရှာတော့ သူ့မှာရှိတဲ့အရာနဲ့ အလှူဒါနတွေ ပြုခဲ့သူ ပါ။ သူ့မှာရှိတဲ့အရာကတော့ “စေတနာ” ပါ။

          အဲဒီစေတနာရှင် မဟာလူသား ဆိုက်ကားသမားကြီးအကြောင်းကို ဒေါ်ဒေါ် လူထုဒေါ်အမာ ရေးထားတာလေးက ကောက်နုတ်ဖော်ပြလိုက်ပါရ စေ။ ဦးငွေက စေတနာကောင်းသလောက် ဒေါ်ဒေါ်ရဲ့ မုဒိတာကလည်း ကောင်းလွန်းလို့ပါ။

          မန္တလေးမှာ စစ်မီးကြီးလောင်ပြီး သစ်ပင်ကြီးတွေ မရှိကတည်းက ၃ နှစ်မှာတစ်ခါ အပူဒီဂရီ ၁၁ဝ၊ ၁၁၁ ဆိုတာမျိုးတွေ ဖြစ်ဖြစ်လာတတ်ပြီး ထွန့်ထွန့်လူး ပူကြရတာကိုး။ အဲဒီလို ပူလာရင် အပူဒဏ်ကို မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေ အချိန်မတိုင်ဘဲ အပူရှပ်ပြီး သေကြရတာလည်း အကြုံအတွေ့လေ။

          ဒါ့ကြောင့် စိတ်စေတနာ ကောင်းလှတဲ့ ဦးငွေဆိုတဲ့ လူတစ်ယောက်က မန္တလေးမြို့မှာ သစ်ပင်တွေ လိုက်ပြီးစိုက်ပါတယ်။

          မန္တလေးမှာ လူတွေနားနေဖို့ ဇရပ်ကြီး ၂၆ လုံး တည်ဆောက်လှူဒါန်း ခဲ့သူက သူဌေးမကြီးတစ်ယောက်ဖြစ်တဲ့ ဇရပ်အစ်မကြီး ဒေါ်မိန်းကလေးပါ။ မန္တလေးမှာ ရေတွင်းပေါင်း မြောက်များစွာကို တူးဖော်အလှူပြုခဲ့သူက ရေ တွင်းဒကာကြီး သူဌေးဦးစိုးကလေးပါ။ သစ်ပင်ပေါင်း ၅ဝဝ ကျော်ကို စိုက်ပျိုး ပေးသွားသူကတော့ ဆိုက်ကားဆရာကြီး ဦးငွေပါ။ ဦးငွေဟာ သမီး ၇ယောက်နဲ့ ဆိုက်ကားနင်းစားရှာတဲ့ တောင်ကြယ်ခတ်ဝင်းထဲက လူဆင်းရဲ တစ်ယောက်ပါ။ ဒါပေမဲ့ သစ်ပင်တွေကိုပျိုး၊ ကြိုက်ရာနေရာမှာ မြေကိုတူး၊ ပျိုးပြီး အပင်ကိုချစိုက်၊ မရှင်မချင်း နေ့စဉ်ရေလောင်းပေးပြီး စိုက်သွားရှာတာ။ညောင်ပင်၊ ကုက္ကိုပင်၊ စိန်ပန်းပင် အားလုံး အပင် ၅၀၀ ကျော်ရှိပါတယ်။ သူ့အပင်ကြီးတွေ အေလမ်းတစ်လျှောက်၊ ရွှေကျီးမြင့်ဘုရားပေါက်၊ ကျုံးဘေး၊ ရွှေတစ်ချောင်းဘေး နေရာအတော်များများမှာ ခုအထိ တွေ့မြင်နိုင်ပါတယ်။

          သူ့ကို ဘယ်သူကမှ မတိုက်တွန်းပါဘူး။ သူ့စေတနာနဲ့သူ သူ့ဘာသာ