Skip to product information
1 of 2

Other Websites

လူထုစိန်ဝင်း - လူငယ်နှင့်အချစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ၁ 

တက္ကသိုလ်ကျောင်းနဲ့ အချစ် 

ဒီနေ့ မဂ္ဂဇင်းတွေက စာအုပ်ဝေဖန်ချက်တို့ ၊ ရုပ်ရှင်ဝေဖန် ချက်တို့ စတဲ့စာတွေကို ဖတ်ကြည့်လိုက်တိုင်း အပျော် အပြက် အချစ်လို့ အမည်တပ်ထားတဲ့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ က အများစုဖြစ်နေတယ်ဆိုတဲ့ ဝေဖန် သုံးသပ်ချက်တွေ ကိုချည်း တွေ့နေရပါတယ်။

အပျော်အပြက်လို့ ပြောလိုက်ရတာက ဝတ္ထုနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် တွေ့ လိုက်တာနဲ့ လွယ်လွယ်လေး ချစ်လိုက် ကြိုက်လိုက်ကြ၊ လွယ်လွယ်လေး ညား လိုက်ကြ၊ လွယ်လွယ်လေး ကွဲလိုက်ကြ၊ လွယ်လွယ်လေး ပြန်ပေါင်းလိုက်ကြ ဆိုတာမျိုးချည်း တွေ့နေရတော့ အပျော်တမ်းကစားနေကြသလားလို့ တောင် အောက်မေ့ ရတော့မလောက် ဖြစ်နေလို့ပါ။

ဒီနေ့ ဝတ္ထု၊ ရုပ်ရှင်တွေကိုသာ ကြည့်မိရင်တော့ သမီးရှင်တွေအနေနဲ့ ကိုယ့်သမီးလေးကို တက္ကသိုလ်ပို့ရ မှာတောင် ခပ်လန့်လန့် ဖြစ်သွားလောက်ပါတယ်။ တက္ကသိုလ်ရောက်ပြီး ရည်းစားထားကြတာတွေကိုချည်း တွေ့နေရလို့ပါ။ တက္ကသိုလ်မှာ ရည်းစားထားတာအပြင် ဘာအလုပ်မှ မရှိကြတော့ဘူးလား၊ လူငယ်ဘဝရဲ့ ပျော်ရွှင်မှု မြူးထူး လန်းဆန်းမှုဆိုတာ ရည်းစားထားတာတစ်ခုပဲ ရှိသလား။

‘တက္ကသိုလ် နောက်ခံ၊ ရှေ့ခံ၊ ဘေးခံ၊ အားလုံးခံပြီး ရိုက်သွားတဲ့ ဟေးလားဝါးလား ဇာတ်လမ်းဖြစ်ပါ တယ်၊ တက္ကသိုလ်ဆိုတာ လူ နောက်၊ လူပြောင်၊ ကိုဖိုးကဲ၊ မရွှေကဲတို့ နေ့စဉ်လာရောက် ဗရုတ်သုတ်ခ ကျစရာ နေရာအဖြစ်မြင်အောင်ကို တင်ပြသွား ပါတယ်”

၁၉၉၈ ခု ဇွန်လထုတ် မြားနတ်မောင် မဂ္ဂဇင်းထဲမှာ စာရေးဆရာ မောင်တည်ငြိမ်ရေးတဲ့ “အားနာစရာများ

ဖြစ်နေမလား” ဆိုတဲ့ ရုပ်ရှင်ဝေဖန်ရေးထဲက အပိုဒ်ကလေး တစ်ပိုဒ်ပါ။

ဒီနေ့ တက္ကသိုလ်နောက်ခံ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ရေးနေ ရိုက်နေကြသူတွေဟာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းတို့ ၊ ကိုဗဟိန်းတို့၊ ကိုအောင်ကျော်တို့ အကြောင်းတွေ၊ တက္ကသိုလ်ကျောင်းသူ မအုန်းတို့ ၊ မအမာ တို့ အကြောင်းတွေကို မကြားဖူးလေရော့သလားလို့အောက်မေ့မိပါတယ်။ ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ ခေတ်တုန်းကလည်း တက္ကသိုလ် ကျောင်းသူ ကျောင်း သားတွေဟာ ရည်းစားထားဖို့လောက်သာ စိတ်ဝင်စား နေကြတာ မဟုတ်ပါဘူး၊ တိုင်းပြည်လွတ်လပ်ဖို့၊ လူမျိုး အဆင့်အတန်း မြင့်မားဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကြိုးစားခဲ့ ကြတာပါ။

ဒီဘက်ခေတ်တွေ ရောက်တော့လည်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေဟာ နိုင်ငံနဲ့လူမျိုး အဆင့် အတန်းမြင့်မားဖို့ဆိုတဲ့ ကြီးမားတဲ့ မျှော်မှန်းချက်ကြီးတွေနဲ့ လေးလေးနက်နက်ကြီး ကြိုးစားနေကြတာပါ။ ဟေးလား ဝါးလား ဇာတ်လမ်းတွေချည်း ခင်းနေကြတာ မဟုတ် ပါဘူး။ လူငယ်တိုင်း တက္ကသိုလ်ကျောင်းသားတိုင်း အပျော် အပါးတွေချည်း လိုက်ရှာနေကြတာ မဟုတ်ပါဘူး။

ဒဂုန်တာရာတို့၊ မြသန်းတင့်တို့ ၊ မောင်ကြည်လင် တို့၊ အောင်လင်းတို့ ၊ ကြည်အေးတို့ ဆိုတာတွေဟာ တက္ကသိုလ် ပရဝုဏ်ထဲက အပြိုင်းအရိုင်း ပေါ်ထွန်းလာကြ သူတွေပါ။ ပြီးတော့ ဒဏ္ဍာရီ” ဇာတ်ကားထဲက တဇွတ်ထိုး နဲ့ ရူးရူးမိုက်မိုက် ထင်ရာမစိုင်းဘဲ စဉ်းစားဆင်ခြင်တတ်တဲ့၊ အသိဉာဏ်ရှိတဲ့ “ဇင်ဝိုင်း”လို လူငယ်လေးတွေ အများကြီး (ဧရာမအများကြီး) ကို ရှိနေပါတယ်။

တက္ကသိုလ်ဇာတ်လမ်းတွေမှာ ဘာဖြစ်လို့များ ပေါ့ပျက်ပျက် အပေါစား အချစ်ဇာတ်လမ်းတွေကိုချည်း ရေးသားရိုက်ကူးနေကြတာပါလိမ့်။

ဒီလိုဟာတွေချည်း ရိုက်ပြနေတော့ လူငယ်တွေကို အတုမြင် အတတ်သင်အောင် လုပ်ပေးနေသလို ဖြစ်မနေ ဘူးလား။

အတုမြင်လို့အတတ်သင် မသင် ဒီနေ့ အင်းလျား ကန်ပေါင်နဲ့ ရန်ကုန်မြို့က ပန်းခြံတွေ၊ တိရစ္ဆာန်ရုံတွေမှာ ယောက်ျားလေးနဲ့မိန်းကလေးတွေ လူကြားထဲ တစ်ယောက် ခါး တစ်ယောက်ဖက်ပြီးလျှောက်နေကြတာတွေဟာ ရိုးနေတဲ့အဖြစ်ကို ရောက်နေပြီလေ။ မြင်ပါများတော့ မဆန်းတော့ဘူးပေါ့ ။ ရုပ်ရှင်တွေထဲမှာ ဒါမျိုးတွေချည်း ပြနေတာကိုး။

လွန်ခဲ့တဲ့ အနှစ်လေးဆယ်ဝန်းကျင် ကျွန်တော်တို့ ကျောင်းသားဘဝတုန်းကလည်း ညနေစောင်းရင် အင်းလျား ကန်ပေါင်မှာ လမ်းလျှောက်ကြတဲ့ စုံတွဲတွေ ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် ခါးဖက်ပြီး လျှောက်ဖို့နေနေသာသာ လက်ကို ကိုင်ပြီးတောင် မလျှောက်ရဲကြပါဘူး၊ အဲဒီခေတ် ရုပ်ရှင် တွေမှာလည်း ဒီခေတ်လောက် ပယ်ပယ် နယ်နယ်ကြီး တာ ဖက်တာတွေ ရိုက်မပြကြပါဘူး။

“အမေတို့ လူ့အဆောက်အအုံဟာ အဲဒီလိုပုံစံနဲ့ နှစ်တွေ ရာနဲ့ ထောင်နဲ့ချီပြီး နေထိုင်တည်ဆောက် လာရာမှာ ရုပ်ရှင်ဆိုတဲ့ ကြည့်စရာတစ်ခုပေါ်လာတဲ့ အခါတော့ အမေတို့ လူနေမှုပုံစံနဲ့ ခြားနားလှတဲ့ အနောက်နိုင်ငံက ယောကျ်ား မိန်းမ ဆက်ဆံ နေထိုင်ပုံ တွေကို ပိတ်ကားပေါ်မှာ အတိုင်းသား မြင်လာကြရတယ်။ မြင်နေမကျ ကြည့်နေ မကျတော့ မျက်စိရှက်စရာတွေပေါ့။ နို့ပေမယ့် ဒီသဘင်က တစ်နေ့တစ်ခြား ကြီးပွား ခေတ်စားလာတဲ့အခါ မှာတော့ ရုပ်ရှင်ရုံထဲမှာ မှောင်ထဲကနေပြီး မြင်ရတဲ့ အဲဒီ မြင်ကွင်းတွေကို အောင့်အည်းသည်းခံပြီး ကြည့်ခဲ့ကြတယ်။

နောင်အခါမှာတော့ မြန်မာကလည်း ရုပ်ရှင်ဆိုတဲ့ သဘင် ပေါ်လာတယ်။ ပေါ်လာတဲ့အခါ အစတော့

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)