Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ရှင်သန်မြန်မာအထ္ထုပ္ပတ္တိ - အောင်ဆန်းစုကြည်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေး ဆု ရရှိခဲ့သည်။ ဒီမိုကရေစီ လိုလားထောက်ခံသည့် “နိုင်ငံ့ထိပ်တန်း အတိုက် အခံခေါင်းဆောင်တစ်ဦး အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ်မှစ၍ မြန်မာအာဏာပိုင်များ၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို နှစ်ရှည်လများ ခံခဲ့ရသည်။ သို့သော် စိတ်ဓာတ်ခွန်အား လုံးဝ ယိုင်နဲ့ ကျဆင်းသွားခြင်း မရှိဘဲ၊ မတရားသည့် တရားဥပဒေများကို တစိုက် မတ်မတ် အာခံခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားစေရန် လှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်။ ရဲရဲတောက် အာဂအမျိုးသမီး တစ်ဦးဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ကို သံမဏိနှင်းဆီဟု တင်စားကြ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဗမာ့လွတ်လပ်ရေးဖခင် အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နောင်တွင် မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်သူ ဒေါ်ခင်ကြည်တို့မှ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ၂ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရစဉ်အခါက အသက် နှစ်နှစ်မျှသာ ရှိသေးသည်။ သူမ၏ မိခင် ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် | ခန့်အပ်စေလွှတ်ခြင်း ခံရသည့် ၁၉၆၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ကျောင်းတက်ပညာသင်ကြားခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံတွင် ဆက်လက်ပညာ | သင်ကြားပြီး အောက်စ်ဖို့တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့သည်။