Skip to product information
1 of 2

Other Websites

လူထုစိန်ဝင်း - ရှက်စိတ်၊ကြောက်စိတ်၊အရိုင်းစိတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လောင်းမှာလားသင်္ကြန်ရေ

သင်္ကြန်နီးပြီ

          သင်္ကြန်တေးသံတွေ လေထဲမှာပျံ့လွင့်နေကြပြီး မနေ့တစ်နေ့ကပင် အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့ အိမ်ရှေ့က ပိတောက်ပင်သုံးပင်လည်း ရွက်နု စိမ်းတွေ ဝေဆာအုပ်ဆိုင်းနေပြီ။ တစ်ကိုင်းတလေမှာဆို ပိတောက်ဖူးလေး တွေတောင် တွေ့ရနိုင်တယ်။ ရွက်ဟောင်းကြွေ၊ ရွက်သစ်ဝေတာပေါ့။ သဘာဝတရားကတော့ မှန်မှန်ကြီးလည်ပတ်ပြီး သူ့တာဝန်သူ ထမ်းဆောင် နေပေတာပဲ။

ပါးစပ်သင်္ကြန်ကျ

          သင်္ကြန်နီးတော့ ဂျာနယ်သမားလေးတွေက သင်္ကြန်အကြောင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ ရေးပေးပါလို့ တောင်းဆိုကြတယ်။ မန္တလေးသားကို သင်္ကြန်အကြောင်းရေးပေးပါလို့ပြောတာဟာ စူဠလိပ် ရေထဲလွှတ်သလို ဖြစ်တယ်ဆိုတာ လူငယ်လေးတွေ ဘယ်သိကြမှာလဲ။ မန္တလေးသားနဲ့ သင်္ကြန်ဆိုတာက ဘယ်လိုမှခွဲမရနိုင်တာမျိုး ဖြစ်တယ်။ ဘယ်လောက်ဝေးတဲ့အရပ်ကို ရောက်နေရောက်နေ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ဖြစ်တဲ့နည်းနဲ့ အပြေးပြန်ကြတာချည်းပဲ။ ရန်ကုန်မှာကျောင်းတက်နေစဉ် ကများဆိုရင် စာမေးပွဲနောက်ဆုံးနေ့မတိုင်ခင်ည သူများတကာတွေ ခေါင်းမဖော်နိုင်အောင် စာကျက်ကောင်းနေချိန်မျိုးမှာ စာအုပ်တွေသိမ်းပြီး အထုပ်ပြင်နေတာလေး နောက်တစ်နေ့ စာမေးပွဲဖြေပြီးတာနဲ့ အထုပ်ဆွဲပြီး ဘူတာတန်းဆင်းတော့တာ။ မီးရထားဌာနက တက္ကသိုလ်ကျောင်းသား တစ်ဝက်ခလျှော့ပြီး လက်မှတ်ရောင်းမယ့်ရက်ကိုတောင် ဘယ်တော့မှ စောင့်တာမဟုတ်ဘူး။ အဲဒီလောက် အဖြစ်သည်းကြတာ ပြန်ချင်တိုင်းပြန်လို့မရတဲ့နေရာမျိုး ရောက်နေရင်တောင်မှ ပါးစပ်နဲ့တော့ သင်္ကြန် ဝင်ကျလိုက်မိသေးတာ။ တစ်နေ့လုံး၊ တစ်ညလုံး “မြနန္ဒာ'ဆိုလိုက် “တူးပို့ တူးပို့” ဆိုင်းချက်လိုက်လိုက်နဲ့ မမောနိုင်တော့ဘူး။

မြို့နဲ့မြို့မ တစ်သားတည်း 

          ''ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင် -ဟောတစ်ရုံ ... ဟောတစ်ရုံ ပန်းမျိုးစုံတဲ့ပြင် ရွှေမန်းမာလာပန်းဥယျာဉ် ရှုမငြီးအောင်ပင် နှစ်ကူးရေနန်း ငွေငန်းမောင်လန်းရွှင် ...”

          'သင်္ကြန်လေ သုတ်ဖြူးဆော်သွေး အေးအေးညှင်းညှင်း ဂီတတွေ ဆောင်ကြဉ်းလို့ပင် ... ပျောင်းနွဲ့တူယှဉ် နွဲ့ယိမ်းကာ ဖော်သွေးငင် သင်္ကြန်မာလာ ဖော်ဆွေပျော်စေချင် ... မာကြစေ ခါရေသဘင်၊ သာကြစေ ခါရေသဘင် ရွှဲလို့စိုအောင် လောင်းပါတော့လေ ငန်ငွေတေးနွဲ့ယဉ် ငေးလို့နေအောင် လှစေနှမရေ တောင်းတဲ့ဆုများပင် ..."

          မန္တလေးသားနဲ့သင်္ကြန် ခွဲထားလို့မရသလိုဘဲ သင်္ကြန်နဲ့ မြို့မကိုလည်း ခွဲပြောလို့မရဘူး၊ မြို့မဟာ မန္တလေး၊ မန္တလေးဟာ မြို့မ တစ်သားတည်။ ဖြစ်နေတယ်။ မြို့မက သိပ်တော်တာ သိပ်ကောင်းတာလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြတာ မဟုတ်ပါဘူး။ ဇီးကွက်လောက်တော့ ငှက်တိုင်းလှသလို မြို့မလိုအသင်းတွေ၊ မြို့မထက်သာတဲ့အသင်းတွေ အများကြီးရှိမှာပါ။ ဒါပေမဲ့လို့ မန္တလေးနဲ့ မြို့မှ တစ်သားတည်းကျနေတာမျိုးကတော့ တခြား ဘယ်မြို့မှာ တွေ့နိုင်မယ်မထင်ပါဘူး။ မြို့မက မန္တလေးကို ချစ်သလိုမန္တလေးကလည်း မြို့မကို ချစ်ကြတယ်။

မန္တလေးဝိညာဉ်ဦးထိပ်ပန်ဆင်

          မြို့နဲ့ မြို့မ တစ်သားတည်းကျတာကို အသိသာအထင်ရှားဆုံးက သင်္ကြန်ပွဲတော်ဖြစ်တယ်။ ရေပက်မဏ္ဍပ်တစ်ခုရှေ့ မြို့မရောက်ပြီဆိုလို့ ကတော့ မဏ္ဍပ်က သင်္ကြန်ပျိုမေတွေနဲ့ မြို့မ တစ်ကြာပြီးတစ်ကြော့ သီဆိုကပြကြတာများ နာရီဝက်လည်းမပြီး၊ တစ်နာရီလည်းမပြီးနိုင်ဘူး။ နောက်က အသင်းတစ်သင်း ရောက်လာပြီဆိုမှ မလွှဲသာလို့ခွဲကြတာ။

ဒါတောင် ပရိသတ်အတော်များများက မြို့မကားနောက်ကို အပြေးလိုက် သွားတတ်ကြသေးတယ်။ မြို့မကလည်း လူတွေချစ်အောင်လုပ်တတ်တယ်။ မန္တလေးရဲ့ ဝိညာဉ်ကို မြို့မက အမြဲဦးထိပ်မှာထားတယ်။ မန္တလေးရဲ့ ဓလေ့စရိုက်၊ မန္တလေးရဲ့ အနုအယဉ်၊ မန္တလေးရဲ့ အစဉ်အလာယဉ်ကျေးမှု အနုပညာ ဆိုတာတွေက မန္တလေးရဲ့ အသက်ဝိညာဉ်ပဲမဟုတ်လား။ ဒါတွေကို မြို့မက အမြဲဦးထိပ်ပန်ဆင်တယ်။ သင်္ကြန်ပြီးသွားတာနဲ့ ပွဲပြီး မီးသေ ဖြစ်မသွားဘူး၊ ကဆုန်ညောင်ရေသွန်းပွဲတော် ရောက်တော့လည်း မြို့မက ငွေငန်းကြီးနဲ့ထွက်လာပြီး ညောင်ရေသွန်းတာပဲ။ တန်ဆောင် တိုင်ပွဲရောက်တော့လည်း စစ်ကိုင်းတောင်ရိုးမှာ အဖိတ်နေ့ည တစ်ညလုံး လှည့်ပတ်ဖျော်ဖြေနေတာလေ။ ဒီတော့ မြို့က မချစ်ဘဲဘယ်ရှိတော့မှာလဲ။

သင်္ကြန်ဇတ်လမ်းလေးတွေ

          သင်္ကြန်ဆိုတာက လူငယ်တွေ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်တိုင်း ပျော်ကြစမ်းဆိုပြီး လူကြီးမိဘတွေကိုယ်တိုင်က ခွင့်ပြုထားတဲ့ပွဲ ဖြစ်လေ တော့ မီးကုန်ယမ်းကုန် ပျော်ကြတာပါပဲ။ ရပ်ကွက်တွေထဲက အမျိုးသမီး ရေပက်မဏ္ဍပ်တွေဆိုရင် သမီးပျိုလေးတွေ တစ်နှစ်တစ်ခါ ပျော်စေဖို့ မိဘ တွေကိုယ်တိုင်က ဦးစီးကြီးကြပ်လုပ်ပေးကြတာ သမီးလေးတွေ ဆိုကြ ကကြီးရေပက်ကြနဲ့ ရွှင်လန်းမြူးထူးနေတာကို မိဘတွေက စင်ပေါ်ကနေပြီး ထိန်းသိမ်းစောင့်ရှောက်နေကြတာ၊ အမေတွေ၊ ကြီးတော်တွေ ဒီလို လိုက်ပါနေတဲ့ကြားက သင်္ကြန်ဇာတ်လမ်းလေးတွေ အစပျိုးခဲ့ကြရတယ်။ မျက်လုံးချင်းဆုံကြ၊ အကြည့်ချင်းဖလှယ်ကြနဲ့ စခဲ့ကြတာပေါ့လေ။

သင်္ကြန်ပြီးသွားတော့ ဈေးချိုထဲလမ်းသလားကြ၊ ဒါမှမဟုတ် ကျောင်း သွားကျောင်းပြန် ကျောင်းပေါက်ဝမှာ ရစ်သီရစ်သီလုပ် ဒီလိုနဲ့ပဲ ဖူးစာ ဆုံသူတွေက ဆုံကြ တစ်သက်တာ သူငယ်ချင်းကောင်းဖြစ်သူတွေက ဖြစ်သွားကြတော့တယ်။ အခုခေတ်တော့ ဒီလိုလွမ်းစရာလေးတွေ ဘယ်ရှိ နိုင်တော့မှာလဲ။ မဏ္ဍပ်ရှေ့ ကားထိုးရပ်လိုက်တာနဲ့ ရေပိုက်တွေနဲ့ ခေါင်းမဖော်နိုင်အောင် ဝိုင်းထိုးကြတာလေ။ ဘယ်မှာမျက်လုံးချင်းဆုံပြီး ရင်ခုန်စရာတွေ ကျန်ရစ်နိုင်တော့မှာလဲ။ ရှေးကသင်္ကြန်ကိုပဲ လွမ်း တယ်။

ပိုက်တစ်ချောင်း ငါးသောင်းခြောက်သောင်း ။

          ခုခေတ်က ကြော်ငြာမဏ္ဍပ်ကြီးတွေက အများကြီးပါပဲ။ စင်ပေါ်မှာ လူတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့လို့ အဲဒီအကြီးကြီးနဲ့ အများကြီး တွေက နေရာတစ်နေရာမှာသာ စုပြုံရှိနေတာဆိုတော့ တစ်မြို့လုံးမှာတော့ ခပ်ခြောက်ခြောက်ပါ။ ရပ်ကွက်တွေထဲ၊ လမ်းတွေထဲမှာ ရှေးကလို ရေပက် မဏ္ဍပ်တွေနဲ့ သီဆိုကပြဖျော်ဖြေတာမျိုး မရှိတော့ဘူး။ ရေပက်ခံကားတွေ ကလည်း အကြီးကြီးတွေနဲ့ အများကြီးရှိတဲ့နေရာတွေကို သွားကြတယ်။ ရပ်ကွက်ထဲက မဏ္ဍပ်လေးတွေကို မသွားကြတော့ဘူး။ ဒီတော့ ရပ်ကွက် တွေထဲက လူငယ်တွေနဲ့ ကလေးတွေ မပျော်ကြရဘူး။ ပိုက်ဆံတတ်နိုင် သူက ကားငှားပြီးလည်ရင်လည်၊ မိန်းကလေးများက အကြီးကြီးတွေနဲ့ အများကြီးတွေမှာ ပိုက်တစ်ချောင်းကိုင်ရဖို့ ငွေလေးငါးခြောက်သောင်းပေးပြီး ပက်ရင်ပက်၊ ဘာရင်ခုန်စရာမှ မရှိနိုင်ဘူး၊ ဘာဇာတ်လမ်းတွေမှလည်း ဖြစ်မလာနိုင်ဘူး။

ရွှဲအောင်လောင်းပေမာပါစေ

          'သင်္ကြန်လေညင်းလုလင်. . . မြူးရွှင်တော့ပေ. . .  ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ ဝတ်ရည်ဆွတ်ဖျန်းလို့သာ ဖြတ်သန်းကာ ကြိုင်လန်းစွာ ငွေငန်းကို ကြိုလာပါတော့တယ်လေ ...” 

''ဘယ်သူတွေ ထိုလေပြည်ကိုစေ ... ဟောဒီရေနန်းဗိမာန် ငွေငန်း ဓိဋ္ဌာန် ရောက်ပြန်ပြီလေ ... နှစ်ဦးဂီတလက်ဆောင် မာပါစေ သာပါစေ (လှပေါင်းခတဲ့တို့မေ)လောင်းမှာလား သင်္ကြန်ရေ ရွှဲအောင်လောင်းမေ မာပါစေ ...”

မြို့မငြိမ်းရဲ့ သင်္ကြန်လေညင်းလုလင်သီချင်းသံလေးကို နားထဲမှာ ကြားယောင်နေမိတယ်။ စကားလုံးလေးတွေ လှလိုက်တာ၊ နုလိုက်တာ စိတ်ကူးလေးတွေကလည်း ယဉ်လိုက်တာ အပြင်ဘက်မှာတော့ လက်ဖက် ရည်ဆိုင်ကက်ဆက်က ယောက်ဖရေ ဆိုတဲ့အသံတွေ ညံနေအောင် ထွက် နေပါတော့တယ်။

၃၁၊ ၃၊ ၂၀၀၈

ဦးဆောင်လမ်းပြသူကောင်းပဲလိုတယ်

          နာဂစ်မုန်တိုင်းကြီး တိုက်ခတ်အပြီး ၁၀ ရက်လောက်အကြာမှာ ပြင်ဦးလွင်က လူငယ်စာရေးဆရာ ကိုမင်းရာတစ်ယောက် ဆိုင်းမဆင့် ဗုံမဆင့် ရောက်ချလာပါတယ်။ သူက အကြောင်းမရှိဘဲ ရန်ကုန်ကို မလာ တတ်ပါဘူး။ မိဘနှစ်ဦးကို အဖော်ပြုနေရသူဖြစ်တာကြောင့် ညအိပ်ညနေ ခရီးထွက်ခဲပါတယ်။

လိပ်ပြာမလုံလို့

          'လူတွေသိန်းနဲ့ချီပြီး သေကျေပျောက်ဆုံးဖြစ်ရတဲ့ ကပ်ဆိုး၊ ဘေးဆိုး ကြီးမှာ လူတိုင်း တစ်ပိုင်တစ်နိုင် တတ်စွမ်းသမျှ ဝိုင်းဝန်းကူနေကြတဲ့ အချိန်မှာ ဒီအတိုင်းကြီး ငုတ်တုတ်ထိုင်နေရတာ လိပ်ပြာမလုံဖြစ်ရတယ် ဆရာရယ်။ အဲဒါကြောင့် ဆရာတို့နဲ့တိုင်ပင်ပြီး ကိုယ်ထိလက်ရောက် ဘာတွေလုပ်နိုင်သလဲဆိုတာ စဉ်းစားမယ်။ ဘယ်သွားပြီး ဘာလုပ်ရလုပ်ရ လုပ်ဖို့ရည်ရွယ်ပြီး ဆင်းလာခဲ့တာပဲ”

          ကိုမင်းရာက စိတ်အားထက်သန်စွာ လာရင်းအကြောင်းကို ရှင်းပြ ပါတယ်။ အမေလူထုဒေါ်အမာ တစ်နှစ်မှာ ခြောက်လလောက် ပြင်ဦးလွင် မှာ အပူရှောင်နေထိုင်သမျှကာလပတ်လုံး အနားမှာ လက်ကသုံးတောင်ဝှေး ပြုစုစောင့်ရှောက်ရုံမျှမက အမေမာ့ဆီ ရောက်လာသမျှ ရပ်ဝေးရပ်နီး ဧည့်သည်မှန်သမျှကိုလည်း စိတ်ရှည်လက်ရှည်နဲ့ စေတနာ့ဝန်ထမ်း ဧည့်လမ်းညွှန်လုပ်ပေးနေကျ လူမှုရေးစိတ်ဓာတ် ပြည့်ဝသူတစ်ဦးအနေနဲ့ ငြိမ်မနေနိုင်ဘူးဆိုတာ အံ့ဩဖွယ်ရာမဟုတ်ပါဘူး။ ဒါလူငယ်ရဲ့ ဗီဇ စိတ်ဓာတ်ပဲ ဖြစ်တယ်။ လူငယ်တိုင်းဟာ အများအကျိုးဆောင်ရွက်လိုစိတ် ရှိတယ်။ လိုအပ်ရင် ကိုယ်ကျိုးတောင်စွန့်နိုင်တယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)