လင်းယုန်မောင်မောင် - ဟစ်တလာ၏သေတမ်းစာ
အဒေါ့ဖ်ဟစ်တလာနှင့်ပတ်သက်၍ ခိုင်မာသောအထောက်အထား စာရွက်စာတမ်း များကို မကြာမီက ထပ်မံတွေ့ရှိရပြန်သည်။ ယင်းစာရွက်စာတမ်းများမှာ သမိုင်းဖြစ်စဉ် တွင် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည့် ဟစ်တလာ၏ နိုင်ငံရေးသေတမ်းစာများပင် ဖြစ်၏။ ယင်းသေတမ်းစာသည် ထိုစဉ်က သူ့အဖို့ ရှုံးနိမ့်နေပြီဖြစ်သော စစ်ကြီးနှင့် စပ် လျဉ်း၍ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် အထွေထွေ ရောင်ပြန်ဟပ်မှုများကို ဖော်ပြထား ခြင်းပင်ဖြစ်၏။ မှောင်မိုက်နေသည့် ခန်းမကြီးအတွင်းသို့ နောက်ဆုံးပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် အလွန်အန္တရာယ်ကြီးမား၍ တုန် လှုပ်ချောက်ချားဖွယ်ရာ၊ ရွံရှာမုန်းတီးဖွယ်ရာ ကောင်းလှသည်နှင့်အမျှ တကယ်အားဖြင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အင်အားကြီးမားလှသည့် ဟစ်တလာ၏စိတ်ထဲတွင် ပေါ် ပေါက်လာသော ခံစားချက်များပင် ဖြစ်သတည်း။
ဟစ်တလာ၏ စိတ်ဓာတ်အင်အားကား ပြင်းထန်ကြီးမားလှ၏။ ဤအချက်ကို ကျွန်ုပ် တို့ မည်သို့မျှ မငြင်းနိုင်ကြသည်မှာ အသေအချာပင်ဖြစ်၏။ သူ့စိတ်ဓာတ်သည် ကြမ်း ကြုတ်လှ၏။ ရက်စက်လှ၏။ မဖွယ်မရာနိုင်လှ၏။ အကြင်အနာ ကင်းမဲ့သည်နှင့် အမျှကြောက်မက်စက်ဆုပ်ဖွယ်ရာ ကောင်းလှ၏။ အတိတ်၏နာကြည်းဖွယ်ကောင်းလှသည့် အစေ့အညှောက်များမှ ပေါက်ဖွားလာသောအဆိပ်အတောက် ပြင်းထန်လှသည့် စိတ်ယုတ် စိတ်ဆိုးတို့ဖြင့် လွှမ်းမိုးနေ၏။ သို့ပါသော်ငြားလည်း ထင်ရှားသိသာ၍ ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည့် ယင်းအတိတ်မှ ဖြစ်စဉ်များကို ကျွန်ုပ်တို့ ပြန်ပြောင်းကြည့်မည်ဆိုပါက ဟစ်တလာ၏စိတ်ဓာတ်သည် သူမတူအောင် ပြင်းထန်ကြီးမားလှသည်ကိုလည်း တွေ့မြင် နိုင်ကြပေသည်။ ယင်းစိတ်ဓာတ်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းနေသည်နှင့်အမျှ ပုံပျက် ပန်းပျက်နိုင်လှ၏။ ယင်းစိတ်ဓာတ်ဖြင့် အနာဂတ်ကို ဖန်တီးခဲ့သည်နှင့်အမျှ အတိတ်ကို လည်း အကျည်းတန်စေခဲ့၏။ (အချို့သောသူများ ပြောကြသလို) ဟစ်တလာ စိတ်ဓာတ် အင်အားကြီးမားလှသည်ဆိုသော အချက်ကို လက်မခံဘဲ ငြင်းဆို၍ သူသည် လူမှုပြောင်းလဲ မှု လှိုင်းဂယက်ကြောင့် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ရေပွက်ပမာ ထွက်ပေါ်လာခြင်းမျှသာ ဖြစ် သည်ဟူသော ပြောဆိုချက်မှာ ကျွန်ုပ်အဖို့ အရမ်းမဲ့ပြောဆိုချက်ဟု ယူဆရန်သာ ရှိနေပေ သည်။ အကယ်၍ ကျွန်ုပ်တို့သည် သမိုင်းဖြစ်စဉ်တွင် အတုလံ-အတုမရှိသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးတစ်ယောက်အဖြစ် ဟစ်တလာက သူ့ကိုယ်သူ သတ်မှတ် ယူဆခဲ့ခြင်းကို လည်းကောင်း၊ လူ့သမိုင်းတွင် ငါနှင့်ငါသာ နှိုင်းစရာအဖြစ် သဘောထားခဲ့ခြင်းကို လည်းကောင်း၊ ကမ္ဘာ့သမိုင်းစဉ်ကို သူ့တစ်သက်တာအတွင်း သူတစ်ဦးတည်းအနေဖြင့် ပြောင်းလဲ ပစ်ရန် ဖွားမြင်လာခဲ့သည်ဟူ၍ သူ့ကိုယ်သူ ယုံကြည်စွဲမြဲခဲ့ခြင်းကိုလည်းကောင်း စသည် များကို ကျွန်ုပ်တို့ လက်မခံနိုင်သည့်တိုင်အောင် သူသည် ကမ္ဘာ့သမိုင်းတွင် မည်သူတစ်ဦး တစ်ယောက်မျှ မလုပ်ခဲ့ဖူးသော အလုပ်များကို ပြုလုပ်ခဲ့ကြောင်း ကျွန်ုပ်တို့ ဝန်ခံခဲ့ကြရပေ မည်။ သူသည် ကြီးမားလှသည့် တော်လှန်ရေးကြီးကို အစမှအဆုံးတိုင်အောင် စီမံကြံဆ ခဲ့၏။ လုပ်ကိုင်ခဲ့၏။ သယ်ဆောင်ခဲ့၏။ ဘာမှမရှိသော အခြေအနေမှ ကမ္ဘာ့အင်ပါယာ ကြီးကို တည်ဆောက်ခဲ့၏။ အခြားကြီးမားသော တော်လှန်ရေးများသည် တော်လှန်ရေးမှ ပေါက်ဖွားလာကြသော ပုဂ္ဂိုလ်များကို တဖြည်းဖြည်း ဝါးမျိုပစ်ခဲ့ကြ၏။ ဟစ်တလာ တစ်ဦးတည်းသာလျှင် ဘယ်တော့မှ ဝါးမျိုခြင်းမခံရဘဲ သူကသာ ပြန်၍ ဝါးမျိုပစ်ခဲ့၏။ သူသည် သူ၏တော်လှန်ရေးအတွက် ရူးဆိုး*လည်း ဖြစ်၏။ မီရာဘော**လည်း
(* Roussea - ရူးဆိုး။ ၁၇၁၂-ခုနှစ်တွင် ဖွားမြင်၍ ၁၇၇၈-ခုနှစ်တွင် ကွယ်လွန်ခဲ့
သည့် ထင်ရှားသော ပြင်သစ်နိုင်ငံရေး အဘိဓမ္မာဆရာကြီး ဖြစ်သည်။ ** Mirabeau - မီရာဘော ။ ၁၇၄၉-ခုနှစ်တွင် ဖွားမြင်၍ ၁၇၉၄-ခုနှစ်တွင် ကွယ်လွန် ခဲ့သည့် ပြင်သစ်တော်လှန်ရေးခေါင်းဆောင် ဖြစ်သည်။ အပြောအဟော ကောင်း၍ ကျော်ကြားခဲ့သူ ဖြစ်သည်။) မှန်၏။ ရိုဘီစပိုင်းယား*ဟူ၍လည်း ခေါ်နိုင်၏။ နပိုလီယံဟု ဆိုလျှင်လည်း မမှားပေ။ သူသည် သူ၏ တော်လှန်ရေးအတွက် မာ့က်စ်လည်း ဟုတ်၏။ လီနင်လည်း ဟုတ်၏။ ထရော်စကီ လည်းဖြစ်၏။ စတာလင်လည်း ဖြစ်၏။ အကျင့်စာရိတ္တအားဖြင့် ဖြစ်စေ၊ စိတ်နေသဘောထားအားဖြင့် ဖြစ်စေ သူသည် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များထက် အလွန် နိမ့်ကျကောင်း နိမ့်ကျမည်မှန်သော်လည်း ယင်းပုဂ္ဂိုလ်များမလုပ်ခဲ့သော အလုပ်များကို သူ လုပ်ကိုင်ခဲ့၏။ သူသည် သူ၏တော်လှန်ရေးကို အဆင့်ဆင့်အားဖြင့် တစ်လျှောက်လုံး ထိန်းသိမ်းကြိုးကိုင်ခဲ့၏။ ဤအချက်တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် အဆန်းတကြယ် ကျင့်သုံးခဲ့သည့် သူ၏အင်အားကြီးမားလှသော စိတ်ဓာတ်ကို အမှတ်ထင်ထင် သိမြင် နားလည်နိုင်ကြမည် ဖြစ်၏။
သူသည် သမိုင်း၏ ဖြစ်စဉ်တွင် သူမတူအောင် ရွံ့ရှာမုန်းတီးဖွယ်ရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကောင်းဖြစ်မည် မှန်သော်လည်း ယုတ်စွအဆုံး သူမတူအောင် အရေးပါသော ပုဂ္ဂိုလ် တစ်ဦးပင် ဖြစ်၏။ သူ့ကို ကျွန်ုပ်တို့ ဂရုမမူ၍ မဖြစ်၊ လျစ်လျူရှု၍ မရ။
နာဇီတော်လှန်ရေးသမိုင်းတွင် ဟစ်တလာ၏ “စားပွဲဝိုင်း မိန့်ခွန်းများ”ကို အကြောင်း ပြု၍ သူ၏အတွင်း အဇ္ဈတ္တသဘောထားကို သုံးကြိမ်တိုင်တိုင် သိခွင့်ရရှိခဲ့ကြရာ၊ ယခု ဤခိုင်လုံသော စာရွက်စာတမ်းများသည် တတိယမြောက်အထောက်အထားများပင် ဖြစ် ၏ ။ သမိုင်း၏ အရေးအကြီးဆုံး အချိန်အခါများတွင် အကြောင်းအားလျော်စွာ တစ်ကြိမ် ပြီး တစ်ကြိမ် သိရှိခွင့်ရခဲ့ကြ၏။ ပထမအကြိမ်မှာ ၁၉၃၂-၃၃ ခုနှစ် များကဖြစ်၍ ဂျာမနီ တွင် နာဇီတို့ ခြိမ့်ခြိမ့်သဲသဲ အာဏာသိမ်းပွဲကျင်းပစဉ်က ဖြစ်၏။ ထိုရက်များအတွင်းက ဟစ်တလာသည် အာဏာသိမ်းပိုက်ရေးနှင့် အာဏာကျင့်သုံးရေး အလားအလာများကြောင့် စိတ်ဓာတ်တက်ကြွလျက်ရှိ၏။ ယင်းအာဏာမှာလည်း သူ့ အဖို့တစ်ကြိမ် သိမ်းပိုက်ပြီး ပါက ဘယ်တော့မှ လက်မလွှတ်ရန် သန္နိဋ္ဌာန်ချထားသည့် အာဏာဖြစ်၏။ ထိုအချိန် ထိုအခါက သူသည် သူ၏ အုပ်စိုးမှုနှင့် ပတ်သက်သော ရည်မှန်းချက်များ၊ လုပ်နည်းလုပ် ဟန်များအကြောင်းကို သူနှင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည့် “အတွင်းလူများ”
(Robespierre - ရိုဘီစပိုင်းယား။ ၁၇၅၈ ခုနှစ်တွင် ဖွားမြင်၍ ၁၇၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ပြင်သစ်နိုင်ငံရေးခေါင်းဆောင် ဖြစ်သည်။ ပြင်သစ်တော်လှန်ရေးကြီး အတွင်းက ပြည်သူ့လုံခြုံရေးကော်မတီဥက္ကဋ္ဌအဖြစ် လူအများကို ခေါင်းဖြတ်စက်ဖြင့် သတ်ရန်အမိန့်ပေးခဲ့သူ ဖြစ်သည်။)
အား အတိအလင်း ပြောပြခဲ့၏။ ထိုစဉ်က ဂျာမနီနှင့်တကွ အခြားနိုင်ငံများမှ သမားရိုးကျ ရှေးဆန်လှသော ကွန်ဆာဗေးတစ်များက ဟစ်တလာအား သူတို့လူအဖြစ် လိုလိုလားလား သတ်မှတ်သဘောထားခဲ့ကြ၏။ သမိုင်းကြောင်းအရ ပေါ်ပေါက်လာသော အာဏာရှင် တစ်ယောက်၊ သို့သော် ဤအာဏာရှင်လက်ယာသမားများ၏ အာဏာရှင်ဖြစ်သည် ဟူ ၍ ယူဆခဲ့ကြ၏။ ဟစ်တလာက သူနှင့်ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များကိုသာ ပြောပြခဲ့ ခြင်းဖြစ်သော်လည်း သူ၏ ပွင့်ပွင့်လင်းလင်းပြောပြချက်များအရ အထက်ပါ ကွန်ဆာဗေး တစ်များ၏ ယူဆချက် မှားယွင်းကြောင်း ယခုအခါ ထင်ရှားခဲ့ပြီဖြစ်၏။ ယင်းပြောပြချက် များတွင် သူ၏ အာဏာစက် ပျံ့နှံ့ရေးအတွက် ကြမ်းကြုတ်ရက်စက်လှသော အဖျက် လုပ်ငန်းများ ကမ္ဘာအနှံ့အပြား ကြိုးဖြေ၍ လွှတ်လိုက်သလို ပျံ့နှံ့သွားစေရန် ကြံရွယ်ထား သည့် ကြီးမားကျယ်ပြန့်လှသော တော်လှန်ရေးကြီးအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရာ အသေးစိတ် ထည့်သွင်းပြောကြားခဲ့၏။ ကျွန်ုပ်တို့ သိရသလောက်ဆိုလျှင် ဤပြော ကြားချက်များသည် တရားဝင်မှတ်တမ်းများအဖြစ် သိမ်းဆည်းထားခဲ့ခြင်း မရှိဘဲ တရား မဝင်သော မှတ်တမ်းများအဖြစ် ကျန်ရစ်ခဲ့ခြင်းဖြစ်ပေသည်။ ဟစ်တလာ၏ ရင်းနှီးသော အတွင်းလူများအနက်မှ ကွန်ဆာဗေးတစ် (ရှေးရိုးသမား) တစ်ဦးဖြစ်သော ဟာမန်းရော့စ် ချနင်း* ဆိုသူသည် ယုံကြည်ချက် ပြည့်ဝ၍ ပြင်းထန်ထက်မြက်လှသော ဟစ်တလာ၏ အဆိုပါအောက်ခြေသိမ်း အစီအစဉ်များကို ကြားရသောအခါ အထိတ်တလန့်ဖြစ်ခဲ့ရ၏။ သို့နှင့်ပင် သူသည် “ဖျက်ဆီးမယ့်တော်လှန်ရေးကြီး”** မှ ခွဲထွက်လာခဲ့ပြီးနောက်၊ သူ၏ မှတ်စုမှတ်တမ်းများကို ဟစ်တလာ၏ စားပွဲဝိုင်းမိန့်ခွန့်များ ဟူသော အမည်ဖြင့် ၁၉၃၉-ခုနှစ်တွင် စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ယခုအခါ ယင်းစာအုပ်ပါ အချက်အလက်များ၏ မှန်ကန်မှုကို မည်သူတစ်ဦးတစ်ယောက်ကမှ သံသယမရှိကြပြီ ဖြစ်သော်လည်း ထိုအချိန်၊ ထိုအခါကမူ ကံမကောင်း အကြောင်းမလှသဖြင့် မည်သူမျှ မယုံကြည်ခဲ့ကြပေ။ ယင်းသို့သော စီမံကိန်းမှာ ယုတ္တိယုတ္တာ မရှိဟူ၍ပင် လူအများကပြောဆိုခဲ့ကြ၏။ စာရေးသူ ရော့ခ်နင်း၏ လုပ်ကြံပြောဆိုချက်များဟု ယူဆခဲ့ကြ၏။
(* Hermann Rausching - ဟာမန်းရော့စ်ချနင်း ။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလက
ဂျာမန်၏တို့ ပြန်လည်သိမ်းပိုက်ခဲ့သော ဒန်းဇစ်ပြည်နယ်ကလေးမှ ဟစ်တလာကို
လိုလားသည့် နိုင်ငံရေးသမား အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်သည်။
** Revoution of Destruction.)
ကျွန်ုပ် ကြားသိခဲ့ရသလောက်ဆိုလျှင် ဟစ်တလာအကြောင်း ကောင်းကောင်းကြီး သိသူ ဟူ၍ သတ်မှတ်ယူဆခြင်းခံခဲ့ရသော နဲဗီးချိန်ဘာလိန် * ကပင် ရော့စ်ချနင်း၏ မှတ်တမ်း များကို တစ်လုံးတစ်ပါဒမျှ မယုံကြည်ကြောင်း အတိအလင်းပြောကြားခဲ့သည် ဟုဆို၏။ တစ်နည်းဆိုရလျှင် ဟစ်တလာကိုယ်တိုင် ဘွင်းဘွင်းနှင့် ရှင်းရှင်းကြီး ကြေညာခဲ့သည့် ကျွန်ုပ်၏ ကြိုးပမ်းမှု စာအုပ်ကြီးမှ စီမံကိန်းများကို လူအများက လက်မခံ မယုံကြည် ခဲ့ကြသည့်နည်းတူ ဖြစ်၏။
အာဏာသိမ်းပွဲကြီး ဖြစ်ပွားခဲ့ပြီးနောက် ၈ နှစ်မျှကြာသောအခါ ဟစ်တလာ၏အတွင်း အဇ္ဈတ္တသဏ္ဌာန်သည် ဒုတိယအကြိမ်ထင်းခနဲ ပေါ်လာခဲ့ပြန်သည်။
၁၉၄၁ ခုနှစ်သို့ ရောက်သောအခါ ဟစ်တလာသည် ရော့စ်ချနင်းအား ပြောပြခဲ့သည့် စီမံကိန်းပါ အချက်အလက်များ အားလုံးလောက်နီးနီးကို လုပ်ကိုင်ခဲ့ပြီး ဖြစ်၏။ ထိုစဉ် က (ရော့စ်ချနင်းစ်အား ပြောပြခဲ့စဉ်က) သူသည် ဂျာမနီတွင် အာဏာသိမ်းပွဲ အောင်မြင်လု ဆဲဆဲ ဖြစ်ခဲ့၍ ယခုအခါတွင်မူ ပို၍ကြီးမားသော အောင်ပွဲကြီးကို ရလုဆဲဆဲ ဖြစ်နေခဲ့၏။ ကမ္ဘာ့အင်ပါယာကြီးကို သိမ်းပိုက်စိုးမိုးအံ့ဆဲဆဲ ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ၁၉၄၁ ခုနှစ်တွင် ဥရောပတိုက်၌ ဟစ်တလာအား ခုခံတိုက်ခိုက်မှု မှန်သမျှ အားလုံး ကြေ ပြုန်းပျက်စီးခဲ့ပြီ ဖြစ်သောကြောင့်တည်း။
၁၉၁၈ ခုနှစ်က ချမှတ်ခဲ့သော စီရင်ချက် ** သည် ပြောင်းပြန်ဖြစ်လာခဲ့ပြီ ဖြစ်၏။ နော့သ်ကိပ်ခေါ်မြောက်ဘက်အငူစွန်းမှ ကရိကျွန်းအထိလည်းကောင်း၊ ဒန်းဇစ်မြို့မှ ပိုင်း ရင်းနီးစ်တောင်တန်းအထိလည်းကောင်း ဟစ်တလာ၏တပ်များသည် နေရာအနှံ့အပြားအောင်ပွဲများ ခံလျက်ရှိနေကြ၏ ။ နောက်ဆုံး၌ ဥရောပတွင် ရှိရှိသမျှ လက်နက်ကိုင်တပ် များအားလုံးတို့သည် ထာဝစဉ်အောင်ပွဲခံယူခဲ့သည့် တော်လှန်သောဂျာမန်တို့၏ ခေါင်းဆောင်မှုအောက်တွင် စုစည်းမိနေပြီ ဖြစ်၏။ ဤတပ်များသည် ယခုအခါ ဟစ်တလာ ကိုယ်တိုင် လေးစားခဲ့ရ၍ အထီးထီးကျန်ရှိနေသော တိုင်းပြည်ကြီးတစ်ပြည်အား အရှိန်
( * ချိန်ဘာလိန် - ၁၉၄၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိ ဗြိတိသျှဝန်ကြီးချုပ်အဖြစ် ဆောင်
ရွက်ခဲ့သည်။ မြူးနှစ်စာချုပ် (၁၉၃ဝ စက်တင်ဘာ) ချုပ်ဆိုခဲ့ရာ၌ ဟစ်တလာအားလိုက်လျောခဲ့သဖြင့် အကြီးအကျယ်- နာမည်ပျက်ခဲ့ရသူ ဖြစ်သည်။
** ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၁၈ ခုနှစ်က စစ်ရှုံးသည့် ဂျာမနီနိုင်ငံအနေဖြင့် လိုက်နာ
ကျင့်သုံးရန် ချုပ်ဆိုခဲ့သည့် ဗာဆိုင်းစာချုပ်ကို ဆိုလိုသည်။)