Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်သတ္တမတွဲ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ဆွမ်းခံရင်း ငှက်သင့်

[] ဆွမ်းခံရင်း ငှက်သင့်

အနောက်နိုင်ငံ ဥရောပတိုက်တွင် ဂျာမနီအာဏာရှင် ဟစ်တလာ၏ ကျူးလွန် စော်ကားချက်ဖြင့် လက်နက်အင်အားနည်းသော နိုင်ငံကလေးများကို အဓမ္မ သိမ်းယူမှုကြောင့် ဗြိတိသျှ၊ ပြင်သစ်တို့နှင့် အကြီးအကျယ်စစ်ဖြစ်ခြင်း၊ တရုတ်ဂျပန်အရေးမှာလည်း အချို့နိုင်ငံတစ်လျှောက်တွင် မအေးဘဲ သင်္ဘော အသွား အလာ အဝင်အထွက်မမှန်ဘဲ အရောင်းအဝယ်များကို မသိမသာ ထိခိုက်လာ လေသည်။

(ယင်းသို့ဖြစ်ရကား ဥဒ္ဒိဿစေတီအဖြစ် ရည်မှတ်ကိုးကွယ်ရာ အထွတ် အမြတ်ဖြစ်သော်လည်း လောကီတန်ဖိုးအားဖြင့် သေးနုပ်သောပစ္စည်းဟု ဆိုရသော ရုပ်တု၊ ဆင်းတုမကျန် ခိုးယူကြောင်းကို သတင်းစာများတွင် ဖတ်မိကြ ပေလိမ့်မည်။)

ထို့ကြောင့် တစ်နေ့သောနံနက် လမ်းသစ် ပွဲစားအိမ်တစ်အိမ်မှ ဉာဏ် တော်လေးသစ်မျှ မြင့်သော သားရိုးဆင်းတုတော်တစ်ဆူ ပျောက်ဆုံး၍ လမ်းမတော် ဌာနာတွင် တိုင်တန်းကြောင်း ဖတ်မိသော်လည်း ကျွန်ုပ်နှင့်တကွ ဒေါက်တာသောင်းထိုက်သည် အရေးမပါလှသဖြင့် လျစ်လျူရှုကာ ကျော်၍ ဖတ်လိုက်ကြလေ သည်။

ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်းလိုပင် ပန်းဆိုးတန်းတွင် ဖွင့်လှစ်ထားသော သူနာပြုဌာနနှင့် ဆေးဆိုင်သို့မသွားမီ ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံ လမ်း) ပုလိပ်ရုံးကြီးအနီး ဒေါက်တာသောင်းထိုက်၏ “ပီ-အိုင်-ဘီ PI.B (Private Investigation Bureau) စုံထောက်ရုံးခန်းကို ဝင်၍ နှုတ်ခွန်းဆက် စကားစမြည်ပြောလေ့ ရှိလေသည်။

ဆွေးနွေးနေကျအတိုင်း စစ်သတင်းနှင့် နိုင်ငံရေးများကို စကားသတ်၍ ထပြန်မည်အကြံနှင့် ကုလားထိုင်ကို နောက်ဆုတ်လိုက်ရာ ဧည့်သည်နှစ်ယောက် တွေ့လိုကြောင်းနှင့် တပည့်တစ်ယောက်က ဝင်ရောက်ပြောကြားလေသည်။ ထိုက်။ ။ “နေဦးဗျာ၊ သည်နာမည်တွေ တစ်ခါမျှ မကြားဖူးဘူး။ ဘာများ အကြောင်းထူးရှိသလဲ မသိဘူး၊ နားထောင်သွားပါဦးလား”

ထိုစဉ် ဧည့်သည်နှစ်ယောက်လည်း တံခါးမှ ဝင်လာသည်နှင့် ကျွန်ုပ်လည်း ပြန်ထိုင်လိုက်လေ၏။ ပထမဧည့်သည်။ ။ “ဟောသည်မှာလည်း ဆရာဝန်ကြီးနဲ့ တစ်ခါတွေ့နေ ပြန်မှကိုး”

ဆရာဝန်ဦးသာထွန်း။ ။ “သြ... တခြားလူလား အောက်မေ့တယ်၊ (ဒေါက် တာသောင်းထိုက်ဘက်သို့ လှည့်၍) မောင်ဘတူ မတွေ့ဖူးဘူး ထင်တယ်၊ သူက “ဘီအေ၊ ဘီအယ်လ်” (B.A.B.L) ရှေ့နေစာမေးပွဲအောင်တာ မကြာသေးဘူး၊ ဝတ်လုံဦးစံရတို့နဲ့ တွဲလိုက်နေတယ်”

(တစ်ဖန် မောင်ဘတူဘက်သို့ လှည့်လျက်) “အင်း တွေ့တဲ့အခါ မိတ်ဆက်ပေးရမှာပေါ့၊ ဟောသည်က ကျုပ်မိတ်ဆွေကြီးက မောင်တို့ကြားဖူးနေတဲ့ • ဒေါက်တာသောင်းထိုက်ဆိုတာပဲ၊ အမှုစုံထောက်မှာတော့...”

မောင်ဘတူ။ ။ “ဟုတ်ကဲ့၊ ဒေါက်တာကြီးနဲ့ တွေ့ရအောင် တမင်သက် သက်လာတာပါပဲ။ ကျွန်တော့်ကိစ္စတော့ မဟုတ်ပါဘူး၊ အတူပါလာတဲ့ ပွဲစား ကြီးဦးမှော် ကိစ္စပါ”

ထိုက်။ ။ “ထိုင်ကြပါလေ၊ အကြောင်းရှိတာလည်း ပြောတာပေါ့”

တူ။ ။ “ပြောဆို သည်ဆရာဝန် ဦးသာထွန်းဆိုတာလည်း အခြားလူမှ မဟုတ်ဘဲ”

(ရှက်စနိုးရှိနေသော ပွဲစားကြီးဦးမှော်ဘက်သို့ လှည့်၍ သိလို့ အရေးမကြီး ပါဘူးဟူသော ကြည့်ခြင်းမျိုးဖြင့် ကြည့်ပြီးနောက်) “ကဲ၊ ကိုယ့်ဟာ ကိုယ် ပြောပြပါ”

ပွဲစားကြီးဦးမော်သည် တွေဝေနေပြန်သည်နှင့်

ထိုက်။ ။ “ဦးသာထွန်းတော့ ရှောင်နေစရာ မလိုပါဘူး၊ တိုင်ပင်ဖော်တိုင်ပင် ဖက်ပါ၊ အကြောင်းရှိလျှင် အကြံဉာဏ်တောင်းရပါသေးတယ်၊ အထူးသဖြင့် ဆေးဘက်ဝါးဘက်နဲ့ဆိုလျှင် သူမပါ မပြီးပါဘူး”

မှော်။ ။ “ကျွန်တော့်ကိစ္စက ပစ္စည်းတော့ အဖိုးတန်လှလို့ မဟုတ်ပါဘူး၊ သည်လောက်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးများထံ ဆောင်ရွက်ဖို့ တစ်လုံးတလေလာရောက်ပြောဆိုရတယ်ဆိုတာ ရှက်ဖို့တောင် ကောင်းကောင်းပါပဲ၊ သို့ပေမဲ့”

တူ။ ။ “ပြောသာပြောပါ၊ သည်ပုဂ္ဂိုလ်ကြီးများမှာ အချိန်ဟာ အတော် အဖိုးတန်ပါတယ်” ။

ပွဲစားဦးမှော်သည် စားပွဲပေါ်တွင် ဖြန့်ထားသော သတင်းစာကို ကောက် ယူ၍ လိုရာစာမျက်နှာကို လှန်ပြီးလျှင်

သည်အမှုကို ဖတ်မိပါလိမ့်မယ်” ဟု ယခင်အထက်က ဖော်ပြခဲ့သည့် “သားရိုး ́ ဆင်းတုပျောက်ဆုံးမှုကို လက်နှင့် ထောက်ညွှန်၍ ပြလေ၏။

ထိုက်။ ။ “ဟုတ်ကဲ့ ဖတ်မိပါတယ်၊ သတင်းစာအဆိုကတော့ ဘာမျှ စိတ် ဝင်စားစရာမရှိတာနဲ့ အထူးသတိမပြုလိုက်ပါ”

မှော်။ ။ “ဟုတ်ပေမယ်၊ ကျွန်တော်လည်း ဂါတ်ကိုတော့ တိုင်ရိုးတိုင်စဉ် လောက်သာ တိုင်လုက်တာပဲ၊ အဖိုးမတန်တဲ့ပစ္စည်းဆိုတော့ ပုလိပ်ကလည်း တယ်ပြီး အရေးယူမယ်မထင်လို့”

ထိုက်။ ။ “စိတ်ဝင်စားစရာဆိုလျှင် ကျွန်တော်တို့ကတော့ အဖိုးတန် မတန် ဂရုစိုက်ပြီး ဆောင်ရွက်လိုပါတယ်” ။

မှော်။ ။ “သည်လိုပါခင်ဗျာ၊ သည်ဘုရားက အဆက်ဆက်ကိုးကွယ်လာတဲ့ ဘုရားလည်းတစ်ကြောင်း၊ ကျွန်တော့်အိမ်ကိုရောက်လို့ ပူဇော်ရမှ ကျွန်တော်တို့မှာ လာဘ်သပ်ပကာလည်း ရွှင်ပြီး စီးပွားဥစ္စာတိုးတက်လာတော့ သည်ဘုရား သည်လို ထွက်ပျောက်သွားတာ စိတ်နှလုံးမသာမယာ ရှိနေတဲ့အထဲမှာ ပျောက် ပြီးတဲ့မနက် အိမ်မှာ မွေးထားတဲ့ တူမကလေးမှာလည်း အိမ်ရှေ့မြောင်းကူး တံတားပေါ်က ချော်လဲလို့ ခြေပွတ်တိုင်လည်သွားပါတယ်။ မိန်းမလုပ်သူလည်း သိမ်ကြီးဈေးထဲမှာ ဈေးဝယ်သွားတာ တောင်းထဲမှာ ပစ္စည်းတွေအပြည့်နဲ့ ကူလီ ရှာမတွေ့လို့ လက်ချည်းပဲ အိမ်ပြန်လာရတယ်။ ပုဇွန်တောင်နဲ့ ကြည့်မြင်တိုင် ပြေးခိုင်းထားတဲ့ ဘတ်စကားလည်း တာယာနှစ်လုံးပေါက်တယ်။ သည်တော့ သည်ဘုရား အိမ်ကထွက်ကတည်းက တစ်နေ့တည်း သည်လောက်မကောင်းတဲ့ အတိတ်နိမိတ်တွေပြတော့ ဘယ်စိတ်ကောင်းနိုင်စရာ ရှိမလဲ” ဆရာဝန်ဦးသာထွန်း။ ။ “ဘုရားပျောက်လို့ ဘေးဒုက္ခရောက်တယ် ဆိုချင် သလား”

မှော်။ ။ “လာပြန်ပြီ၊ သည်က ဝတ်လုံကလေး မောင်ဘတူကလည်း သည်လိုပဲ မေးတာပဲ၊ သူကတော့ ငယ်လို့ အယူမရှိလျှင် ရှိပါစေတော့”

ထွန်း။ ။ “ကျွန်တော်တို့က အသက်ကြီးတော့ စဉ်းစားနိုင်ရမယ်ပေါ့လေ”

တူ။ ။ “ကျွန်တော် လမ်းမှာ ဒါပဲပြောလာတာပဲ၊ အခုဟာတွေဖြစ်တာတော့ အိမ်ပေါ်က ဘုရားကြွသွားလို့ဆိုလျှင် ဝါဆိုဦးက ပွဲကတော်ကြီးရဲ့ အမိ ဆုံးတာတော့ ဘယ့်နှယ်ယူမလဲ”

မှော်။ ။ “အို ဒါတော့ အသက်ကြီးမင့်ကို၊ သေပျော်ပါပြီ”

ထိုက်။ ။ “ကိုယ့်အယူနဲ့ ကိုယ် စွဲလမ်းတာတွေ ထားပါဦးတော့၊ ဘုရား ပျောက်ဆုံးပုံ ပြောပါဦး”

မှော်။ ။ “ပျောက်ပုံကတော့ အတော်ထူးဆန်းတယ်၊ ဘယ်အချိန်မှာ ဘယ် လိုထွက်ပျောက်တယ် မပြောနိုင်အောင် ဖြစ်နေတယ်၊ ဘုရားကို နံနက် ပန်း၊ ရေချမ်းကပ်တာနဲ့ ည ဆီမီးပူဇော်တာကိုတော့ ပွဲကတော်ကြီးကိုယ်တိုင် ဝတ်ပြု တယ်၊ သည့်အရင်ညက ၆ နာရီ မီးပူဇော်တော့ ကျောင်းဆောင်ရှေ့က မှန် တံခါးကို အဝတ်နဲ့တိုက်ရင်း သတိထားကြည့်မိတယ်၊ နောက် မနက် ၇ နာရီ ပန်းကပ်ဖို့ကြည့်တော့ မတွေ့မှ ပျောက်မှန်းသိတာပဲ”

ထိုက်။ ။ “သည်အတွင်း အိမ်မှာ တစ်ရံဆံ လူဝင်လူထွက် မရှိဘူးလား”

မှော်။ ။ “လူစိမ်းလည်း အဝင်အထွက်မရှိဘူး၊ အိမ်တွင်းလူလည်း ကျွန်တော် နဲ့ ပွဲကတော်ကြီးက လွဲလို့ ဘယ်သူမှ မကိုင်တွယ်ရဘူး၊ ကျွန်တော်လည်း တွံတေး တစ်ညအိပ်သွားတာ နောက်မနက်မှ ပြန်ရောက်တယ်”

ထိုက်။ ။ “ကျောင်းဆောင်ကို သော့ခတ်ပိတ်ထားသလား”

မှော်။ ။ “အမြဲဘယ်တော့မှ မဖွင့်ဘူး၊ သော့တော့ ကျောင်းဆောင်အောက် က သံမှာ ချိတ်ထားတယ်၊ နို့ပေမဲ့ ခိုးတဲ့လူက သူ့သော့နဲ့ သူ လာဖွင့်ယူတာမှ သူ့သော့တောင် တံခါးသော့အိမ်မှာ တပ်လျက်သား ကျန်ခဲ့တယ်” ထိုက်။ ။ “သည့်ပြင် ဘာများ ပျောက်သေးလဲ”

မှော်။ ။ “သည့်ပြင်တော့ ဘာမျှ လက်ရာခြေရာ မပျက်ဘူး၊ တခြားပစ္စည်း များ ပျောက်လျှင်လည်း အခုတော့ဖြင့် မသိသေးဘူး”

ထိုက်။ ။ “အိမ်မှာနေတဲ့လူတွေတော့ မသင်္ကာမရှိဘူး ဆိုပါတော့၊ ဘယ်သူ တွေ နေကြသလဲ”

မှော်။ ။ “နေတာတော့ အရင်းအချာချည်းပါပဲ၊ မိန်းမက ပွဲကတော်ရယ်၊ သမီးရယ်၊ တူမရယ် ၃ ယောက်၊ ယောက်ျားက ကျွန်တော်နဲ့ ဦးရီးတော်တစ်ယောက်၊ အိမ်သူအိမ်သားအပေါ်မှာတော့ အစစ စိတ်ချရပါတယ်” ထိုက်။ ။ “အိမ်မှာ လူလည်း မလစ်ဘူးလား”

မှော်။ ။ “လစ်တယ်တော့ မပြောနိုင်ဘူး၊ သည်လိုတော့ တစ်ခုရှိတယ်။ သည်ညက လမ်းမတော် ရာမဇာတ်ကို မိန်းမတွေ သွားကြတယ်၊ ဦးရီးတော် ကတော့ အိမ်စောင့်ပေါ့လေ၊ ခါတိုင်းလိုပဲ တံခါးပေါက်ဝမှာ အဝတ်ကုလား ထိုင်နဲ့ ထိုင်စောင့်နေတာပဲ”