လင်းလက်ကြယ်စင် - တံတိုင်းခြားနေတဲ့အခါ
ဒါဟာ
တံတိုင်းကြီးတစ်ခုပါ။ ကျွန်တော့် အဘိုးရဲ့ တံတိုင်းကြီးပေါ့။ တံတိုင်းပေါ်မှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ပွဲအတွင်း ကျဆုံး စတေးခံခဲ့ရတဲ့သူတွေရဲ့ နာမည် တွေ ရှိနေပါတယ်။
"ဘိုးဘိုးရဲ့ နာမည်က ဘယ်နားမှာလဲ“ကျွန်တော်က အဖေ့ကိုမေးတော့ အဖေ က ”ငါတို့ ရှာကြည့်ကြတာပေါ့ သားရယ်” လို့ ပြန်ဖြေပါတယ်။
ကျွန်တော်နဲ့ အဖေက အဘိုးရဲ့ နာမည်ကိုရှာတွေ့ဖို့ အုတ်တံတိုင်းတစ်လျောက် အတော်ဝေးဝေးထိရောက်အောင် .. လျှောက်လာရင်း ကြည့်လိုက်ကြတယ်။
ကျွန်တော်တို့က နာမည် ကိုရှာရင်းနဲ့ ... ဖြည်းဖြည်းချင်း လျှောက်နေဆဲပါပဲ..။
တံတိုင်းကြီးက မည်းနက် ပြီး မှန်ကြီးတစ်ချပ်လိုမျိုး တောက်ပြောင်နေတယ်လေ။ တံတိုင်းကြီး က မှန်လိုပြောင်နေတော့ သူ့ထဲ မှာ ကျွန်တော်နဲ့ အဖေရဲ့ လှုပ်ရှားမှု တွေကိုတောင် မြင်တွေ့နေရတာ ပေါ့။
ကျွန်တော်က မှန်လိုမျိုး ၊ ဖြစ်နေတဲ့ တံတိုင်းကြီးကို အသေ အချာ ကြည့်မိတော့ ကျွန်တော်တို့ နောက်မှာ အရွက်ကင်းမဲ့ပြီး အရိုး အပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်ကြီး တွေနဲ့ လေထဲ လွင့်မျောနေတဲ့ တိမ်တိုက်တွေကို အတိုင်းအသား တွေ့နေရပါတယ်။
ထိုအချိန်မှာ ကျွန်တော်တို့လိုမျိုး အုတ်တံတိုင်းပေါ်က နာမည်ကို ရှာနေတဲ့သူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူက ဘီးတပ်ကုလား ထိုင်ကို ကိုယ်တိုင်တွန်းရင်းနဲ့ နာမည်ရှာနေတာလေ။ အဲဒီလူမှာ ခြေနှစ်ဖက် စလုံး မရှိရှာတော့တာတွေ့ရပါတယ်။
ကျွန်တော်က အဲဒီလူကို ကြည့်နေလိုက်တယ်။ ကျွန်တော်ကြည့် နေတာကိုတွေ့တော့ အဲဒီလူက ပြုံးပြတယ်။
“ဟိုင်း သားငယ်လေး"
“ဟိုင်း"
သူ့ဦးထုပ်က အစိမ်းရောင်ရှိပြီး ပျော့ပြောင်းတယ်။ ဦးထုပ်ပေါ် မှာလည်း ဆုတံဆိပ်တွေက အများကြီး။ သူ့ဘောင်းဘီကို အပေါ်ပြန်ခေါက် ထားသေးတယ်။ နောက်ပြီး သူ့ရှပ်အင်္ကျီကလည်း စစ်အင်္ကျီပဲလေ။
အုတ်တံတိုင်းတစ် လျောက်မှာ ပန်းတွေနဲ့ အခြားသော ပစ္စည်း တွေကို လွမ်းဆွတ် တသတဲ့ အထိမ်းအ မှတ်ပစ္စည်းတွေအဖြစ် အစီအရီထားထားတာ တွေ့ရပါတယ်။
နောက်ပြီး အလံလေးတွေ၊ ဝက်ဝံရုပ်လေးတွေ၊ စာတွေကို လည်း တွေ့ရပါတယ်။ စာနဲ့ အခြား
ပေါ့ပါးတဲ့အရာတွေ လေတိုက်ပြီး လွင့်မသွား စေဖို့ ကျောက်တုံးလေးတွေနဲ့တောင် ဖိပေးထားပါသေးတယ်။
အချို့က တံတိုင်းအောက်မှာ နှင်းဆီပွင့်လေးကိုထားလို့ ( ခေါင်းငိုက်စိုက်ချပြီး ထွက်သွားကြတာ တွေ့ရပြန်တယ်။
"အဘိုးကို အခုထိ မတွေ့သေးဘူးလား”လို့ ကျွန်တော်ကမေးတော့ “အေး မတွေ့သေးဘူးကွဲ။ နာမည်တွေက များလွန်းတော့ အလွယ်တကူရှာလို့ မတွေ့နိုင်တော့ဘူးပေါ့။