Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

လင်းလက်ကြယ်စင် - အိမ်ဖြူတော်၏အချစ်တော်များ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type
အိမ်ဖြူတော်၏အချစ်တော်များ
First Pets Presidential Best Friends
 

 

 “သင်ဟာဝါရှင်တန်မှာနေပြီး  မိတ်ဆွေ၊ အဖော်လိုချင်တယ်ဆိုရင်

 အနည်းဆုံး ခွေးတစ်ကောင်မွေးလိုက်ပါ”

အမေရိကန်သမ္မတ

 ဟင်နရီအက်စ် ထရူးမင်းန်

 

       

အိမ်ဖြူတော်ကို စိုးစံခဲ့တဲ့ သမ္မတတစ်ဦးချင်းစီအလိုက်

 သူတို့မွေးခဲ့တဲ့ အိမ်မွေးတိရစ္ဆာန် အချစ်တော်လေးတွေရဲ့ အကြောင်းကို ဤစာအုပ်ထဲမှာ အပြည့်အစုံ

ဖော်ပြပေးထားပါတယ်။

 

 

            ကျွန်ုပ်တို့နိုင်ငံ စတင်တည်ထောင်ကတည်းက လူတွေရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ကျွန်ုပ်တို့ အိမ်ဖြူတော်မိသားစုအတွင်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိတ်ဖိစီးမှုတွေ ရှိနေချိန်၊ စိတ်ရှုပ်ထွေးနေတဲ့ အချိန်တွေမှာ ကိုယ်စိတ်နှစ်ပါး သက်သာပြေလျော့သွားစေဖို့ အိမ်မွေးတိရစ္ဆာန်လေးတွေက များစွာအကူအညီပေးနိုင်ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ကျွန်ုပ်တို့အတွက် မိတ်ဆွေကောင်းအဖြစ်နဲ့သာမက စိတ်ပျော်ရွှင်အောင် ဖျော်ဖြေပေးနိုင်တဲ့သူတွေအဖြစ်နဲ့ပါ ကောင်း ကျိုးပြုတတ်ကြပါတယ်။ 

          ဒီလိုနဲ့ပဲ တိရစ္ဆာန်အမျိုးအစားပေါင်း ၄ဝဝ ကျော်ဟာ ကျွန်ုပ်တို့သမ္မတမိသားစုရဲ့ အကောင်းဆုံးသော မိတ်ဆွေတွေ ဖြစ်လာခဲ့ပြီး ကြွက်ကနေ ဝက်ဝံအဆုံး ဖွတ်၊ ပတပ်တွေကအစ ဆိတ်တွေအဆုံး အမျိုးစုံစွာ ပါဝင်တဲ့အထိ မွေးဖြစ်ခဲ့ပါတယ်။ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အမျိုးပေါင်း စုံလင်သလောက် တစ်မျိုးစီမှာလည်း အံ့သြစရာကောင်းလောက်တဲ့ အရည်အသွေးတွေ ရှိနေတာ တွေ့ ရပါတယ်။

          ဘယ် ငှက်က သမ္မတကြီးရဲ့ နားကို ဆွဲလိမ်တတ်တဲ့အကျင့် ရှိပေမဲ့ သမ္မတကတော် အတွက်တော့ သာယာချိုမြတဲ့ တေးသီချင်းတွေ သီဆိုပေးတတ်ပါသလဲ။

          ဘယ် မြင်းပုကလေး က အိမ်ဖြူတော်ရဲ့ ဓာတ်လှေကားထဲ တိတ်တိတ်ခိုးဝင် စီးသွားပြီး နေမကောင်းတဲ့ ကလေးကို သွားကြည့်တတ်ပါသလဲ။

          ဝါရှင်တန်တိရစ္ဆာန်ရုံထဲမှာ နှစ်ပေါင်း ၄၀ နီးပါးကြာအထိ ထင်ပေါ်ကျော်ကြားမှု အရှိဆုံးသော တိရစ္ဆာန်က  ဘာလဲ။

 

      

 

 ဂျော့ချ်ဝါရှင်တန် အမေရိကန်၏ ပထမဆုံးသောသမ္မတတာဝန်ထမ်းဆောင်သော ကာလအပိုင်းအခြား

၁၇၈၉ - ၇၉၇ သူ၏အိမ်မွေးတိရစ္ဆာန်များ

  ငှက်    ၁ ကောင်

  ခွေး   ၃၆ ကောင်

 မြည်း     ၄ ကောင်

 မြင်း     များပြားစွာ

 လား    များပြားစွာ

          နယ်လ်ဆင်ဟာ ဂျော့ခ်ဝါရှင်တန်ရဲ့ အချစ်ဆုံးမြင်းတစ်ကောင် ဖြစ်ပါ တယ်။ သူဟာ နီညိုတဲ့အရောင်အသွေးရှိပြီး သူ့သခင်လိုမျိုး ရဲရင့်တဲ့ စိတ်ဓာတ်ရှိသူ ဖြစ်ပါတယ်။ စစ်တလင်းပြင်အတွင်း သေနတ်တွေ၊ အမြောက်တွေ ပစ်ခတ်နေချိန်မှာတောင် သူက တည်ငြိမ်စွာနဲ့ သခင်ရဲ့ အမိန့်ကို နာခံတတ် လေ့ရှိပါတယ်။ သူရဲ့ တာဝန်ကျေပွန်မှုကို အသိ အမှတ်ပြုတဲ့အနေနဲ့ တော်လှန်ရေး ပြီးသွားတဲ့နောက်ပိုင်းမှာ သူ့သခင် က သူ့ကို “မောင့်တ် ဗာနွန်စားကျက်ကွင်းမှာ အနားယူစေခဲ့ပါတယ်။ ထိုအချိန်က စပြီး နယ်လ်ဆင်ကို ဘယ်သူကမှ စီးခွင့်မရှိတော့သလို သူ့ ကို ထပ်မံခိုင်းစေခြင်းကိုလည်း ဘယ်သူမှ လုပ်ခွင့်မရှိတော့ပါဘူး။

 

          ဆွိလစ်ပ် ဆိုတဲ့ အမည်ပိုင်ရှင်နဲ့ မဒမ်မောစ် ဆိုတဲ့ အမည်ပိုင်ရှင် လှပတဲ့ခွေးလေးတွေဟာ ဝါရှင်တန်ရဲ့ အသည်းကျော်လေးတွေအဖြစ် နာမည်ကြီးသလောက် အထူးနေရာပေးခြင်းကိုလည်း ခံရသူတွေ ဖြစ် ပါတယ်။ အချိန်ကာလတွေ အတန်ကြာပြီးတဲ့နောက်မှာတော့ မြေခွေး လိုက်အားကစားအတွက် ဗာဂျီးနီးယား အမဲလိုက်ခွေးတွေကို ဂျော့ချ် ဝါရှင်တန်က မွေးမြူခဲ့ပါတယ်။

 

         တော်ဝင်လက်ဆောင်ဆိုတာဟာ အမေရိကရဲ့ ပထမဆုံးသော အိမ်မွေး တိရစ္ဆာန်မြည်းထီးဖြစ်ပြီး စပိန်ဘုရင်က သမ္မတဝါရှင်တန်ကို ပေးတဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ မြည်းသီးကို လက်ဆောင်ရပြီး နောက်ပိုင်း ဝါရှင်တန်က သူ့မြည်းထီးအတွက် အဖော်မြည်းမတစ်ကောင် လိုက်ရှာခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ မြည်းထီးနဲ့ မြည်းမ တို့ကနေ သားအကောင်ရေများများ မွေးဖွားလာနိုင်အောင် ဖြစ်ပါတယ်။ ဝါရှင်တန်ဟာ တော်လှန်ရေးကာလအတွင်း ပြင်သစ်အရာရှိတစ်ဦးထံက နေ မြည်းသုံးကောင်ကို လက်ခံရရှိပြီးနောက်ပိုင်း လားအကောင်ရေ များစွာကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

        

         ပိုလီ လို့ခေါ်တဲ့ အစိမ်းရောင်ကြက်တူရွေးကိုတော့ သမ္မတကတော်က ပိုင်ဆိုင်ပါတယ်။ သမ္မတကတော် မာသာဝါရှင်တန်ဟာ သူမရဲ့ ကြက်တူ ရွေးပိုလီကို ပြင်သစ်သီချင်းတစ်ပုဒ် ဆိုတတ်စေဖို့ ၁၀ ရက်ကြာ အချိန် ပေးပြီး သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း သမ္မတ ဝါရှင် တန်က အဲဒီငှက်ကို အယုံအကြည် မရှိသလို ချစ်လည်း မချစ်ဘူးလို့ ဆိုပါတယ်။ ကြက်တူရွေးပိုလီနဲ့ သမ္မတဝါရှင်တန်တို့ အခန်းတစ်ခန်း ထဲမှာ ရှိနေတဲ့အချိန်တွေဆို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စောင့် ကြည့်သတိထားတတ်ကြတယ်လို့ အိမ်ဖြူတော် အသိုင်းအဝန်းက ဆို ပါတယ်။

 

သောမတ်စ် ဂျက်ဖာဆန် အမေရိကန်၏ တတိယမြောက်သမ္မတ

တာဝန်ထမ်းဆောင်သော ကာလအပိုင်းအခြား ၁၈၀၁ - ၁၈၁၉

သူ၏အိမ်မွေးတိရစ္ဆာန်များ

ငှက်    ၃ ကောင်

ခွေး    ၂ ကောင်

ဝက်ဝံ ၂ ကောင်

မြင်း   ၉ ကောင်

 

 ဒစ်ခ်ဆိုတဲ့ အဖြူ၊ အမည်း အရောင်နှစ်မျိုးပါ မြေလူးငှက်ဟာ အမေရိကန် သမ္မတ ဂျက်ဖာဆန် အနှစ်သက်ဆုံးသော အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်ပါတယ်။ အဲဒီမြေလူးငှက်ဟာ သမ္မတရဲ့ ပခုံးပေါ်မှာ အမြဲတစေ တက် စီးနေတတ်ပြီး သမ္မတရဲ့ အပေါ်အောက် နှုတ်ခမ်းနှစ်လွှာက အစားစာတွေကို ဘယ်လို ဆွဲယူစားသုံးတယ်ဆိုတာကို အသေအချာကြည့်၊ လေ့လာသင်ယူ လေ့ရှိသူ ဖြစ်ပါတယ်။

           နောက်ပြီး အဲဒီမြေလူးငှက်ဟာ သမ္မတကြီး တယောထိုးတိုင်း တယောသံစဉ်နဲ့ စည်းဝါးညီစွာ သီချင်းဆိုတတ်တဲ့ပုံဖမ်းပြီး သီချင်းလိုက်ညည်း တတ်ပါတယ်။ ဒစ်ခ်က အဲဒီလို လုပ်ရတာကို နှစ်သက်ပုံရတယ်လို့ အိမ်ဖြူ တော်ရဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။ 

          သမ္မတကြီးက အိပ်စက်ဖို့ အပေါ်ထပ် တက်သွားချိန်တွေမှာလည်း သမ္မတကြီး ခြေတစ်လှမ်းလှမ်းတိုင်း ဒစ်ခ်က တစ်ကြိမ် ခုန်ဆွပြီး နောက်က တောက်လျှောက် လိုက်တတ်ပါသေးတယ်။

         ဂရစ်ဇလီလို့ခေါ်တဲ့ ဝက်ဝံခေါင်းဖြူတွေ သင့်အိမ်ဝင်းထဲက မြက်ခင်းထဲ အစာစားနေတဲ့ပုံကို စိတ်ကူးပုံဖော်ကြည့် ပေးပါ။ သင်က ဝက်ဝံကို ချစ်တဲ့သူဆိုရင်တော့ အရမ်းကို ကြည်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုအဖြစ် သင်က သတ်မှတ်ပါလိမ့်မယ်။ သမ္မတ ဂျက်ဖာဆန်ဟာ ၁၈၀၇ ခုနှစ်အတွင်း “ဇီဘူလွန်ပိုက်ခ်”လို့ အမည်ရတဲ့ အနောက် တိုင်းသား စူးစမ်းရှာဖွေသူဆီကနေ ဂရစ်ဇလီဝက်ဝံခေါင်းဖြူ၊ အကောင်ပေါက်လေး နှစ်ကောင်ကို လက်ဆောင် အဖြစ် လက်ခံရရှိခဲ့ပါတယ်။ ဂျက်ဖာဆန်က အဲဒီဝက်ဝံပေါက်လေးနှစ်ကောင်ကို မြက်ခင်းပြင်မှာပဲ လှောင်အိမ်နဲ့ ထည့်မွေးထားလိုက်တယ်။ အဲဒီမြက်ခင်းဟာ နောက်ပိုင်းမှာ “ဂျက်ဖာဆန်ရဲ့ ဝက်ဝံဥယျာဉ်”အဖြစ် ထင်ရှားလာခဲ့ ပါတယ်။

          ဆောင်းရာသီ ရောက်လာချိန်မှာတော့ ဂျက်ဖာဆန်ဟာ အဲဒီဝက်ဝံနှစ်ကောင်ကို ဖီလာဒဲလ်ဖီးယားမှာနေတဲ့ မိတ်ဆွေတစ်ဦးဆီ ပို့လိုက်ပြီး အဲဒီမိတ်ဆွေကပဲ ဝက်ဝံနှစ်ကောင်ကို အချိန်ပြည့် ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။