ရွှေဥဒေါင်း - ဝင်္ကန္တ
အခန်း (၁)
မန္တလေးမြို့၊ အနောက်ပြင်၊ ရတနာဘုမ္မိခေါ် ရပ်ကွက်၌ ဆန်စက် ပိုင် ဦးဘိုးမင်းနှင့် စက်ပိုင်ကတော် ဒေါ်နှင်းအုံဟူ၍ ရှိခဲ့ဖူးသည်ဖြစ်ရာ ၄င်းတို့၌ သားသမီးငါးယောက်မျှ ဖွားမြင်ခဲ့သော်လည်း အခြားသော သားသမီးတို့သည် ငယ်ရွယ်စဉ်အခါကပင် သေဆုံးကြ၍ နောက်ဆုံးမွေး ဖြစ်သော မောင်သက်နှံအမည်ရှိ သားယောက်ျားကလေးတစ်ယောက် သာလျှင် အဖတ်တင်ခဲ့သည် ဖြစ်လေရကား အမိအဖတို့သည် ငါးဦး သော သားသမီးတို့အပေါ်၌ ချစ်ခင်ရမည့် မေတ္တာတို့ကို တစ်ဦးတည်း သော သား၌သာလျှင် စုပုံချစ်ခင်ရသကဲ့သို့ မိဘနှစ်ဦးလုံးတို့က အသက် မျှမက ချစ်ခင်ကြင်နာခြင်း ရှိခဲ့ကြလေ၏။
မောင်သက်နှံသည် အရွယ်သို့ရောက်လျှင် အင်္ဂလိပ်ကျောင်းကြီး များ၌ ၁ဝ တန်းမျှ အောင်မြင်သည့်တိုင်အောင် သင်ကြားပြီးနောက် ရန်ကုန်မြို့၌ အိုင်အေ အတန်း၌ ဆက်လက်သင်ကြား၍ ဂျူနီယာအိုင်အေ အတန်းကို အောင်မြင်ပြီးသဖြင့် စီနီယာအတန်းကို တက်ခါစအခါတွင် မန္တလေးမြို့မှ မိဘနှစ်ပါးစလုံး အသည်းအသန် ဖြစ်နေကြောင်းနှင့် ကြေးနန်းစာရရှိသဖြင့် အဆောတလျင် ပြန်လာရသည်ဖြစ်ရာ မိမိဆိုက် ရောက်သည့်နေ့၌ပင်လျှင် မိဘနှစ်ပါးစလုံးသည် သင်္ခါရ သဘောတရား ကို လွန်ဆန်ခြင်းငှာ မတတ်နိုင်ဘဲ သေရွာသို့ လိုက်ပါသွားကြရရှာလေ၏။
မောင်သက်နှံသည် မိဘနှစ်ပါးတို့၏ ဈာပနကိစ္စကို တင့်တယ် စွာ ဆောင်ရွက်ပြီးနောက် မိမိ၏ရည်ရွယ်ချက်အတိုင်း အင်္ဂလိပ်ပညာ ကို ဘီအေ အတန်း အောင်မြင်သည့်တိုင်အောင် ဆက်လက်သင်ကြား ခြင်း မပြုနိုင်ဘဲ ကောလိပ်ကျောင်းမှ နုတ်ထွက်၍ မိငုတ်မိရင်းဖြစ်သော စပါးပွဲစားအလုပ်နှင့် ဆန်စက်လုပ်ငန်းတို့ကို ဆက်လက်ရွက်ဆောင် လုပ်ကိုင်လျက် ရှိခဲ့လေ၏။
ယင်းကဲ့သို့ လုပ်ကိုင်လျက်ရှိသဖြင့် တစ်နှစ်ကျော်ခန့်မျှရှိခဲ့လျှင် မောင်သက်နှံသည် အသက် ၂၀ ကျော် အရွယ်ခန့်တိုင်ရောက်၍ မိမိ ၏ ဆွေမျိုးဉာတိများကလည်း အခြေတကျ ရှိစေခြင်းငှာ တင့်တယ် လျောက်ပတ်သော သူငယ်မတစ်ယောက်နှင့် လက်ထပ်ထိမ်းမြားရန် အချိန်တော်သင့်ပြီဟု တိုက်တွန်းကြသည်ဖြစ်ရာ ၄င်း ဆွေမျိုးဉာတိ တို့က လောကဓမ္မတာအတိုင်း ကြေးငွေရှိသောသူတို့မှာ ကြေးငွေရှိ သောသူတို့၏ သားသမီးတို့နှင့်သာလျှင် ထိမ်းမြားရန် အကြံပေးကြ သော်လည်း မောင်သက်နှံသည် လင်မယားဆိုသည်မှာ မိမိနှစ်သက် စုံမက်သည်ကိုသာလျှင် ပဓာန အကြောင်းရင်းပြု၍ ထိမ်းမြားထိုက် သည်ဟု အယူရှိသည့်အတိုင်း တစ်နေ့သ၌ ပွဲစား ဦးချမ်းသာဆိုသူ၏ တူမတစ်ယောက်နှင့် ထိမ်းမြားမင်္ဂလာ ဆောင်နှင်းကြလေ၏။
စပါးပွဲစားကြီး ဦးချမ်းသာ၏တူမ ခင်မြကြီးဆိုသူမှာ ပွဲစားကြီး ၏ညီတစ်ယောက်မှ ပေါက်ဖွားခဲ့သော သမီးတစ်ယောက်ဖြစ်လေရာ ခင်မြကြီး၏ဖခင်သည် ငယ်ရွယ်စဉ်အခါကပင် တေလေလုပ်၍နေပြီး နောက် ဇာတ်မင်းသမီးတစ်ယောက်နှင့် နောက်ဆုံးအကြောင်း ဆုံစည်းဝန်ကျချေတော့မည်ဟု အောက်မေ့၍ ခင်မြကြီးအား ရှေးကထက် ကြင် နာဟန်ပြု၍ နှစ်ဦးနှစ်ဝ ဆုံစည်းဖို့အရေးကို မိမိကပင် အတွင်လှော် ၍ ပေးခဲ့လေ၏။
သို့ဖြစ်သောကြောင့် မောင်သက်နှံနှင့် ခင်မြကြီးတို့မှာ တစ်ဦးကို တစ်ဦး ချစ်ခင်စုံမက်ကြောင်း ဖွင့်ဟပြောဆိုပြီးသည့်နောက် ရက်ပေါင်း အနည်းငယ်အတွင်း၌ပင် တစ်စုံတစ်ရာ အနှောင့်အယှက် အကန့်အကွက် မရှိဘဲ လက်ထပ်မင်္ဂလာဆောင်နှင်းခြင်း ပြုခဲ့ကြလေသည်။ ။
ခင်မြကြီးသည် မောင်သက်နှံအိမ်သို့ လိုက်ပါလာစဉ်အခါ ကျွန်ုပ် တို့ သိရှိရသည့်အတိုင်း ဥစ္စာကြေးငွေဟူ၍ ပြောပလောက်အောင် ပါရှိ သည် မဟုတ်သော်လည်း မောင်သက်နှံမှာ ကြေးငွေအင်အားနှင့် ပြည့်စုံ ပြီးဖြစ်သဖြင့် သူငယ်မ၏ ရုပ်အဆင်းကိုသာလျှင် နှစ်သက်ရင်း ဖြစ်လေ ရကား ကောင်းမွန်စွာ ရောင့်ရဲတင်းတိမ်လျက် မိမိ၏မယားအား လက် ဝတ်လက်စား အပြည့်အစုံတို့ကို ဝယ်ယူဆင်ယင်စေပြီးလျှင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိခဲ့ကြလေ၏။ .
ကာလအတန်ကြာလတ်သော် ခင်မြကြီး၌ သားယောက်ျားကလေး တစ်ယောက် ဖွားမြင်လေရာ မောင်သက်နှံမှာ မိမိမယားအပေါ်၌ ရှေး ကထက်ပင် ကြင်နာချစ်ခင်ခြင်း တိုးတက်ခဲ့ပြီးလျှင် အရာရာမျိုးတို့၌ မယား၏အလိုသို့လိုက်၍ ခင်မြကြီး စိတ်ချမ်းသာမှုကိုသာလျှင် မိမိ၌ ဝတ္တရားရှိလေသည့်အလား သူတစ်ပါး သားမယားတို့ထက် မလှလျှင် လှပအောင် အစဉ်မပြတ် စောင့်ကြပ်ပြုစုလျက် ရှိခဲ့လေ၏။ ခင်မြကြီး မှာလည်း မိမိမှာ ငယ်စဉ်ကစ၍ ဆင်းရဲနွမ်းပါးသော အမိအဖတို့နှင့် နေထိုင်ခဲ့ရသည့်ပြင် ကြီးပြင်းသည့်အခါ၌လည်း ပွဲကတော်ကြီးနှင့်တကွ ၄င်း၏သားသမီးတစ်စုတို့ နှိပ်စက်ကလူ ပြုမူခြင်း၊ မထီမဲ့မြင်ပြုခြင်း အစရှိသည်တို့ကို ခံခဲ့ရပြီးနောက် မောင်သက်နှံနှင့် ထိမ်းမြားလက်ထပ်ပြီးသည့်အခါကျမှ ငရဲပြည်မှ သတ္တဝါတစ်ဦး နတ်ရွာသို့ ရောက်ရသည့် အလား မိမိ၏ လင်သားအား အလွန်တရာအားထား၍ ကျေးဇူးလည်း အထူးကြီးလှပါကြောင်းနှင့် ရံဖန်ရံခါ ပြောဆိုလေလျှင် မောင်သက်နှံ မှာ မိမိ၏ မယား၌ လွန်စွာအားရ၍ မိမိမှာ ချစ်ခင်ရကျိုးနပ်ပေပြီ၊ ပြုစုစောင့်ရှောက်ရကျိုးနေပေပြီဟု ဝမ်းသာအားရ ရှိလှပေ၏။
သားငယ်ဖွားမြင်ပြီးသည့်နောက် တစ်လခန့်မျှကြာရှိလေလျှင် တစ် နေ့သော ညနေခင်းအချိန်၌ မောင်သက်နှံသည် မိမိ၏နေအိမ်ရှိရာ စိန်ပန်း ရပ်ကွက်မှ မိမိ၏အလုပ်တိုက်နှင့် ဆန်စက်ရှိရာ ရတနာဘုမ္မိရပ်ကွက် သို့ မြင်းရထားတစ်စီးနှင့် ထွက်လာခဲ့ရာ မလွန်ဈေးဟောင်းအနီးသို့ ရောက်လေလျှင် ပုလိပ်တစ်ယောက်သည် ခေါင်းပေါင်းအင်္ကျီ အဝတ် အစားတို့ ဖရိုဖရဲ ဝတ်ဆင်လျက်ရှိသော လူတစ်ယောက်ကို အတင်းဆွဲ ငင်လျက် လမ်းတစ်လျှောက်၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို မြင်တွေ့ရလေလျှင် ထိုသူကို ငါမြင်ဖူးသည်ဟု အောက်မေ့၍ ရထားကို ရပ်စေပြီးလျှင် သေချာစွာ ကြည့်ရှုသည်တွင် မိမိနှင့် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်း သိရှိရသည်နှင့် ပုလိပ်အား အကျိုး အကြောင်းကို မေးမြန်းရာ ပုလိပ်က ထိုသူကို မူးယစ်မှုဖြင့် ဖမ်းဆီး လာခဲ့ရကြောင်းနှင့် ပြောဆိုလေ၏။
ထိုအခါ မောင်သက်နှံသည် ဌာနာသို့ရောက်အောင် မိမိကိုယ်တိုင် မြင်းရထားနှင့်လိုက်၍ ပို့ပါမည်ဟု ပုလိပ်သားအားပြော၍ အရက်မူးနေ သူနှင့် ပုလိပ်သားတို့ကို မြင်းရထားနှင့် တင်ဆောင်ခေါ်ခဲ့၍ လူစုကွဲ ရာသို့ ရောက်သောအခါ မောင်သက်နှံက ထိုသူသည် မိမိ၏သူငယ် ချင်းတစ်ယောက် ဖြစ်ကြောင်း၊ နောက်နောင်ကိုလည်း ဤကဲ့သို့မဖြစ်စေ ရန် မိမိကပင် တာဝန်ခံပါမည့်အကြောင်းနှင့် ပုလိပ်သားအား တောင်းပန် ပြောဆိုပြီးလျှင် ငွေစက္ကူတစ်ဆယ်တန် နှစ်ချပ်ကို ပုလိပ်သား၏ လက်ပြီးသည့်အခါကျမှ ငရဲပြည်မှ သတ္တဝါတစ်ဦး နတ်ရွာသို့ ရောက်ရသည့် အလား မိမိ၏ လင်သားအား အလွန်တရာအားထား၍ ကျေးဇူးလည်း အထူးကြီးလှပါကြောင်းနှင့် ရံဖန်ရံခါ ပြောဆိုလေလျှင် မောင်သက်နှံ မှာ မိမိ၏ မယား၌ လွန်စွာအားရ၍ မိမိမှာ ချစ်ခင်ရကျိုးနပ်ပေပြီ၊ ပြုစုစောင့်ရှောက်ရကျိုးနေပေပြီဟု ဝမ်းသာအားရ ရှိလှပေ၏။
သားငယ်ဖွားမြင်ပြီးသည့်နောက် တစ်လခန့်မျှကြာရှိလေလျှင် တစ် နေ့သော ညနေခင်းအချိန်၌ မောင်သက်နှံသည် မိမိ၏နေအိမ်ရှိရာ စိန်ပန်း ရပ်ကွက်မှ မိမိ၏အလုပ်တိုက်နှင့် ဆန်စက်ရှိရာ ရတနာဘုမ္မိရပ်ကွက် သို့ မြင်းရထားတစ်စီးနှင့် ထွက်လာခဲ့ရာ မလွန်ဈေးဟောင်းအနီးသို့ ရောက်လေလျှင် ပုလိပ်တစ်ယောက်သည် ခေါင်းပေါင်းအင်္ကျီ အဝတ် အစားတို့ ဖရိုဖရဲ ဝတ်ဆင်လျက်ရှိသော လူတစ်ယောက်ကို အတင်းဆွဲ ငင်လျက် လမ်းတစ်လျှောက်၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို မြင်တွေ့ရလေလျှင် ထိုသူကို ငါမြင်ဖူးသည်ဟု အောက်မေ့၍ ရထားကို ရပ်စေပြီးလျှင် သေချာစွာ ကြည့်ရှုသည်တွင် မိမိနှင့် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်း သိရှိရသည်နှင့် ပုလိပ်အား အကျိုး အကြောင်းကို မေးမြန်းရာ ပုလိပ်က ထိုသူကို မူးယစ်မှုဖြင့် ဖမ်းဆီး လာခဲ့ရကြောင်းနှင့် ပြောဆိုလေ၏။
ထိုအခါ မောင်သက်နှံသည် ဌာနာသို့ရောက်အောင် မိမိကိုယ်တိုင် မြင်းရထားနှင့်လိုက်၍ ပို့ပါမည်ဟု ပုလိပ်သားအားပြော၍ အရက်မူးနေ သူနှင့် ပုလိပ်သားတို့ကို မြင်းရထားနှင့် တင်ဆောင်ခေါ်ခဲ့၍ လူစုကွဲ ရာသို့ ရောက်သောအခါ မောင်သက်နှံက ထိုသူသည် မိမိ၏သူငယ် ချင်းတစ်ယောက် ဖြစ်ကြောင်း၊ နောက်နောင်ကိုလည်း ဤကဲ့သို့မဖြစ်စေ ရန် မိမိကပင် တာဝန်ခံပါမည့်အကြောင်းနှင့် ပုလိပ်သားအား တောင်းပန် ပြောဆိုပြီးလျှင် ငွေစက္ကူတစ်ဆယ်တန် နှစ်ချပ်ကို ပုလိပ်သား၏ လက်
နိဒါန်း
တစ်ခုသော ဝါတွင်းအခါ၌ ကျွန်တော်သည် အချို့ သော သူတို့၏ ရံဖန်ရံခါ ဖြစ်ပေါ်မြဲ ဓမ္မတာရှိသည်အတိုင်း တစ်စုံတစ်ခုသော အကြောင်းကြောင့် သတိ သံဝေဂကြီးစွာ ရရှိသည်နှင့် အလုပ်မှ အားလပ်ခွင့် သုံးလ ခံယူ၍ ဝါတွင်းသုံးလပတ်လုံး စစ်ကိုင်းတောင်ရိုးရှိ ကဿပချောင်တွင် ဥပုသ်ရက်ရှည် ဆောက်တည်လျက် ရှိစဉ်တွင် ပါတိမောက္ခ သံဝရသီလ၊ ဣန္ဒိယ သံဝရသီလအစရှိသော သီလလေးပါးတို့နှင့် အလွန်တရာ ပြည့်စုံသဖြင့် သီလဝိသုဒ္ဓိ ဖြစ်လှပေသော ဘုန်းတော်ကြီး တစ်ပါးသည် ကျောင်းငယ်တစ်ခုတွင် တစ်ပါးတည်း သီတင်းသုံးနေ ထိုင်လျက် ကမ္မဋ္ဌာန်းတင် အစရှိသည်တို့ကို ကျင့်သုံးဆောက်တည် လျက်ရှိသည်ကို တွေ့မြင်ရသည်ဖြစ်၍ ယခုခေတ်ကာလတွင် ဤသို့ သော ရဟန်းကောင်း ရဟန်းမြတ်တို့သည် ရှားပါးလှပေစွတကားဟု အောက်မေ့၍ ထိုရဟန်းတော်အား အထူးသဖြင့် ကြည်ညိုလေးမြတ် ခြင်း ရှိခဲ့လေ၏။
၄င်းရဟန်းတော်မှာ ဦးခေါင်းဆံပင် တစ်ပင်မျှ မရှိသဖြင့် “ခေါင်း ပြောင်ကိုယ်တော်”ဟု အချို့သော နှုတ်ပေါ့သူတို့က အချင်းချင်း ပြောဆိုလေ့ရှိကြသည်ဖြစ်ရာ ၄င်း ကိုယ်တော်အရှင်မြတ်၌ ထူးခြားသော အခြင်းအရာတစ်ခုမှာ မည်သည့်အချိန်ကာလ၌ဖြစ်စေ မာတုကာမဟူ၍ကျောင်းပေါ်သို့လည်း တက်ခွင့်မရှိ၊ ကျောင်းဝင်းအတွင်းကိုမျှ ဝင်ခွင့် မပြုသည့်အပြင် သီလကိုမျှ မာတုကာမဆိုလျှင် ကိုယ်တိုင်တော် ပေး လေ့မရှိဘဲ အထူးသဖြင့် ကြပ်တည်းစွာ နေထိုင်တော်မူလေ့ရှိ၏။
ယင်းကဲ့သို့ မြတ်စွာဘုရား၏ သိက္ခာပုဒ်တော်ကို ပိုမိုကြပ်တည်း စွာ ကျင့်သုံးဆောက်တည်လျက်ရှိနေသည်ကို တွေ့မြင်ရလေလျှင် ကျွန်တော်မှာ“၄င်းရဟန်းတော် အရှင်သူမြတ်သည်ကား အမှန်မုချ အကြောင်း ထူး တစ်စုံတစ်ရာ ရှိချေမည်” ဟု ဆင်ခြင် တွေးတောမိသည်ဖြစ်၍ တစ်လကျော်ခန့်မျှ လက်ပွန်းတတီး ဆည်းကပ်၍ ရတနာသုံးပါးနှင့် စပ်လျဉ်းသော စကားတို့ကို ကြားနာနှီးနှောပြီးလျှင် အကျွမ်းတဝင်ရှိ ကြသည့်အခါတွင်မှ ၄င်းအကြောင်းနှင့် စပ်လျဉ်း၍ အမြွက်မျှလောက် လျှောက်ထားမိလေလျှင် အရှင်သူမြတ်က
“မှန်ပါတယ် ဒကာကြီး၊ မြတ်စွာဘုရားကတော့ မိမိစိတ်သာ လျှင် ပဓာနအကြောင်းရင်းဖြစ်ကြောင်းကို ဟောတော်မူပါတယ်။ သို့ သော် ဘုန်းကြီးမှာတော့ မာတုကာမဆိုလျှင် အထူးပဲ စိတ်နာ စက်ဆုပ် လောက်အောင် မယုံကြည်နိုင်သောအကြောင်းများ ကိုယ်တိုင်ဒိဋ္ဌ တွေ့ ကြုံခဲ့ရလေတော့ ဝေးဝေးကြီးက ရှောင်ရှားမယ်လို့ နဂိုသန္နိဋ္ဌာန် ချခဲ့ တဲ့အတိုင်း မိမိသန္နိဋ္ဌာန်မြောက်အောင်သာ ဝေးဝေးက ရှောင်ရှားရခြင်း ဖြစ်ပါတယ် ဒကာကြီး”
ဟုမိန့်တော်မူလေလျှင် ကျွန်တော်မှာ ကိုယ်တော်မြတ်၏ အကြောင်း ခြင်းရာကို သိလိုလှသည်ဖြစ်၍ ရင်းနှီးသော ဒကာတစ်ယောက်ဖြစ်နေ သည့်အတိုင်း ထို့ထက် အနည်းငယ်ဖွင့်ဟ၍ မိန့်တော်မူရန် လျှောက်ထား တောင်းပန်တော်မူလေရာ ဘုန်းတော်ကြီးလည်း အတန်ငယ် ဦးခေါင်းကို ပွတ်သပ်ကာ စဉ်းစားဆင်ခြင်ပြီးနောက်
“ဘယ်သူ့ကိုမှ မပြောလည်း မပြောဖူးပါဘူး။ ပြောလို့လည်း ကျေးဇူးရှိမယ် မဟုတ်ပါဘူး။ သို့သော် စကားစပ်မိလို့ရှိမှ ဒကာကြီး သိလိုတဲ့ ဆန္ဒအတိုင်း ပြောပြရဦးမှာပေါ့ ဒကာကြီး” ဟု မိန့်တော်မူ၍ မိမိ၏ အတ္ထုပ္ပတ္တိအခြင်းအရာတို့ကို ပြန်ပြောင်း ပြောဆိုတော်မူရာ ကျွန်တော်က အရှင်သူမြတ်၏ စကားအတိုင်းမဟုတ်ဘဲ မိမိ၏စကားဖြင့် ဝတ္ထုသွားအတိုင်း အောက်၌ ရေးသားဖော်ပြရပေသတည်း။