စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 8

စိတ်ကူးချိုချိုစာပေ

မောင်ကိုကို(အမရပူရ) - စွယ်စုံအနုပညာရှင်ဝင်းဖေ

မောင်ကိုကို(အမရပူရ) - စွယ်စုံအနုပညာရှင်ဝင်းဖေ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး 0 Ks ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊

:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။
---------------------------

ဝင်းဖေ။မန္တလေးမြို့တွင် ပန်းချီပန်းပု အနုပညာ ကျောင်းအုပ်ကြီး လုပ်ခဲ့ဖူးသည်။

ဝင်းဖေ။ ရုပ်ရှင်ဒါရိုက်တာ လုပ်ခဲ့ဖူးသည်။

ဝင်းဖေ။ ဝတ္ထုတိုများ ရေးပြန်သည်။

အမေရိကန်ပြည်ထောင်စုသို့ ထွက် သွားသည်။ လေလှိုင်းမှတစ်ဆင့် အသံလွှင့်ခဲ့ သည်။ မြန်မာနိုင်ငံသို့ ပြန်လာသောအချိန် မှာ အခရိုင်းလစ်ပန်းချီကားကြီး များစွာ ရေး သည်။

သူ ပြုလုပ်ခဲ့သမျှမှာ ထိပ်ဆုံးက အောင် မြင်သည်။

ဝင်းဖေ။ ဝင်းဖေကို ၁၉၃၅ ခုနှစ်၊ ဇွန် ၆ ရက်မှာ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။

ဝင်းဖေသည် ဖခင် ရွှေပြည် ဦးဘတင်၏ ဆန္ဒအရ ငယ်စဉ်က အမျိုးသားကျောင်းမှာ ကျောင်းတက်ခဲ့၏။ |ဝင်းဖေ၏ အိမ်အမည်မှာ “အညို'ဖြစ်သည်။

အညို ... မင်း အမျိုးသားကျောင်းမှာ မြန်မာသီချင်းတွေ ဆိုရ တယ်။ အဲဒါကောင်းတယ်။ အနုပညာဟာ အခြေခံပညာရေးမှာ ပါဝင်ရ တယ်။ ကျောင်းသားဟာ ငယ်စဉ်မှာ အနုပညာကို သင်ယူရမယ်။ ကြီးလို့ ကြိုက်ရင် ဆက်လုပ်၊ မကြိုက်ရင် ဆက်မလုပ်နဲ့။ မင်းကို အဖေ ပတ္တလား ဝယ်ပေးထားမယ်။ အိမ်မှာ ပတ္တလား တီးကွာ”

ဖခင် ရွှေပြည် ဦးဘတင်သည် ဝင်းဖေကို ကိုယ်တိုင် ပတ္တလား သင် ပေး၏။

နောက်တော့ ဆရာခေါ်ပြီး ဝင်းဖေကို ပတ္တလား သင်ပေးစေ၏။

၁၉၄၂။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် ဝင်းဖေသည် ခုနစ်နှစ် သား အရွယ်သို့ ရောက်ပြီ။

ဝင်းဖေသည် ကလေးဘဝက ကိုယ့်အိမ်မှာကိုယ် ပျော်ရွှင် လွတ်လပ် စွာ နေထိုင်ခဲ့၏။

စစ်ကြီးစဖြစ်ချိန်တွင် သူသည် ပထမတန်း စာသင်ခန်းထဲမှာ ဖြစ်၏။

မန္တလေးမြို့ပေါ်သို့ စစ်လေယာဉ် တွေ ဝဲပျံလာနေမည်။

အထင်ကရ သာသနိက အဆောက် အအုံများနှင့် ကြီးမားထင်ရှားသော အဆောက်အအုံများပေါ်သို့ ဗုံးများ ကြဲချ လိုက်၏။

သူ၏ ကျောင်းသည် မီးလောင်သွားပြီ။

မန္တလေးမြို့မှာ လူများသည် အော် ဟစ်ဆူညံနေ၏။

ပြေးကြ၊ လွှားကြ။

ပုန်းကြ၊ ခိုကြ။

သား ပျောက်သူ။

သမီး ပျောက်သူ။

မိခင် ပျောက်သူ။

ဖခင် ပျောက်သူ။

မန္တလေးမြို့သည် စစ်အနိဋ္ဌာရုံတို့ ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။