လူထုစိန်ဝင်း - မန်နေဂျာကောင်းဆိုတာ
A good manager must be a fanatic
advocate for success.
Bob Nelson
မန်နေဂျာကောင်းဆိုတာ
အောင်မြင်မှုအတွက်
အရူးအမူးလှုံ့ဆော်သူ ဖြစ်ရမယ်။
If you show people you don't care,
they will return the favor.
Show them you care,
they will reciprocate.
Leeg. Bolman & Terrence
- Deal
Leading with Soul:
An Unknown Journey of Spirit.
လူတွေကို
သင်က ဂရုမစိုက်ဘူးဆိုတာ ပြရင်
သူတို့ကလည်း
အဲဒီအတိုင်းပြန်ပြမှာပဲ။
သင်က ဂရုစိုက်ကြောင်း ပြရင်
သူတို့ကလည်း
အလားတူ တုံ့ပြန်မှာပဲ။
Treating your staff better
will make your business
perform better.
Julian Richer, Founder
Richer Sounds.
ဝန်ထမ်းတွေကို ပိုကောင်းအောင်
ဆက်ဆံရင်
သင့်အလုပ်လည်း
ပိုကောင်းကောင်း ဖြစ်လာမယ်။
Do nice things, little things to brighten
your employees' day.
Bring in doughnuts.
Ask how it's going.
Offer to help.
These are the resources
employees most need to do a good job.
ဝန်ထမ်းတွေအတွက်
သာယာ တောက်ပတဲ့ နေ့ကလေးဖြစ်စေဖို့
နှစ်သက်စဖွယ် အလုပ်လေးတွေ လုပ်ပါ။
စားစရာလေးတွေ ယူလာပါ။
အခြေအနေတွေကို မေးမြန်းစုံစမ်းပါ။
ဒါတွေဟာ
အလုပ်ကောင်းကောင်း လုပ်ဖို့အတွက်
ဝန်ထမ်းတွေ အလိုအပ်ဆုံး
အရင်းအမြစ်တွေ ဖြစ်တယ်။
The highest
achievable level of service
comes from the heart,
so the company that reaches
its people's heart will provide
the very best service.
Hal Rosenbluth,
CEO. Rosenbluth International
အမြင့်ဆုံးရနိုင်တဲ့ စွမ်းဆောင်မှု
အဆင့်ဆိုတာ နှလုံးသားက
လာတာ ဖြစ်တယ်။
အဲဒါကြောင့်
ဝန်ထမ်းတွေရဲ့ နှလုံးသားထဲအထိ
ရောက်နိုင်တဲ့ ကုမ္ပဏီဟာ
အကောင်းဆုံးထိပ်တန်းဝန်ဆောင်မှုကို
ပေးနိုင်တယ်။
Set aside time
at the end of the day
to celebrate
the achievement of a department
or company mile stone.
Hal Rosenbluth
ဌာနတစ်ခုရဲ့ အောင်မြင်မှု
ဒါမှမဟုတ်
ကုမ္ပဏီရဲ့ ထူးခြားတဲ့
အောင်မြင်မှုတစ်ခုကို ဂုဏ်ပြုပွဲလုပ်ဖို့
တစ်နေ့တာရဲ့
နောက်ဆုံးအချိန်လေးတစ်ချိန်ကို
သတ်မှတ်ထားပါ။