Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ရှင်မဟာရဌသာရ - စတုဓမ္မသာရကိုးခန်းပျို့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

စတုဓမ္မသာရ ကိုးခန်းပျို့

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(၁) ဟတ္ထိပါလ တောထွက်ခန်း ပိုဒ်ရေ- ၇၉

စိရဿံ ဝတ ပဿာမာတိ ဣဒံ သတ္တာ ဇေတဝနေဝိဟရန္တာ မဟာဘိနိက္ခမနံ အာရဋ္ဌ ကထေသိ။

၁။ ဇာတိပုည ဂုဏ်မာနဖြင့်၊ သံပဟုံးစုံ၊ ဘက်မဲ့ကြုံသား၊ အားသုံးထောင်ထား၊ မျိုးလေးပါး၏၊ တက်ပွားစောင်မာန်”၊ လွှားတမ်း ခွန်ကို၊ ပြင်းဝှန်မုန်တိုင်း၊ ခတ်ချိုးလှိုင်းသို့၊ ဖြတ်ပိုင်းလှည်းချ၊ တတ် စွမ်းလှသား၊ မိဘနွယ်ပေါင်း၊ သိန်းခြောက်သောင်းလျှင်၊ မင်းကောင်းစဉ် ရိုး၊ ကျော်ကျုံ့ဟိုးလျက်၊ မြေမိုးရပ်သူ၊ လူခပ်သိမ်းတို့၊ ညွှတ်တိမ်း ပူဇော်၊ ကျေးဇူးတော်တည်း၊ နှိုင်းဘော်တုကျွန်း၊ မြင့်မိုရ်ထွန်းသို့၊ ရဟန်းမျာထွတ်၊ သုံးလူ့နတ်ကား၊ သာဝတ္ထိပြည်၊ ပြောပင်စည်မှ၊ မရှည်စွန့်နီး၊ ကျွတ်ပွဲပြီးသား၊ ကျောင်းကြီးဗိမာန်၊ ဇေတဝန်၌၊ မြတ်မွန် နေတော်၊ မူသရော်တည့်၊ သုဒ္ဓေါခမည်း၊ ဆွေနည်းဗိမ္မာ၊ သည်းချာရာဟု၊တစုဝန်းလျား၊ ခြွေရံများနှင့်၊ ပျော်ပါးရိပ်မြုံ၊ သဗ္ဗဘုံသို့၊ ပြည့်စုံ ချမ်းငြိမ်၊ မင်းစည်စိမ်အား၊ စွန့်သွားရက်ရက်၊ မင့်ကွက်သား၊ တောထွက် ကျင့်မြတ်၊ လျဉ်းသွယ်လတ်၍၊ စိရဿံ ဝတ၊ ပဿာမဖြင့်၊ ပိုဒ်စတည် ထား၊ ဟောညွှန်ကြားသည်၊ ၊ တရားသိထင် ပြွမ်းပြွမ်းတည်း။

၂။ အခါတပါး၊ ရဟန်းများတို့၊ ဉာဏ်အားဆယ်ခု၊ စတုဝေသာ၊ ကိုးဖြာကျေးဇူး၊ ဂုဏ်အထူးဖြင့်၊ နှစ်ဦးမဆံ၊ နှိုင်းစံမရ၊ ဉာဏခြောက်မည်။ တုကင်းစည်တိ၊ တီးမြည်ကျံကျံ၊ ဘဝဂ်လျှံမျှ၊ မညံအုတ်ကျက်၊ စောဘုန်း တက်၏။ တောထွက်ပါရမီ၊ ခဲအင်ညီကို၊ သွေးသီတသုန်၊ ချီးမွမ်းဟုန်ဖြင့်၊ နေကုန်သရော်၊ သုံးလူ့ဘော်လည်း၊ လာတော်မူပြီး၊ ရှားမီးကျီးသို့၊ ညီညီဝါဝါ၊ ဝမ်းထဲမှာကား၊ သမ္ဘာရဒွိ၊ ရဲရဲညိသား၊ ဟတ္ထိပါလ၊ ဇာတကကို၊ လင်းပြထင်စွာ၊ ဟောပိမ့်ငှာတည့်၊ ကာယာနုတ္ထ၊ စသည် မေးရှောင်း၊ သို့အကြောင်းဟု၊ ထေရ်ပေါင်း ပရိသတ်၊ ပြန်လျှောက်လတ်သော်၊ သံမြတ်သာအိန့်၊ ဤသို့ မိန့်၏။ ကျော်ထိန့်အံ့ဖွယ်၊ ဇမ္ဗူလယ်၌၊ သုံးဆယ်စုံအင်၊ ဖြည့်ကျိုးထင်သည်'၊ ရှင်တို့ ဓိပတိ၊ ငါမုနိကား၊ စွန့် ဘိအိမ်ရာ၊ ယခုသာလျှင်၊ သဒ္ဓါလှူလှူ၊ တောထွက်မှုကို၊ ပြုသည် မဟုတ်၊ သမ္ဗုဒ္ဓစစ်၊ ရင့်နှစ်ပညာ၊ ဆည်းပူးရှာ၍၊ ရှေးခါသော်လည်း၊ သူတော်နည်းဖြင့်၊ အရည်းလှ၊ စွန့်ဘူးစဟု၊ မြွက်ဟစကား၊ လျာကာ ထားမှ၊ တရားကျယ်ဖွင့်၊ တောင်းပန်လင့်လျက်၊ လေးဖင့် ဣန္ဒြေ၊ ထိုင်ချုပ်နေသည်၊ ၊ မြုတေရောင်ဘိတ် ရွှမ်းရွှမ်းတည်း။

၃။ ထိုရော်ကာလ၊ ထိုခဏ၌၊ ထိုမျှရံဝန်း၊ ထိုရဟန်းတို့၊ ရှိပန်း ဖြူးဖြူး၊ ကြာမုံဖူးသို့၊ ထိပ်ဦးပလ္လင်၊ ပူဇော်တင်လျက်၊ မျက်မြင်ထစ်ထစ်၊ ယခုဇာစ်၌၊ ရှင်ချစ်တောထွက်၊ စွန့်ခဲခက်ကို၊ လျှို့ဝှက်မရှိ၊ အားလုံးသိ၏။

ဇာတိသံသာ၊ ရှေးသောခါက၊ နိက္ခမမူ၊ ဘဝလွှမ်းထား၊ မထင်ရှားခဲ့၊ သနားကရုဏာ၊ ဟောမှသာတည့်၊ တကာမျိုးပုံ၊ မှတ်ရတုံအံ့ ထက်ရုံညီအောင်၊ တန္တဆောင်သော်၊ နှစ်ထောင် မြတ်ရှောင်း၊ လေးသောင်း ယူဇနာ၊ မြင့်စွာသွန်းသွန်း၊ ယုဂန်စွန်းနှင့်၊ ထုတ်သန်းထပ်ရှည့်၊ မြင့်မိုရ်လှည့်သား၊ လ၏အန္တရာယ်၊ ရှင်းရှင်းပယ်၍၊ ရောင်နွယ်ဝင်းဝင်း၊ ဘော်ပြလင်းသို့၊သေဌ်နင်းစောလောင်း၊ ဇာတ်တော်ဟောင်းကို၊ အပေါင်းတို့အား၊ နားပါး ဝင်ဝင်၊ ဟောစေချင်ဟု၊ မွမ်းဖြင်သံဃာ၊ တောင်းပန်ထွာသည်၊ ၊ ကြောင်းခြာစွဲစွဲလမ်းလမ်းတည်း။ ။

၄။ ဝိနာယက၊ မုနိန္ဒလည်း၊ သံဃာအပေါင်း၊ ခွင့်လမ်းတောင်းသော်၊ အကြောင်းကုန်အောင်၊ ဆောင်လိုရကား၊ အင်ရှစ်ပါးဖြင့်၊ တရားသံတော်၊ ဤသို့ခေါ်၏၊ အာပေါ်ကမ္ဘာ၊ ပျက်ပြုန်းခါ၌၊ ရူပါဝစရ၊ သောဠသတွင်၊ သုဘကိဏ်အောက်၊ ဘုံတလျှောက်ကို၊ လင်းပျောက်နိုင်အောင်၊ ပြည့်လျှမ်းဆောင်သည်၊ ရေတောင်မောက်ဖြိုး၊ ရွာသည့်မိုးထက်၊ ထမ်းပိုးလှင်ကန်၊ အပြန်ပြန်တည့်၊ သည်းထန်လှစွာ၊ ကိလေသာဟု'၊ မဟာမေဃ၊ ဖြိုးဖြိုး ကျလျက်၊ သောကစိမ့်ဧ၊ ယိုသားဘေးမှ၊ ဟန့်ထားလိုငှာ၊ ဘာဝနာဉာဉ်၊ သံပြားပျဉ်တိ၊ မြဲယှဉ်ပတ်ကုံး၊ လွှမ်းပိတ်ဖုံးသား၊ နှလုံးသင်္ခမ်း၊ ကျောင်းသာ ဝှမ်း၌၊ စွတ်ချမ်းဆိုးတောင်း၊ မကျဉ်းမြောင်းသည်၊ မြတ်ပေါင်းသံဃာ၊ အရိယာတို့၊ ၊နာလော့ စိစွေး၊ ရှေးသရောခါ၊ ဥပမာဖြင့်၊ နံ့သာပန်းမာလ်၊ အလွန်ဖြင်ဦး၊ သစ်သီးဆိမ့်ချို၊ လိုမတလျှင်း၊ မှည့်ရွမ်းပြင်းတည့်၊ လက်ရင်းဝယ်ချည်း၊ ပေါပည်းထပ်မျှ၊ ဆွတ်ကြမနိုင်၊ ပင်ခိုင်လှကျိုင်း၊ ပြိုင်းရရိုင်းလျှင်၊ ခက်ဆိုင်းရွက်စိပ်၊ စုံချမ်းရိပ်တိ၊ ပျော်ဖွယ်ရှိသား၊ သီရိဟေမာ၊ တောခန်းဝါသို့၊ မလာဘူးသေး၊ သားမြေတာ၊ လူတကာကို၊ လာလှည့်နှိုးဆော်၊ ခေါ်ဘိဿာလား၊ လာတုံငြားလည်း၊ မသွားနိုင်အောင်၊ ချည်နှောင်သောနည်း၊ ဂုဏ်ပစ္စည်းဖြင့်၊ ရေကြည်းသဘင်၊ ရှုအင်မရှား၊ ရပ်ရှစ်ပါးမှ၊ ခိုးသားမုဒိမ်း၊ စစ်မက်ငြိမ်းလျက်၊ ခပ်သိမ်းကြေညာ၊ ပွင့်လင်းသာ၍၊ ဗာရာဏသီ၊ ပြည်ကြီးပီဟု၊ ကျော်ညီလူဗိုလ်၊ ဝေးနီး ခိုသည်၊ ၊ နဂိုရ် ချိုင့်ချိုင့် ဝှမ်းလှမ်းတည်း။ ။

၅။ ဗာရာဏသီ၊ စုံညီပြောဝ၊ ထိုပြည်မ၌၊ ဒါန မမေ့၊ စောင့် လေ့သီတင်း၊ မင်း၏တမ်းခွန်၊ စွန့်ကြဲဟန်လည်း၊ ချက်သွန်ဖြာဖြာ၊ နှမြောမဲ့လျှင်း၊ မြားနှယ်စင်း၍၊ ဝမ်းတွင်း ဖြောင့်တန်း၊ မကောက်ယွန်းတည့်၊ တခွန်းဟက၊ နှစ်ခွမသွေ၊ မျိုးဆွေချစ်သူ၊ ဟူလင့်ကစား၊ လှုပ်ရှားမနိုင်၊ ကြံ့ခိုင်မြဲဆုံး၊ တည့်တည့်သုံး၍၊ နှလုံးမကြမ်း၊ ကျင့်တမ်းမွေ့ညက်၊ မျက်သက်နည်းပါး၊ ပိုင်ကားနိုင်ထက်၊ နှိပ်စက်မရှိ၊ ခံချိသည်းညည်း၊ စောင်မာန်နည်း၍-၊ ဖြင်ပည်းပြောထူ၊ လူအဝှန့်နှင့်၊ မဆန့်ကျင်မှု၊ လိုက်လျောပြုသား၊ ဆယ်ခုနက်စံ၊ ရာဇဓံတွင်၊ တအင်မချို့၊ ကျေးဇူးတို့ကြောင့်၊ သဲပို့ပြင်ကျွန်း၊ မြစ်လယ်ထွန်းသော်၊ ကူးသန်းလှေတက်၊ ပျက်လတ်သောအခါ၊ ကိုးကွယ်ရာလျှင်၊ မှန်စွာစင်စစ်၊ ဖြစ်ဘိသောလား၊ နိုင်ငံသားတို့၊ မျောပါးဆယ်ယူ၊ ဆင်းရဲဟူသား၊ ရေတူချမ်းပြင်း၊ တုန်လှဲခြင်းမှ၊ ပျောက်ကင်းစေချင်၊ ဘုန်းမီးကင်၍၊ မွေ့ရှင်လန်းအောင်၊ သိမ်းမြန်းဆောင် သည်၊ ရွှေတောင်နန်းဖွင့်၊ စောရန်လွှင့်ကား၊ မိုးမြင့်ကော်ရော်၊ မြွချီးခေါ်သား၊ မည်တော်ကေတု၊ မှတ်တစ်ခုဖြင့်၊ ဧသုကာရီ၊ ကျော်လွီညီလျက်၊ ဘုန်းဆီတမူ၊ ခပ်သိမ်းသူတို့၊ ဦးဖြူဦးနက်၊ သောက်တိုင်းထွက်သည်။ ။ ဝှန်တက် ပြည့်ပြည့်လျှမ်းလျှမ်းတည်း။ ။

၆။ ဧသုကာရီ၊ ကျော်ညီသတင်း၊ ထိုသည်မင်းနှင့်၊ ရောင်းရင်းတူကွ၊ ငယ်သော်ကလျှင်၊ ပိယသဟာ၊ မေတ္တာကျွမ်းဝင်၊ တိုင်ပင်ကြဘော်၊ ချစ်မွေ့လျော်သား၊ ပုရောဟိတ၊ ဗြာဟ္မဏကား၊ သာမ-ယဇု၊ ဣရုဗေဒင်၊ သုံးပုံမြင်၍၊ ငလျင်တော်လည်း၊ စနည်းတံဘောင်၊ တိမ်တောင်နီပြောက်၊ စို့ရောက်တမ်းခွန်၊ လှည့်ဖန်နက်သတ်၊ နေကြတ်စဉ်းနာ၊ ဥက္ကာပျံသန်း၊ လဝန်းတာရာ၊ ချင်းနင်းလာသား၊ သုဘာသုဘ၊ ဘတ်ထနိမိတ်၊ ရှစ်စိတ် ကာလ၊ ပဉ္စစေ့ခါ၊ နမန္တာနှင့်၊ စူဠာမဏိ၊ ခိုင်ညှိအဋ္ဌ၊ ဒွါဒသဟု၊ သွယ်ချ နှစ်ကွဲ၊ ပြည်ထဲပြည်လာ၊ သာမသာက၊ တံတာကိန်းခန်း၊ ဓာတ်ဆန်း ဓာတ်ပျက်၊ နရစက် သူရုပ်၊ ပေါ်ငုပ် နံစံ၊ မြေခံတိထီ၊ ယာယီနဂိုရ်၊ နှင်ဖြိုရန်ဘေး၊ ဦးဆေး မင်္ဂလာ၊ ရာမရာက၊ စသည်လေ့ကျက်၊ တွက်ချက် ပြုစု၊ ဇာတာမှုလည်း၊ မိတ္တူ-ဆည်-တိုင်၊ ခိုင် မခိုင်ကို၊ စွဲကိုင် ပညာ၊ ရှုပြီးစွာမှ၊ ဂေါဇာ ဂေါဝိန်၊ ဂြိုဟ်သွားချိန်လျက်၊ ဆတ္တိတြင်း၊ နဝင်းကိုးဆစ်၊ တရာ့ရှစ်တွင်၊ စိစစ်တွေဘော်၊ လျော် မလျော်ကို၊ ကြည့်မြောနှိုင်းချက်”၊ နှစ်လရက်ဖြင့် ဖြစ်ပျက်ပိုင်းခြား၊ စည်းနှယ်သား၏'၊ စကား ရှေးစဉ်၊ စီလျဉ် မှတ်မိ၊ ဣတ္ထိပုရိသ၊ ကာလကတ္တီ၊ လင်္ကျီ လက္ခဏာ၊ ဆမာဒေသ၊ သဒ္ဓနိကာယ်၊ နှံ့ကျယ် မန္တန်၊ တတ်ပွန် ဆေးကု၊ ဆင်မှု ဗိသုကာ၊ နာနာတိရစ္ဆာန်၊ ဝေ့ကြန်ဆစ်မျက်၊ အိပ်မက် တိတ္ထု၊ စံပုံမှီမှီး၊ ဆင်သီး ဓမ္မသတ်၊ လောကဝတ်လည်း၊ မှူးမတ်မင်းလို၊ အတိုအရှည်၊ ရိပ်ခြည် သိထွေ၊ ပြောခြေလိုက်ဖက်၊ ထက်မြက် လိမ္မာ၊ ဘာသာသက္ကတ၊ ရွရွ သွင်သွင်၊ ပီပြင်တွတ်တွတ်၊ ရွတ်သားသံညောင်း၊ ကျိုးကြောင်းနွယ်နွယ်၊ နားဝယ်ချမ်းချမ်း၊ ချီးမွမ်းထောမနာ၊ ဂါထာစုဏ္ဍိယ၊ ဖွဲ့ခြင်းမှလည်း၊ ဒေါသမစွန်း၊ ကျေးဇူးထွန်းသည်၊ ၊ ကျယ်ဝန်း ခွဲခွဲခြမ်းခြမ်းတည်း။

၇။ မင်းနှင့် ပုဏ္ဏား၊ ထိုနှစ်ပါးကား၊ သားမရှိကြီး၊ လင်နှံစုံကာ၊ မိရာ ဘရိုက်၊ သိမ်းပိုက် မွေနှစ်၊ ကင်းသည်ဖြစ်၍၊ နောင်လစ်သောအခါ၊ လူ့ချမ်းသာကို၊ တွယ်တာအောက်မေ့၊ တနေ့သ၌၊ နှစ်ခြိုက်တူကွ၊ ရွှင်ပျော်ပလျက်၊ နေကြသရော်၊ ကာမဘော်ဖြင့်၊ မွေ့လျော်ရိပ်ငြိမ်၊ ထို စည်းစိမ်ကား၊ ပျောက်တိမ် ရန်နှိပ်၊ လေးကျွန်းထိပ်ဝယ်၊ ဘုန်းရိပ်လွှမ်းခြုံ၊ သဗ္ဗဘုံသို့၊ အပုံအယင်၊ ဖြင်လင့်ကစား၊ သားနှင့်သမီး၊ မျိုး မသီးသော်၊ ချည်းနှီး ပွင့်ဆန်း၊ စေ့မဲ့ထွန်းသား၊ ပန်း၏ သဖွယ်၊ ဆက်နွယ်နောင်ဘို့၊ စီးပွားချို့ခဲ့၊ ဘယ်သို့ ယခု၊ ပြုရဲ့နည်းဟု၊ ပူးတည်းတိုင်ပင်၊ နှိုင်းဆင်ခြင်မှ၊ ဗြာဟ္မဏအား၊ မင်းဖျားအလို၊ ဆိုလတ်တုံခြင်း၊ ဆွေရင်း ခင်ပွန်း၊ ငယ်ကမှန်း၍၊ ရွှေနန်းထွတ်ခေါင်၊ စိုးချုပ်အောင်လျှင်၊ မြဲနှောင်မေတ္တာ၊ ကျွမ်းလှစွာသည်၊ မဟာပဏ္ဍိတ်၊ ပုရောဟိတ်၊ ၊ ပရိက္ခရာ၊ ခန်းဝါကစ၊ ဟူသမျှလျှင်၊ ငါမှ မပြား၊ ရေဝယ်သားသို့၊ အခြားမထင်၊ ထဲကျွမ်းဝင်သည်။ ဖြစ်ကျင်ရကား၊ ဆွေပုဏ္ဏား၌၊ တော်ကြိုက်မိ၊ သားတည်းရှိမှု၊ ဇာတိမင်းစစ်-၊ ငါ့ရင်နှစ်သို့၊ လွန်ချစ်မငြီး၊ ဆောင်းရွှေထီးနှင့်၊ မင်းကြီးစတေမြှောက်လျှင်းပေအံ့၊ အဆွေငါ့မှာ၊ သားရှိပါလည်း၊ ဃရာအိမ်ထောင်။ ကုန်အောင်စုပုံ၊ ဆောင်နှင်းတုံဟု၊ မှတ်ကျုံစကား၊ ချိန်းချက်ထား၏။ ပုဏ္ဏားမြင်ကျယ်၊ ကျေးဇူးကြွယ်လည်း၊ ထိုနှယ်လည်းကောင်း၊ ဆိုတုံ ရှောင်းသည်၊ ၊ စုပေါင်းကြင်ကြင် ကျွမ်းကျွမ်းတည်း။

၈။ အခါတစ်ပါး၊ ထိုပုဏ္ဏားသည်၊ စားသားရွာလက်၊ ကိုယ့်ကျေးမက် သို့၊ တက်၍ တဖန်၊ ပြန်လတ်သောကြိုက်၊ စဉ်စိုက်သွားလား တောင်တံခါး ဝယ်၊ မင်းဖျားဘုန်းစည်၊ ပွင့်နန်းတည်သား၊ ရွှေပြည်ဝင်နီး၊ ပြင်ခရီး၌၊ ဖြင်ဦးအံ့ဖွယ်၊ သားများကြွယ်မှု၊ အကြောင်းပြု၍၊ ဗဟုပုတ္တိကာ၊ မည်ရ၊ ဆင်းရဲလှသည့်၊ မိန်းမတစ်ယောက်၊ တွေ့လေမြောက်၏။ သေပျောက်မရှိ၊ မထိနာဖျား၊ ချင့်သားများကား၊ ရှေ့သွားနောက်လိုက်၊ ခါး၌ချီလျက်၊ ပခုံးထက်နှင့်၊ စားခွက်ကိုင်စွဲ၊ လက်တွဲနံမြှောင်၊ အိပ်ရာဆောင်သား”၊ ကုန်အောင် ခုနစ်ယောက်၊ ကွေ့ကွေ့လောက်၏၊ မျက် မှောက်ကင်္ကာ၊ ထိုရောခါဝယ်၊ မဟာပဏ္ဍိတ်၊ ပုရောဟိတ်လည်း၊ ဆိတ်ဆိတ်မနေ၊ နှုတ်သံခြေနှင့်၊ ဘဆွေနှမ၊ ဤမျှလောက်စင်၊ သင်၏ သားများ၊ ရတော်ငြားစွ၊ ချင်းတို့ ဘကား၊ တွေးဆ မသိ၊ တီမှာရှိဟု၊ စိစိစစ်စစ်၊ မေးမြန်းလစ်သော်၊ နှစ်နှစ်ရင်းရင်း၊ ထင်းလင်း အဘ၊ တည်မရဟန်၊ ပြန်ပေရကား၊ ပုဏ္ဏားဖျားလည်း၊ သားများယောင်ယောင်၊ မျှလောက်အောင်ကို၊ အိမ်ထောင်ယှဉ်တွဲ၊ ဘော်မဲ့ဘဲလျက်၊ မည်တတ်မှု၊ ဘယ်သို့ပြု၍၊ တစုတဝေး၊ ရင်သွေးဖြင်ပည်း၊ ရသနည်းဟု၊ တည်းလည်း ပုစ္ဆာ၊ မလွတ်သာမှ၊ ယိုးရာမသီး၊ မြို့ကြီးဒွါရ၊ တံခါးဝတွင်၊ ပညောင်ပင်ကို၊ မျက်မြင်ညွှန်ပြ၊ ဤရုက္ခ၌၊ စောင့်ထ နိယံ၊ နတ်မင်းထံဝယ်၊ ကျိုးနွံပြင်းစွာ၊ ပတ္ထနာဖြင့်၊ မေတ္တာသနား၊ ငါ့အား မြတ်လေး၊ ပေး၍ရဟု၊ တတ်လှ ယုံဖွယ်၊ အကယ်ကယ်သို့၊ ပျက်ကွယ် ချော်သွေ၊ ရှက်ဆေးချေသည်။ ဆိုထွေ လွဲလွဲကမ်းကမ်းတည်း၊

၉။ လွဲလွဲကမ်းကမ်း၊ မုသားထမ်းသား၊ စွဲလမ်းမရ၊ ထိုမိန်းမ ၏၊ ယင်းမျှစကား၊ ပြန်ထွေကြားသော်၊ မယ်ဘွားလျော့လျော့၊ သွား လေတော့ဟု၊ ခွင့်လမ်းပြုမှ၊ လှူလှူကြံလျက်၊ ရထားထက်က၊ ဆင်းသက် လျင်ပြင်း၊ ပညောင်ရင်းသို့၊ ကပ်လျှင်းတုံလတ်၊ ပုဏ္ဏားထွတ်ကား၊ ခပ်ညွတ်ကိုင်ဆုပ်၊ သိမ့်သိမ့်လှုပ်လျက်၊ ချုပ်ချုပ်အမျက်၊ ထွက်သား

(၁) ထ- အိမ်ရာဆောင်သား၊ (၄) ထ, ဘ-တင်းလင်းအဘ၊ (၂) ထ-ဆရာပဏ္ဍိတ်၊ (၅) ဟ-ဆိုထွေလွှဲလွှဲကမ်းကမ်းတည်း။ (၃) ထ-နှုတ်သံချေနှင့် (၆) ဟ-လွှဲလွှဲကမ်းကမ်း၊