Skip to product information
1 of 2

Other Websites

လူထုစိန်ဝင်း - မေမေတို့ရဲ့စစ်ပွဲများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူ့ကြောင့် သူ့ကြောင့်

“အိမ်ဖြူတော်ရှေ့က ‘ပင်ဆယ်ဗေးနီးယားရိပ်သာ လမ်းမကြီးကို ကျွန်တော်တို့ ပြန်ဖွင့်ပေးမယ်”

(၂၀၀၀ ပြည့်နှစ်ရွေးကောက်ပွဲ ရီပတ်ဘလစ်ကန်ပါတီကြေညာချက်) 

ဒါပေမယ့် သူတို့မလုပ်ခဲ့ကြပါဘူး။ ၈ နှစ်ကြာတဲ့အထိ အတားအဆီး တွေ ရှိနေမြဲဖြစ်တယ်။ ဒါဟာရွေးကောက်ပွဲအတွက် တကယ်အစစ်အမှန် အရေးပါတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ လျှို့ဝှက်တပ်ဖွဲ့ (သက်တော်စောင့်တပ်ဖွဲ့) ရဲ့ နားပူနာဆာလုပ်မှုကြောင့် လမ်းမကြီးကို ပိတ်ပစ်ခဲ့တဲ့ ဘီလ်ကလင်တန်ကို ရိုက်ဖို့ တုတ်တစ်ချောင်းသာဖြစ်တယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ အပြီး နောက်တစ်လအကြာ PBS ရုပ်မြင်သံကြားနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဒုတိယသမ္မတ ဒစ်နီက “ပင်ဆယ်ဗေး နီးယားရိပ်သာလမ်းမကြီးဟာ ပိတ်မြဲအတိုင်းပဲရှိစေသင့်တယ်။ ဘာကြောင့် လဲဆိုတော့ တကယ် လက်တွေ့ကျကျ ကြည့်မယ်ဆိုရင် အိမ်ဖြူတော်ရှေ့မှာ တစ်ယောက်ယောက်က ဗုံးတွေတင်ထားတဲ့ ထရပ်ကားကြီး တစ်စင်းကို ဖောက်ခွဲပစ်လိုက်တယ်ဆိုပါစို့။ အဲဒီအခါ အိမ်ဖြူတော်တစ်ခုလုံး ပြားပြား ဝပ်ဖြစ်သွားမှာပဲ။ ဒါမျိုး လုံးဝ အဖြစ်မခံနိုင်ပါဘူး” လို့ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့တယ်။ ။

စက်တင်ဘာ ၁၁ ဆိုတာဟာ ဘုရှ်အစိုးရရဲ့ ရှုံးနိမ့်မှုတွေနဲ့ မျှော်လင့် ချက်မဲ့ သူတွေအတွက် ဆင်ခြေပေးစရာ အချက်တစ်ခုသာဖြစ်တယ်။ ဒါတင်မက အမေရိကန်နိုင်ငံကြီးကို အကြမ်းဖက်ဝါဒလက်ထဲက ကယ်တင် ခဲ့တယ်ဆိုတဲ့ ဂျော့ဘုရ်ရဲ့ ဝင့်ဝါမှုအတွက် သက်သေပြစရာ အချက်တခု လည်းဖြစ်တယ်။ အဲဒီနေ့ရဲ့ နောက်ခုနှစ်နှစ်လုံးလုံးကြီး အမေရိကန်နိုင်ငံတွင်းမှာ ဘယ်နိုင်ငံခြား အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှုမှ မခံခဲ့ရပါဘူး။ ဒီမှာ ပြောစရာရှိတာက အဲဒီ ၉/၁၁ မတိုင်မီ ရှေ့က ခုနှစ်နှစ် လုံးလုံးကြီး လည်း အမေရိကန်နိုင်ငံတွင်းမှာ ဘယ်နိုင်ငံခြား အကြမ်းဖက် သမားရဲ့ တိုက်ခိုက်မှုမှ မခံခဲ့ကြရဘူးဆိုတာဖြစ်တယ်။ ၉/၁၁ လို တိုက်ခိုက်မှုအန္တရာယ်မျိုး ပိုပြီးကြီးမားလာတယ်ဆိုတာ မရှိပါဘူး။ အမေရိကန် လူမျိုးတွေရဲ့ နိုးကြားမှု ပိုပြီးတိုးလာတာပဲ ရှိပါတယ်။ အိမ်ဖြူတော်ကိုဖောက်ခွဲတိုက်ခိုက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုကို သရော်လှောင်ပြောင် ရင်း ဘုရှ်အစိုးရတက်လာခဲ့တာဖြစ်တယ်။ ဒါပေမယ့် သိပ်မကြာမီမှာပဲအဲဒီစိုးရိမ်ကြောင့်ကြမှုကို သံယောင်လိုက် ပြောဆိုနေကြပြန်ပါတော့တယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်က ဘုရှ်ဟာ ပျောက်ဆုံးကမ္ဘာကြီးထဲက ထွက်လာပြီး သမ္မတဖြစ်လာခဲ့တယ်။ အဲဒီအချိန်က အာဏာလက်မဲ့ဖြစ်နေတဲ့ဘုရ်ရဲ့ ပါတီ လည်း အမေရိကန်နိုင်ငံဟာ ဘာခြိမ်းခြောက်မှုအန္တရာယ်မှမရှိတဲ့ တိုးတက် စည်ပင်မှုနဲ့ လုံခြုံမှုတွေရှိနေတယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ “မနေ့တုန်းက စိတ်ကူးယဉ်အိပ်မက်တွေဟာ ဒီနေ့အတွက် အစစ်အမှန်တွေဖြစ်နေကြပြီး မနက်ဖြန် အတွက်အလားအလာတွေဟာလည်း အကန့် အသတ်မရှိဘူး” လို့ အဲဒီအချိန်က ဘုရှ်ရဲ့ မဟာ့မဟာပါတီကြီး GOP ကပြောခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်အတွက် အမေရိကန်ရင်ဆိုင်ရမယ့် အကြီး ဆုံးနိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုကြီးဟာ အတိုင်းအဆမရှိကြီးမား လှတဲ့ မိမိရဲ့ အင်အားကို အလွဲမသုံးမိစေရေး ဖြစ်တယ်လို့ မဟာ့မဟာ ပါတီကြီးရဲ့ စာရွက်စာတမ်းများက ဆိုခဲ့ပါတယ်။ ရှေ့က မျိုးဆက်များဟာ စမ်းသပ်မှုအမျိုးမျိုးကြားက အမေရိကန်နိုင်ငံကို ကာကွယ်စောင့်ရှောက် ခဲ့ကြ တယ်” လို့လည်း ဆိုပါသေးတယ်။ နောက်ပြီး အဲဒီအချိန်က သမ္မတလောင်း ဘုရှ်ပြောခဲ့တဲ့ စစ်မှန်တဲ့ အင်အားရဲ့ သိုသိပ်မှုနဲ့ စစ်မှန်တဲ့ကြီးကျယ် ခြင်းရဲ့ နှိမ့်ချမှု’ ဆိုတဲ့စကားကိုတောင် ကိုးကားလိုက်ပါသေးတယ်။ ဘုရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို တက်တက်ကြွကြွ ထောက်ခံသူများကတောင်မှ ဒါဟာစစ်မှန်တဲ့ကြီးကျယ်ခြင်းရဲ့ နှိမ့်ချမှုကိုပြသတာလို့ မဆိုကြပါဘူး။

ပျောက်ဆုံးသွားတဲ့ကြီးကျယ်ခြင်းရဲ့ နိုင်လိုမင်းထက်အပြု အမှုနဲ့ပိုတူတယ် လို့ ယူဆကြပါတယ်။ တစ်ဦးတည်းသော “ဧကရာဇ်' တို့ တစ်ခုတည်းသော ‘ဝင်ရိုး' တို့ဆိုတဲ့ စကားတွေဟာ အခုအချိန်မှာတော့ ခေတ်ဟောင်းကရုပ်ရှင်ကားဟောင်းကြီးကို ထပ်တလဲလဲ ပြန်ပြနေသလိုပဲ ရှိပါတော့တယ်။

သမ္မတတစ်ဦးအနေနဲ့ ဘုရှ်ကျဆုံးခဲ့ရတာဟာ သူ့ရဲ့ ကတိချိုးဖောက် မှု၊ ရည်မှန်းချက်တွေ မအောင်မြင်မှုတို့ကြောင့် မဟုတ်ပါဘူး။ နိုင်ငံရေး သမားတိုင်းက ကတိတွေချိုးဖောက်ပါတယ်။ ဘယ်သူမှလည်း မဲဆွယ် ကာလတုန်းက ပြောခဲ့တဲ့ လေကြီးမိုးကြီးရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြတာမဟုတ်ပါဘူး။ ဘုရှ်ကတော့ သူ့ကို အရွေးခံခဲ့ရတဲ့ ကတိတွေနဲ့ ရည်မှန်းချက်တွေကို လုံးလုံးစွန့်ပစ်ပြီး ဆန့်ကျင်ဘက်အရာတွေကို ကိုင်ဆွဲခဲ့တယ်။ ပြီးတော့ အဲဒါတွေကိုလည်း တကယ်ဖြစ်အောင် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။

၂၀၀၀ ပြည့်နှစ်တုန်းက ဘုရှ်ဟာ သူ့ရှေ့က သမ္မတ လုပ်သွားခဲ့သူကို အထွက်ဗျူဟာ” မရှိဘဲနဲ့ စစ်ပွဲတွေဆင်နွှဲရမလားဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ ဘုရှ်ကိုယ်တိုင်က သူ့ကို ဆက်ခံမယ့်သူအတွက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အမေရိကန် ပါဝင် တိုက်ခိုက်ခဲ့တဲ့ အချိန်ထက် အများကြီး ပိုကြာရှည်စွာ ဆင်နွှဲနေရတဲ့ စစ်ပွဲကြီး ကို ထွက်လမ်းရယ်လို့ လုံးလုံးမမြင်ရတဲ့ အခြေအနေနဲ့ ထားပစ်ခဲ့တယ်။ ဘုရှ်ဟာ စစ်ရေးအရ ချက်ချင်းဆောင်ရွက်ရမယ့် လိုအပ်ချက်မရှိဘဲနဲ့ 'နိုင်ငံတည်ဆောက်ရေး အတွက် စစ်မတိုက်ရဘူးဆိုတဲ့ သတိပေးချက်နဲ့ သမ္မတ အရွေးခံခဲ့ရတာဖြစ်တယ်။ အဲဒီနောက် သမ္မတလည်းဖြစ်ပြီးရော ချက်ချင်းဆိုသလိုပဲ အရှေ့အလယ်ပိုင်းဒေသ တစ်ခွင်လုံး ဒီမိုကရေစီ ရရှိ စေမယ်လို့ ကတိပေးခဲ့ပြီး အီရတ်ကိုကယ်တင်မယ်လို့ ကြွေးကြော်နေရင်း အဆုံးမှာတော့ ဖျက်ဆီးပစ်လိုက်တယ်။

ဘုရှ်ဟာ ဇာတ်ခုံပေါ်ကနေ ဆင်းသွားရတဲ့တိုင်အောင် အီရတ်ရှုံးနိမ့်မှ ကြီးကို မှန်ကန်တယ်လို့ ပြောနေဆဲဖြစ်တယ်။ စစ်ပွဲမတိုင်မီ ထောက်လှမ်း ရေးသတင်းများက ဆက်ဒမ်ဟူစိန်ရဲ့ လက်ထဲမှာ အစုလိုက် အပြုံလိုက်သေ စေနိုင်တဲ့ လက်နက်များ WMD ရှိနေကြောင်း တင်ပြခဲ့တယ်လို့ အကြောင်း ပြခဲ့တယ်။ နောက်တော့ ဒီထောက်လှမ်းရေးသတင်းများ မမှန်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ထောက်လှမ်းရေးသတင်း အပေါ် အခြေခံပြီး စိတ်ကောင်းစေတနာနဲ့ ဆောင်ရွက်ခဲ့တာပါလို့ ပြောဆိုခဲ့ ပါတယ်။ ဘယ်သူကယုံမှာလဲ။ အရေးကြီးတာက WMDတွေ လာကယ်ရှိရှိဆိုတာဖြစ်တယ်။ ရှိတယ်လို့ သူယုံတာ မယုံတာက အရေးကြီးတာ မဟုတ် ဘူး။ WMD အကြောင်းပြပြီး သူက စစ်ပွဲဟာ တရားတယ် မှန်တယ်လို့ ဆင်ခြေပေးခဲ့တာဖြစ်တယ်။ စစ်ပွဲကို စတင်ခဲ့သူ ကိုယ်တိုင်က သတင်းမှား

ကြောင့်သာ စစ်တိုက်ခဲ့ရတာပါလို့ ပြောတဲ့အချိန်မှာ ဒီစစ်ပွဲကြီး ဒါလောက် ရှည်ကြာအောင် ဘာ့ကြောင့်ဆက်ဖြစ်နေရတယ်ဆိုတာကို စစ်ပွဲအတွင်း ကျဆုံးခဲ့ရသူများရဲ့ မိသားစုတွေကို ဘယ်လိုရှင်းပြကြမလဲ။

လတ်တလောဖြစ်ပွားနေတဲ့ စီးပွားပျက်ကပ်ကြီးဟာ လူပေါင်းများစွာ အတွက်တော့ ရုတ်တရက် မိုးကြိုးပစ်ချသလို အောက်မေ့ကြရတယ်။ တကယ်တော့ သူတို့တတွေ စောစောကပဲ သိခဲ့ကြဖို့ကောင်းတာ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်သောသူသာ လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး စီမံခန့်ခွဲ ခဲ့တာဖြစ်တယ်။ အဲဒီတစ်ယောက်သောသူဟာ အဲဒီရှစ်နှစ် လုံးလုံးကြီး သူ့ကြောင့် နိုင်ငံကြီးဘယ်လောက် အခြေအနေကောင်းခဲ့တယ်လို့ ကြား နေတာဖြစ်တယ်။ လူပေါင်းများစွာတို့က အစိုးရနဲ့ နိုင်ငံသားများရဲ့ ချေးငွေ တွေဟာအကန့်အသတ်မဲ့ဖြစ်နေပြီလို့ ယူဆခဲ့ကြပေမယ့် ဂရုစိုက် မခံခဲ့ကြ ရပါဘူး။ အဲဒီတစ်ယောက်သောသူဟာ စံချိန်တင် ပိုငွေပြနေတဲ့ နိုင်ငံတော် ဘတ်ဂျက်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီ တစ်ယောက်ကပဲ ရေဂင်ပုံစံ ချိုးပြီး အစိုးရဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးအကြောင်း ကျွန်ုပ်တို့ကို မကြာခဏ 'လက်ချာ' တွေရိုက်ခဲ့တာဖြစ်တယ်။ ပြီးတော့ အဲဒီတစ်ယောက်ကပ် စီးပွားရေးမှာ အစိုးရဝင်ရောက်စွက်ဖက်မှုတွေ တိုးသထက်တိုးလုပ်တာ သမ္မတရုစဗဲ့ နောက်ပိုင်း သမ္မတအားလုံးအနက် အဆိုးဆုံးဖြစ်ခဲ့တယ်။ သူက ဘဏ်တိုက်တွေကိုလွှဲယူခဲ့ပြီး မော်တော်ကားလုပ်ငန်းကြီးတွေကို ကယ်တင် ခဲ့တယ်။ ချုပ်လိုက်ရင်တော့ လုံးဝမအောင်မြင်ခဲ့တဲ့ ဘုရှ်ရဲ့ သမ္မတ သက် တမ်းကာလမှာ ဒီမိုကရေစီကို လုံးဝ နာမည်ဖျက်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်တယ်။

Ref: Time; 12-1-2009 Michael Kinsley à 8 years later အက်ဆေး

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)