Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - အဟာရနှင့်ကျန်းမာရေး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

တတိယနှိပ်ခြင်း နိဒါန်း

အာဟာရဖြင့် ကျန်းမာနည်းကုသနည်း စာအုပ်ကို ရောင်စုံစက္ကူ များဖြင့် ဂျပန်ခေတ်တွင် ကြီးပွားရေး စာအုပ်တိုက်မှ ပထမအကြိမ်ရိုက် နှိပ်၍ ၁၉၄၉ ခုနှစ်တွင် ဒုတိယအကြိမ် ရိုက်နှိပ်ခဲ့ပါသည်။ ထိုနှစ်များ အတွင်း ဝမ်းချူခြင်း တစ်ခုတည်းနှင့်ပင် အကျိုးကျေးဇူးများလှပါသည် ဟု ဝန်ခံရေးသားသည့် စာပေါင်းမြောက်မြားစွာ ရရှိ၍ ကျွန်ုပ်ကိုယ်တိုင် မှာလည်း မိတ်ဆွေများက ချီးမွမ်းစကား ပြောကြရလောက်အောင် ကျန်းမာလျက်ရှိပါသည်၊ အာဟာရ စားသောက်ပုံနှင့် ပတ်သက်၍မူ၊ လိုက်နာကျင့်သုံးရန် နားလည်ဖို့ အခက်အခဲတွေ့လျက် ရှိကြသည်ဖြစ် သောကြောင့် လိုက်နာလိုသူတို့ အလွယ်တကူ နားလည်နိုင်စိမ့်သောငှာ စာအုပ်နောက်ဆုံးပိုင်းတွင် အခန်းတစ်ခန်းဖြည့်စွက်ထည့်သွင်း ပေး လိုက်ခြင်းအားဖြင့် ရှင်းလင်းအောင်ထပ်မံ ဖော်ပြလိုက်ပါသည်။

ကျွန်ုပ်သည် ဤကျမ်းကို စုဆောင်းရေးသားစ အချိန်၌ ကျွန်ုပ်၏ ခြေဖမိုးတွင် ဂုံညင်းပမာဏရှိ နှင်းခူနာ တစ်ခုရှိ၏။ ကျန်းမာနည်းဆိုင် ရာ ဗဟုသုတကို ရှာဖွေစုဆောင်းရင်း ဝမ်းချူခြင်းအကြောင်းကို တွေ့ ရ၍ သဘောကျ ယုံကြည်သည်နှင့် စမ်းသပ်ကြည့်၏။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ နှင်းခူနာပျောက်ရန်အတွက် သတိမရ၊ အခါခပ်သိမ်း လျင်မြန်ဖျတ်လတ်စွာနှင့် ကျန်းမာစွာ ရှိနေဖို့အတွက်သာ ရည်ရွယ်ပါ သည်။ တစ်လခွဲ နှစ်လခန့်မျှ ကြာလာသောအခါ ကျွန်ုပ်သည် နောက်ပိတ်ဖိနပ်စီးရန်အတွက် ခြေအိပ်စွပ်မည်ပြုရာတွင် ခြေဖမိုး၌ရှိသော နှင်းခူနာမှာ လုံးဝပျောက်သွားပြီး အမာရွတ်မျှသာ ကျန်တော့ သည့် အဖြစ်ကို အံ့သြဝမ်းမြောက်စွာ တွေ့ရပါသည်။ ။

ကျွန်ုပ်ကဲ့သို့ပင် ကျန်းမာရေးကို လိုက်စားသည့် လူထုဒေါ်အမာ ၏ဖခင် ဦးတင်နှင့်တွေ့ရာတွင် ကျွန်ုပ်ကနောက်ဆုံးတွေ့ရသည့် ဝမ်း ချူနည်း ဗဟုသုတ အကြောင်းကိုပြောပြ၍ သူကလည်း စမ်းကြည့်၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နှင်းခူနာမပျောက်သေးသည်နှင့် ပြောပြစရာ အကြောင်း မပေါ်ပေါက်သေးချေ၊ ဦးတင်သည် ဝမ်းချူခြင်းအလေ့ အကျင့်ကို စိတ်ပါလက်ပါ လိုက်နာလေရာ ၆ လခန့်ကြာသောအခါ တွင် အံ့သြဖွယ်သော အကျိုးထူးတရား ခံစားရလေသည်၊ သူ၏ ရင်ဘတ်၌ ချက်အောက်သို့ တိုင်အောင် “ဒွေး” ကြီးတစ်ခုရှိရာ၊ နွေရာသီ များတွင် အထူးယားယံသဖြင့် ဒုက္ခအကြီးအကျယ်ရောက်ရသည် ဆို၏၊ နေ့စဉ် ဝမ်းချူ၍ ၆ လခန့်ကြာသောအခါ သူသည်လည်း တစ် နံနက်တွင် “ပွေးနာ” ကြီး ပျောက်လျက်ရှိသည်ကို ဝမ်းမြောက်စွာတွေ့ ရကြောင်းနှင့် ဝမ်းသာအားရပြောပြလေသည်။ ။

ဤသို့သော အကျိုးတရားကို မမျှော်လင့်ဘဲနှင့် တအံ့တသြတွေ့ ကြသော ကျွန်ုပ်တို့နှစ်ယောက်သည် ၁၈ နှစ်ခန့်တိုင်အောင် ဝမ်းချူ ခြင်းအလုပ်ကို ဝတ္တရားကြီး တစ်ခုအနေဖြင့် မပျက်မကွက်စေဘဲ၊ မှန်မှန် ကြီး ဆောင်ရွက်လာခဲ့ကြရာ ၇၇ နှစ်စီရှိပြီဖြစ်သော ယခုအချိန်တိုင်အောင် အကြီးအကျယ်နာဖျားခြင်းမရှိဘဲ ကျန်းမာစွာရှိနေကြပါသည်။ ဦးတင် အဖို့မှာမူ ယခင်ကတစ်နှစ်လျှင် ၂ ကြိမ်ခန့် မှန်မှန်ကြီး ဖျားတတ်ရာမှ ယခုများတော့ဘဲရှိနေသည်ဟု ပြောပါသည်၊ ဦးတင်နှင့် ကျွန်ုပ်တို့၏ ယုံကြည်ချက်တစ်ခုမှာ (ဟုတ်မဟုတ်ကား မပြောတတ်) ကင်ဆာအစရှိသည့် ရောဂါမျိုးတို့သည် သွေးထဲ၌ နှစ်ပေါင်းများစွာ စုအောင်း အခြေတည်လျက်ရှိသော အညစ်အကြေးတို့မှ ဖြစ်ရတတ် သောကြောင့် နေ့စဉ် ဝမ်းချူခြင်းအားဖြင့် သွေးသားစင်ကြယ်လျက်ရှိသော ကျွန်ုပ်တို့အဖို့ရာ၌ ကင်ဆာမှစ၍ အခြေအမြစ်ဖွဲ့စည်းပြီးမှ ဖြစ်ရ သည့် အနာရောဂါဆိုးကြီးမျိုးဖြစ်နိုင်ကြဖို့ မရှိတော့ဟု ရဲရဲကြီး ယုံကြည် လျက်ရှိကြပါသည်။ ဤယုံကြည်မှု ရှိကြသည့်အတွက်ကြောင့် (ဖြစ် တော့မှ ဖြစ်ကရော) ကျွန်ုပ်တို့အလွန်စိတ်ချမ်းသာလျက်ရှိကြပါသည်။

၁၉၆၀ ခုနှစ်က (တစ်နှစ်တစ်ခေါက် ရောက်နေကျ ထုံးစံအ တိုင်း) ကျွန်ုပ်ရန်ကုန်သို့ ဆင်းသွားစဉ် ကျွန်ုပ်၏ ဒိဋ္ဌေဒိဋ္ဌမတ္တံကျင့်စဉ် အရ သင်တန်းတက်ရန်နှင့် ဆွေးနွေးရန် ကျွန်ုပ်ထံသို့ လာကြသည့် ခေတ်ပညာတတ်လူကြီးပိုင်းနှင့် လူလတ်ပိုင်းပုဂ္ဂိုလ်များ အနက်တွင် ရန်ကုန်တက္ကသိုလ်မှ ပထဝီဝင်ပါမောက္ခ ဒေါ်သင်းကြည် တစ်ယောက် လည်းပါဝင်၏။ ဒေါ်သင်းကြည်သည် သူ့ကိုယ်သူ ဝလွန်းသည် ထင်လျက်ရှိသူတစ်ယောက်ဖြစ်၍ (အမှန်မှာသူ့ထက်ဝသော မိန်းမတွေ များစွာရှိကြပါသည်) ဒိဋ္ဌေဒိဋ္ဌမတ္တံကျင့်စဉ်ထက် ကျန်းမာရေးကို ပို၍ လိုလားသည့်လက္ခဏာရှိ၏၊ ဒေါ်သင်းကြည်သည် ဤကျမ်းတွင် ပါရှိ သည့် ဝမ်းချူနည်းသာမက ရက်အပိုင်းအခြားနှင့် အစာဖြတ်ထားခြင်း အလုပ်ကိုပါ လေ့ကျင့်လေရာ ကိုယ်အလေးချိန်လျော့ကျသွားရုံသာမက ရှေးယခင်ကထက် လျင်မြန် ဖျတ်လတ်၍ အလွန်တရာ နေထိုင်ကောင်း လျက်ရှိသည်ဟု တစ်ဆင့်စကားကြားသိရပါသည်၊ သူကိုယ်တိုင်ကမူ ကျွန်ုပ်အား “တရားအလုပ်ကတော့ ဒီလောက်မစွဲဖြစ်သေးဘူး၊ ကျန်းမာ ရေးနည်းကတော့ ကျွန်မအဖို့ သိပ်ကျေးဇူးများပါပေတယ် ဆရာကြီး”ဟု ဝမ်းမြောက်စွာနှင့် ပြောဖူးပါသည်။

ထို့ပြင် အသေးအဖွဲ့ အနာရောဂါကလေးများ ကင်းရှင်း၍ ကျန်း ကျန်းမာမာ ရွှင်လန်းစွာ နေထိုင်ကြရခြင်းများ၊ ကိုယ်တစ်ပိုင်းသေသော ရောဂါပင် ပျောက်ရကြောင်းများနှင့် ကျွန်ုပ်ထံသို့ စာများရေးသား ဝန်ခံ ကြသော ပုဂ္ဂိုလ်တို့လည်း အမြောက်အမြားရှိကြပါသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးသည် စာရေးဖို့ အတော်ပျင်းသော လူမျိုးဖြစ်ပေရာ ဝန်ခံ ရေးသားသည့် စာစောင်ရေ ၅ဝ မျှရသည်ဆိုလျှင် အကျိုးကျေးဇူးခံစား ကြရသူပေါင်း ၅၀၀ထက်မနည်း ရှိလိမ့်မည်ဟု တွက်ကိန်းရမိပါ သတည်း။

နိဒါန်း

တစ်သက်ပတ်လုံး ဝမ်းစာအတွက် ပူပင်စိုးရိမ်ရန် မရှိတော့ဟူ၍ စိတ်ချရသောအဖြစ်သည် တော်ပေကောင်းပေလိမ့်မည်။ သို့သော် ထို ထက်ကောင်းမွန်သော အဖြစ်သည်ကား တစ်သက်ပတ်လုံး နာဖျားမ ကျန်း ဖြစ်နိုင်တော့ရန် မရှိဟူ၍ ယုံကြည်စိတ်ချနိုင်သော အဖြစ်ပေ တည်း၊ အကြောင်းဆိုသော် ဝမ်းစာဖူလုံသော်လည်း၊ နာဖျားမကျန်းရှိ လျှင် ဒုက္ခတွေ့ရဦးမည်ဖြစ်ရာ တစ်သက်လုံးကြည်ရွှင် ကျန်းမာစွာရှိသော လူတစ်ယောက်အဖို့မူကား ဝမ်းစာရှာမှုသည် ခဲယဉ်းခြင်းရှိနိုင် မည် မဟုတ်သောကြောင့်ပေတည်း၊ ထိုကြောင့် “အာရောဂျီ ပရမံ လာဘ်” ဟု ဆိုကြရခြင်းဖြစ်လေသည်။ ။

မိမိသာလျှင် မကသေး မိမိ၏ သားသမီး၊ သားမယား၊ အိမ်သူ အိမ်သားကိုပါ တစ်သက်ပတ်လုံး ကျန်းမာချမ်းသာစွာ ရှိကြပေတော့ မည်ဟု စိတ်ချရခြင်းသည်သာ၍ပင် ကောင်းဦးမည်မဟုတ်ပါလော။ ဤစာအုပ်သည်ကား ထိုသို့သော အဖြစ်မျိုးကို ရစိမ့်သောငှာ ထိုမှဤမှ စုဆောင်းရှာဖွေ ရေးသားထုတ်ဝေဖြန့်ချိရခြင်းဖြစ်၏။

ကျန်းကျန်းမာမာ ကြည်ရွှင်ချမ်းမြေ့စွာ နေထိုင်ရသော အဖြစ်မျိုးသည် တစ်သက်လုံးအဖို့ ဖြစ်နိုင်ပါမည်လောဟု မေးဖွယ်ရာရှိ၏၊ ဤ | စာအုပ်တွင် ဖော်ပြပါရှိသော အညွှန်းကိုလိုက်နာနိုင်လောက်အောင် | ကျန်းမာရေးအဖို့ စိတ်အားထက်သန်ခြင်းရှိသူတိုင်း ဖြစ်နိုင်ရမည်ဟု ဖြေဆိုရချေမည်။ ။

ထိုကဲ့သို့ ရဲဝံ့စွာ ဖြေဆိုနိုင်ခြင်းမှာ အဖျား အနာ ရောဂါဟူသမျှ သည် ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်း | ပျက်ကွက်သည့်အတွက်ကြောင့် ဖြစ်ပေါ်ရလေရာ၊ ထိုကဲ့သို့ မပျက် မကွက် ရအောင် ထိန်းသိမ်းစောင့်ရှောက်ပေးပါလျှင် အနာရောဂါများ ဖြစ်ပေါ်နိုင်ရန်လမ်းမရှိဟု ယုံကြည်စိတ်ချသောကြောင့် ဖြစ်ပေ၏။ မဖျားမနာရအောင် မတတ်နိုင်ဟုဆိုကြပါလျှင် “အသက်ဉာဏ်စောင့်, ဥစ္စာကံစောင့်” ဟူသော စကားကို ဖျက်ရာရောက်နေပေလိမ့်မည်။ အသက်ကိုပင် ဉာဏ်ဖြင့် စောင့်ရှောက်နိုင်လျှင် အနာရောဂါကို မဖြစ် ပေါ်ရအောင်လည်း ဉာဏ်ဖြင့်စောင့်ရှောက်နိုင်လောက်ရာ ချေသည်။

သို့သော် ဉာဏ်ဖြင့် စောင့်ရှောက်ရသည်ဆိုရာ၌ ဉာဏ်ဟူသော စကားတွင် အဘယ်သို့စားသောက်နေထိုင်လျှင် အဖျားအနာရောဂါမျိုး ကို မဖြစ်နိုင်ဟူသော နည်းလမ်းများကို သိထားခြင်းအပြင် သိထား သည့်အတိုင်း လိုက်နာနိုင်လောက်သည့် စိတ်အားထက်သန်မှုတို့လည်း ပါဝင်လျက်ရှိ၏၊ ထို့ကြောင့် နည်းလမ်းများကိုသိခြင်း၊ သိပြီးနောက် မလိုက်နာလျှင် မဖြစ်ဟု ဆုံးဖြတ်နိုင်ခြင်းတို့ကို ဉာဏ်ဟု ခေါ်ရချေမည်။ ထိုဉာဏ်မျိုးရှိခဲ့လျှင် အဖျားအနာ ရောဂါမျိုးတို့လည်း မဖြစ်နိုင် အသက် လည်း ရှည်ရမည်ဖြစ်ချေ၏။

အဖျားအနာ ရောဂါဟူသမျှတို့သည် ဥတုပြောင်းလဲမှုကြောင့် လည်းကောင်း၊ ပိုးကြောင့်လည်းကောင်း၊ အစားအစာများ ချို့ယွင်းမှု ကြောင့်လည်းကောင်း၊ ဖြစ်ပေါ်ရသည်ဟု သိရှိနားလည်လေရာ၊ ထိုအကြောင်းတို့တွင် အစာအာဟာရသည် အရေးအကြီးဆုံးဖြစ်၏၊ အစာ အာဟာရကို မှန်ကန်အောင်စားသုံး၍ ကိုယ်ခန္ဓာ၌ အညစ်အကြေး အပုပ်အစပ်မရှိခဲ့လျှင် ဥတုပြောင်းလဲခြင်းကို ခံနိုင်၍ ရောဂါပိုးတို့လည်းကပ်စွဲခိုအောင်းခြင်းငှာ ခဲယဉ်းပေမည်၊ ကိုယ်ခန္ဓာ၌ အညစ်အကြေး | မရှိခဲ့လျှင်၊ အလွန်တရာ ဓာတ်မှန်ရမည်ဖြစ်ရာ၊ ထိုကြောင့် ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲနိုင်ဟု ဆိုကြခြင်းဖြစ်လေသည်။ ထို့ကြောင့် ဝမ်းတစ်လုံးကောင်းအောင်၊ သို့မဟုတ် အညစ်အကြေးများ မခိုအောင်းရအောင် စားသုံးနေထိုင်မှုသည် ကျန်းမာရေးအတွက် အလွန်တရာ အရေးကြီးပေရကား၊ ကျွန်ုပ်တို့၏ဝါဒမှာ အစာအာဟာရကို နေရာကျ အောင် မှီဝဲသုံးဆောင်ခြင်းအားဖြင့်၊ ဝမ်းတစ်လုံးကောင်း၍ ခေါင်းမခဲရ အောင် ပြုပြင်ပေးရန်ပင် ဖြစ်လေသည်။

အစာအာဟာရသည် ဘယ်အတွက်ဖြစ်သနည်း၊ ကိုယ်ခန္ဓာ၌ အမျိုးမျိုးသော အကြောင်းတို့ကြောင့်ကုန်ခန်းလျော့ပါးသွားသော ဝတ္ထု ပစ္စည်းတို့၏နေရာတွင် အသစ်ဖြည့်စွက် ထည့်သွင်းပေးရန်အတွက် အစားအစာတို့ကို ကိုယ်တွင်းရှိ အစာချေ စက်ကြီးက ချေပြီးနောက်၊ ကိုယ်ခန္ဓာအတွက် အာဟာရဖြစ်အောင် ဓာတ်ခွဲစက်အမျိုးမျိုးတို့က အဆင်သင့်ဓာတ်ခွဲပေးရလေသေးသည်၊ ထို့နောက် အသုံးပြုနိုင်သလောက်ကို အသုံးပြုခြင်း၊ ပိုလျှံသည်ကို သိုလှောင်ထားခြင်း၊ အသုံး မပြုနိုင်သော အရာဝတ္ထုတို့ကို ထုတ်ပစ်ရခြင်းစသော အလုပ်များလည်း ရှိသေး၏။

ပိုလျှံအောင် စားသုံးခြင်းသည် အဖျားအနာတို့ကို ဖြစ်စေတတ် သည့် ပထမအကြောင်းကြီးတစ်ရပ်ဖြစ်၏။ ဥပမာ အုပ်ချပ်ရေ တစ် သောင်းဖြင့် ဆောက်လုပ်လိုသော အဆောက်အအုံအတွက် အုပ်ချပ်ရေ သောင်းငါးထောင်မျှ စုပုံပေးထားပါလျှင် ပန်းရံသမားတို့သည် ပိုလျှံသဖြင့် ရှုပ်၍နေသော အုတ်တို့ကို ဖယ်ရှားနေရခြင်းအားဖြင့် အလုပ်ပို လုပ်နေ၍ အချည်းနှီးအလုပ်များနေကြပေလိမ့်မည်၊ စားလိုက်သော အစားအစာကို ကုန်စင်အောင် ချေနိုင်သော သူတို့အဖို့ပင်လျှင် ပိုလျှံ စားသုံးခဲ့လျှင် ဓာတ်ခွဲခန်းထဲ၌ ပိုလျှံသော အစာကို ဖယ်ရှားရသော အလုပ်သည်လည်းကောင်း၊ လိုသည်ထက်ပို၍ ချေချက်ရသောအခါ ချေချက်မှုအလုပ်သည်လည်းကောင်း၊ အပိုသက်သက် လုပ်ရခြင်းများ ဖြစ်သောကြောင့်၊ ရောဂါအနာဖြစ်စေတတ်သော အကြောင်းကြီး တစ် ရပ်ဖြစ်ချေ၏။ မချေချက်နိုင်သော သူများအဖို့ဆိုမူ ပြောဖွယ်ရာမရှိချေ။

ရောဂါအနာ ဖြစ်စေတတ်သည့် ဒုတိယအကြောင်းကြီးတစ်ရပ် မှာ အစာချေစက် ဓာတ်ခွဲစက်တို့မှ ထွက်လာသောအညစ်အကြေးများ ကို ကုန်စင်အောင် သုတ်သင်ရှင်းလင်းရန် မတတ်နိုင်ခြင်းပင်ဖြစ်ချေ၏။ နေ့စဉ်တစ်ကြိမ်မျှ ဓာတ်သွားသော်လည်း ဓာတ်မှန်နေ၍ အညစ် အကြေးများမရှိနိုင်ပြီဟု မမှတ်ယူသင့်ချေ၊ ဓာတ်မှန်သည့်အပြင် (၇) ရက်တစ်ကြိမ် ဆေးစား၍ ဝမ်းနုတ်သော်လည်း အညစ်အကြေးများ မရှိတော့ပြီဟူ၍လည်း မမှတ်ယူနိုင်သေးချေ။

မှန်ကန်သော အစားအစာကို မှန်ကန်စွာတွဲဖက်၍ မှန်ကန်သော အတိုင်းအထွာဖြင့် စားသုံးခြင်းသည်သာလျှင် ကိုယ်ခန္ဓာ၌ အညစ်အကြေး အပုပ်အစပ်တို့ ကတ်သတ်၍ မနေနိုင်သောနည်းဖြစ်ချေသည်။ အညစ်အကြေး အပုပ်အစပ်မရှိခဲ့လျှင် အခြားရောဂါကို မဆိုထားဘိ၊ ခေါင်းခဲလည်နာခြင်းမျှ ရှိကြမည်မဟုတ်ချေ။

ရောဂါတစ်စုံတစ်ခုစွဲကပ်၍ ဆရာဝန်ဖြစ်စေ၊ ဆေးဆရာဖြစ်စေ၊ ခေါ်သောအခါ ရောဂါပိုးမျိုးရှိသော အရပ်သို့ သွားခဲ့မိချေလော၊ ရေချိုး မှားလေသလော၊ အပူလျှပ်လေသလော၊ ရုတ်တရက် ထိတ်လန့်တုန်လှုပ် ခြင်း ဖြစ်ဖူးလေသလော စသည်ဖြင့် လွန်ခဲ့သည့် တစ်ရက်နှစ်ရက်အတွင်းက အဖြစ်အပျက်တို့ကိုသာ မေးလေ့ရှိကြ၏၊ စင်စစ်သော်ကား အဆိုပါ ရုတ်တရက်အကြောင်းတို့အပြင် ယခင်ကတည်းက ကိုယ်ခန္ဓာ ( အတွင်း၌ အညစ်အကြေး အပုပ်အစပ်များ စုပုံနေခဲ့သော အကြောင်းရင်းသည် ဧကန်ရှိရမည်ဖြစ်၏။ ဥပမာ ယမ်းပုံစုထားသည်ကို မီးပွား | ကျလိုက်သည်နှင့်တူ၏၊ မီးပွားကြောင့် ရုတ်တရက် တောက်လောင်ရမည် မှန်သော်လည်း ယမ်းပုံစုပြီး ရှိနေသောကြောင့် ဖြစ်ချေသည်။ | အညစ်အကြေးစုအောင်းနေခြင်း မရှိသူတို့အတွက် ရေချိုးလည်းမမှား နိုင်၊ တစ်ကြိမ်တည်းမျှနှင့် အစားအစာမမှားနိုင်၊ ရောဂါပိုးများလည်း မကပ်နိုင်ချေ။

ဤစာအုပ်တွင် ဖော်ပြပါရှိသော နည်းလမ်းများအတိုင်း လိုက်နာ လေ့ကျင့်လာခဲ့သည့် လူကြီးတစ်ယောက်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်သော်လည်း ဒင်ဒင်ပြေအောင် ကျန်းမာလျက်ရှိသဖြင့် တစ်နေ့လျှင် ( ၁၂ နာရီမှ ၁၄ နာရီထိ အလုပ်လုပ်ခြင်း နံနက်တိုင်း အကြိမ် ၂၀၀ မျှကြိုးခုန်ခြင်း၊ နေ့တိုင်း ၅ မိုင် ကျော်ကျော် လမ်းလျှောက်နိုင်ခြင်းတို့အ ပြင် လှေကားကိုတစ်ထစ်ကျော် နှစ်ထစ်ကျော် ခုန်၍တက်ချင်အောင် စိတ်၏တက်ကြွရွှင်လန်းခြင်းရှိနေသေး၏၊ (ဤသို့ ဖော်ပြသော်လည်း ပင်ပန်းသော အလေ့အကျင့်မျိုး ပြုလုပ်ရန်လိုမည်ဟု မဆိုလိုချေ။)

ထိုလူကြီးသည် အာဟာရလေ့ကျင့်နည်းကို မလိုက်နာမီက၊ အစာမကြေသောရောဂါသည်၊ ရင်ခုန်သောရောဂါ၊ မောဟိုက်နွမ်းနယ် | သော ရောဂါတို့ဖြင့် ဖိစီးနှိပ်စက်ခြင်းခံခဲ့ရဖူးလေသည်။ ယခုမှာမူ အတော်အတန် လူငယ်တစ်ယောက်နှင့် အပြေးပြိုင်နိုင်သေး၏။

ဤစာအုပ်တွင် ဖော်ပြပါရှိသော အာဟာရ သုံးဆောင်ခြင်းဖြင့် ကျန်းမာအောင် နေထိုင်နည်းတို့မှာ ခဲယဉ်းပင်ပန်းသော အလေ့အကျင့် များလည်းမပါ၊ ကြိုက်တတ်သော အစာအာဟာရမျိုးကို လုံးလုံးကြီးခြိုးခြံရန်မျှပင် မလိုပေရကား၊ အခြေအမြစ်တည်သော ရောဂါမျိုးစွဲကပ် ( သူတို့ဖြစ်စေ၊ တစ်သက်ပတ်လုံး အနာရောဂါ ကင်းရှင်း၍ ကြည်ရွှင် ချမ်းမြေ့စွာ နေထိုင်ရသည်အထိ ကျန်းမာရေးကို လိုလားလိုက်စား သူတို့ဖြစ်စေ၊ ရက်အပိုင်းအခြားဖြင့် စမ်းသပ်လေ့ကျင့်ကြပါမူ၊ ဒိဋ္ဌ လက်ငင်း မနှေးအမြန် ကျေးဇူးခံစားကြရဖို့ ရှိသောကြောင့် ဤစာအုပ် | ပေါ်ထွက်ခြင်းသည်ပင်လျှင် နောက်ကျသေးသည်ဟု မှတ်ထင်မိကြပေလိမ့်သတည်း။

ရွှေဥဒေါင်း