Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

လယ်တီဦးပဏ္ဏိတ - လယ်တီမဟာထေရုပ္ပတ္တိကထာ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

၁ - ဖွားမြင်တော်မူခန်း 

နေရပ်နှင့်မိဘ

          မြန်မာနိုင်ငံတော်ကြီးသည် ဗုဒ္ဓမြတ်စွာ သာသနာတော်ဘက်၌ နှစ် သက်ဝမ်းမြောက် အားတက်ဖွယ်ရာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော် ပေါင်း ရှစ်သောင်းခန့် ရှိ၏။ ပရိယတ် ဟူသော စာပေသင်အံပို့ချခြင်း၊ ပဋိ ပတ် ဟူသော သမထဝိပဿနာ ဘာဝနာပွားများခြင်း အရောင်အလင်း ဝါဝင်းထိန်လျှမ်း အရဟတ္တဓဇ သင်္ကန်းရောင်တို့ဖြင့် အောက်ထက် ၂-ရပ် မလပ်မြို့ရွာတို့၌ ပျံ့နှံ့စည်ပင်ထွန်းကားလျက် ရှိ၏။ သာသနာတော် အောင်လံ တံခွန်သဖွယ် ကြီးကျယ်ခမ်းနား များပြားသော သာသနာ့ အဆောက်အဦ၊ စေတီပုထိုး၊ အမျိုးမျိုးသော ရုပ်ပွားတော်၊ ဘုရားတန်ဆောင်း၊ ဂူ၊ ကျောင်း၊ ဇရပ်တို့ဖြင့် ကြည့်ရှုမငြီး အံ့ချီးမကုန်အောင် ထွန်းပြောင်တင့်တယ်လျက် ရှိ၏။

          လောကီဘက်မှာလည်း အဖိုးမပြတ်နိုင်လောက်အောင် အဖိုးထိုက်တန် လှသော ပတ္တမြားတွင်း၊ ရွှေတွင်း၊ အမျိုးမျိုးသော သတ္တုတွင်း၊ ရေနံတွင်း၊ သစ်တော၊ ဥယျာဉ်ခြံ၊ လယ်၊ ယာမြေ မြောက်မြားစွာတို့နှင့် ပြည့်စုံ၍ ကမ္ဘာအလုံး အံ့မဆုံးအောင် ကျော်ကြားထင်ရှား၏။ ဤသို့ သာသနာတော်ဘက်၊ လောကီ ဘက်ဌာနတို့၌ ပြိုင်ဘက်ကင်းလျက် ပေါ်ထွက်ကျော်ကြားသော မြန်မာနိုင်ငံတော်ကြီး၏ အထက်ပိုင်း၌ ဥစ္စာစီးပွား ဆန်ရေစပါးတို့နှင့် ပြည့်စုံချမ်းသာ စည်ကား၍ ဥယျာဉ်ပန်းမန် ရေတွင်းရေကန် နတ်ဖန်သကဲ့သို့ နှစ်မြို့ဖွယ်ရာ သာယာလှ၍ တွေ့မြင်ရသူတို့၏စိတ် ယိုဖိတ်တမျှ ပီတိသောမနဿ နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေနိုင်လောက်သော ဂုဏ်အပေါင်းနှင့် ပြည့်စုံသော ဒီပရင်းမြို့နယ် စိုင်ပြင်ရွာကြီးသည် ယခုအခါဝယ် တင့်တယ်စည်ကားလျက် ရှိ၏။

 

ဒီပရင်းမြို့

          ဒီပရင်းမြို့ဆိုသည်ကား ဒီပဝါသိမဟာဇနံ ရဍတီတိ ဒီပရဂံ။ ။ ဒီပဝါ သိမဟာဇနံ၊ ကျွန်းနေသူလူများအပေါင်းကို။ ရဉ္ဇတိ၊ ကြည်ဖြူ နှစ်သက်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ ဒီပရဂံ၊ ဒီပရင်းမည်၏- ဟု ပရမတ္ထဒီပနီဋီကာတွင် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး မိန့်မြွက်တော်မူ ပေသည်။

 

ဒီပဲယင်းမြို့

          ဒီပဲယင်းမြို့တည် သမိုင်းအဆိုကား အရိမဒ္ဒနာပူရမည်သော ပုဂံ ပြည်ကြီးသခင် ဖောင်စကြာရှင်အရှင် ဘဝရှင် အလောင်းစည်သူမင်းသည် တိုင်းခွင်လှည့်လည်တော်မူရာ မြောက်ဘက်အရပ်သို့ ရောက်တော်မူသောအခါ သက္ကရာဇ်ရှည် ၁၀၀၊သက္ကရာဇ် တို ၁၂ ခု၊ ပြာသိုလဆန်း ၁၅ ရက် သောကြာနေ့၊ မွန်းလွဲချိန်ဝယ် မြို့တည်မည့် အခါတွင် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်သည် ဆိတ်မြန်မာ အယောင်ဖန်ဆင်းလျက် တောင်အရပ်မှ တောစပ်သို့ ဖြတ်၍ ရေသောက်မည်ဟု “ပဲ... ပဲ” မည်သော နိမိတ်ကို အစွဲပြု၍ “ဒီ” သဒ္ဒါ “ ရေ” ဟော၊ “” သဒ္ဒါ “ဆိတ်” ဟော၊ “ယင်း” သဒ္ဒါ “တော” ဟော၊ သဒ္ဒါ သုံးပါးစပ်၍ ဒီပဲယင်းမြို့ဟု ကောင်းပါ့ပညတ် ခေါ်ဝေါ်အပ်သည်ဟု အမည် ပေးဆို၏။

 

ဒီပဲယင်းမြို့တည် သမိုင်းလင်္ကာ

          သောင်းတိုက်ဇမ္ဗူ၊ ကျွန်းလုံးယူ၍၊ စည်သူမင်းဖျား၊ တည်ခဲ့ထားသည်။ ဘုရားကိုးဆူ၊ ဂူလည်းကိုးရပ်၊ နတ်ကိုးပါး၊ တုံကားကိုးတန်၊ ကိုးရွာရံ၍၊ ကန် လည်းကိုးသွယ်၊ ကိုးသန်းပယ်နှင့်၊ ကိုးဆယ်ကိုးရွာ၊ စပ်ခါမဝေး၊ ကျေးကိုးကျေးနှင့်၊ နီးဝေးပြန့်လှိုင်၊ စည်ကိုးဆိုင်က၊ ကိုးဌာနနှင့်၊ ဒုက္ခကင်းစင်၊ ချမ်းသာမြင်၍၊ အောင်ခြင်းမင်္ဂလာ၊ ဖြစ်စိမ့်ငှာဟု၊ သာသနာငါးထောင်၊ တည်အောင်ပြဓာန်း၊ ဗျာဒိတ်မှန်း၍၊ အောင်ခန်းအတိတ်၊ တော, ရေ, ဆိတ်၌၊ နိမိတ်ယူရာ၊ မြန်ဘာသာတွင်၊ ဒီမှာကား- ရေ၊ ဆိတ်ရွှေကို- ပဲ့၊ တောယင်းတဲ့ဟု၊ မိန့်ခဲ့ရွှေနှုတ်၊ သမုတ်အညီ၊ ရုဠမပြ၊ အနွတ္ထဖြင့်၊ ဌာနသာခြင်း၊ မြို့ရွှေယင်း၏၊ ကြောင်းခြင်းထွေလာ၊ သမိုင်းစာနှင့်၊ စဉ်လာစကား၊ ကျွန်ုပ် ကြားသည်။ ။ ရွှေနားသွင်းတော်မူ ဘုရား။

 

စိုင်ပြင်ရွာကြီး

          စိုင်ပြင်ရွာကြီးဆိုသည်ကား ဂါမေစိုင်ပြင်တိနာမကေတိ ရော ဟိ တမိဂါနံ နိဝါသဘူမိတလေ ပတိဋ္ဌိ ကတြာ။ ။ စိုင်, သမင်တို့၏ နေရာမြေ အပြင်၌ တည်ထောင်အပ်သောကြောင့် စိုင်ပြင်ရွာကြီးဟု ဝေးနီး ကြေညာသတင်းဖြာပေသည့် အဆိုပါ ဒီပရင်းမြို့နယ် စိုင်ပြင်ရွာကြီးသည်

           ၁။ ရတနာသုံးပါးကို အားထားသက်ဝင်ယုံကြည်သော နိစ္စလသဒ္ဓါနှင့်ပြည့်စုံကြသူ “ရတနတ္တယ    မာမက”ပုဂ္ဂိုလ်တို့၏ အမြဲမှီခိုနေထိုင်ရာလည်းဖြစ်ပေ၏။

           ၂။ တွင်း, ပ နှစ်ဖြာ ရွှေ၊ ငွေ၊ ရတနာ စသော ဥစ္စာပစ္စည်း သိပ်သည်းပေါယယ် ကြွယ်ဝချမ်းသာ        လူများစွာတို့၏ သာယာချမ်းမြေ့ ပျော်မွေ့ နေထိုင်ရာလည်း ဖြစ်ပေ၏။ 

          ၃။ ဆန်းပြားတင့်တယ် ရှုချင်ဖွယ်သော ကြီးကျယ်ခမ်းနား နေရာအိမ်ဖြင့်လည်း စည်ကားပြည့်နှက်လျက် ရှိပေ၏။ 

          ၄။ ဘေးအန္တရာယ် ရန်စွယ်ဝေးရှောင် လူအပေါင်းတို့ဖြင့် တင့်တယ်သိုက်မြိုက် ပျော်ပိုက်ဖွယ်ရာလည်း ဖြစ်ပေ၏။

          ၅။ သန့်ရှင်းကြည်လင်သောအရိပ်ရေ, အထွေထွေသောသစ်ပင်, ပန်းမန်,

ကြိုင်လျှံပြည့်စုံ လွှမ်းခြုံယှက်သန်း ရမ္မက်ဖမ်းလောက်အောင် တင့်ဆန်းသော ဂုဏ်ကျက်သရေကိုလည်း ဆောင်ပေ၏။ 

           ထိုရွာကြီးသည်ကား ဝေးနီးကြေညာ စိုင်ပြင်ရွာဟု ကျော်စောထင်ရှား သော ရွာကြီးပေတည်း။ ထိုစိုင်ပြင်ရွာကြီး၌ သဒ္ဓါ,သီလ, သုတ, စာဂ, ပညာ, ဟိရီသြတ္တပ ဟူသော သူတော်ကောင်းတို့၏ ဥစ္စာ ရတနာခုနစ်ပါးတို့နှင့် လည်းကောင်း၊ ရွှေငွေ စသော လောကီရတနာ, လယ်ယာမိုဟီးမြေ, ခြံရွှေများ စွာ ဆွေဉာတကာတို့နှင့် လည်းကောင်း ညီညာပြည့်စုံကြလျက် သမ္မာအာဇီဝ ဟူသော တရားနှင့်လျော်စွာ အသက်မွေးမြူခြင်းဖြင့် ကုသိုလ်တရားပွားများ၍ ဝမ်းမြောက်ရွှင်လန်း ပျော်မွေ့စွာ နေထိုင်ကြသူတို့ကား အကြင်မည်သော ဦးထွန်းသာ၊ ဒေါ်ကြုံး ဇနီးမောင်နှံ နှစ်ဦးတို့ ဖြစ်လေသည်။

 

 

သန္ဓေတည်၍ ဖွားမြင်ချိန်

          ဆိုခဲ့ပြီးသည့် ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော ဦးထွန်းသာ၊ ဒေါ်ကြုံး နှစ်ဖြာသော ဇနီးမောင်နှံတို့၏ သာယာသိုက်မြိုက် ခန်းကြာတိုက်၌ “လယ်တီဆရာတော်” ဟု ထင်ပေါ်ဖြစ်ပွား ကျော်ကြားလတ္တံ့သော မဟာ ထေရ်မြတ်ကြီး၏ လောင်းလျာသည် ကောင်းစွာကြည်ဖြူစွဲယူသန္ဓေ တည်နေ တော်မူလတ်သတည်း။ ။

ယင်းသို့ ပဋိသန္ဓေ တည်နေတော်မူပြီးသည့်နောက် ဆယ်လစေ့မြောက် တိုင်ရောက်လတ်၍ အတိတ်သာသနာ နှစ် ၂၃၉ဝ ပြည့်နှစ်၊ မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့ ညဉ့်တစ်ချက်တီးကျော်၊ ၂-ပါဒ်၊ ၂- ဗီဇနာ၊ ၅- ပြန်၊ ၁- ခရာ၊ သိဟ်လဂ်၊ တူစန်း၊ တနင်္ဂနွေဂြင်း၊ တနင်းလာနဝင်း၊ ၉- လုံး၊ ၂- ပါဒ်ထက် လက်စီးလျက် ဗီရဏီနက္ခတ် မွန်းတည့်လတ်၍ ကောင်းမြတ်သော သုနက္ခတ္တ သုမင်္ဂလကြိမ် ကြိုက်သော အချိန်တွင် ငြိမ်သက်ချမ်းမြေ့ ကြည်လင်သာယာစွာ မထေရ်မြတ်၏ လောင်းလျာ သတို့သားရတနာကို မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။