Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - အက်ဖ်ဘီအိုင်အတွင်းရေး

Regular price 4,300 MMK
Regular price Sale price 4,300 MMK
Sale Sold out
အက်ဖ်ဘီအိုင်
အဖေ့ထက် တစ်လကြီးသောသား
 

          ထုထည်အားဖြင့် ခိုင်ခံ့ကြီးမားသလောက် ခံ့ညားထည်ဝါလှသည့် ဤလေးထပ်တိုက် အဆောက်အအုံကြီးကို အနီးအပါးမှ ဖြတ်သန်းသွား လာသူတိုင်း အချို့က အမှတ်မထင် ငဲ့စောင်း၍သော်လည်းကောင်း၊ အချို့က မူ ဂရုတစိုက် စူးစိုက်သော မျက်လုံးတို့ဖြင့်သော်လည်းကောင်း ကြည့်သွားလေ့ ရှိကြသည်ကို တွေ့ရသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်သို့ တစ်ခါတစ်ခေါက် ရောက်ဖူးသူတိုင်းအဖို့ ဤမြို့တော် ကြီး၏ အချက်အချာနေရာ ဒေသတစ်ခုဖြစ်သော ပဲန်ဆဲလ်ဘေးနီးယား ရိပ် သာ ၉ လမ်း ပေါ်မှ ဤအဆောက်အအုံကြီးကို ထူးထူးဆန်းဆန်း မှတ်မှတ် ရရကြည့်သွားကြသူများမှာ အရေအတွက်အားဖြင့် မနည်းလှပေ။

          သို့သော် မျက်မှောက်ကာလ နှစ်ဆယ်ရာစုနှစ်၏ အာကာသခေတ် နှင့်အညီ ဗိသုကာပညာရှင်များ၏ လုံ့လဥဿာဟ တီထွင်ကြံဆမှုများကြောင့် လှပဆန်းကြယ်အံ့ဖွယ်ကောင်းလှသည်နှင့်အမျှ မိုးထိနီးပါးမြင့်မား လှသည့် အဆောက်အအုံကြီးများဖြင့် ပြည့်ကျပ်ပြွတ်သိပ်နေသည့် အမေ ရိကန် ပြည်ထောင်စုကြီးတွင် သာမန်မျက်စိဖြင့် ကြည့်ပါလျှင်မူ ဝါရှင်တန် 

(၁။ 9 th: Street; Pennsylvania Avenue.)

မြို့တော်တစ်နေရာမှ လေးထပ်မျှသာရှိသည့် ဤအဆောက်အအုံသည် ဘာ တစ်ခုမျှ “ထူးထူးဆန်းဆန်း”မရှိ၊ “မှတ်မှတ်ရရ” ကြည့်စရာလည်း မလိုဟု ထင်မှတ်ရသည်။ ထုထည်ကောင်းလှသည့် အုတ်သားနံရံကြီးများသည် လည်းကောင်း၊ ရောင်ပြန်ဟပ်နေသည့် မှန်ပြတင်းများသည် လည်းကောင်း၊ ဆင်ဝင်တံခါးမကြီး၏အပေါ် ဒုတိယထပ် လသာဆောင် အလယ်တည့် တည့်၌ ရှည်လျားလှသည့် တိုင်တစ်တိုင်၏ ထိပ်ဖျားမှ လေအဖွဲ့ တွင် အလိုက်သင့် ယိမ်းနွဲ့ လှုပ်ရှား၍ ဖားလျားကျနေသည့် အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံသည်လည်းကောင်း၊ ဤအလံတိုင်၏တစ်ဖက် တစ်ချက်တွင် ခေါ်မရောမခေတ်က ဗိသုကာများ၏လက်ရာများကို စံနမူနာ ယူထားဟန်တူသည့် ရှည်လျားကြီးမားလှသော ပွတ်လုံးခံတိုင်ကြီး နှစ်လုံး သည်လည်းကောင်း ဤသို့အားဖြင့် ဤအဆောက်အအုံကြီး တစ်ခုလုံးကို ခြုံ၍ကြည့်လျှင် ခိုင်ခံ့ကြီးမားသည်”၊ “ထည်ဝါ ခံ့ညားသည်” ဟူသော နာမ ဝိသေသနများက လွဲ၍ လှပဆန်းကြယ် အံ့သြဖွယ်ကောင်းလှသည့် အဆောက်အအုံတစ်ခုဟူ၍ ထင်မှတ်စရာမရှိ၊ ရှုကြည့်စရာမလို။ ထိုထိုသော အဆောက်အအုံများတွင် အပါအဝင် သာမန်အဆောက်အအုံတစ်ခုမျှသာ ဖြစ် သည်။ 

         သို့ပါလျက် နေ့စဉ်ရက်ဆက် ဤရပ်ကွက် ဤနေရာမှ အမြဲတစေ ဖြတ်သန်းသွားလာနေကြရသော ဝါရှင်တန်မြို့သူမြို့သားများအဖို့ ဤ အဆောက်အအုံကြီးရှေ့သို့ ရောက်တိုင်းရောက်တိုင်း အမှတ်မထင် စောင်းငဲ့၍ ကြည့်ဖြစ်အောင် ကြည့်မိကြသလို အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးမှ တစ်စုံတစ်ခုသော အကြောင်းကိစ္စဖြင့် ဝါရှင်တန်မြို့တော်သို့ ခေတ္တခဏ ရောက်ရှိလာကြသူများအဖို့ရာ၌လည်း ဤအဆောက်အအုံကြီးကို “ထူးထူး ဆန်းဆန်း မှတ်မှတ်ရရ” ကြည့်ဖြစ်အောင် ကြည့်သွားကြရသည်။ အဘယ် ကြောင့်ပါနည်း။

          ဤပဟေဠိ မေးခွန်းပုစ္ဆာကို အတိုချုံး၍ အကျဉ်းရုံးဖြေကြားရမည် ဆိုပါက ဝါရှင်တန်မြို့တော် ပဲန်ဆဲလ်ဗေးနီးယားရိပ်သာ ၉ လမ်းပေါ်မှ ဤ အဆောက်အအုံကြီးသည် အသွင်အားဖြင့် ခိုင်ခံ့ကြီးမားလှ၍ အမြင်အားဖြင့်ထည်ဝါခံ့ညားလှသည်ထက် အတွင်းအဇ္ဈတ္တ အနှစ်သာရအားဖြင့် အမေရိ ကန်ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဘုန်းတော်ကြီးများနှင့် တရားဟောဓမ္မ ဆရာများမှအစ သူခိုး၊ ဓားပြများနှင့် လူသတ်သမားများအထိ လူကောင်း ရော လူဆိုးပါ၊ သူတော်စင်ရော သူယုတ်မာပါ ဖိန့်ဖိန့်တုန်၍ သိမ့်သိမ့်ခုန်ရလောက်အောင် သြဇာအာဏာ စူးရှထက်မြက်လှသည့် အက်ဖ်ဘီအိုင် ခေါ် ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးအဖွဲ့ (ဝါ)အမေရိကန်စုံထောက်အဖွဲ့ ကြီး၏ ရုံးစိုက်ရာ ဌာနချုပ် အဆောက်အအုံကြီးပင် ဖြစ်သောကြောင့်တည်း။

          အမေရိကန်ပြည်ထောင်စုအစိုးရ၏ လက်အောက်ခံ အဖွဲ့ အစည်း များအနက် အင်္ဂလိပ်ဘာသာအားဖြင့် အတိုကောက် စားလုံးသုံးလုံးစီဖြင့် ခေါ်ဝေါ်ထင်ရှား လူသိများနေသည့် အဖွဲ့အစည်းကြီး နှစ်ခုရှိသည်။ တစ်ခုမှာ စီအိုင်အေခေါ် ဗဟိုစုံစမ်းထောက်လှမ်းရေးအဖွဲ့(ဝါ) အမေရိကန် သူလျှိုအဖွဲ့ ကြီးJ ဖြစ်၍ ကျန်တစ်ခုမှာ ယခု အက်ဖ်ဘီအိုင်(ခေါ်) ပြည်ထောင်စု စုံစမ်း ထောက်လှမ်းရေးအဖွဲ့ ကြီးပင် ဖြစ်သည်။

          ယင်းအဖွဲ့ကြီး နှစ်ခုအနက် စီအိုင်အေ သူလျှိုအဖွဲ့ကြီးမှာ အမေရိ ကန်ပြည်ထောင်စုတစ်ဝန်းလုံးရှိ နိုင်ငံခြားသူလျှိုများ၊ နိုင်ငံခြားသံရုံးများနှင့် အမေရိကန်အစိုးရအား နိုင်ငံခြားအကူအညီ အထောက်အပံ့ ပယောဂဖြင့် ဖြုတ်ချရန် လျှို့ဝှက်ကြိုးပမ်းနေသူများ၊ အမေရိကန်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်နေသူများ စသည့် ‘မြေအောက် အကြမ်းဖက်သမားများကို တန်ပြန် သူလျှိုလုပ်ငန်းဖြင့် စုံစမ်းထောက်လှမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်ကြရသည်။ စီအိုင်အေ သူလျှိုအဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများမှာ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကအထိ အထက် ပါအတိုင်း ပြည်တွင်းမှ နိုင်ငံခြားသူလျှိုများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံခြား အဆက်အသွယ်ဖြင့် အမေရိကန် အစိုးရအား ပုန်ကန်တော်လှန်ရန် ကြံစည် သည့် အမေရိကန်အမျိုးသားများအား စုံစမ်းထောက်လှမ်းရေးသာ အဓိက ဖြစ်ခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဥရောပ၌ 

(၁။ FBI : Federal Bureau of Investigation 

 ၂။ CIA:Central Intelligence Agency)

ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာခဲ့ပြီးနောက် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာ လ ၇ ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ပုလဲဆိပ်ကမ်းရှိ အမေရိကန် ရေတပ်စခန်းကို ဂျပန်လေတပ်က အလစ်တွင် ဝင်ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ ရာမှ ဂျပန်အစိုးရ၏ လျှို့ဝှက်သော အကြံအစည်ကို ကြိုတင်မသိခဲ့သဖြင့် သာ ယခုကဲ့သို့ အငိုက်မိခံလိုက်ရခြင်းဖြစ်သည်ဟု သုံးသပ်ကာ စစ်ကြီး နောက်ပိုင်းနှင့် အထူးသဖြင့် စစ်ပြီးကာလတွင် စီအိုင်အေအဖွဲ့ကြီးကို ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ၍တိုးချဲ့ပြီး ကမ္ဘာအရပ်ရပ် အတိုင်းတိုင်း အပြည်ပြည်သို့ စီအိုင်အေသူလျှိုများ စေလွှတ်လုပ်ဆောင် လာခဲ့သည်။

          နောက်ပိုင်းတွင် ကမ္ဘာအရပ်ရပ်၌ အမေရိကန် စီအိုင်အေသူလျှို မရှိသည့် တိုင်းပြည်ဟူ၍ မရှိသလောက် ဖြစ်လာခဲ့သည်နှင့်အမျှ ၂ဝ ရာစု နှစ် ဒုတိယပိုင်းဖြစ်သော ၁၉၅၀ပြည့်နှစ်၏ ဤမှာဘက်ပိုင်းတွင်မူ နိုင်ငံ တကာ၌ ဖြစ်ပွားခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုများ၊ အစိုးရအပြောင်းအလဲများ၊ ပြည်တွင်း ဆူပူလှုပ်ရှားမှုများနှင့် စစ်တပ်အာဏာသိမ်းမှုများ စသည်မှန် သမျှတွင် စီအိုင်အေလက်ချက်နှင့်ကင်းသော အဖြစ်အပျက်ဟူ၍ မရှိသ

လောက် ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် စီအိုင်အေသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ တွင် “ငပွကြီး အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ 

          ယခု အက်ဖ်ဘီအိုင် အဖွဲ့ကြီးမှာမူ နိုင်ငံရေးနှင့် လုံးဝမဆိုင်။ ရာဇဝတ်မှုခင်းများနှင့်သာ ပတ်သက်၍ အမေရိကန်ပြည်ထောင်စု တစ်ဝန်း လုံးအတွက် တာဝန်ယူ၍ စုံစမ်းထောက်လှမ်းရသော စုံထောက်အဖွဲ့ကြီး ဖြစ်သည်။ 

          ဤအဖွဲ့ကြီးကို အမေရိကန် သမ္မတ သီယိုဒိုရုစဘဲ့ လက်ထက် ၁၉ဝ၈ ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် အမေရိကန်အစိုးရတရားရေးဌာန၏ လက်အောက်၌ စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ဤအဖွဲ့ကြီး၏အမည်ကို “စုံစမ်းထောက်လှမ်းရေးအဖွဲ့ '' ဟူ၍ သာမန်အမည်ပေးခဲ့ပြီး သမ္မတ ဖရင့်

( ၁။Theodore Roosvelt(1858-1919)

  ၂။ JBureau of Investigation )

ကလင် ရုစဘဲ့ လက်ထက် ၁၉၃၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်မှ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးအဖွဲ့(ဝါ) အက်ဖ်ဘီအိုင် ဟူသောအမည် ကို တရားဝင် စတင်အသုံးပြုခဲ့သည်။

          ဤသို့ဖြင့် အက်ဖ်ဘီအိုင်အဖွဲ့ကြီးသည် အမေရိကန်သမ္မတများ အနက် သြဇာအာဏာအကြီးမားဆုံး သမ္မတများတွင် အပါအဝင်ဖြစ်ခဲ့သော သမ္မတတစ်ဦး လက်ထက်တွင် ဖွားမြင်သန့်စင်၍ သြဇာအာဏာ ကြီးမားလှ သည့် အခြားနာမည်တူ သမ္မတတစ်ဦးလက်ထက်တွင် လူလားမြောက်၍ အရွယ်ရောက်လာခဲ့ရသည်မှာ အမှတ်မထင် ထူးခြားသည့် တိုက်ဆိုင်ချက် ပင်ဖြစ်သည်။ 

         ထိုစဉ်က ၂၆ ယောက်မြောက် အမေရိကန်သမ္မတဖြစ်သူ သီယိုဒို ရုစဘဲ့လက်ထက်(၁၉၀၁-၁၉၀၉)တွင် အမေရိကန်အစိုးရအဖို့ အကြီးမား ဆုံး ရင်ဆိုင်ခဲ့ရသော ပြဿနာမှာ တိုးတက်လာနေသော အရင်းရှင်စနစ်၏ ကုန်လုပ်ကိရိယာနှင့် ကုန်လုပ်စွမ်းအားများကို အနောက်ဘက် ပြည်နယ်များ သို့ တိုးချဲ့ ပို့ဆောင်ရေးပင်ဖြစ်သည်။ ဤသို့ဖြင့် တိုင်းပြည်၏ ဘဏ္ဍာငွေ ဖွံ့ဖြိုးရေးအတွက် အနောက်ပိုင်းပြည်နယ်များမှ သစ်တောနှင့် လယ်ယာမြေ များကို ချဲ့ထွင်လုပ်ကိုင်ခဲ့ရာမှ အစိုးရအတွက် မီးရထားလမ်း ဖောက်လုပ်ပေး ရသည့် ရထားလမ်းဖောက်လုပ်ရေး ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်များကြီးများနှင့် ကန်ထရိုက်တာကြီးများသည် ပြည်သူပိုင် လယ်ယာမြေများနှင့် သစ်များကို နည်းအမျိုးမျိုးဖြင့် “ဗုန်းကြသည်။ ယင်းပြဿနာမှာ ရုစဘဲ့ အစိုးရအဖို့ အဓိကပြဿနာကြီးတစ်ခု ဖြစ်ခဲ့ရသည်။ အထူးသဖြင့် ယင်းသို့ ပြည်သူပိုင် ပစ္စည်းများကို “မောင်ပိုင်စီး နေကြသည့် သူခိုးကြီးများ မှာ “သူခိုးအလိမ္မာ မျက်နှာကြီးများ” ဖြစ်နေသည့်အပြင် သူတို့နောက်ကွယ်တွင် ဆီးနိတ်ခေါ် အထက်လွှတ်တော်နှင့် ကွန်ဂရက်ခေါ် အောက်လွှတ်တော်မှ အမတ်များ အပါအဝင် အစိုးရဌာနဆိုင်ရာ အရာရှိကြီးများကိုယ်တိုင်က သူခိုးလမ်းပြ” လုပ်နေကြသဖြင့် ပြဿနာမှာ ပို၍အကိုင်ရအတွယ်ရ ခက်နေသည်ကို တွေ့ ရသည်။

( ၁။ Franklin D. Roosevelt(1882-1945) )

            တစ်ဖန် ယင်းသို့သော “ခြစားမှုကြီးများကို တရားရေးရာဌာနမှ တရားဥပဒေအရ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် စုံစမ်းစစ်ဆေး အပြစ် ပေးအရေးယူရန်မှာလည်း တရားရေးရာဌာနတွင် “စသုံးလုံးအဖွဲ့သော် လည်းကောင်း၊ စုံထောက်အဖွဲ့ သော်လည်းကောင်း လုံးဝဖွဲ့စည်းထားခြင်း မရှိသဖြင့် တရားခံတွေ့နေပါလျက် သက်သေမပြတတ်၊ ပုဒ်မ မတပ်တတ်ဘဲ လက်ပိုက်ကြည့်နေရသည့်အဖြစ်မျိုးနှင့် မကြာခဏကြုံတွေ့ နေခဲ့သည်။ တစ်ခါတစ်ရံ အမှုကလည်း အမှန်၊ တရားခံကလည်း အစစ်၊ အပြစ်က လည်း ကြီးလေးလှသဖြင့် ပြင်းပြင်းထန်ထန်အပြစ်ပေးရမည့် အမှုကြီးမျိုး တွင် တရားရေးရာဌာနသည် ငွေတိုက်ဌာနမှ လျှို့ဝှက်စုံထောက်များကိုသော် လည်းကောင်း၊ စာတိုက်ဌာနမှ ထောက်လှမ်းရေးအရာရှိများကိုသော်လည်း

ကောင်း ငှားရမ်း၍ “ဆွဲချများ” (ဝါ) “အစိုးရရှေ့နေများ” အဖြစ်ဖြစ်စေ၊ အမှု လိုက် အရာရှိများ” အဖြစ်ဖြစ်စေ အသုံးချခဲ့ရသည်။

         ထိုသို့ အငှားလိုက် စုံထောက်များ နှင့် “အငှားလိုက် အရာရှိများ” ဖြင့် အရေးကြီးသော ခြစားမှုကြီးများကို စုံစမ်းစစ်ဆေးခြင်း၊ ရုံးတင်တရား စွဲဆိုခြင်း စသည်ဖြင့် တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်ဟူ၍ အကြိမ်ကြိမ် လုပ်ကိုင်ဆောင်ရွက်လာသောအခါ အသစ်တစ်ဖန် ပြဿနာ တက်လာ ပြန်သည်ကိုတွေ့ ရသည်။ စုံထောက်များ၊ အရာရှိများကို ငှားလိုက် ရသည့် ဌာနများက မကြာခဏ “အချေးအငှား” များလှသည့် တရားရေးဌာန အပေါ် မကျေမနပ်ဖြစ်လာကြသည်။ ခိုးလိုးခုလု ဖြစ်လာကြသည်။ မိမိတို့ ဌာနအတွက် အရေးကြုံလျှင် အသုံးချရန် အချိန်ကုန်၊ ငွေကုန်ခံ၍ လေ့ကျင့် သင်ကြားပေးထားသည့် စုံထောက်များကို တရားရေးဌာနက ယခုကဲ့သို့ အလွယ်တကူ အချောင်” ခေါ်၍ အသုံးပြုနေသည်ကို သက်ဆိုင်ရာ ငွေတိုက် ဌာနနှင့် စာပို့တိုက်ဌာနများက မလိုလားဘဲ ဖြစ်လာကြသည်။

         ဤအတောအတွင်း ပြည်သူပိုင်ပစ္စည်း ခြစားမှုများ၊ အစိုးရဘဏ္ဍာ ငွေဆုံးမှုများနှင့် အခြားသော မသမာမှုများ တစ်နေ့တခြား ကြီးထွားများပြား လာသည်နှင့်အမျှ ဌာနဆိုင်ရာ ကိုယ်ပိုင်ထောက်လှမ်းရေး အဖွဲ့ မရှိသည့် အတွက် တစ်နေ့တခြား ပြဿနာတက်သည်ထက် တက်လာခဲ့ရာ နောက်