Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်ကိုကို(အမရပူရ) - အရှင်ဆေကိန္ဒ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ကျွန်တော် သွားရောက်၍ ဦးတင် ခဲ့ပါသည်။

ဆရာတော်၏ ဘဝအကြောင်းကို မိန့်မြွက်ရန် ကျွန်တော်က မေး မြန်းလျှောက်ထားရပါ၏။

ဆရာတော် အရှင်ဆေကိန္ဒသည် လူ့ဘဝက အေဂျီတီအိုင်မြို့ပြ အင်ဂျင်နီယာ အောင်မြင်ခဲ့သူဖြစ်သည်။ | အစိုးရအလုပ်ထဲတွင် ခေတ္တ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ ဆရာတော်၏ ငယ်အမည်မှာ မောင်စိုးမင်းဟု ခေါ်သည်။

မောင်စိုးမင်းကို စစ်ကိုင်းတောင်ရိုး သောတာပန်ရပ်တွင် မွေးဖွား ကြီးပြင်းခဲ့၏။ အဖမှာ ဦးအောင်သန်း၊ အမိက ဒေါ်စိန်ကြည်။

အမေက မွန်ပြည်နယ်က ဖြစ်သည်။ မွန်နှင့် ကရင် သွေးနှောထား သော မိခင် ဖြစ်သည်။ ။ | ဖခင်သည် အင်စပက်တော်၏ သားဖြစ်၏။

မိဘနှစ်ပါးသည် ဂျပန်ခေတ် စစ်မက်ကာလကို ရင်ဆိုင်ကျော် ဖြတ်ခဲ့ရ၏။ ထို့ကြောင့် အတန်းပညာမတတ်ခဲ့ကြပါ။ ဖခင်သည် အင်္ဂလိပ် စာနှင့် သင်္ချာကို ဘုန်းကြီးများထံမှ သင်ကြားခွင့်ရခဲ့၏။

ဆရာတော် အရှင်ဆေကိန္ဒ ဖြစ်လာမည့် မောင်စိုးမင်းသည် ငယ် စဉ်တုန်းက စစ်ကိုင်းတောင်၊ ရေဦးတိုက်သစ်ကျောင်း ဆရာတော် ဦးတိဏ္ဏ ၏ ကျောင်းမှာ စာသင်ခဲ့ရ၏။

မောင်စိုးမင်းတို့ကလေးများက ဆရာတော် ဦးတိဏ္ဏကို “ဘုန်းဘုန်း တိန် ဟု ခေါ်သည်။

ဘုန်းဘုန်းတိန်သည် မောင်စိုးမင်း၏ ကံ့ကူလက်လှည့် ငယ်ဆရာ။

“မင်းတို့ လက်ရေးကို လှအောင်ရေးတတ်ဖို့ ဘုန်းဘုန်း သေချာ သင်ပေးမယ်။ လက်ရေးဆိုတာ ငယ်ငယ်ကတည်းက လှပဖို့ လိုတယ်)။ လူတစ်ယောက်ရဲ့ ဘဝဟာ ဖြောင့်တန်းလှပဖို့ သူ့လက်ရေးဟာလည်း ဖြောင့်တန်းနေဖို့ လိုတယ်။ လှပနေဖို့ လိုတယ်”

ဘုန်းဘုန်းတိန်သည် မောင်စိုးမင်းတို့ကလေးများ လက်ရေးလှ အောင် အထူးကြပ်မတ် သင်ကြားပေးခဲ့၏။

မောင်စိုးမင်း၏ ဆရာတစ်ဆူဖြစ်သော ဘုန်းဘုန်းတိန်သည် အရိုက် တော့ ကြမ်း၏။ “မင်းတို့ကောင်တွေ ဝမ်းလျားမှောက်လိုက်စမ်း” ဘုန်းဘုန်းတိန်က မှောက်ခိုင်းလျှင် မှောက်ရ၏။ “ခြေသလုံးကို လှန်ထားကြ" ရွှမ်းရွှမ်း

ဘုန်းဘုန်းတိန်၏ ကြိမ်ချက်များမှာ ပြင်းထန်လှ၏။ ခြေသလုံး အသားထဲ ကြိမ်လုံးက နစ်ဝင်သွား၏။ နီရဲသော အရှိုးရာများ။ သွေးခြည် များပင် ဥလို့။

မောင်စိုးမင်း၏ စိတ်ဓာတ်သည် ရိုက်ခြင်းကို မကြိုက်ပါ။ ဆန့်ကျင်၏။ စိတ်က ဆန့်ကျင်သည်။ ပြန်တော့ မလျှောက်၏။