Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - ပျောက်ဆုံးနေသောစစ်တရားခံမာတင်ဘောမန်း

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type
ပျောက်သောသူ ရှာမတွေ့

 

          ၁၉၄၅-ခု၊ မေလ ၂-ရက်နေ့ နံနက်အရုဏ်တက်ချိန် ....

          ဘာလင်မြို့တော်မှ ရိုက်ချချင်စယ်လာရီ” ခေါ် အစိုးရအိမ်တော်ဝင်း အတွင်းရှိ မြေအောက်ပုန်းကျင်းထဲတွင် ဖြစ်သည်။

          မသေမပျောက်သေးဘဲ ကျန်ရှိနေကြသည့် နာဇီအင်ပိုင်ယာနိုင်ငံ တော်ကြီး၏ ထိပ်တန်းအရာရှိကြီးများနှင့် သူတို့၏ သက်တော်စောင့်များ၊ အခိုင်းအစေများမှာ ဂနာမငြိမ်ဘဲ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ 

          အကြောင်းသော်ကား ယနေ့-ယခုအချိန်သည် တတိယ ဂျာမန် နိုင်ငံတော်ကြီး၏ နောက်ဆုံးနေ့၊ နောက်ဆုံးအချိန်ဖြစ်၍ လိုက်ကာချ ဇာတ် သိမ်းခန်းသို့ ရောက်နေပြီဖြစ်သောကြောင့်တည်း။ 

          မှန်သည်။ သူတို့၏ ခေါင်းဆောင်ကြီး အာဏာရှင် ဟစ်တလာ မှာ သေဆုံးခဲ့ပြီဖြစ်သည်။ ဟစ်တလာ၏ အချစ်ဆုံးဇနီး အီဗာဘရွန်း၊ အချစ်လိုက်ပါသွားခဲ့ကြပြီဖြစ်သည်။ 

          လက်နက်ချ အရှုံးပေးရေးကို တတ်နိုင်သမျှ အချိန်ဆွဲကာ နှောင့် နှေးကြန့်ကြာအောင် ကြိုးစားလုပ်ဆောင်မှုမှန်သမျှမှာလည်း အချည်းနှီး အလဟဿဖြစ်ခဲ့ရပြီ ဖြစ်သည်။ ဘာလင်မြို့တော် ကာကွယ်ရေးအတွက် တာဝန်ယူနေရသော တပ်မှူးကြီး ဗိုလ်ချုပ်ဝိုက်ဒလင်ကလည်း အရာမရောက် ဘဲ အကျိုးမဲ့ ခုခံတိုက်ခိုက်နေခြင်းများကို ရပ်စဲလိုက်ကြရန် ဂျာမန်တပ်သား အားလုံးကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ ပုန်းကျင်းထဲမှ ထိပ်တန်းအရာရှိ ကြီးများထံ အကြောင်းကြား သတင်းပို့ပြီးဖြစ်သည်။ နောက်ဆုံး လက်ကျန် ဂျာရမ်နှင့် ကော့ညက်အရက်များမှာလည်း တစ်စက်မှမရှိတော့ဘဲ ပုလင်းခွံများ သာ ကျန်တော့သည်။ ကဲ ... ဘာလုပ်ကြမလဲ။

          လက်နက်ချကြမလား ..။ သည်လိုတွေးလိုက်မိသည်နှင့်တစ်ပြိုင် နက် ပုန်းကျင်းထဲမှ လူအားလုံးမှာ ကျောရိုးထဲက စိမ့်သွားအောင် တုန်လှုပ် သွားမိကြသည်။ ရင်ဘတ်နှင့် ပခုံးပေါ်မှ ရွှေချည်ဖြင့်ထိုးထားသော မိမိတို့ ၏ လုံခြုံရေးတပ်ဖွဲ့ ဝင် ရာထူးတံဆိပ်များကို တစ်ယောက်မကျန် တုန်ယင် သောလက်များဖြင့် စမ်းကြည့်မိကြသည်။

          ပတ်ပတ်လည်ဝိုင်းနေကြသော ဆိုဗီယက်တပ်များကို ဖောက်ထွက် ဖို့ ကြိုးစားကြမလား။ သည်လိုဆိုလျှင်လည်း မိုက်ရူးရဲလုပ်ရာကျမည်။ “တိုင်းယားဂါတင်” ကွက်လပ်ကိုဖြတ်၍ အနောက်ဘက် ဟေဗဲလ်မြစ်ဆီသို့ ဖောက်ထွက်ရန် ကြိုးစားခဲ့ကြသော နောက်ဆုံးလူတစ်စု၏ သတင်းကိုပင် လျှင် ဘာတစ်ခုမှ မကြားရတော့ဘဲ ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်ရက် သုံးရက်လောက်ကဆိုလျှင် ကျယ်ပြန့်သော ဘလော့တင်ဘာဂျာ ́ကွင်းထဲမှ နေ၍ ဆက်သွယ်ရေးလေယာဉ်တစ်စင်းဖြင့် ထွက်ပြေးမည်ဆိုက ဖြစ်နိုင်သေး သည်။ ယခုတော့မူ တိုင်းယားဂါတင် ကွင်းပြင်တစ်ခုလုံးသည်ပင်လျှင် ဆိုဗီ ယက်တပ်များ၏လက်တွင်းသို့ သက်ဆင်းကျရောက်နေပြီဖြစ်သည်။ ထို့ပြင် ရိုက်ချ်စတက်” ခေါ် လွှတ်တော်အဆောက်အဦကြီးကိုလည်း ရန်သူတပ်များ က သိမ်းပိုက်ခဲ့ပြီဖြစ်သည်။

          သို့ဖြစ်ရာ ယခုအချိန်တွင် “စစ်မျက်နှာ” ဟူ၍ပင် ခေါ်ရန် ခဲယဉ်း နေပြီဖြစ်သော ရှေ့တန်းစစ်မျက်နှာမှာ ဘယ်လောက်မှ မဝေးတော့ဘဲ အစိုးရ အိမ်တော်၏ တောင်ဘက် ကိုက် ၁၀၀-၂၀၀ အတွင်းသို့ပင် ရောက်နေပြီ ဖြစ်သည်။ မိမိတို့ ခါတိုင်းသွားနေကျ လာနေကျဖြစ်သော ဘာလင်မြို့တော် မှ လမ်းကြီးလမ်းငယ်များကိုစိတ်ထဲတွင် အကြိမ်ကြိမ်အခါခါတွေးကြည့်ရင်း အရူးမီးဝိုင်းဖြစ်နေကြသော နာဇီခေါင်းဆောင်များမှာ ပုန်းကျင်းထဲမှ ထွက် ပြေးကြရန် သွေးရူးသွေးတန်း စီစဉ်နေကြသည်။

          နောက်ဆုံးတွင်မူ သူတို့သည် အုပ်စုလိုက်-အုပ်စုလိုက် လူစုခွဲ၍ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြစ်သလို ကိုယ်လွတ် ရုန်း၍ သေပြေးရှင်ပြေး ထွက်ပြေးကြရန် အားလုံးသဘောတူ ဆုံးဖြတ်လိုက် ကြသည်။

          ဤတွင် ဘာလင်မြို့တော်မှ သည်နေရာ၊ သည်နယ်မြေတစ်ဝိုက်၏ အနေအထားနှင့် အခြေအနေကို မျက်စိထဲတွင်  မြေပုံကားချပ်တစ်ခုလို မြင် လာအောင် အသေးစိတ် တိတိကျကျ ဖော်ပြရန် လိုလာသည်။   အချက်အချာ ဖြစ်သော အစိုးရအိမ်တော် ပုန်းကျင်းမှာ အိမ်တော်ဝင်းအတွင်းရှိ ဥယျာဉ် ထဲတွင် လိုဏ်ခေါင်းတူး၍ အခိုင်အခံ့တည်ဆောက်ထားသည့် မြေအောက် အဆောက်အဦကြီးတစ်ခုဖြစ်သည်။ ဤမြေအောက်ပုန်းကျင်းရှိရာ ဥယျာဉ် မှာ ဝန်ကြီးများ၏ရုံးလမ်း” ဟူ၍ ထင်ရှားကျော်ကြားနေသော ဝီလျံလမ်းမ ကြီးနှင့် ဗော့စ်လမ်းကျဉ်းကလေး၏ ထောင့်တွင်ဖြစ်၍ အစိုးရအိမ်တော်၏ အဓိကဝင်ပေါက်တံခါးများမှာ သည်မှာဘက်တွင်ရှိသည်။ အိမ်တော်အဝင်ဝ နှင့် မျက်နှာချင်းဆိုင်တွင်မူ ဝီလျံပန်းခြံ၊ ကိုင်ဇာဟော့ဖ်ဟိုတယ်နှင့် ဝါဒဖြန့်ချိ ရေး ဝန်ကြီး ဂိုးဘဲလ်၏ ရုံးအဆောက်အဦများရှိသည်။

          တစ်ခါက ဘာလင်မြို့သူမြို့သားများ၏ အပန်းဖြေရာ နာဇီပါတီ ၏ လူထုအစည်းအဝေးကြီးများ ကျင်းပရာနေရာအဖြစ် သာယာတင့်တယ် အဖော်ခဲ့သော ဝီလျံပန်းခြံကြီးမှာ ယခုအခါ ဆိုဗီယက်တပ်ဦးတော်မှ အမြောက်ကြီး များ၏ လက်ချက်ကြောင့် ကျင်းကြီးများ၊ ချိုင့်ကြီးများဖြင့် မြေစိုင်မြေခဲများ ဖွာလန်ကြဲကာ မြင်မကောင်း ရှုမကောင်းတော့ဘဲ လူသေမြှုပ်သည့် သုသာန်မြေလို ကျက်သရေကင်းမဲ့နေပြီဖြစ်သည်။   အလားတူပင် နာဇီပါတီ အာဏာရလာသည့် ၁၉၃၃ ခုနှစ်အထိ ဟစ်တလာ၏ဌာနချုပ်အဖြစ် အသုံး ပြုခဲ့သော ကိုင်ဇာဟော့ဖ် ဟိုတယ်အဆောက်အဦနှင့် အာဏာရှင်ဟစ်တလာ ၏ တစ်သွေးတစ်သံတစ်မိန့်များကို ထုတ်ပြန်ကြေညာခဲ့သော ဂိုးဘဲလ်၏ ဝါဒဖြန့်ချိရေးရုံးအဆောက်အဦများမှာလည်း ဗုံးဒဏ် အမြောက်ဒဏ်များကို မခံနိုင်ဘဲ လုံးဝပျက်စီးပြိုလဲကာ အုတ်ပုံအုတ်ခဲများဘဝသို့ ရောက်နေကြရ ပြီဖြစ်သည်။

         သည်နေရာ သည်ဌာနမှ အဘယ်သူ တစ်ဦးတစ်ယောက်သည် အဘယ်သို့သောထွက်ပေါက်မှ ဘယ်နည်းဘယ်ပုံ ထွက်ပြေးလွတ်မြောက် နိုင်ပါအံ့နည်း။ 

          ဝီလျံလမ်းမကြီးအတိုင်း တောင်ဘက်သို့ပြေးလျှင် လွတ်နိုင်မည် လော၊ သည်လမ်းမှ ထွက်ပြေးရန်မှာ မျှော်လင့်ချက် လုံးဝမရှိ။ ကိုယ့်သေ တွင်း ကိုယ်တူးသလိုသာ ဖြစ်ချိမ့်မည်။ သို့ဖြစ်လျှင် “တိုင်းယားဂါတင်” ကွက်လပ်ကြီးကိုဖြတ်၍ အနောက်အရပ်သို့ပြေးမည်ဆိုပါက လွတ်နိုင်စရာ ရှိပါ၏လော။ သည်လမ်းမှ ပြေးလျှင်လည်း “ကျားရှေ့ မှောက်လျက်လဲ” သလို ဆိုဗီယက်တပ်သားများလက်ထဲသို့ ကားခနဲ အမိခံရမည်မှာ သေချာ သည်။ သည်လိုဆိုပါက အရှေ့ဘက်သို့ အလစ်ထွက်ပြေးလျှင်ကော မဖြစ် နိုင်ဘူးလား၊ လုံးဝမဖြစ်နိုင်။ အဆက်မပြတ် စက္ကန့်နှင့်အမျှ ကျရောက်ပေါက် ကွဲနေသော ဆိုဗီယက်အမြောက်ဆန်များအကြားတွင် “သေရွာသို့ ဖြတ်လမ်း ကသွားသလို” ဖြစ်မည်။ သို့သော် မြောက်ဘက်သို့ ထွက်ပြေးမည်ဆိုပါက လွတ်စရာလမ်းမြင်သည်ဟု အားလုံးက သဘောတူကြသည်။

          မှန်သည်။ အရှေ့အနောက်နှင့် တောင်အရပ်များမှ ထွက်ပြေးလွတ် မြောက်ရန် လုံးဝမျှော်လင့်ချက် မရှိသော်လည်း မြောက်အရပ်ဆီသို့ ဦးတည် ၍ ထွက်ပေါက်ရှာနိုင်လျှင် လွတ်မြောက်စရာ အခွင့်အလမ်းရှိသည်။ ပုန်းကျင်းထဲမှထွက်၍ မြောက်ဘက်သို့တည့်တည့်သွားလျှင် စပရီးမြစ်ကမ်း ပါးသို့ ရောက်နိုင်သည်။ ထိုနေရာသို့ ရောက်ရန်အတွက် ရှေးဦးစွာ “အန်တာ လင်ဒန် ́လမ်းပေါ်မှ ပြိုကျပျက်စီးနေသော အဆောက်အဦများကို ဖြတ်ကာ နှစ်ဖာလုံခန့် လျှောက်ရမည်။ ထို့နောက် အန်တာလင်ဒန်လမ်းမကြီးနှင့် ကန့်လန့်ဖြတ်ရှိနေသော ဖရိုက်ဒရစ် လမ်းဆုံသို့ရောက်မည်။ အဆိုပါလမ်း ဆုံမှ လက်ဝဲဘက်သို့ တည့်တည့်ကြီး သွားလိုက်လျှင် စပရီးမြစ်ကမ်းပါးမှ ဖရိုက်ဒရစ်ဘူတာရုံ” သို့ ရောက်သွားမည်။ အဆိုပါဘူတာရုံသို့ မြေအောက် မီးရထားလမ်းမှတစ်ဆင့်လည်း ရောက်နိုင်သည်။ ထိုနေရာသို့ရောက်လျှင် အတော်အတန် အသက်ရှူပေါက် ချောင်သွားစရာရှိသည်။ ထိုနေရာမှ

တစ်ဆင့် ဘာလင်မြို့အပြင်သို့ .....

          အိမ်တော်ဝင်းအတွင်းရှိ လူအုပ်မှာလည်း အတော်ကလေးများသည် ဟု ဆိုရမည်ဖြစ်သည်။ စုစုပေါင်း လူလေးရာနီးပါးခန့်ရှိသည်။ သည်အထဲ တွင် “နော့ဒ်လင်း”တပ်မကြီးမှ အရာရှိနှင့် တပ်သားများလည်းပါဝင်သည်။ “ဘာရန်ဖန်ဂျာ” တိုက်ခိုက်ရေးတပ်မှ မသေမပျောက် ပြန်ရောက်လာကြသည့် တပ်သားအကြွင်းအကျန်များနှင့် အစိုးရအိမ်တော် ကာကွယ်ရေးအတွက် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခြင်း ခံကြရသည့် လေတပ်မတော်မှ မြေပြင်တပ်သား အမြောက်အမြားလည်း ပါဝင်ကြသည်။ သည်အထဲတွင် ရက်စက်ရိုင်းစိုင်းလှ၍ နာမည်ဆိုးဖြင့် ကျော်ကြားနေသော “အပြာရောင်တပ် မကြီး’ မှ စပိန်စစ်သားများပင် ပါဝင်သည်။

          သူတို့လူအုပ်နှင့်အတူ ဟစ်တလာ၏ပုန်းကျင်းထဲမှ ထွက်လာကြ သည့် ထိပ်တန်းအရာရှိကြီးများ၊ အစေခံများ၊ အတွင်းရေးမှူးများနှင့် လက်ထောက်စခန်း တာဝန်ခံများ တစ်စုတစ်ဝေးတည်း ပူးပေါင်းမိကြသည်။ သည်လူအုပ်ထဲတွင် အရပ်ပုပု၊ ကိုယ်လုံးကိုယ်ထည် ခပ်တုတ်တုတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ ၏ တပ်မှူးကြီးရာထူးတံဆိပ်များ တပ်ဆင်ထားသော ယူနီ ဖောင်းဝတ်ဖြင့် လူတစ်ယောက်ကို တွေ့ကြရသည်။

          ရှင်းရှင်းပြောရလျှင် သည်လူအုပ်ကြီး၏ ခေါင်းဆောင်ဖြစ်သော တပ်မှူးကြီးသည် မိမိတို့၏လွတ်မြောက်ရေးအတွက် သည်တပ်သားများကို အဓိကထား၍ အားကိုးနေသည်မဟုတ်။ သူအားကိုးသည်မှာ ယခုအချိန် အထိ သူတို့နှင့်အတူရှိနေသေးသည့် တင့်ကားသုံးစီးကိုလည်းကောင်း၊

ပြောင်းဝကို လိုသလို ချိန်၍ပစ်နိုင်သော အမြောက်များကိုလည်းကောင်း၊ သံချပ်ကာကားများကိုလည်းကောင်း ဒါတွေကိုသာ သူ အားကိုးသည်။

          သို့ဖြင့် ဒဏ်ရာအနာတရဖြစ်နေကြ၍ လုံးဝ လမ်းမလျှောက်နိုင်ကြ တော့သည့် လူနာများကို တင့်ကားများပေါ်သို့တင်ပြီးနောက် အုပ်စုလိုက် အုပ်စုလိုက် လူစုခွဲ၍ ထွက်ခွာလာခဲ့ကြသည်။ အချို့သောအုပ်စုများက မြေအောက်ဥမင်လိုဏ်ခေါင်းထဲမှ မီးရထားလမ်းအတိုင်း ဆုတ်ခွာကြရန် ဆုံးဖြတ်လိုက်ကြသည်။ သည်အုပ်စုများအားလုံး ဖရိုက်ဒရစ်ဘူတာရုံတွင် ပြန်လည်ဆုံတွေ့၍ လူစုကြရန် သဘောတူခဲ့ကြပြီးဖြစ်သည်။

          သို့သော် သတ်မှတ်ထားသည့် စပရီးမြစ်ကမ်းဘေးမှ “ဝိုက်ဒင်ခမ်း မား” ရပ်ကွက်သို့ အချို့သောအုပ်စုများ ရောက်သွားသည့် အချိန်တွင်မူ သူတို့လူစုမှာ မမျှော်လင့်ဘဲ ဆိုဗီယက်အမြောက်များနှင့် တင့်ကားများမှ အဆက်မပြတ် သဲသဲမဲမဲ ပစ်ခတ်ခြင်းများကို ခံကြရတော့သည်။ ဤတွင် အသက်ကိုဖက်နှင့်ထုပ်ကာ ခွေးပြေးဝက်ပြေး ပြေးလာခဲ့ကြရသော နာဇီ စစ်ပြေးများမှာ တအုံးအုံးတဒိုင်းဒိုင်းဖြင့် တရစပ်ကျရောက်ပေါက်ကွဲနေသည့် ဆိုဗီယက်အမြောက်ဆန်များနှင့် စက်သေနတ်ကျည်ဆန်များအကြားတွင် ပြေးပေါက်မှားကာ ကစဉ့်ကလျားဖြင့် တကွဲတပြား ဖြစ်သွားကြတော့သည်။ ထိုအချိန်မှာပင် လူတိုင်းလူတိုင်းသည် ကိုယ့်အသက်ဘေးအတွက် ကိုယ် လွတ်ရုန်း၍ ထွက်ပြေးခဲ့ကြရတော့သည်။

 

x xx

         

          အထက်ပါဖြစ်ရပ်များမှာ ၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့ နံနက်ဝေလီ ဝေလင်းအချိန်က ဂျာမနီအာဏာရှင် ဟစ်တလာ၏ နောက်ဆုံးခိုအောင်းရာ ဖြစ်သော မြေအောက်ပုန်းကျင်းနှင့် အစိုးရအိမ်တော်အတွင်းမှ သွေးရူးသွေး တန်း ထွက်ပြေးရန် ကြိုးစားခဲ့ကြသည့် နာဇီခေါင်းဆောင်များ၏ ကံ ကြမ္မာနှင့်ပတ်သက်၍ အထောက်အထားခိုင်လုံစွာဖြင့် စုဆောင်းရရှိသမျှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

          ထိုနေ့ ထိုရက်နံနက်က စပရီးမြစ်ကမ်းဘေးတွင် ဂျာမန်တင့်ကား သုံးစီးကို အကာအကွယ်ယူ၍ ထိုသို့ထွက်ပြေးရန် ကြိုးစားခဲ့ကြသူများအနက် အချို့မှာ ဆိုဗီယက်တို့၏ အမြောက်ဆန်များနှင့် ကျည်ဆန်များထိမှန်၍ အတုံးအရုံးသေဆုံးခဲ့ကြသည်။ အချို့မှာလည်း ထိုနေရာမှ လွတ်မြောက် လာခဲ့ပြီး ဘာလင်မြို့တွင်း၌ ယောင်လယ်လယ်ဖြစ်နေခိုက် ဆိုဗီယက်တပ် များ၏ ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ အချို့မှာမူ မသေမပျောက်ဘဲ ရုပ်ဖျက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ သို့သော် ထိုသို့ “သေကံမရောက်