Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

လင်းယုန်မောင်မောင် - စပိုင်ဇာတ်လမ်းစုံ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

စပိုင်အလုပ်နှင့် ဈာန်ဝင်စားမှု

 

          ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဗြိတိသျှထောက်လှမ်းရေးတပ်ဖွဲ့ တွင် အမှု ထမ်းနေသော အရာရှိငယ်တစ်ယောက်ရှိသည်။ သူသည် လူငယ်ပီပီ ပေးအပ်သော တာဝန်များကို မညည်းမညူဘဲ ဖျတ်လတ်တက်ကြွစွာ ဆောင်ရွက်တတ်သည်။ ထိုသို့ ပေးအပ်သမျှတာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်လာခဲ့ရာမှ စပိုင်လုပ်ငန်းများကို အလွန့်အလွန် စိတ်ပါဝင်စားလာခဲ့ပြီး စပိုင်အဖြစ်လုပ်ကိုင်ရန် သန္နိဋ္ဌာန်ချလိုက်သည်။ သူ့ကိုယ်သူ စပိုင်ဖြစ်နိုင်သော အရည်အချင်းများရှိသည်ဟူ၍ လည်း အပြည့်အဝ ယုံကြည်ထားခဲ့သည်။

          သို့ဖြင့် စပိုင်လုပ်ရန် ယတိပြတ်ဆုံးဖြတ်ထားသော ထိုအရာရှိငယ်သည် သက်ဆိုင်ရာ အထက်လူကြီးများထံ အကျိုးအကြောင်းတင်ပြ၍ သူ့အား စပိုင်အဖြစ် တာဝန်ပေးရန် တောင်းခံခဲ့သည်။ အထက်လူကြီးများကလည်း သူ၏ တာဝန်ကျေပွန်မှု၊ ဖျတ်လတ်တက်ကြွမှုနှင့် အစစအရာရာ စေ့စပ်သေချာမှုများကြောင့် စပိုင်အဖြစ် တာဝန်ပေးရန် အားလုံးလိုလိုက သဘောတူကြသည်။ သို့သော် စပိုင်လုပ်လိုသည့် ထိုအရာရှိငယ်အား ကောက်ကာငင်ကာ မေးလိုက်သည်။

          “ကဲ... ဒီလိုဆို မင်းကို ငါ နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်။ တကယ်လို့ မင်း စပိုင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတုန်းမှာ မမျှော်လင့်ဘဲ လူတစ်ယောက်ကို သတ်ရမယ့်အခြေအနေမျိုး ရောက်လာပြီဆိုပါတော့... အဲဒီအခါမျိုးကျရင် အဲဒီလူကို မင်း သတ်ရဲပါ့မလား။ သတ်နိုင်ပါ့မလား”

          “ကျွန်တော်သတ်ရဲပါတယ်”

           “ကောင်းပြီ မင်းသတ်ရဲတယ်ဆိုတာလည်း ငါယုံကြည်တယ်။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်လို့ ငါ နောက်ဆက်တွဲမေးခွန်းတစ်ခု မေးမယ်။ အဲဒီမေးခွန်းကို မင်းစိတ် ထဲမှာရှိတဲ့အတိုင်း မှန်မှန်ကန်ကန် ဖြေစေချင်တယ်။ လိမ်မယ်ညာမယ်တော့ မကြံနဲ့။ အဲဒီမေးခွန်းက ဘာလဲဆိုတော့ အဲဒီအချိန်အခါမျိုးမှာ အဲဒီလူကို မင်းသတ်ရမယ်ဆိုရင် စိတ်ပါလက်ပါနဲ့ လိပ်ပြာသန့်သန့် သတ်နိုင်ပါ့မလား.. သတ်ရဲပါ့ မလား”

          အရာရှိငယ်မှာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိဘဲ စက္ကန့်အနည်းငယ်ခန့် ငိုင်သွားသည်။ ပြီးမှ တစ်လုံးချင်း ခပ်မှန်မှန် ခပ်လေးလေး အဖြေပေးလိုက်မိသည်။ “ဒီလို စိတ်ပါလက်ပါနဲ့ သတ်ဖို့ဆိုတာကတော့ မလွယ်ဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ယုံကြည်ကိုးကွယ်နေတဲ့ ဘာသာတရားအရ...”

          “တော်ပြီ... တော်ပြီ၊ ဒါလောက်ဆိုရင် ငါသိပြီ။ ဒီလိုနေရာမျိုးမှာ စိတ်ပါ လက်ပါနဲ့ လိပ်ပြာသန့်သန့် မလုပ်ရဲမကိုင်ရဲဘူးဆိုကတည်းက မင်းရဲ့ စိတ်ဓာတ်ကို ငါသိလိုက်ပြီ။ မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်း အမှန်တရားကို ဖွင့်ပြောတဲ့အတွက် မင်း ကို ငါ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းဟာ စပိုင်တစ်ယောက်ဖြစ်နိုင်တဲ့ အရည် အချင်းနဲ့ မပြည့်စုံသေးဘူးဆိုတာ အတိအလင်း ပြောရတဲ့အတွက်လည်း ငါ အများကြီး ဝမ်းနည်းပါတယ်”

          စင်စစ် စပိုင်လုပ်ငန်းဟူသည်မှာ သူတစ်ပါးမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်” ရသော အလုပ်ပင်ဖြစ်သည်။ သူတစ်ပါး” ဆိုရာ၌လည်း မိမိနိုင်ငံမှ မိမိလူမျိုးများ အပေါ်တွင်မဟုတ်ဘဲ သူတစ်ပါးနိုင်ငံမှ သူတစ်ပါးလူမျိုးများ၏ ‘မျက်ခုံးမွေးပေါ်တွင် စင်္ကြံလျှောက်”ရခြင်းဖြစ်ရာ အမြဲတစေ အန္တရာယ်ပတ်လည်ဝိုင်းနေသော စပိုင်များအဖို့ လိမ်စရာ၊ ညာစရာရှိလျှင် ပိပိရိရိ ́လိမ်တတ်ညာတတ်ရန် အရေးကြီးသလို၊ ရှောင်စရာ တိမ်းစရာရှိလျှင်လည်း “လက်တစ်လုံးခြား’ ရှောင်တတ်၊ တိမ်းတတ်ကြရန် လိုအပ်လှ သည်။

          အကယ်၍ ထိုသို့ လိမ်တတ်ညာတတ်၍ ရှောင်တတ်တိမ်းတတ်သည့်ကြားထဲမှ မမျှော်လင့်ဘဲ အန္တရာယ်နှင့် ပက်ပင်းပါ ထိပ်တိုက်တိုးလာခဲ့ပါက ယင်းအန္တရာယ်ကို အပြတ်ရှင်း၍ ကိုယ်လွတ်ရုန်းနိုင်ရန်မှာ အရေးကြီးဆုံးပင်ဖြစ်သည်။ သို့ဖြစ်ရာ မရှောင်သာ မတိမ်းသာ လိုအပ်လာပါက စပိုင်များသည် လူတစ်ယောက်အသက်ကို ဖက်ရွက်ပမာ သဘောထားနိုင်ကြရမည်။ တကယ့် ကျဉ်းထဲကျပ်ထဲတွင် တစ်ဖက် ရန်သူကို ဇီဝိန်ခြွေရန်အတွက် လက်မနှေးသူများ၊ ဝန်မလေးသူများ ဖြစ်ကြရမည်။

အကယ်၍သာ ထိုသို့သော အချိန်အခါနှင့် အခြေအနေမျိုးတွင် တစ်ဖက်ရန်သူကို ထိုသို့ သတ်ရန်ဖြတ်ရန် ဝန်လေးနေပါက (ဝါ) လိပ်ပြာမသန့်ဖြစ်နေပါက၊ သို့မဟုတ် လက်နှေးနေပါက (ဝါ) စိတ်မပါ့တပါဖြစ်နေပါက တစ်ဖက်ရန်သူ၏ လက်ချက်ဖြင့် မိမိသာလျှင် အသက်ဆုံးရှုံးစရာရှိသည်။ သို့ဖြစ်ရာ စပိုင်တစ်ယောက်သည် သေရေး ရှင်ရေးဖြစ်လာသည့်အခါမျိုးတွင် တစ်ဖက်ရန်သူအား စိတ်ပါလက်ပါ ဖြင့် လိပ်ပြာ သန့်သန့် ́သတ်ရဲဖြတ်ရဲသူများ ဖြစ်ကြရမည်။ သတ်နိုင်ဖြတ်နိုင်သူများ ဖြစ်ကြရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်အခါနှင့် ထိုအခြေအနေသည် “သူသေကိုယ်သေ” အခြေအနေမျိုးနှင့် အချိန်အခါမျိုးပင် ဖြစ်သောကြောင့်တည်း။

          သို့ဖြင့် စပိုင်သင်တန်းကျောင်းတွင် လူတစ်ယောက်အား လုံးဝ အသံမထွက်စေ ဘဲ စက္ကန့်ပိုင်းအတွင်း အသက်ထွက်သွားအောင် သတ်နည်းဖြတ်နည်းများကိုပါ သင်ကြားပေးလေ့ရှိကြသည်။ သို့သော် ထိုသို့ အသံမထွက်အောင် လူသတ်နည်းများကို နောက်ဆုံးအဆင့်တွင်မှ သင်ကြားပေးလေ့ရှိကြသည်။ ။

          ပထမဦးစွာ စပိုင်သင်တန်းကျောင်းများသို့ တက်ရောက်ခွင့်မပြုမီ စိတ်ဓာတ် ခိုင်မာမှု၊ ထိုးထွင်းကြံဆမှု၊ ကျဉ်းထဲကျပ်ထဲတွင် အခက်အခဲများကို ကျော်လွှားနိုင်မှု စသည့် အစွမ်းအစများ မည်မျှရှိသည်၊ မရှိသည်ကို မေးခွန်းများဖြင့်လည်းကောင်း၊ လက်တွေ့အားဖြင့်လည်းကောင်း၊ အမျိုးမျိုး စမ်းသပ်ကြည့်ကြသည်။ ထိုသို့ စပိုင်

လောင်းများအား အရည်အချင်းစစ်ဆေးသည့်အခါများ၌ သက်ဆိုင်ရာ အထက်အရာရှိ ကြီးများအပြင် စိတ်ပညာပါရဂူများ၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးများအပြင် “အငြိမ်းစား ́စပိုင်ကြီးများပါ ပါဝင်လေ့ရှိကြသည်။ သူတို့မေးသမျှ မေးခွန်းတိုင်းသည် စပိုင်လောင်းတစ်ယောက်အတွက် တစ်နည်းနည်းဖြင့် အဓိပ္ပာယ်ရှိသော မေးခွန်းများ သာလျှင်ဖြစ်သည်။ ဤမေးခွန်းများဖြင့် စပိုင်လောင်း၏ အရည်အချင်း၊ အတွေ့အကြုံ အစွမ်းအစများနှင့် အကြံအဖန်များ မည်ရွေ့မည်မျှရှိသည်ကို အတွင်းကျကျ 'နှိုက်” ကြည့်ကြသည်။

         ထိုမှတစ်ဆင့် စပိုင်လောင်းများတွင် မိမိတိုင်းပြည်နှင့် မိမိအစိုးရအပေါ် မည်မျှ သစ္စာစောင့်သိ ရိုသေသည်ကို နည်းမျိုးစုံဖြင့် အဘက်ဘက်မှ စမ်းသပ်စစ်ဆေး ကြည့်ကြသည်။ 

         စပိုင်လောင်းတစ်ယောက်အတွက် စိတ်ဓာတ်ကြံ့ခိုင်မြဲမြဲမှုရှိရန် လိုအပ်သလို၊ ကိုယ်ခန္ဓာ ကျန်းမာတောင့်တင်းမှုရှိရန်လည်း အရေးကြီးလှသည်။ အမြဲတမ်း သတိရှိနေသလို ထာဝစဉ် ဖျတ်လတ်တက်ကြွမှု ရှိနေရမည်ဖြစ်သည်။ အထူးသဖြင့် စပိုင် လောင်းတစ်ယောက်သည် ရောက်လေရာအရပ်တွင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ရမည်ဖြစ်သည်။ ဤနေရာတွင် “ရောမရောက်လျှင် ရောမသားလို ကျင့်ရမည်” ဟူသော ဆိုရိုးစကားသည် စပိုင်များအတွက် အထူးသတိပြု၍ ထာဝစဉ်လိုက်နာရမည့်ဆောင်ပုဒ်တစ်ခုပင်ဖြစ်သည်။ စပိုင်များအတွက် “ရောမရောက်လျှင် ရောမလိုကျင့်ရမည်” သာမက အင်္ဂလန်ရောက်လျှင် အင်္ဂလိပ်တစ်ယောက်ကဲ့သို့”လည်းကောင်း၊ ဂျာမနီ ရောက်လျှင် ဂျာမန်တစ်ယောက်ကဲ့သို့”လည်းကောင်း ရောက်လေရာတိုင်းပြည်နိုင်ငံတွင် ထိုတိုင်းပြည် ထိုနိုင်ငံသားတစ်ယောက်လို ပြောဆိုနေထိုင် ကျင့်ကြံလုပ်ကိုင်သွားနိုင်ရန် အထူးပင် အရေးကြီးလှသည်။ အချုပ်အားဖြင့်ဆိုရလျှင် စပိုင်တစ်ယောက်အတွက် မရှိလျှင် လုံးဝမဖြစ်သောအချက်မှာ ဟန်ဆောင်ကောင်းမှု ́ ပင်ဖြစ်သည်။

          ဂျာမနီတွင် စပိုင်လုပ်နေသော အင်္ဂလိပ်တစ်ယောက်သည် တကယ့်ဂျာမန် တစ်ယောက်ပမာ ဟန်ဆောင်တတ်ရမည်ဖြစ်သည်။ အလားတူပင် အမေရိကတွင် တာဝန်ကျနေသော ရုရှားစပိုင်တစ်ယောက်သည် အမေရိကန်တစ်ယောက်နှင့် လုံးဝ ခွဲမရအောင် ဟန်ဆောင်နိုင်ရမည်ဖြစ်သည်။ ထိုနည်းတူစွာ စပိုင်ကောင်းတစ်ယောက် သည် စစ်သုံ့ပန်းတစ်ယောက်ကဲ့သို့လည်းကောင်း၊ ဘဏ်လုပ်ငန်းရှင် မီလျံနာသူဌေးကြီး တစ်ဦးကဲ့သို့ လည်းကောင်း၊ ဟိုတယ်အစောင့်တစ်ယောက်ကဲ့သို့လည်းကောင်း၊ မီး ရထားအလုပ်သမားတစ်ဦးကဲ့သို့လည်းကောင်း၊ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကဲ့သို့လည်းကောင်း မိမိလုပ်ဆောင်ရမည့် စပိုင်အလုပ်၏ အနေအထားအရ ပိရိသေ သပ်စွာ ဟန်ဆောင်တတ်ကြရမည်ဖြစ်ပါသည်။

          စပိုင်တို့တတ်အပ်သော ဟန်ဆောင်မှုအတတ်ပညာနှင့် တစ်ပါတည်း တွဲနေ သည်မှာ ရုပ်ပြောင်းရုပ်လွှဲ အတတ်ပညာပင်ဖြစ်သည်။ 

          ထိုရုပ်ပြောင်းရုပ်လွှဲအတတ်ပညာဟုဆိုလိုက်သည်နှင့်တစ်ပြိုင်နက်တချို့က မုတ်ဆိတ်မွေးအတု၊ နှုတ်ခမ်းမွေးအတု၊ ဆံပင်အတု၊ သွားအတုများ တပ်ဆင်ကာ ရုပ်ရှင်များနှင့် စိတ်ကူးယဉ် စုံထောက်ဝတ္ထုထဲမှ ရုပ်ပြောင်းရုပ်လွှဲ လုပ်လေ့လုပ်ထရှိ သည်များကို ပြေး၍ မြင်ယောင်မိကြမည်ဖြစ်သည်။ သို့သော် ထိုပစ္စည်းအတုများ တပ်ဆင်၍ စပိုင်များ ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ခဲ့ကြသည်မှာ ပထမကမ္ဘာစစ်ကြီး အတွင်းနှင့် စစ်ကြီးပြီးသည့်နောက်ပိုင်းတွင်မူ ထိုသို့ ပစ္စည်းအတုများဖြင့် ရုပ်ပြောင်း ရုပ်လွှဲပြုလုပ်ခြင်းများ လုံးဝမရှိတော့သလောက် ဖြစ်လာခဲ့သည်။

           ယခုမျက်မှောက်ခေတ် စပိုင်သင်တန်းကျောင်းများတွင် သင်ကြားပေးနေသော ရုပ်ပြောင်းရုပ်လွှဲ အတတ်ပညာများမှာ ထိုသို့သော ဆံပင်အတု၊ နှုတ်ခမ်းမွေးအတု၊ မုတ်ဆိတ်မွေးအတုများဖြင့် “ကိုးရိုးကားရား၊ ဖို့ရို့ဖားရား”မဟုတ်တော့ဘဲ မျက်နှာ ပေါ်တွင် တစ်နေရာရာ၌ တစ်စုံတစ်ခုကို မသိမသာ ပြောင်းလဲပေးလိုက်ခြင်းဖြင့် မူလရုပ်လက္ခဏာနှင့် သိသိသာသာကြီး ကွဲပြားခြားနားသွားစေသည့် ရုပ်ပြောင်းရုပ်လွှဲ အတတ်ပညာများကို အသုံးပြုနေကြသည်။ ဥပမာဘယ်ဘက်ပါးပေါ်တွင် အမာရွတ် တစ်ခုသော်လည်းကောင်း၊ ညာဘက်ပါးပေါ်တွင် မှဲ့တစ်လုံးသော်လည်းကောင်း တပ်ဆင်ပေးလိုက်ခြင်းဖြင့် မူလမျက်နှာကို ရုတ်တရက် မမှတ်မိနိုင်အောင် ဖြစ်သွား တတ်သည်။ အထူးသဖြင့် ဆံပင်ပုံစံကို ပြောင်းလဲပြုပြင်ပေးလိုက်ခြင်းဖြင့်လည်း ရုပ်လက္ခဏာ မျက်နှာတစ်ခုလုံး ပြောင်းလဲသွားတတ်သည်။ ဥပမာ အမြဲတမ်း ဆံပင် ရှည်နှင့် ရှိနေသူတစ်ယောက်အား ခေါင်းတုံးဆံတောက် ညှပ်လိုက်ခြင်းဖြင့်ဖြစ်စေ၊ ဆံပင်ကို ထာဝစဉ် စမတ်ကျကျ သ၍ နေတတ်သူတစ်ယောက်အား ခေါင်းစုတ်ဖွားဖြင့် ဆံပင်များကို ဖွပေးလိုက်၍ဖြစ်စေ၊ နေ့စဉ် မြင်နေကျသူများပင် “လူမှားသွားအောင် ပြုလုပ်နိုင်ကြသည်။ ယုတ်စွအဆုံး ဆံပင်ကိုညာဘက်ခွဲ၍ ခေါင်းဖြီးတတ်သူတစ်ဦးအား ဘယ်ဘက်သို့ ပြောင်း၍ ခွဲပြီးပေးလိုက်ခြင်းဖြင့် အကြီးအကျယ် ရုပ်ပြောင်းရုပ်လွှဲ ဖြစ်သွားတတ်သည်။ ထို့ပြင် ဆံပင်အရောင်ကို တစ်မျိုးတစ်ဖုံ ကွဲပြားသွားအောင် ဆေးဆိုးခြင်းဖြင့်လည်း ရုပ်ပြောင်းသွားအောင် ပြုလုပ်တတ်ကြသည်။

           ထိုနည်းတူစွာ မျက်ခုံးမွေး၏ အနေအထားကို မသိမသာ ပြုပြင်ပေးလိုက်ခြင်း ဖြင့်လည်းကောင်း၊ နေကာမျက်မှန်၊ ရွှေကိုင်းမျက်မှန် စသည်ဖြင့် မျက်မှန်ပုံစံအမျိုးမျိုးပြောင်းလဲတပ်ဆင်ပေးလိုက်ခြင်းဖြင့်လည်းကောင်း၊ ရုတ်တရက် မမှတ်မိနိုင်အောင် ဖြစ်သွားတတ်သည်။ တချို့ကမူ အပေါ်သွားဖြစ်စေ၊ အောက်သွားဖြစ်စေ... ရှေ့သွား တစ်ချောင်း ကျိုးသည့်ဟန်ဖြင့် ဆေးအနက် သုတ်ထားတတ်ကြသည်။ ဤနည်းဖြင့် ခပ်လှမ်းလှမ်းမှကြည့်လျှင် လုံးဝမမှတ်မိအောင် ရုပ်ပြောင်းသွားတတ်ကြသည်။

          တချို့ကလည်း ဆံပင်ကို အရောင်ပြောင်းသွားအောင် ဆေးဆိုးသကဲ့သို့ အသားမည်းနေသူကို အသားညိုသွားအောင်၊ အသားဖြူနေသူကို အသားမည်းသွား

အောင် သိပ္ပံနည်းကျ ဖော်စပ်ထားသော ဆေးများဖြင့် ပြုပြင်ဖန်တီး၍ ရုပ်ပြောင်းရုပ်လွှဲ လုပ်တတ်ကြသည်။

          ထိုသို့ ရုပ်လက္ခဏာနှင့် အသားအရေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသည့် အတတ်ပညာများ သင်ကြားကြရသလို ရုပ်ပြောင်းရုပ်လွှဲနှင့်ပတ်သက်၍ ကိုယ်ခန္ဓာ အချိုးအစား အရပ်အမောင်းနှင့် လမ်းလျှောက်ပုံမတူအောင် လေ့ကျင့်သည့်နည်းများ ကိုလည်း လေ့လာသင်ကြားကြရသည်။ ခါးကို အနည်းငယ်ကိုင်း၍ လမ်းလျှောက်သည့် အလေ့အကျင့်ကို ပြုလုပ်ပေးခြင်းဖြင့် မူလအရပ်အမောင်းထက် နှစ်လက်မခန့်ပို၍ ပုသွားသည်ဟု ထင်ရတတ်သည်။ ရံဖန်ရံခါ ခြေတစ်ဖက် “ဆာ”နေသည့် ပုံစံမျိုးဖြင့်

ထော့ကျိုးထော့ကျိုး လမ်းလျှောက်ကာ “ပုံမှားရိုက်”တတ်ကြသည်များလည်း ရှိကြ သည်။

          တစ်ခါက ထိုသို့ ခြေတစ်ဖက် “ဆာ” နေသည့်ပုံစံဖြင့် ထော့ကျိုးထော့ကျိုး လမ်းလျှောက်ကာ ရုပ်ဖျက်ထားသော ပြင်သစ်စပိုင်တစ်ယောက် ပိုလန်နိုင်ငံမှ ဂျာမနီ နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် နယ်ခြားတစ်ခုသို့ ရောက်လာသည်။ နယ်ခြားအစောင့် ဂျာမနီတပ်သားများက ထိုစပိုင်အား သာမန်အရပ်သားတစ်ယောက်ဟု ယူဆကာ ဝတ်ကျေတမ်းကျေ စစ်ဆေးမေးမြန်းပြီး ဂျာမနီနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။ ဤတွင် မမျှော်လင့်ဘဲ အလွယ်တကူ ခွင့်ပြုချက်ရသဖြင့် ဝမ်းအသာကြီးသာသွားသော ထိုစပိုင်သည် ခပ်စောစောက ထော့ကျိုးထော့ကျိုးဖြင့် လမ်းလျှောက်ခဲ့သည်ကို ရုတ် တရက်သတိမေ့ပြီး လူကောင်းတစ်ယောက်ပမာ ခပ်တည်တည် လျှောက်သွားခဲ့မိသည်။ ဤတွင် အစောင့်ဂျာမန်စစ်သားများက မသင်္ကာ၍ ခေါ်ယူစစ်ဆေးမေးမြန်းရာမှ စပိုင်မှန်းသိသွားပြီး ချက်ချင်း အဖမ်းခံလိုက်ရသည်။

          ဤသည်မှာ ထိုစပိုင်အား သင်ကြားပေးလိုက်သည့် စပိုင်သင်တန်းကျောင်း၏ ညံ့ဖျင်းမှုဟူ၍ပင် ဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ ခြေတစ်ဖက် “ဆာ”နေသည့် ပုံစံမျိုးဖြင့် ထော့ကျိုးတော့ကျိုး လမ်းလျှောက်သည့်နည်းကို လေ့ကျင့် ရာ၌ ရိုးရိုးလေ့ကျင့်ခြင်းထက် ဖိနပ်တစ်ဖက်တည်းတွင် ကျောက်ခဲခပ်သေးသေး တစ်လုံးကိုထည့်၍ လေ့ကျင့်ခြင်းက ပို၍ စိတ်ချရသည်။ ထိုသို့ ဖိနပ်တစ်ဖက်တည်းတွင်

ကျောက်ခဲထည့်၍ လမ်းလျှောက်ခြင်းဖြင့် တမင်တကာ ထော့ကျိုးတော့ကျိုးလုပ်နေရန် မလိုတော့ဘဲ ကျောက်ခဲထည့်ထားသည့်ဘက်မှ ခြေထောက်မှာ အလိုအလျောက်ထော့ကျိုးဖြစ်နေမည်ဖြစ်သည်။ ယခုသော်မူ အဆိုပါစပိုင်သည် ဖိနပ်ထဲတွင် ကျောက် ခဲမထည့်ဘဲ တမင်ဟန်လုပ်၍ ကော့ကျိုးလျှောက်နေရသည်ဖြစ်ရာ ရုတ်တရက် ဝမ်းသာလုံးဆို့ပြီး သတိမေ့သွားရာမှ စောစောကလို ထော့ကျိုးဟန်ဆောင်၍ လမ်း မလျှောက်မိဘဲ ဖြစ်သွားခဲ့သည်။ သာမန် အသေးအဖွဲ ပေါ့လျော့မှုတစ်ခုကြောင့် အဖမ်းမခံသင့်ဘဲ အဖမ်းခံသွားခဲ့ရခြင်းဖြစ်သည်။

          ထိုသို့ ရုပ်ပြောင်းရုပ်လွှဲ အတတ်ပညာများအပြင် စပိုင်များသည် အချို့သော ခေတ်မီစက်ကိရိယာများနှင့် ပတ်သက်၍လည်း ကျွမ်းကျင်တတ်မြောက်အောင် သင် ကြားကြရသည်။ ယင်းတို့မှာ အသံဖမ်းစက်၊ အသံလွှင့်စက်၊ ကြိုးမဲ့ကြေးနန်းစက် စသည့် ကိရိယာများကို အသုံးပြုသည့်နည်းများနှင့်တကွ ထိုစက်များကို ဖြုတ်နည်း၊ တပ်နည်း၊ ပြင်နည်းများပင် ဖြစ်သည်။ တစ်ဆက်တည်းတွင် လျှို့ဝှက်သင်္ကေတများဖြင့် သတင်းပို့နည်း၊ သတင်းယူနည်းများကိုလည်း လေ့လာသင်ကြားကြရသည်။

          ထို့ပြင် ထိုသို့ ခေတ်မီစက်ကိရိယာများကို အသုံးမပြုဘဲ ရိုးရိုးသာမန်စာဖြင့် ရေး၍ သတင်းပို့ သတင်းယူရာတွင် အသုံးပြုရန်အတွက် လျှို့ဝှက်မင်များနှင့် ဓာဟု ဗေဒမင်များကို ဖော်စပ်နည်းများနှင့်တကွ တတ်ကျွမ်းအောင် လက်တွေ့ သင်ကြား လုပ်ကိုင်ကြရသည်။ ထိုမှတစ်ဆင့် လက်နက်မျိုးစုံ ကိုင်တွယ်ပစ်ခတ်နည်းများနှင့် မီးခံသေတ္တာများ၊ အာမခံသေတ္တာများနှင့် သော့ခတ်ထားသည့် ဗီရိုများ၊ အံဆွဲများကို သော့တူဖြင့်ဖွင့်သည့် “ဖောက်ထွင်းရေးအတတ်”များကိုပါ ကျွမ်းကျင်စွာ တတ်မြောက် အောင် သင်ကြားကြရသည်။

          ဤသည်တို့မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အတတ်ပညာများနှင့်ပတ်သက်၍ စပိုင် များ သင်ကြားကြရသည့် ပညာရပ်များဖြစ်သည်။ ထိုမှတစ်ပါး စိတ်ပိုင်းဆိုင်ရာ အတတ်ပညာများနှင့် ပတ်သက်၍လည်း အဘက်ဘက်မှ ကုံလုံကြွယ်ဝအောင် သင်ကြားကြရသေးသည်။

          မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှု အပြည့်အဝရှိနေစေရန်နှင့် မိမိစိတ်ကို အမြဲ တမ်းထိန်းချုပ်၍ ထာဝစဉ် သတိရှိနေစေရန်မှာ စပိုင်များအတွက် စိတ်ပိုင်းဆိုင်ရာ အရေးကြီးသော သင်ခန်းစာတစ်ခုပင်ဖြစ်သည်။ တစ်စုံတစ်ခုကို မမျှော်လင့်ဘဲ ရုတ် တရက် မြင်လိုက်၊ တွေ့လိုက်၊ ကြားလိုက်ရသဖြင့် အံ့သြသွားခြင်း၊ တုန်လှုပ်သွားခြင်း၊ ဒေါသထွက်သည့် စိတ်လှုပ်ရှားမှုမျိုးကို အတတ်နိုင်ဆုံး မဖြစ်ပေါ်အောင် ထိန်းချုပ်နိုင် ကြရမည်ဖြစ်သည်။ လူတစ်ယောက်၏ စိတ်လှုပ်ရှားမှု အဇ္ဈတ္တအတွင်းသဏ္ဌာန်သည် ထိုသူ၏ မျက်နှာပေါ်တွင် အမြဲတစေ ထင်ဟပ်နေသည်ဖြစ်ရာ ထိုသို့ ထင်ဟပ်မှုမျိုးကို ထိန်းချုပ်နိုင်စွမ်းရှိသူမှာ တစ်ရာလျှင် တစ်ယောက်၊ တစ်ထောင်လျှင် တစ်ယောက်သာ ရှိတတ်သည်။ တိုပုဂ္ဂိုလ်များသည် စပိုင်များပင်ဖြစ်သည်။ စပိုင်များ၏ အဘိဓာန်တွင် “မျက်နှာပျက်သွားခြင်း၊ ဣန္ဒြေပျက်သွားခြင်း စသော ဝေါဟာရများ လုံးဝမရှိအောင်