Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဝထ္ထုတိုပေါင်းချုပ်စတုထ္ထတွဲ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ထူးဆန်းသော သစ်စိမ်းတစ်ရွက်

၁၉၀၇ ခုနှစ် အင်ထရင်း အတန်းတွင် အတူတကွ ပညာသင်ဖူးသော သူငယ်ချင်းများအနက် ကိုအုန်းခင်မှာ စကားအနည်းဆုံး၊ စာအကျက်ဆုံး ဖြစ်၍ အားလပ်သော အချိန်များတွင် စုရုံးကာ စကားပြောကြသော ဝိုင်းထဲ၌ ဘယ်အခါမျှ အပါအဝင် မပြုဘဲ သစ်ပင်ရိပ်တွင် စာတစ်အုပ်နှင့်ဖြစ်စေ၊ မြေ ကြီးကို တုတ်ဖြင့် ရေးခြစ်လျက်ဖြစ်စေ၊ တစ်ယောက်တည်း နေလေ့ရှိ၏။ကျောင်းမှထွက်၍ ကသာမြို့၌ တစ်ကြိမ် တွေ့ဆုံမိကြသောအခါ၊ ကိုအုန်း ခင်မှာ ဒေါက်တာ စာမေးပွဲအောင်ခဲ့၍ အစိုးရဆေးရုံကြီးတွင် လက်ထောက် ဆရာဝန်အဖြစ်နှင့် အမှုထမ်းလျက်ရှိကြောင်း သိရှိရ၏။ ထိုအခါမှစ၍ ကျွန်ုပ်နှင့် ကိုအုန်းခင်တို့မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေအဖြစ်သို့ ရောက်သွားကြ၍၊ တစ်ယောက်နှင့်တစ်ယောက် စာပေးစာယူ ပြုလုပ်ကာ အရေးကြီးသောကိစ္စနှင့် အကြံအစည်များကို တိုင်ပင်လေ့ရှိကြ၏။ များမကြာမီအတွင်း ဒေါက်တာ အုန်းခင်သည် အစိုးရအလုပ်မှ ထွက်၍ ဆေးဆိုင်ဖွင့်ပြီးလျှင် အရပ်ဆရာဝန် အဖြစ်နှင့် လူနာများ လက်ခံကုသခဲ့ရာ၊ စိတ္တဇရောဂါနှင့် ပတ်သက်သော လူနာများ ကုသခြင်းအလုပ်တွင် အလွန်နာမည်ကောင်းခဲ့သဖြင့်၊ ကသာမြို့သာ မက တစ်နိုင်ငံလုံးရှိ ဆရာဝန်များကပင် သူ၏ပညာစွမ်းကို ဝန်ခံကြသည်ဖြစ်၍ စိတ်နှင့်ပတ်သက်သော ရောဂါသည်များကို သူ့ထံသို့ ညွှန်တတ်ကြလေသည်။

ဒေါက်တာအုန်းခင်မှာ လွန်ခဲ့သော စစ်ကြီးအတွင်း၌ ကသာမြို့ကို ဂျပန်တို့ ဗုံးကြဲချစဉ်က ဗုံးဆန်ထိမှန် သေဆုံးခဲ့ရာ၊ သူ၏ဇနီး ဒေါ်သန်းရင်သည် ဒေါက်တာနှင့် ကျွန်ုပ်တို့ ခင်မင်ရင်းနှီးသည့်အဖြစ်ကို သိရှိသည်ဖြစ်ရာ၊ စိတ် ပညာနှင့် ပတ်သက်၍ ကျွန်ုပ်၏ ဝါသနာကိုလည်း ရိပ်မိသည်နှင့် ဒေါက်တာ အုန်းခင်၏ မှတ်တမ်းမှတ်စုများကို ကျွန်ုပ်ထံသို့ ပေးပို့လိုက်လေသည်။ ကျွန်ုပ် သည် သွားလေသူ မိတ်ဆွေ ဒေါက်တာ၏ လက်ရေးဖြင့် ရေးသားထားသော မှတ်တမ်းများကို အားလပ်သည့်အခါတိုင်း အပျင်းပြေ ဖတ်ရှုမိရာ၊ ထိုမှတ်တမ်း တို့မှာ စိတ္တဇရောဂါ စွဲကပ်သော လူနာများအကြောင်းဖြစ်၍ စိတ်အကြောင်းကို လိုက်စားလာခဲ့သော ကျွန်ုပ်အဖို့ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထို မှတ်တမ်းများအနက် အောက်ပါအဖြစ်အပျက်မှာ စိတ်ပညာသမားများသာမက သာမန် စာဖတ်ပရိသတ်တို့အတွက်လည်း စိတ်ဝင်စားဖွယ် ကောင်းလှသည် ဖြစ်၍၊ ဝတ္ထုသွားအနေဖြင့် ရေးကူးဖော်ပြလိုက်ရပေသည်။

ဒေါက်တာအုန်းခင်၏ မှတ်တမ်း

ဘုန်းကြီးလူထွက် ဦးကေတုမှာ ကသာမြို့အနီးရှိ ဇရစ်ချောင်ရွာ ကလေးတွင် ထင်ရှားသော မြေပိုင်ရှင်တစ်ယောက်ဖြစ်၏။ ရဟန်းဘဝ၌ ဦးကေ တုသည် ပထမကြီးအောင် တရားဟောကောင်း ပုဂ္ဂိုလ်တစ်ဦးဖြစ်၍၊ မြေပိုင်ရှင် မုဆိုးမ ဒေါ်ဖွားရင်နှင့် အကြောင်းဆုံစည်းသည်တွင် ရဟန်းဘဝမှ ထွက်ခဲ့သော်လည်း၊ လူမည်မခေါ်ဘဲ ရဟန်းဘွဲ့ ကအတိုင်း ဦးကေတုဟူ၍ပင် ရပ်ရွာက ခေါ်ဝေါ်လျက် ရှိကြ၏။ အသက် ၄ဝ ကျော်၊ နှာတံပေါ်ပေါ်နှင့် ရုပ်ရည် သန့်ပြန့်သူတစ်ယောက် ဖြစ်သည့်ပြင်၊ ရဟန်းဘဝ၌ စာတတ်၍ တရားဟောကောင်းခဲ့သော အရှိန်အစော်ကြောင့် ကသာမြို့ပေါ်တွင် အစိုးရ အရာရှိကြီး များမှစ၍ အထက်တန်းစား ပုဂ္ဂိုလ်များနှင့် အကျွမ်းတဝင် ရှိလေသည်။ ဒေါ် ဖွားရင်မှာ ဦးကေတုနှင့် အကြောင်းပါပြီးသည်နောက် တစ်နှစ်မကြာမီ အနိစ္စ ရောက်ခဲ့ရာ၊ သူ၏ ပထမယောက်ျား ဦးဘပွား ကုတ်ကတ်သမျှ ဒေါ်ဖွားရင်ဖို့ ဟူ၍လည်းကောင်း၊ ဒေါ်ဖွားရင် ချွေတာသမျှ ဦးကေတုဖို့ ဟူ၍လည်းကောင်း ရပ်ရွာက ပြက်ရယ်ပြောဆိုတတ်ကြလေသည်။

ဦးကေတုသည် ဒေါ်ဖွားရင် သေဆုံးသည်နောက် အိမ်ထောင်မပြုဘဲ မုဆိုးဖိုအဖြစ်နှင့် တူနှင့် တူမကလေးများကို ခေါ်ယူကာ အတူတကွ နေထိုင် လျက်ရှိရာ၊ ကျွန်ုပ်သည် ဝန်ထောက် ဦးချစ်စု၏ နေအိမ်တွင် သူနှင့် မကြာ ခဏ တွေ့ဆုံမိကြလေသည်။ အင်္ဂလိပ်စာတတ်တစ်ယောက် မဟုတ်သဖြင့် , အနောက်တိုင်းမှ လောကဓာတ်ပညာအကြောင်းကို နားမလည်သော်လည်း၊သုတ်သုတ်လျှောက်လည်း သုတ်သုတ်လိုက်တယ်၊ ဖြည်းဖြည်းလျှောက်လည်း ဖြည်းဖြည်းလိုက်တယ်။ နောက်ဆုံး အိမ်ရောက်လို့ ဝင်းတံခါးဖွင့်ပြီး ဝင်လာတော့ ဝင်းထဲရောက်အောင် လိုက်လာတော့တာပဲ”

န်ုပ်။ ။ “ခက်လှချည်ကလားဗျာ။ တစ္ဆေတို့ ၊ မှင်စာတို့ဆိုရင်လည်း အိမ်ပေါ်ရောက်အောင် တက်မလိုက်နိုင်ဘူး ဆိုပါကလား”

တု။ ။“ဘာရယ်လို့တော့ မပြောတတ်ဘူးဗျ၊ အိမ်ပေါ်ရောက်တော့ ကျုပ်က အက်သိရအောင် တူကလေး ဖိုးတေကို အခန်းထဲခေါ်ပြီး ကျုပ်က ကုလားထိုင်ပေါ်မှာ ထိုင်တော့ မျောက်က စားပွဲပေါ် တက်ထိုင်တယ်ဗျ။ ဖိုးတေ ဝင်လာလို့ ပျောက်သွားမလား မှတ်တယ်၊ မပျောက်ရှာဘူးဗျ၊ စားပွဲ ပေါ် ငုတ်တုတ်ကလေး ထိုင်နေတော့တယ်။ ကျုပ်က “ဟဲ့ ဖိုးတေ စားပွဲ ပေါ်မှာ ဘာလဲဟဲ”လို့ မေးလိုက်တော့ ဖိုးတေက ဘာမှ မရှိပါကလား၊ ဦးလေး စာအုပ်တွေပဲ”တဲ့။ ဒီတော့ သူ့ဟာက ကျုပ် တစ်ယောက်တည်း မြင်ရတယ်၊ ဒီပြင်လူ ဘယ်သူမှ မမြင်ရဘဲဟာကိုးဗျ။ ဆိုက်ကားသမားကလေး ကလည်း ဒါကြောင့် မမြင်ဘူး၊ တစ္ဆေလည်း မဟုတ်ဘူး၊ မှင်စာလည်း မဟုတ်ဘူး။ ကျုပ်စိတ်ထဲမှာ ထင်ယောင်ထင်မှားဖြစ်တဲ့ ရောဂါတစ်မျိုးပဲလို့ ' အောက်မေ့မိတယ်။ အိပ်ပျက်လို့သော် လည်းကောင်း၊ အစာမကြေလို့သော် လည်းကောင်း ဖြစ်တန်ရာရဲ့ လို့ စဉ်းစားမိတယ်။ သို့သော် သူ လုပ်ပုံတွေက ရှေ့လျှောက်ပြီး သိပ်ထူးဆန်းတယ်ဗျာ။ ကျုပ် စိတ်ထဲမှာ ထင်တာသက်သက် တော့ မဟုတ်ပေဘူး ထင်တယ်” ။

န်ုပ်။ ။“နေပါဦးဗျ၊ ဒီတစ်ညတည်းပဲ မဟုတ်ဘူးလား”

တု။ ။“ဘယ်က ဟုတ်လိမ့်မလဲဗျာ၊ ဒီတစ်ညတည်းဆိုရင်တော့ ကျုပ်က အရေးလုပ်ပြီး ပြောတောင် ပြောမနေဘူး။ နေဦးဗျ၊ ကျုပ် ပြောဦးမယ် နားထောင်စမ်းပါဦး”

န်ုပ်။ ။ “ပြောစမ်းပါဦးဗျာ”

တု။ ။“ဒါနဲ့ အဲဒီညက အိပ်ရာထဲ ရုတ်တရက် မဝင်သေးဘဲ အိမ်ရှေ့ခန်းမှာ ထိုင်ပြီး ပရိတ်တွေရွတ်၊ စာတွေပြန်၊ ဂုဏ်တော်တွေ ပါဠိရော အနက်ပါရွတ်။ ဘယ့်နှယ်မှ မရှိဘူးဗျ၊ စားပွဲပေါ်မှာ ငုတ်တုတ်ကလေးထိုင်ပြီး ကျုပ်ကို စေ့စေ့ကြည့်နေတာပဲ။ သူ့မျက်လုံးတွေကတော့ နည်းနည်းမှေးသွား သလို ထင်ရရဲ့ ၊ နို့ပေမဲ့ အကြည့်ကတော့မပျက်ဘူး။ မှေးမှေးလည်း ကြည့်လျက်ပဲ။ ပြူးပြူးလည်း ကြည့်လျက်ပဲ၊ မျက်တောင်တောင် မခတ်ဘူးဗျ။ ဒါနဲ့ နာရီပြန် တစ်ချက် ထိုးတော့မှ အိပ်ရာခန်းထဲဝင်ပြီး အိပ်မယ်လုပ်တော့ လားလားဗျာ၊ ကောက်ကောက်ပါအောင် လိုက်လာပြီး ကျုပ် ခုတင်နံဘေးက စားပွဲကလေး