လင်းယုန်နီ - မျောက်ပြ၍ဆန်တောင်းခြင်း
မျောက်ပြ၍ ဆန်တောင်းခြင်း
“အစက ဒီကောင်မတွေ မကောင်းဘူးဆိုတာကို ကျွန်တော် မသိပါဘူး ဗျာ၊ ခုမှ ဒီကောင်မတွေဟာ မျောက်ပြပြီး ဆန်တောင်းတဲ့ ကောင်မတွေ ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော့်ပစ္စည်းကို ပြန်ရရင် ပြီးတာ ပါပဲ။ ကျွန်တော်ပေးထားတဲ့ လက်ကောက်နဲ့ဆွဲကြိုးကို ပြန်ရရင် ပြီးတာ ပါပဲ။ အဲဒါ ခင်ဗျား လိုက်တောင်းပေးစမ်းပါ...”
ကိုထွန်းအောင်မှာ လူရိုးလူကောင်းတစ်ယောက် ဖြစ်သည်။ သို့ကြောင့်လည်း သူ့တွင်လိုအပ်နေသော အကူအညီတစ်ခုကို ကျွန်တော် သည် ပေးအပ်လိုစိတ် ရှိခဲ့ပေသည်။
သို့သော် သူ့ကိစ္စကို ကူညီရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ သူ့အမှုမှာ သူကိုယ်တိုင်က လူပျိုကြီးဖြစ်ရသည့်အထဲတွင် ရိုးလွန်း အလွန်းသောကြောင့် ဘယ်သူမပြု မိမိမှု ဆိုသလို ခံခဲ့ရခြင်းဖြစ်၏။ ဖြစ်ပုံအကြောင်းမှာလည်း မဆန်းလှပေ။ ကိုထွန်းအောင်သည် ဌာနတစ်ခု တွင် အထက်တန်းစာရေးကြီးတစ်ဦး ဖြစ်၏။ ခင်စောဖြူမှာ သူတို့ရုံးမှ လက်နှိပ်စက်စာရေးမလေးတစ်ယောက် ဖြစ်၏။
ကိုထွန်းအောင်သည် ခင်စောဖြူကို နောက်ပိုးမိသည်။ ရိုးရိုးသား သားအောက်မေ့၍ နောက်ပိုးမိခြင်းဖြစ်သည်။ နောင်သောအခါတွင်မှပင် ခင်စောဖြူမှာ ယောက်ျားများကို မြူချော့၍ စားသောက်နေသော ပိုင်း လုံးမကလေးတစ်ယောက်ဖြစ်ကြောင်း သိရ၏။ ထိုအခါ ကိုထွန်းအောင် သည် သူပေးထားသော ရွှေလက်ကောက်တစ်ရန်နှင့် ရွှေဆွဲကြိုးတစ်ကုံး ကို ခင်စောဖြူ ထံမှ ပြန်လည်ရယူလို၏။ ဤသည်ကို ဖြစ်မြောက်အောင် ကျွန်တော့်ထံတွင် လာရောက်၍ အကူအညီတောင်းခံခြင်း ဖြစ်ပေသည်။
“ခင်ဗျားက ပါးစပ်ကပြောတော့ လွယ်တာပေါ့ ဗျ။ ဒါပေမဲ့ သက် သေမရှိ သက်ကာယမရှိနဲ့ ခင်ဗျားဟာခင်ဗျား ပေးပြီးသားပစ္စည်းကို ပြန်တောင်းဖို့ဆိုတာက လွယ်တာမှမဟုတ်ဘဲ။ ခင်ဗျားပေးတုန်းက သက် သေရှိလို့လား...”
“ဗျာ.. တိုတိုပြောကြစို့ဆိုတော့ နောက်ပိုးကြေးပေးတာပဲ၊ ဘယ် သက်သေရှိမလဲ”
“အဲဒီတော့ ဘယ်လိုလုပ်ပြီး ပြန်တောင်းမလဲဗျ”
“အစက သူက ကျွန်တော့်ကို ယူပါ့မယ်လို့ ပြောထားတယ်။ ကျွန်တော်ကလည်း သူပြောတာကို ယုံတယ်။ ကျွန်တော်တို့နှစ်ယောက် ကြိုက်နေကြတယ်ဆိုတာလည်း တစ်ရုံးလုံးက သိပါတယ်။ နောက်မှ ရုံးအုပ်လုပ်တဲ့ ခွေးမသားကြီးက ကျွန်တော့်ကို မယူရဘူးလို့ပြောတယ် ဆိုပြီး ကျွန်တော့်ကို လက်မခံတော့ဘူး။ အမှန်က ရုံးအုပ်လုပ်တဲ့ ခွေးမ သားကြီးက ကောင်မလေးကို အပိုင်ကြံနေတာ...”
“ဒါကတော့ ထားပါ..၊ ပြန်တောင်းရင် ရနိုင်စရာကော ဘာ အကြောင်းရှိလို့လဲ..”
“ကျွန်တော့်ကို ယူပါ့မယ်ဆိုလို့ ကျွန်တော် လုပ်ပေးထားတာပဲ... - အခု ကျွန်တော့်ကို မယူတော့ဘူးဆိုရင် သူတို့ ပြန်ပေးရမှာပေါ့...”
“နို့... ဒီလောက် လွယ်နေရင် ကျွန်တော့်ကို ဘာလုပ်ဖို့ လာခေါ် ရတာလဲ၊ ကျွန်တော်လိုက်တော့ကော ဘာအကြောင်းထူးဦးမှာလဲ...”
“ဒီလိုဗျ ... သူက ဆန်းသလောက် သူ့အမေက အတော်ရိုးတယ်။ ရှက်လည်း သိပ်ရှက်တတ်တယ်။ ဒါကြောင့် သူတို့အကြောင်း သတင်း စာထဲမှာ ပါမှာတို့၊ မဂ္ဂဇင်းထဲပါမှာတို့ကို သိပ်ကြောက်တယ်။ အဲဒီတော့ ခင်ဗျားလိုက်လာရင် သူတို့ အကြောင်းသိသွားပြီဆိုပြီး စာထဲထည့်ရေးမှာ ကို ကြောက်တဲ့အတွက် ခင်ဗျားအနေနဲ့ ပြန်တောင်းပေးရင် ရမှာပဲ။ မရရင် မဂ္ဂဇင်းထဲဖြစ်ဖြစ် သတင်းစာတစ်စောင်စောင်ထဲမှာဖြစ်ဖြစ် ထည့် အုပ်မယ်ဆိုပြီး ခြောက်ရမှာပေါ့ ဗျ...”
ကျွန်တော်သည် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အတန်ကြာ လောက်အောင် စဉ်းစားနေမိ၏။ သို့သော် ဖြစ်နိုင်သည် မဖြစ်နိုင်သည် အပထား၊ ကိုထွန်းအောင်အားကူညီရန် ကျွန်တော့်တွင် ဝတ္တရားရှိနေ သောကြောင့် ခင်စောဖြူထံ ဘယ်နေ့သွားရောက်မည်ကို မေးလိုက်ရ လေသည်။
“တနင်္ဂနွေနေ့ အကောင်းဆုံးပေါ့ ဗျ၊ တနင်္ဂနွေနေ့ မနက်စောစော ကျရင် ကျွန်တော် လာခေါ်ပါ့မယ်...”
တနင်္ဂနွေနေ့နံနက်သို့ ရောက်သောအခါ ကိုထွန်းအောင်သည် ခန့်မှန်းထားသည့်အချိန်ထက် စော၍ ကျွန်တော့်ထံ ရောက်ရှိလာလေ သည်။ ကျွန်တော်တို့သည် သိမ်ကြီးဈေးသို့ သွားရောက်ကာ ခင်စောဖြူ နေထိုင်သည်ဆိုသော ကမာရွတ်ဘက်သို့ အင်းစိန်ကားစီး၍ သွားရောက် ကြ၏။ ကမာရွတ်ဘူတာရုံ လမ်းထိပ်တွင်ဆင်းကာ ခင်စောဖြူတို့ အိမ်အရောက် ဆိုက်ကားဖြင့် သွားကြရ၏။ ခင်စောကြူ တို့မှာ ဘူတာရုံ တောင်ဘက်တွင် နေထိုင်ကြလေသည်။
သားအမိ နှစ်ယောက်တည်း နေထိုင်လျက်ရှိသောအိမ် ဖြစ်သော ကြောင့် မကျဉ်းမကျယ် ဖြစ်သော်လည်း အိမ်မှာ ဝင်းခြံလေးနှင့် သပ်သပ် ရပ်ရပ် ဖြစ်ပေသည်။ နောက်မှ သိရသည်မှာ ခင်စောဖြူတို့အိမ်သည် အိမ်ငှားများဖြစ်၍ အောက်ထပ်ကိုသာ ငှားရမ်းနေထိုင်ခြင်း ဖြစ်ပေသည်။ အိမ်ရှင်မှာ အိမ်ပေါ်ထပ်တွင် နေထိုင်လေသည်။
ဝင်းခြံလေးမှာလည်း ချစ်စဖွယ်ပန်းပင်များဖြင့် သာသာယာယာလေး ပင် ဖြစ်ပေသည်။ အိမ်မှာလည်း ပျဉ်ကာ ပျဉ်ခင်းပင် ဖြစ်ပေသည်။ ဧည့်ခန်းမှာ ၈ ပေ၊ ၁၂ ပေလောက်ရှိသော အခန်းဖြစ်၏။ အနည်းငယ် ပေါလစ်ရောင် မှိန်နေပြီဖြစ်သော်လည်း ကြိမ်သစ်များထိုးထားသော ကုလားထိုင်စုံများနှင့် စားပွဲများဖြင့် သပ်သပ်ရပ်ရပ်ပင် ပြင်ဆင်ထား၏။ ဧည့်ခန်းလယ်က မှန်ဖုံးထားသော စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံး ရှိ၍ လန်းဆန်းလှပသော အမျိုးအမည်မသိ ပန်းရောင်စုံများ ထိုးထား၏။ အခန်းနံရံများတွင်မူ တောအိမ်ဆန်ဆန် မှန်ပေါင်သွင်း ဓာတ်ပုံအရွယ် အစားအမျိုးမျိုးကို အစီအစဉ်မရှိ ချိတ်ဆွဲထား၏။
အိမ်တွင်းသို့ ဝင်ဝင်ချင်းပင် ခင်စောဖြူကို တွေ့မြင်ရသည်။ ခင်စောဖြူသည် မမျှော်လင့်ဘဲ ကိုထွန်းအောင်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားဟန်တူသည်။ သို့သော် ဣနြေ မပျက်ပင် ကိုထွန်းအောင်ကိုနှုတ်ဆက်ကာ နေရာထိုင်ခင်း ပေးလေ သည်။ နံနက်စောစောပင် ဖြစ်သော်လည်း ခင်စောဖြူမှာ သပ်ရပ်စွာ ဝတ်စားဆင်ခြင်ပြီးပြီ ဖြစ်ပေသည်။ ကိုထွန်းအောင်ပြောသည်ထက် ပိုမိုချောမောလှပကာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် ဖြစ်သည်ဟူ၍လည်း ကျွန်တော်၏စိတ်ဝယ် စွဲမှတ်လိုက်မိ၏။ အနည်း ငယ် အရပ်ပုသော်လည်း သူ့အရပ်နှင့် လိုက်လျောကိုက်ညီအောင် သေး သွယ်သော ကိုယ်လုံးကိုယ်ထည်လေး ရှိ၏။ အသားမှာ မဖြူလွန်း မညိုလွန်းသော အသားလတ်ထဲကဖြစ်၍ ဗမာဆန်၏။ နှာတံပေါ်၍ နှုတ်ခမ်းပါးပါးနှင့် ဖြူးညီညာသော သွားကလေးများရှိ၏။ သူ့ရုပ်မှာ မဆန်းလှပေ။ ပြင်ပုံဆင်ပုံမှာလည်း ရိုးလှပေသည်။ ဤသည်ကြောင့်ပင် ပို၍ချောသည်ထင်ရခြင်း ဖြစ်ပေသည်။ ပို၍လည်း ချစ်စရာကောင်းပေ သည်။ သူ့လို မိန်းကလေးတစ်ယောက်က ကိုထွန်းအောင်ပြောသလို ပိုင်းလုံး လုပ်စားနေသည်ကိုပင် ကျွန်တော်သည် မယုံကြည်နိုင်လောက် အောင် ဖြစ်လာမိလေသည်။
“စောစောစီးစီး ဘယ်က လှည့်လာတာလဲ”
လူသေးသော်လည်း အသံမှာမူ သိပ်မသေးလှပေ။ သူ့အသံမှာ ခပ်မာမာလေးပင်ဖြစ်၍ သာယာသည်ဟု မဆိုနိုင်သော်လည်း နားအခံရ ခက်လောက်အောင် မာကျောခြင်းမဖြစ်ပေ။ ကျွန်တော့်မှာမူ ခင်စောဖြူ အား အကဲခတ်နေရသောကြောင့် အခြားအရာကိုပင် နောက်ထပ် ဂရုပြု နိုင်ခြင်းမရှိပေ။
“ဒီကိုပဲ လာတာပဲ” ဟု ကိုထွန်းအောင်က ခင်စောဖြူကို အဖြေ ပေး၏။ ထိုနောက် ကျွန်တော့်အား လက်ညှိုးထိုးပြကာ “ဟောဒါက စာရေးဆရာ လင်းယုန်နီဆိုတာပဲ...”ဟု မိတ်ဆက်ပေးရင်း ပြောလိုက် လေသည်။
ခင်စောဖြူက ကျွန်တော့်ကို ပြုံးပြ၏။ သူ့အပြုံးတွင် ညစ်လို သော သဘောမျိုး မပါကြောင်းကိုလည်း ကျွန်တော် သဘောပေါက်မိ ၏။ သူ့အပြုံးမှာ စင်ကြယ်သန့်ရှင်းသည်ဟူ၍ပင် ကျွန်တော် ထင်မိလေ သည်။
“စာကိုတော့ ဖတ်ဖူးပါတယ်။ လူကိုတော့ ခုမှမြင်ဖူးပါတယ်..”
ကျွန်တော်ကလည်း ပြန်ပြုံးကာ သူ့ကို အသိအမှတ်ပြုလိုက်ရ၏။ ဧည့်သည်သစ်ဖြစ်သောကြောင့် ကျွန်တော့်ကို ပိုမိုဂရုစိုက်သော သဘော မျိုးပြကာ စားပွဲပေါ်မှ စီးကရက်ဘူးကို ကိုယ်တိုင်ယူ၍ ကျွန်တော့်အား
လာရောက်ကမ်းပေး၏။ ကျွန်တော်ကလည်း ကျွန်တော့်တွင် ဆေးလိပ် ပါကြောင်းကို ပြန်ပြောကာ သူ့စီးကရက်ဘူးကို စားပွဲပေါ်သို့ ပြန်တင် ထားလိုက်ရသည်။
ခင်စောဖြူသည် ကျွန်တော့်ဘေးရှိ ကုလားထိုင်တွင် လာထိုင်ရင်း ကျွန်တော့်ကို ဂရုတစိုက် မေးလေသည်။ ကျွန်တော်ကလည်း ကိုထွန်းအောင်၏မျက်နှာကို လှမ်း၍ကြည့်မိ၏။ ကားပေါ်မှာကတည်းကပင် ကိုထွန်းအောင်က သူ့ကိစ္စအတွက် ကျွန်တော်ကပင် ဦးဆောင်ပြောပေး ပါရန် ကြိုတင်တောင်းပန်ထားပြီး ဖြစ်ပေသည်။ သို့ကြောင့်လည်း ကျွန်တော်သည် စီးကရက်တစ်လိပ်ကို ကျွန်တော့်ဘူးထဲမှ ထုတ်ယူမီးညှိ ရင်း ခင်စောဖြူမျက်နှာကိုမကြည့်ဘဲ စကားစလိုက်ရလေသည်။
“ကိစ္စကတော့ ကိုထွန်းအောင်ကိစ္စပါပဲ၊ သူက မခင်စောကြူ တို့ ဆီက ရွှေလက်ကောက်တစ်ရန်နဲ့ ဆွဲကြိုးတစ်ကုံး ရစရာရှိတယ်။ လိုက် တောင်းပေးပါဆိုတာနဲ့ ကျွန်တော် လိုက်လာခဲ့ရတာပါ”
ကျွန်တော်က အပေါ်နှုတ်ခမ်းကို အောက်ဘက်သို့ သွင်းကာ အောက်နှုတ်ခမ်းကို အပြင်သို့ပင့်ထုတ်ရင်း ပါးစပ်မှ မီးခိုးများက မျက်လုံး လာရိုက်အောင် မှုတ်ထုတ်ပြီးမှ ခင်စောဖြူ၏မျက်နှာကို လှမ်းကြည့် လိုက်ရ၏။ ခင်စောဖြူကမူ ကိုထွန်းအောင်၏မျက်နှာကို လှမ်းကြည့် နေလေသည်။
“ကိစ္စကတော့ ဒါပါပဲ”
ကျွန်တော်က ကျွန်တော်ပါလာရင်း အကြောင်းကိစ္စကို တိုတိုပင် နိဂုံးချုပ်လိုက်၏။ ထိုအခါ ခင်စောဖြူကလည်း ကျွန်တော့်ဘက်သို့ ပြန်လှည့်ကာ ကျွန်တော့်စကားအတွက် အဖြေပေးလေသည်။
“ဒီကိစ္စက ပြီးပြီးသားပဲ၊ ဟိုကတည်းက ရှင်းရှင်းလင်းလင်း ပြော ပြီးသားပဲ မဟုတ်လား။ သူ့ပစ္စည်းတွေ ကျွန်မတို့လက်ထဲမှာ မရှိဆိုတာ သူ သိသားပဲ...”
ခင်စောဖြူသည် ကျွန်တော့်ကိုပါ ရွံရှာမုန်းတီးဟန်ဖြင့် ကြည့်၍ ပြောလိုက်သောကြောင့်လည်း ကျွန်တော်ပင် အတော်စိတ်မကောင်းနိုင် လောက်အောင် ဖြစ်သွားမိ၏။
“ကျွန်မတို့လက်ထဲမှာ မရှိဘူးဆိုတာက ဘယ်လိုလဲ” ကျွန်တော် က နားမလည်သောကြောင့် ထပ်မေးလိုက်ရ၏။ ကိုထွန်းအောင်က လည်း ဤအကြောင်းနှင့်ပတ်သက်၍ ဘာမှ မပြောခဲ့ပေ။
“ပေါင်ထားတာ သူ သိသားပဲ၊ ပေါင်ထားတာကို ကျွန်မတို့ ပြန် မရွေးနိုင်တော့တာလည်း သူ သိသားပဲ”
ကျွန်တော်က ကိုထွန်းအောင်၏မျက်နှာကို လှမ်းကြည့်မိ၏။ ကိုထွန်းအောင်မှာမူ ဤအကြောင်းကို ကျွန်တော့်အား မပြောခဲ့မိခြင်း အတွက် တောင်းပန်လိုဟန်ဖြင့် ကျွန်တော့်ကို ပြန်ကြည့်နေရှာ၏။ ကျွန်တော်ကလည်း တာဝန်ရှိသည်နှင့် လျော်ညီစွာ ခင်စောဖြူ ကိုပင် ထပ်၍မေးလိုက်ရလေသည်။
“ဘာဖြစ်လို့ ပြန်မရွေးနိုင်တာလဲ”
“ပေါင်ထားတာကြာလို့ အတိုးက သိပ်တက်နေပြီ။ ကျွန်မရတဲ့ လခနဲ့ သားအမိနှစ်ယောက် မလောက်မင စားနေရတာ။ ဒါကို ဘယ်လို လုပ်ပြီး ပြန်ရွေးမလဲ”
ခုမှပင် ရုပ်ရည်ရှိသလောက် ပိုင်းစားသည်ဆိုသော မိန်းမတစ်ဦး ၏လေသံသည် ပေါ်ထွက်လာ၏။
“ဒါပေမဲ့ မခင်စောဖြူက လက်ထပ်ပါ့မယ်လို့ ကတိပေးထားတဲ့ အတွက် သူပေးထားတဲ့ ပစ္စည်းတစ်ခုကို မခင်စောဖြူတို့အနေနဲ့ ကတိ ပြန်ဖျက်တဲ့အခါမှာ သူပြန်ပြီး ရယူပိုင်ခွင့်ရှိပါတယ်ဗျာ”
“အို..”ခင်စောဖြူက ကိုထွန်းအောင်နှင့် ကျွန်တော့်ကို ပြူးတူး
ဘူး