Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဘိုးဟန် - လီကွမ်ယုအုပ်ချုပ်ရေးဆိုင်ရာအဆိုအမိန့်များ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အမှာစကား

 

လီကွမ်ယု၏ အဆိုအမိန့်များသည် စင်ကာပူကို ထူထောင်သူဖခင်ဟု အများက သတ်မှတ်ခြင်းခံရသူတစ်ဦးကို မိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ သူနှင့် သူ့အဖွဲ့တို့ကို ထိန်းကျောင်းပေးထားသော လက်စွဲ အခြေခံမူများကို မိတ်ဆက်ပေးခြင်းလည်း ဖြစ်သည်။ သူတို့သည် ဗြိတိသျှ အင်ပါယာ လက်အောက်မှ လွတ်မြောက်အောင် ပဲ့ကိုင်ပေး ခဲ့ကြသည်။ ထို့နောက် မလေးရှားနှင့် ပေါင်းစည်းခဲ့ကြသည်။ ထို့နောက် မလေးရှားမှခွဲထွက်ပြီး သြဂုတ်လ ၉ ရက်၊ ၁ဝ၆၅ ခုနှစ်တွင် လွတ် လပ်ရေးရယူလိုက်သောအခါ မတည်ငြိမ်သည့်ရေပြင်ကို ဖြတ်သန်းခဲ့ ကြရပြန်သည်။ ထိုဖြစ်စဉ်တစ်လျှောက် ထိုအခြေခံမူများက ပဲ့ကိုင် ပေးခဲ့ကြသည်။

          မရည်ရွယ်ဘဲ တိုင်းပြည်တစ်ခုအဖြစ်သို့ ရောက်ရှိလာသော စင်ကာပူကို ပထမကမ္ဘာအဆင့်အတန်းသို့ ရောက်ရှိအောင် ပြောင်း လဲပေးခဲ့ကြသည်။ လီက အရည်အသွေး ထက်မြက်သူများ အုပ်ချုပ် စိုးမိုးမှုရရှိအောင် လုပ်ဆောင်ခဲ့သည်။ လူမျိုးအထွေထွေ၊ စင်ကြယ်သောအစိုးရ၊ ကောင်းမွန်သော စီးပွားရေးတို့ကို စင်ကာပူ၏ အခြေခံ အုတ်မြစ်များအဖြစ်သာမကစံထားကြရသည့်အဖြစ်သို့ ရောက်အောင် ဆောင်ကျဉ်းပေးခဲ့သူမှာ လီကွမ်ယုပင် ဖြစ်တော့သည်။

          သူရေးသားသည့်စကားပြေတို့တွင်ဆင့်ကဲတိုးတက်ပြောင်း လဲမှုများထဲတွင် လီ၏ တွန်းအားကို တွေ့ရသည်။ သူ့ဘဝ အနှောင်း ပိုင်းတွင် သူရေးသားသော စာအုပ်များ၊ သူမြွက်ဆိုသည့် မိန့်ခွန်းများ တွင် သူက ပိုမိုရိုးစင်းသည့် စာကြောင်းများကို သုံးစွဲသည်။ အစော ပိုင်းကာလ စကားလုံးကြွယ်ဝသည့် လေသံများကို လျှော့ချလိုက် သည်။ စင်ကာပူနိုင်ငံသားများနိုင်သမျှများများတို့ကို တိုင်းပြည်

အောင်မြင်ဖို့ ဘာတွေလုပ်ကြရမည်ဆိုသည်ကို သဘောပေါက်ဖို့ သူ တတ်စွမ်းသရွေ့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ထို့အတွက် ရှင်းလင်းပြတ်သားစွာ ပြောပြတတ်ဖို့သည် အခရာဖြစ်သည်။

          ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန်ခဲ့သည့် သူ့ဇနီးက သူ စာရေးသားပုံ ပြောင်းသွားအောင် သြဇာသက်ရောက်မှုများ ပေးခဲ့သည်။ ဇနီးကွယ်လွန်စဉ်၌ လီသည် ရင်ဘတ်တွင် ပိုးဝင်သဖြင့် ဆေးရုံတက်နေရသည်။ ဆေးရုံမှ သူဆင်းလာခဲ့ပြီး ဇနီး၏ အသုဘ တွင် အိပ်ဖန်စောင့်ပေးသည်။ တစ်ညတာ ကုန်ဆုံးသောအခါ သူက ဆေးရုံသို့ မပြန်ချေ။ သူ့ကို မြစ်ကမ်းဘေးသို့ ခေါ်သွားပေးဖို့ လုံခြုံ ရေးအဖွဲ့ ကို စေခိုင်းသည်။

          မြစ်ကမ်းဘေးတစ်လျှောက် သူ ဖြည်းဖြည်းချင်း လမ်းလျှောက် သည်။ ထိုနေရာသည် ဇနီးနှင့်အတူ လမ်းလျှောက်နေကျနေရာ ဖြစ် သည်။ သူက လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ ရေထဲမျော လာသော အမှိုက်စကို လက်ညှိုးထိုးပြသည်။ လုံခြုံရေးအရာရှိ တစ်ဦးကို ဓာတ်ပုံရိုက်ခိုင်းသည်။ ထိုကိစ္စ မည်သို့ လုပ်ဆောင်ရမည် ကို မနက်ဖြန်၌ သူ့ကိုယ်ရေးအရာရှိအား ညွှန်ကြားမည်ဟု သူက ပြောသည်။

ထိုဖြစ်ရပ်ကို ပြန်ပြောပြသော ပညာရေးဝန်ကြီး ဟန်ငွေကိတ်သည် ထိုစဉ်တုန်းက လီ၏ ကိုယ်ရေးအရာရှိဖြစ်သည်။ လီ၏ဆောင်ရွက်ချက်ကြောင့် အရာရှိများ သဘောထားပြောင်းကုန်ကြ သည်။ သူတို့အထဲမှ လုပ်သက် နှစ် ၃ဝ ရှိသူတစ်ဦးက “မစ္စတာလီက အမြဲတစေ တိုင်းပြည်၊ တိုင်းပြည်၊ တိုင်းပြည်ပဲ ဖြစ်နေတယ်။ ပြီးရင် လည်း တိုင်းပြည်ပဲ ဖြစ်နေပြန်တယ်” ဟု ပြောပြသည်။

          အဲဒီစကားမည်မျှ မှန်သည်ဆိုတာကို ယခုကောက်နုတ်တင် ပြထားသည့် လီကွမ်ယု၏ အဆိုအမိန့်များ စာအုပ် ၃ အုပ်တွင် တွေ့မြင်နိုင်မည် ဖြစ်သည်။