လင်းလက်ကြယ်စင် - ဂူအောင်းလူသားလေးကိနှင့်ပထမဦးဆုံးအချစ်တော်ခွေး
ရှေးရှေးတုန်းက ပလိုင်တိုဆင်လို့ခေါ်တဲ့ ရေခဲခေတ်ကာလမှာ “ကိ'ဆိုတဲ့
ဂူအောင်းလူသားကလေးတစ်ယောက် ရှိတယ်။
တစ်ရက်မှာ သူဟာ အိမ်အပြန်လမ်းအတိုင်း ခုန်ပေါက်ပြေးလွှား ပြန်လာခဲ့တယ်။
သူဟာ အော်ရို့ချ (Aurochs) လို့ခေါ်တဲ့ နွားရိုင်းကြီးတွေ၊ (ဂူအောင်းဝက်ဝံတွေ၊ ဦးချိုအကြီးကြီးပါတဲ့ သမင်တွေ (Megacaros) ကို ရှောင်ရှားလာခဲ့တယ်။
အမွေးထူကြံ့ကြီးတွေ၊ မြင်းရိုင်းကြီးနဲ့ ဧရာမဆင်ကြီးကိုလည်း ရှောင်တိမ်းခဲ့တယ်။
သူဟာ ပင်ပန်း ဆာလောင်နေခဲ့ပြီး အိမ်ပြန်ရောက်ဖို့ကလည်း အဝေးကြီး လိုပါသေးတယ်။
ကျောက်ဆောင်ကြီးတစ်ခုကို တွေ့တဲ့အချိန်အထိ သူရှေ့ဆက်လာခဲ့တယ်။ အဲဒီနေရာဟာ ခဏနားနေဖို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ “ကိ”က သူ့အိတ်ထဲမှာရှိတဲ့ အမွေးထူကြံ့ရဲ့ နံရိုးတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။မီးကင်ထားလို့ မီးခိုးနံ့သင်းပြီး အရသာချိုမြိန်နေတုန်းပါပဲ။
ရုတ်တရက်ဆိုသလို စားကြွင်းစားကျန် ရှာနေတဲ့ ဝံပုလွေတစ်ကောင် ပေါ်လာပါတယ်။
ဝံပုလွေရဲ့ နှာခေါင်းက ရှုံ့ပွရှုံ့ပွ ဖြစ်လာတယ်။ သူက ဘေးဘယ်ညာကို နှာခေါင်းရှုံ့ အနံ့ခံ ကြည့်ပါတယ်။
“မင်း ဘာလုပ်နေတာလဲ”လို့ “ကိ”က ဝံပုလွေကို ကျီစယ်တယ်။
“ဘာမှမရှိတာ အနံ့ခံနေတော့ ဘာတွေ့မှာလဲ….