Skip to product information
1 of 2

Other Websites

လင်းယုန်မောင်မောင် - ထောင်ပြေးစပိုင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျွန်တော့်ကိုထောင်ကထွက်ပြေးနိုင်အောင်ကူညီမလား

၁၉၆၅ခုနှစ်စက်တင်ဘာလ၏ပထမဆုံးတနင်္လာနေ့နံနက်ခင်းသည်လန်ဒန်အနောက်ပိုင်း၁၂ရပ်ကွက်ရှိ“ဝမ်းဝုဒ်စကရပ်”အကျဉ်းထောင်ကြီးတွင်အခြားအခြားသောတနင်္လာနေ့များနှင့်ထူးမခြားနားပင်ရှိနေသည်။အဆောင်ဃအောက်ဆုံးထပ်မှကြေးခေါင်းလောင်းကြီး၏တဒေါင်ဒေါင်တဒင်ဒင်မြည်နေသောအသံသည်ကြီးကျယ်လှသည့်ဧရာမအဆောင်ကြီးတစ်ခုလုံးနေရာအနှံ့အပြားတွင်စူးစူးဝါးဝါးဖြင့်အော်ဟစ်အမိန့်ပေးနေသည့်ပမာအဆက်မပြတ်ပဲ့တင်ထပ်ကာထွက်ပေါ်လျက်ရှိသည်။ဤအဆောင်ကြီးတွင်ရှိနေကြသောအကျဉ်းသားသုံးရာတို့သည်မိမိတို့အိပ်ရာများပေါ်တွင်မသိမသာလူးကာလွန့်ကာဖြင့်သူတို့၏မျက်လုံးများကိုအမှတ်မထင်ဖွင့်လိုက်မိကြသည်။အချိန်မှာနံနက်၆နာရီမိနစ်၃ဝဖြစ်သည်။သံတိုင်များ၏နောက်ကွယ်မှနေ့တစ်နေ့သည်အသစ်တစ်ဖန်အစပြုလာပြန်ပေပြီ။

ကျွန်တော်သည်အိပ်ရာပေါ်တွင်ပက်လက်လှန်နေရင်းကဖြူဖွေးနေသောမျက်နှာကြက်ခုံးခုံးကိုမိနစ်အတန်ကြာအောင်စိုက်ကြည့်နေမိသည်။လွန်ခဲ့သည့်နာရီဝက်ခန့်ကညစောင့်ဝါဒါလာ၍ခလုတ်ဖွင့်သွားသဖြင့်လင်းထိန်နေသောမျက်နှာကြက်မှဝပ်၆၀အားမီးလုံး၏စူးရှသောအလင်းရောင်သည်ယခုကဲ့သို့နံနက်စောစောလင်းအားကြီးအချိန်တွင်အလွန်ပင်မျက်စိကျိန်းစရာဖြစ်နေသည်။ဤထောင်ထဲသို့ရောက်ခါစအကျဉ်းသားတစ်ယောက်အတွက်ပထမ၆လခန့်အထိဤကဲ့သို့အသေးအဖွဲကိစ္စကလေးများသည်အာရုံစူးစိုက်စရာများပင်ဖြစ်ပါသည်။သို့သော်ယခုအချိန်တွင်မူဤသို့သောအဖြစ်မျိုးသည်ကျွန်တော့်အတွက်ရိုးနေပြီဖြစ်၍မှုလောက်စရာမရှိတော့ပါ။

မှန်သည်။ယခုဆိုလျှင်ကျွန်တော့်အတွက်ကျွန်တော်ကျခံနေရသည့်ထောင်သက်တမ်း၏နောက်ဆုံးဆယ်လသာလျှင်ကျန်တော့သည်။သို့ဖြစ်၍လည်းယနေ့နံနက်တွင်ကျွန်တော်သည်အိပ်ရာထဲတွင်ဇိမ်ဖြင့်မှိန်းနေရင်းယခင်အတိတ်ကာလကဘာတွေဖြစ်ခဲ့၍ရှေ့လာမည့်အနာဂတ်တွင်ဘာတွေဖြစ်ဦးမည်ကိုစားမြုံ့ပြန်ကာစဉ်းစားခန်းဝင်နေမိခြင်းဖြစ်သည်။

အမှန်အတိုင်းဝန်ခံရမည်ဆိုပါကကျွန်တော်သည်အသက်၃၂နှစ်အရွယ်တွင်ဤထောင်မှလွတ်မည်ဖြစ်သည်။ထို့နောက်အပြင်လောကတွင်ခံဝန်ချုပ်ဖြင့်၉နှစ်တိတိနေရဦးမည်ဖြစ်သည်။ဤအချက်ကိုတွေးမိရင်းမှယခုကဲ့သို့ဖြစ်ခဲ့ရသည့်ကျွန်တော်၏အတိတ်ဖြစ်ရပ်များနှင့်ဘဝ

ဖြစ်စဉ်များကိုသာမကကျွန်တော်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုတသီတတန်းကြီးစဉ်းစားမိခဲ့သည်။

ကျွန်တော်၏စိတ်အစဉ်တွင်ပထမဆုံးပေါ်ပေါက်လာခဲ့သည်များမှာ“လင်းမားရစ်”မြို့ကလေး(အိုင်ယာလန်)တွင်ကျွန်တော်၁၀နှစ်သားအရွယ်ကကျောင်းပြေးခဲ့သည့်ဖြစ်ရပ်များပင်ဖြစ်သည်။ကျောင်းတွင်ကျွန်တော်တို့အားပညာသင်ကြားပေးနေကြသည့်ဆရာများမှာခရစ်ယာန်ခင်ကြီးများဖြစ်ရာခရစ်ယာန်ခင်ကြီးများကိုစိတ်ထဲကအလိုလိုမုန်းတီးခဲ့ရာမှကျွန်တော်သည်ကျောင်းပြေးတတ်လာခြင်းဖြစ်သည်။ပထမတွင်ကျွန်တော်နှင့်အတူကျောင်းပြေးကြသည့်ကျောင်းသားများအားကျောင်းစောင့်ပုလိပ်များကလိုက်လံဖမ်းဆီး၍ကျောင်းသို့ပြန်ပို့ခဲ့ကြသည်။ဤတွင်ကျောင်းပြန်ရောက်သည်နှင့်တစ်ပြိုင်နက်ကျောင်းအုပ်ခင်ကြီးကကျွန်တော်တို့အားမညှာမတာ“ဆော်ပါတော့သည်။သို့သော်ကျွန်တော့်မှာကြောက်ရမှန်းမသိ၊အမှတ်မရှိရုံမျှမကမကြာခအရိုက်ခံရလေလေခရစ်ယာန်ခင်ကြီးများအပေါ်မုန်းစိတ်တွေကတဖွားဖွားပေါ်လာလေလေဖြစ်လာခဲ့သည်။နောက်ဆုံး၌ကျွန်တော်

ကျောင်းပြေးဘဝဖြင့်အားမရတော့ဘဲအိမ်ပြေးဘဝရောက်ခဲ့ပြီးကောက်ရိုးပုံများ၊စပါးများနှင့်လူမနေသည့်လယ်တဲများတွင်လည်းကောင်း၊ရှန်တိန်လုပ်သည့်မီးရထားသံလမ်းခွဲများပေါ်တွင်ရပ်ထားသည့်ရထားတွဲလွတ်များပေါ်၌လည်းကောင်းတွေ့ရာနေရာတွင်အိပ်ကာခြေသလုံးအိမ်တိုင်ဘဝသို့ရောက်ခဲ့ရပါတော့သည်။

ထိုသို့ခြေဦးတည့်ရာသွားလာနေရင်းကအချိန်တန်လျှင်ဗိုက်ထဲမှတဖြုတ်ဖြုတ်ဆာလာပါတော့သည်။သို့“ငါ့ဝမ်းပူဆာမနေသာ”ဖြစ်လာခြင်းသည်ပင်လျှင်ကျွန်တော့်အားရာဇဝတ်မှုကျူးလွန်အောင်လှုံ့ဆော်ပေးသည့်အခြေခံအကြောင်းဖြစ်လာခဲ့ပါသည်။သွားရင်းလာရင်းလမ်းဘေးတစ်နေရာတွင်ရပ်ထားသည့်မော်တော်ကားနောက်ပိုင်းလူမရှိသည့်ထိုင်ခုံပေါ်တွင်တင်ထားသောပေါင်မုန့်တစ်လုံးသည်အဆာကြီးဆာ၍အငတ်ကြီးငတ်နေသောကျွန်တော့်လိုလူငယ်တစ်ယောက်အားအလစ်သမားကလေးတစ်ယောက်မဖြစ်ဖြစ်အောင်ဖန်တီးခဲ့သည်။ထိုသို့ပေါင်မုန့်တစ်လုံးပြီးတစ်လုံးအလစ်သုတ်ရင်း၊စားစရာတစ်ခုပြီးတစ်ခုခိုးစားရင်းအလစ်သမားဘဝ၊သူခိုးဘဝသို့ရောက်ခဲ့ကြသောကျွန်တော်တို့အိမ်ပြေးကလေးသုံးယောက်မှာနောက်ဆုံး၌လင်းမားရစ်မြို့အရွယ်မရောက်သေးသည့်ကလေးသူငယ်များရုံးတော်သို့ရောက်ခဲ့ရပြီး“ဤသို့သောအကျင့်စာရိတ္တပျက်ပြားမှုမျိုးကိုလုံးဝခွင့်မပြုထိုက်သည့်အလျောက်ဤသူငယ်လေးများအားမှတ်

လောက်သားလောက်အောင်ပြင်းထန်စွာအပြစ်ပေးရမည်။သို့ဖြစ်ရာမောင်မင်းတို့သုံးဦးအားဒိန်းဂျင်းအကျဉ်းထောင်တွင်သုံးနှစ်တိတိကျခံစေရမည်”ဟူသောစီရင်ချက်ချခြင်းခံခဲ့ရသည်။

"ဒိန်းဂျင်းအကျဉ်းထောင်”

ဤနာမည်ကိုကြားလိုက်ရုံမျှဖြင့်ကျွန်တော်တို့အိမ်ပြေးကလေးသုံးယောက်မှာကျောထဲကစိမ့်သွားမိကြသည်။မှန်သည်။အိုင်ယာလန်နိုင်ငံအော့ဖ်လီခရိုင်ဒိန်းဂျင်းရွာကလေးအနီးတွင်ဆောက်လုပ်ထားသောဒိန်းဂျင်းအကျဉ်းထောင်သည်အမေရိကန်ပြည်ထောင်စုမှနာမည်ကျော်လူဆိုးကြီးများကိုသာချုပ်နှောင်သည့်“အာလ်ကက်ထရက်”အ

ကျဉ်းထောင်ကဲ့သို့လည်းကောင်း၊ဗြိတိန်နိုင်ငံအနီးရှိတကယ့်လူဆိုးသူခိုးများကိုသာလက်ခံထိန်းသိမ်းထားသည့်

“ဒပ်မူ”အကျဉ်းထောင်ကြီးကဲ့သို့လည်းကောင်းအလွန်နာမည်ကြီးလှသည့်ထောင်ကြီးပင်ဖြစ်သည်။

ကျွန်တော့်အမေသည်ရှိုက်ကြီးတငင်ငိုကြွေးလျက်ရှိသည်။ကျွန်တော့်အစ်ကိုကြီးကမူအားပေးသည့်သဘောဖြင့်ကျွန်တော့်ပခုံးနှစ်ဖက်အားကြင်နာယုယစွာဆုပ်ကိုင်ထားသည်ကိုသတိပြုမိသည်။

ကျွန်တော်သည်တစ်ဖက်ခန်းမှအကျဉ်းသား၏လှုပ်ရှားသံများကိုအမှတ်မထင်သတိထားလိုက်မိသည်။သူ၏လှုပ်ရှားသံများအရသူသည်သူ့ခုတင်ခြေရင်းမှဂန်ဖလားထဲသို့ကျင်ငယ်စွန့်နေကြောင်းကျွန်တော်သိလိုက်သည်။ကျွန်တော်သည်အိပ်ရာထဲတွင်နောက်ထပ်၁ဝမိနစ်ကြာသည်အထိဇိမ်ယူနေနိုင်သေးသည်။ထောင်ကြပ်များသည်နံနက်၇နာရီမထိုးမချင်းအဆောင်တံခါးသော့များကိုဖွင့်ကြလိမ့်ဦးမည်မဟုတ်။ကျွန်တော်သည်မျက်နှာကြက်ကိုစိုက်

ကြည့်မြဲကြည့်လျက်။

ကျွန်တော်သည်ဒိန်းဂျင်းထောင်မှလွတ်ချိန်တန်သော်လည်းမလွတ်ခဲ့။မလွတ်ရုံမျှမကအင်္ဂလန်သို့ပင်အပို့ခံခဲ့ရသည်။ဤသည်မှာဘယ်သူမပြုမိမိမှုပင်ဖြစ်၍ကျွန်တော်၏ဆိုးချင်တေချင်လေချင်သောဉာဉ်ကြောင့်ပင်ဖြစ်သည်။ထောင်ထဲရောက်၍ဘာမျှမကြာလိုက်သေးမီဝိုင်ယာလက်စက်တစ်လုံးခိုးသွင်းမှုဖြင့်အပြစ်ကြီးသည်ထက်ကြီးခဲ့ရပြန်သည်။ထို့နောက်တစ်ဖန်ထောင်ဖောက်ပြေးမှုဖြင့်ထပ်မံအဖမ်းခံခဲ့ရပြီးထောင်ထဲမှာပင်ထောင်ပြန်ကျခဲ့ရသည်။ထောင်ဖောက်မှုဖြင့်စီရင်ချက်ချရာ၌တရားသူကြီးက“မောင်မင်းကိုတင်းကျပ်တဲ့စည်းကမ်းနဲ့ထိန်းချုပ်မှဖြစ်မယ်။ဒါကြောင့်မောင်မင်းကိုကလေးထောင်ပို့ဖို့အမိန့်ချမှတ်လိုက်တယ်”ဟူ၍ပြောကြားခဲ့သည်။သို့သော်တကယ့်လက်တွေ့တွင်မူဘော်စတယ်ခေါ်ကလေးထောင်မှအာဏာပိုင်များသည်ဒိန်းဂျင်းအကျဉ်းထောင်အာဏာပိုင်များလောက်ရက်စက်ကြမ်းကြုတ်ခြင်းမရှိဘဲကိုယ်ချင်းစာတရားရှိသူများဖြစ်သည်ကိုတွေ့ရှိခဲ့ရသည်။သို့ဖြစ်ရာကျွန်တော်သည်ကလေးထောင်တွင်၁၂လသာအကျဉ်းခံခဲ့ရပြီးလွတ်မြောက်လာခဲ့သည်။

သည်တစ်ခါတွင်မူကျွန်တော့်အတွက်အတိတ်ကိုအတိတ်မှာပဲထားခဲ့ရမလိုဖြစ်ခဲ့သည်။ထိုအချိန်တွင်ကျွန်တော့်အသက်မှာ၂၁နှစ်ရှိခဲ့ပြီဖြစ်ရာလူ့ဘဝတွင်နေရာအတည်တကျနေရမည့်အချိန်သို့ရောက်လာ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)