Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

လင်းလက်ကြယ်စင် - ထူးဆန်ထွေလာငါးမန်းတို့ကမ္ဘာ

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out
Type
SURPRISING SHARK 
ထူးဆန်းထွေလာ ငါးမန်းတို့ကမ္ဘာ

 

     ငါ့ကိုစောင့်ပါဦး

 

     သင်က ပူနွေးစိမ်းပြာတဲ့ ပင်လယ်ထဲမှာ ရေကူးနေပါတယ်။ သင့်ရဲ့ ပျော်စရာအိပ်မက်ကို အိပ်မက်ဆိုးတစ်ခု ဖြစ်အောင်ပြောင်းပစ်လိုက်တဲ့ စကားလုံးရှိမယ်ဆိုရင် အဲဒီစကားလုံးက ဘာဖြစ်မလဲ။

   

     ဧရောမ လူသားစားသတ္တဝါကြီးတစ်ကောင်ကို စဉ်းစားမိစေတဲ့ စကားလုံးတစ်လုံးက

     ဘာဖြစ်မလဲ

     င..င...ငါ...ငါး..ငါး...မန်း

     ငါးမန်း.. ဟုတ်တယ် ... ငါးမန်းတစ်ကောင်ပါ။

 

 

       ပိုးစုန်းကြူးငါးမန်း (DWARF LANTERN SHARK) ' တစ်ကောင် ဖြစ်ပါတယ်။ 

၎င်းဟာ ကမ္ဘာပေါ်မှာအသေးဆုံးငါးမန်းအမျိုးအစား ဖြစ်ပါတယ် ချောကလက်ချောင်း တစ်ချောင်းထက် နည်းနည်းပဲ ပိုကြီးပါတယ်။

      ဧရာမအကောင်ကြီး မဟုတ်သလို လူသားလည်း မစားပါဘူး။ သင်က ပုစွန် မဟုတ်ဘူးဆိုရင် သူက သင့်ကို သတ်မှာ မဟုတ်ပါဘူး။

 

 ငါးမန်းအများစုက သင် မျှော်လင့်ထားသလို ပုံစံမျိုး မဟုတ်ကြပါဘူး။ ဘယ်သူကကော ငါးမန်းတွေကို ... ……………..

     

         

         ပိုးစုန်းကြူးငါးမန်းတွေရဲ့ ဝမ်းဗိုက်ပိုင်းမှာ အလင်းထွက်စေတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှိပါတယ်။ အဲဒီလိုအလင်း ထွက်တာကြောင့် သူတို့ဟာ ငွေရောင်တဖျပ်ဖျပ်လတ်နေတဲ့ ပင်လယ်ရေမျက်နှာပြင်နဲ့ ရောယှက်နေနိုင် ပြီး ငါးကြီးတွေရဲ့ အစာမဖြစ်အောင် ၊ ရှောင်နိုင်ပါတယ်။ ပုံမှာပါတဲ့ BLIGIBIYARN SMILIRI အပါအဝင်ပေါ့ဆန်းပြားတဲ့ မီးရောင်တွေနဲ့ ဖွဲ့စည်းထားမယ်၊ သို့မဟုတ် မွေးနေ့ပွဲမှာ အလှဆင်တဲ့ပူဖောင်းတစ်လုံးလို ဖောင်းကားလာလိမ့်မယ်လို့ မျှော်လင့်ထားမိမှာလဲ

        

 

          ကြောင်ငါးမန်းတွေ (WELLMARM) ကြောက်လန့်တဲ့အခါ ရေတွေကို ငုံထားလိုက် ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ ရှိရင်းစွဲ အရွယ်ပမာဏထက် သုံးဆလောက်အထိ ကြီးထွားလာလို့ သူ ခိုအောင်းရာ ကျောက်ဆောင်ကြားကနေ အမဲလိုက်တဲ့ သားရိုင်းက ဆွဲထုတ်လို့ မရတော့ပါဘူး။

 

         WOBBLOG လို့ ခေါ်တဲ့ ဒီဩစတြေးလျငါးမန်းမျိုးဟာ ပင်လယ်ရေအောက်က ကျောက်တုံး၊ ကျောက်ဆောင်တွေ၊ သန္တာကျောက်တန်းတွေနဲ့ အသွေးအရောင် ပုံစံချင်းတူတဲ့ အရေခွံရှိပါတယ်။ သူဟာ ဒီနည်းနဲ့ အသွင်ဖျောက်ပြီး ခရု၊ ကမာ၊ ဂဏန်းနဲ့ ငါးငယ်ကလေးတွေကို ဖမ်းယူထားပါတယ်။

 

   ဒါမှမဟုတ် ပင်လယ်ကြမ်းပြင်မှာ ကော်ဇောအဟောင်းတစ်ချပ်လို ပြားပြားဝပ်ပြီး ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ……………..