ဘိုးဟန် - လီကွမ်ယုစီမံခန့်ခွဲရေးအဆိုအမိန့်များ
ကိုယ့်ကိုယ်ကိုယ် ခွဲခြားသိမြင်
အရှေ့ တောင်အာရှမှာ တည်ရှိတဲ့ ကျွန်းမြို့တော်နိုင်ငံတစ်ခုဟာ ဆက်လက်တည်တံ့ဖို့ဆိုရင် သာမန်မျှဖြင့် မရနိုင်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ စည်းစည်းလုံးလုံးရှိဖို့ အကြမ်းပတမ်းခံနိုင်ဖို့နဲ့ အလိုက် သင့်ပြောင်းလဲနိုင်စွမ်းရှိကြတဲ့ လူထုဖြစ်လာအောင် အထူးတလည် ကြိုးပမ်းအားထုတ်မှုတွေ ကျွန်တော်တို့ လုပ်ကြရမယ်။ အဲဒီလူထု ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေထက် အရာရာကို ပိုကောင်း ပြီး ပိုဈေးသက်သာအောင် လုပ်နိုင်ကြသူတွေ ဖြစ်ရမယ်။ ကျွန်တော် တို့က ကြားခံလူအဖြစ် ဒေသတွင်းကုန်သွယ်ရေးမှာ နေရာယူထားတဲ့ ကဏ္ဍကို အိမ်နီးနားချင်းနိုင်ငံတွေက ရှောင်ကွင်းပြီး လုပ်ကိုင်လိုကြ တယ်။ကျွန်တော်တို့ကို ခေတ်ကုန်သွားအောင် လုပ်လိုကြတယ်။ ဒီ တော့ ကျွန်တော်တို့က တစ်မူထူးခြားနေမှ ဖြစ်မယ်။
တတိယမှ ပထမကမ္ဘာဆီသို့၊
စင်ကာပူဇာတ်ကြောင်း ၁၉၆၅-၂ဝဝဝ(၂၀၀၀)
စလုံးရေစကတည်းက ဆက်လက်တည်တံ့ဖို့အတွက် ကျွန်တော့် မှာ လမ်းညွှန်မှု ရိုးရိုးကလေးတစ်ခု ရှိထားပါတယ်။ ဒေသတွင်းမှာ အခြားနိုင်ငံတွေထက် ပိုပြီးစင်ကာပူဟာ စည်းစနစ်ကျနရမယ် ပိုတော် ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင် ဖက်တွေ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ မဟာ ဗျူဟာနှစ်ရပ် ကြံဆထုတ်လုပ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ ဒေသကို ဖားခုန် ခုန်မယ်။ ကျွန်တော်တို့ရဲ့
အိမ်နီးနားချင်းတွေက ကျွန်တော်တို့နဲ့ စီးပွားရေး အချိတ်အဆက် တွေကို လျှော့ချကြလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့က ဖွံ့ဖြိုးပြီးနိုင်ငံ တွေနဲ့ ချိတ်ဆက်မယ်။ နိုင်ငံပဒေသာ ကော်ပိုရေးရှင်းတွေဟာ ကုန် ထုတ်လုပ်မှုမှာ မောင်းနှင်အားတစ်ခု ဖြစ်လာမယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ ထုတ်ကုန်တွေကို သူတို့ဆီ ပြည်ပတင်ပို့မှု ပြုမယ်။ ဒါမျိုး လုပ်တာ ဒေသတွင်းမှာ တစ်နိုင်ငံမှ မရှိဘူး။ အခုအခါမှာ အဲဒီ မဟာဗျူဟာဟာ အလွန်အောင်မြင်ကြောင်း သက်သေပြသပြီးပါပြီ။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေအကုန်လုံးနဲ့ အာရှတစ်ခုလုံး လည်း အဲဒီအတိုင်း လိုက်လုပ်နေကြပြီ။
ကျွန်တော်တို့ ပထမကမ္ဘာ အခြေအနေတွေကို အဲဒီတုန်းက တတိယကမ္ဘာဒေသတွင်းမှာ ဖန်တီးခဲ့ကြတယ်။ လူထု၊ တစ်ကိုယ် ရေ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ ရေကြောင်း လေကြောင်းပို့ဆောင်ရေး၊လူမှုရေးဝန်ဆောင်မှုများမှာ ပထမကမ္ဘာရဲ့ စံချိန်စံညွှန်းတွေအတိုင်း ထူထောင်ပေးတာမှာ အောင် မြင်ခဲ့ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖို့ ကျွန်တော်တို့ တစ်ဝိုက်မှာ တည်ရှိနေကြတဲ့ ဖွံ့ဖြိုးမှု ပိုနည်းပါးတဲ့နေရာတွေဆီကို ချဉ်းနင်းဝင်ရောက်ဖို့အတွက် ကျွန်တော်တို့ဟာ စတည်းချရာနေရာ ဖြစ်လာခဲ့ပါတယ်။ လူထုကို လေ့ကျင့်ပျိုးထောင်ပေးပြီး ပထမကမ္ဘာ ရဲ့ စံချိန်စံညွှန်းရှိတဲ့ ဝန်ဆောင်မှုတွေ သူတို့ကို ပေးအပ်နိုင်အောင် စီမံပေးခဲ့ပါတယ်။
စင်ကာပူ သတင်းစာကလပ် မိန့်ခွန်း၊ ၁၉၉၆ ခုနှစ် ဇွန်လ ၇ ရက်
လွတ်လပ်ရေးရပြီးတဲ့အခါ ကျွန်တော်တို့ကို တခြားတတိယကမ္ဘာ နိုင်ငံတွေနဲ့ ခွဲခြားသိမြင်စေမယ့် ထူးခြားကောင်းမွန်သောနည်းကို ကျွန်တော် ရှာဖွေခဲ့ပါတယ်။ သန့်ရှင်းပြီး စိမ်းလန်းသော စင်ကာပူ ဆိုတာကို ချမှတ်ခဲ့ပါတယ်။ ကျွန်တော် လုပ်ကိုင်ခဲ့သမျှ စီမံကိန်း တွေမှာ (ပတ်ဝန်းကျင်)စိမ်းလန်းရေးဟာ ကုန်ရသလောက် အကျိုး ကျေးဇူးအရှိဆုံး ဖြစ်ပါတယ်။
တတိယမှ ပထမကမ္ဘာဆီသို့၊ စင်ကာပူဇာတ်ကြောင်း ၁၉၆၅-၂ဝဝဝ(၂၀၀၀)
အသိအမှတ်ပြုမှုကို ခင်ဗျား မရရှိတာဟာ ခင်ဗျားက သမားရိုးကျကြီး ဖြစ်နေပြီး သူများတွေနောက်ကို လိုက်ပါနေလို့ ဖြစ်ပါတယ်။ ခင်ဗျား စံပြဖြစ်လာရတာဟာ သမားရိုးကျရှုမြင်တွေးခေါ်မှုတွေကို ဆန့်ကျင် ပြီး ရှေ့ဆက်ခဲ့တယ်။ ပြီးတော့ သူတို့ကမှားနေပြီး ခင်ဗျားမှန်ကြောင်း သက်သေထူခဲ့လို့ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ပါလီမန်၌ ပြောကြားသော မိန့်ခွန်း
“ထူးချွန် ဆိုတာ ယှဉ်ပြိုင်မှုတွေ များပြားလှနေတဲ့ကမ္ဘာထဲမှာ စင်ကာပူ ဘယ်လိုရပ်တည်နိုင်ခဲ့သလဲဆိုတာကို တစ်လုံးတည်းဖြင့် အနှစ်ချုပ် ထုတ်ပြတဲ့ ဝေါဟာရ ဖြစ်ပါတယ်။
တန်ချောင်ပါး အမျိုးသားနေ့ ညစာစားပွဲမိန့်ခွန်း၊
၁၉၈၇ ခုနှစ် သြဂုတ်လ ၁၃ ရက်