Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

လင်းလက်ကြယ်စင် - ကြောင်တွေဘာကြောင့်ညောင်ညောင်အော်ကြသလဲ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဘာကြောင့်ညောင်ညောင်အော်ကြသလဲ

 

ဒီစာအုပ်ကို ဖတ်ရင်းနဲ့ ဘာတွေလုပ်လို့ရသလဲ

 

နားလည်ခြင်း

ကြောင်လေးတွေရဲ့ အကြောင်း အောက်မှာပေးထားတဲ့ မေးခွန်းတွေကို ဖြေကြည့်ပါ။

 

    - ကြောင်ပေါက်စလေးတစ်ကောင်ဟာ သူ့အမေဆီက

       ဘယ်အချိန်မှာ ခွဲသွားနိုင်သလဲ။

    - ကြောင်တွေ ဒေါသထွက်တဲ့အခါ၊ သို့မဟုတ်

       ကြောက်ရွံ့တဲ့အခါ ဘာလုပ်ကြသလဲ။

    - ကြောင်တစ်ကောင်က သားသားမီးမီးတို့ဆီကို ကြွက်၊ ဒါမှမဟုတ် 

       ငှက်တစ်ကောင်ကို ကိုက်ချီလာတဲ့အခါ

       ဘာအဓိပ္ပာယ်ကို ဆောင်သလဲ။

    - ကြောင်တစ်ကောင်ရဲ့ နှုတ်ခမ်းမွေးဟာ သူ့ကို အမှောင်ထဲမှာ လမ်းရှာလို့ရအောင် 

       ဘယ်လိုကူညီပေးပါသလဲ။

 

နှိုင်းယှဉ်ခြင်း

          အိမ်မွေးကြောင်နဲ့ ကျား၊ ခြင်္သေ့တို့လို ကြောင်မျိုးနွယ်သားရဲ တိရစ္ဆာန်တွေမှာ တူတာတွေ အများကြီး ရှိပါတယ်။ သူတို့က အမဲလိုက်ရတာကို ကြိုက်တယ်။ တစ်ကောင် | တည်း အေးအေးဆေးဆေး နေတတ်တယ်။ ကစားတတ်တယ်။ ဥပမာ - အိမ်မွေး

ကြောင်တစ်ကောင်က ပြတင်းပေါက်ခုံပေါ်မှာ တစ်ကောင်တည်း အေးအေးလူလူ နေရတာကို ကြိုက်တယ်။ ဒါပေမဲ့ ခြင်္သေ့တစ်ကောင်ကတော့ တောအုပ်ထဲက သစ်ပင် | တစ်ပင်အောက်မှာ တစ်ကောင်တည်း နေရတာကို ပိုကြိုက်လိမ့်မယ်။ စာရွက်တစ်ရွက်စီပေါ်မှာ အိမ်မွေး ကြောင်နဲ့ ကြောင်မျိုးနွယ် တောရိုင်းတိရစ္ဆာန်တွေရဲ့ မတူတဲ့ နေထိုင်မှု ပုံစံတွေကို ချရေးပါ။

 

ကြောင်တွေကို ချစ်ကြပါသလား 

          ကြောင်ကို ချစ်တဲ့လူတွေ အများကြီး ရှိပါတယ်။ အမေရိကမှာဆိုရင် ကြောင်တွေဟာ လူကြိုက်အများဆုံး အိမ်မွေးတိရစ္ဆာန်ထဲမှာ ပါပါတယ်။ ခွေးတွေက ဒုတိယနေရာမှာ ရှိတယ်။ 

         ကြောင်တွေက သူငယ်ချင်းကောင်းတွေပါ။ အိမ်မွေးကြောင် အများစုဟာ ကဲတယ်၊ ဆော့တယ်။ ပွေ့ဖက်ချင်စရာ ချစ်ချင်စရာကောင်းပါတယ်။

 

 

 

အကြီးဆုံးကြောင်ကဘယ်လောက်ကြီးသလဲ

          မှတ်တမ်းအရ အိမ်မွေးကြောင်တစ်ကောင်ဟာ လေးဆယ့်ခုနစ်ပေါင်တောင် အလေးချိန်စီးသတဲ့။ အကြီးစားကြီးပါပဲ။ သူ့အလေးချိန်က ခြောက်နှစ်အရွယ် ကလေးတစ်ယောက်မှာ ရှိသလောက် ရှိပါတယ်။ 

          ဒါပေမဲ့ အိမ်မွေးကြောင် အများစုကတော့ စောစောကပြောတဲ့ ကြောင်ထက် အများကြီး ပိုသေးငယ်ကြပါတယ်။ သူတို့ရဲ့ အလေးချိန်က ခြောက်ပေါင်ကနေ ရှစ်ပေါင်လောက်အထိပဲ ရှိပါတယ်။

          သားသားမီးမီးတို့ကြောင်က အလေးချိန် ဘယ်လောက်ရှိသလဲ။ အလေးချိန် သိအောင် ဘယ်လိုလုပ်ရသလဲ ပြောပြမယ်နော်။ ပေါင်ချိန်စက်ပေါ် တက်ပြီး ကိုယ့်ကိုယ်ကိုယ် ချိန်ပါ။ ပြီးတော့ ကိုယ့်ရဲ့ ကြောင်ကို ပိုက်ပြီး စက်ပေါ် နောက်တစ်ခါ တက်ပြီးတော့ ချိန်ပါ။ ပထမအကြိမ် ပေါင်ချိန်လို့ရတဲ့ ဂဏန်းကို ဒုတိယအကြိမ် ချိန်လို့ရတဲ့ ဂဏန်းထဲက နုတ်ပေးပါ။ ဒါဆိုရင် အခု သားတို့ သမီးတို့ကြောင်ရဲ့ အလေးချိန်ကိုသိရပြီပေါ့။

 

 

မွေးကင်းစ ကြောင်ကလေးတွေက

ဘယ်လောက်သေးသလဲ 

          မွေးကင်းစ ကြောင်ကလေးတစ်ကောင်က သေးလွန်းလို့ လက်ဖဝါးထဲမှာ ထည့်ထားလို့ ရပါတယ်။ အလေးချိန် လေး၊ ငါး အောင်စလောက်ပဲ ရှိတာပါ။

         ကြောင်ကလေးတွေ မွေးစအချိန်မှာ မြင်လည်း မမြင်နိုင်၊ ကြားလည်း မကြားနိုင်ပါဘူး။

         မွေးပြီး တစ်ပတ်လောက်၊ သို့မဟုတ် တစ်ပတ်ကျော် ကြာမှ ကြောင်ကလေးရဲ့ မျက်လုံး ပွင့်ပါတယ်။ ရှစ်ပတ်ကနေ ဆယ့်နှစ်ပတ်အရွယ်ရတဲ့အချိန်မှာ နို့ခွဲပြီး အမေဆီက ခွာနိုင်ပါပြီ။

         ခြောက်လသား အရွယ်လောက် ရောက်သွားတဲ့အခါ ကြောင်ကလေးဟာ အကောင်ခုတ် (အမဲလိုက်) နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ပါပြီ။

 

 

ကြောင်တစ်ကောင်ကကြောင်ကလေး 

ဘယ်နှကောင်လောက် မွေးပေးနိုင်သလဲ

           ကြောင်မေမေက တစ်ကြိမ်မှာ ကြောင်ကလေး နှစ်ကောင်ကနေ ငါးကောင်အထိ မွေးပေးပါတယ်။ တစ်နှစ်မှာ ကြောင်ကလေး အကောင်နှစ်ဆယ်ကျော်ကို ကြောင်မေမေက မွေးပေးနိုင်ပါတယ်။

          ကြောင်တစ်ကောင်ဟာ သူ့တစ်သက်တာလုံးမှာ ကြောင်ကလေးပေါင်း လေးရာလောက် မွေးပေးလို့ ရပါတယ်။

         ကြောင်ကလေးတွေက ချစ်စရာ၊ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ကြောင်ကလေးတွေ အများကြီးအတွက် နေစရာအိမ်ရှာဖို့တော့ ခက်ခဲနိုင်ပါတယ်။