စိတ်ကူးချိုချိုစာပေ
ရွှေဥဒေါင်း - အင်နာကရီနီနား
Couldn't load pickup availability
အင်နာ ကရနီနား
[၁]
စတီပင် အော့ဘလိုစကီသည် သားသမီးများကို စာသင်ပြသော ဆရာမနှင့် ချစ်ကြိုက်လျက်ရှိကြောင်း ပစ်စာတစ်စောင် ရရှိသည်ဖြစ်၍ မယားဖြစ်သူ ဒေါ်လီမှာ လင်ယောက်ျားအပေါ်၌ စိတ်ကောက်လျက်ရှိ၏။ ဒေါ်လီသည် လင်ဖြစ်သူ စတီပင်နှင့် အတွေ့မခံဘဲ မိမိ၏ အခန်းထဲ၌အောင်းလျက်ရှိရာ တစ်အိမ်လုံးမှာလည်း ခြောက်သွေ့လျက် ရှိသည်နှင့် အစေခံများလည်း မနေတတ်မထိုင်တတ်အောင် ရှိကြ၍ အလုပ်မှထွက် မည်ဟု နို့တစ်စာ တင်သွင်းထားကြ၏။
ထိုအတောအတွင်းမှာပင် စတီပင်၏ အစ်မ အင်နာကရနီနားသည် မော်စကိုမြို့၌ နေထိုင်လျက်ရှိသော စတီပင်ထံသို့ အလည်အပတ်လာ ရောက်မည်ဟု ကြေးနန်းတစ်စောင် ရရှိလေရာ စတီပင်သည် ၄င်းကြေး နန်းကို မယားဒေါ်လီအားပြ၍ အမျက်ပြေပျောက်ရန် ချော့မော့တောင်းပန် သော်လည်း ဒေါ်လီက ဧည့်ခံသော တာဝန်ကို မိမိယူမည် မဟုတ် ကြောင်း၊ မိမိမှာ လင်နှင့်အတူ မနေလိုတော့ဘဲ သားသမီးများကိုပါစွန့်ပစ်၍ မိဘများ၏နေအိမ်သို့ ပြောင်းရွှေ့နေထိုင်တော့မည် ဖြစ်ကြောင်း နှင့် တင်းမာစွာ ပြန်ပြောလေ၏။
စတီပင်သည် တရားသူကြီးတစ်ယောက်ဖြစ်၍ ရုံးသို့ထွက်လာခဲ့ စဉ် ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်သော လီဗိုင်သည် တောရွာ၌ နေထိုင်လျက်ရှိရာမှ မော်စကိုမြို့သို့ အလည်လာရောက်သည်နှင့် စတီပင် ၏ ရုံးခန်းသို့ ဝင်လာလေ၏။
ဒေါ်လီသည် ကစ်တီအမည်ရှိ ညီမတစ်ယောက်ရှိလေရာ လီဗိုင် သည် ကစ်တီနှင့် သိကျွမ်းဖူးသည်ဖြစ်၍ သူငယ်မကို ချစ်ကြိုက်စုံမက် သည်နှင့် မိမိ၏စိတ်ကို ကစ်တီအား ဖွင့်ဟပြောပြရန် အကြံအစည်နှင့် မော်စကိုမြို့သို့ လာခဲ့ခြင်းဖြစ်၏။ စတီပင်လည်း သူငယ်ချင်း လီဗိုင်၏ အကြံအစည်ကို ရိပ်မိ၍ အကြံအစည် ထမြောက်ပါစေဟု ဆုတောင်းမိ၏။
(၂)
လီဗိုင်မှာ တောရွာ၌နေထိုင်သူ တစ်ယောက်ဖြစ်သော်လည်း ဆွေ ကြီး မျိုးကြီး မြေပိုင်ရှင်တစ်ယောက် ဖြစ်ရသည်နှင့် ကစ်တီကဲ့သို့သော မိန်းကလေးတစ်ယောက်နှင့် မထိုက်တန်ဟူ၍ မဆိုသင့်ပေ။ သို့ရာတွင် လီဗိုင်ကမူကား ရာထူးခေတ်စားသော ထိုခေတ်အခါ၌ မိမိကိုယ်ကို ကစ်တီနှင့် မထိုက်တန်ဟု ယူဆခဲ့သည် ဖြစ်သောကြောင့် မိမိ၏ မေတ္တာ ကို ဖွင့်ဟပြောဆိုခြင်း မပြုဝံ့ဘဲ ကြာရှည်စွာ မျိုသိပ်အောင့်အည်းထားခဲ့ ရာ ယခုမှပင် စွန့်စားဖွင့်ဟတော့မည်ဟု လာရောက်ခဲ့ခြင်း ဖြစ်လေ သည်။
ထိုညနေ၌ လီဗိုင်သည် စတီပင်နှင့်အတူ ညစာစားသောက်ကြ စဉ် မိမိ၏ အကြံအစည်ကို သူငယ်ချင်း စတီပင်အား ဖွင့်ဟတိုင်ပင်လေသည်တွင် စတီပင်က မိမိ၏ မယားဒေါ်လီသည် လီဗိုင်ကို သဘော ကျ၍ ညီမကစ်တီနှင့် သဘောတူကြောင်း ပြောပြပြီးလျှင် လီဗိုင်အဖို့ ပြိုင်ဘက်တစ်ယောက် ပေါ်ပေါက်နေသော အခြင်းအရာကိုလည်း သတိပေး၏။
၄င်းပြိုင်ဘက်ဆိုသည်မှာ ရောင်စကီ အမည်ရှိ စစ်ဗိုလ်ကလေး တစ်ယောက်ဖြစ်၍ ဥစ္စာလည်းပေါ ရုပ်လည်းချောသည့်အပြင် ဇာဘုရင် ၏ သက်တော်စောင့်အဖြစ်နှင့် အမှုထမ်းလျက်ရှိကြောင်း၊ အမျိုးအနွယ် မှာလည်း ရုရှားတစ်ပြည်လုံးတွင် ထိပ်တန်းကျသော သူငယ်တစ်ယောက် ဖြစ်ကြောင်း၊ စိတ်နေသဘောထားမှာလည်း အလွန်ကောင်းမွန်ကြောင်း၊ ပညာလည်းတတ်၍ ဉာဏ်လည်း အလွန်ကောင်းကြောင်း စသည်ဖြင့်ပြောပြသည်တွင် လီဗိုင်မှာ နဂိုကတည်းက ဟန်လှသည် မထင်မိသည် အတွင်း ဤသတင်းကို ကြားရသဖြင့် စိတ်ပျက်အားလျော့၍ မိမိ၏ အကြံအစည်ကို လက်လျှော့တော့မည်ဟူ၍ပင် အောက်မေ့မိ၏။
သို့ရာတွင် စတီပင်က မိမိ၏မယား ဒေါ်လီ သိရသမျှ လီဗိုင် အတွက် လုံးဝမျှော်လင့်ဖွယ် မရှိဟူ၍ မဆိုနိုင်ကြောင်း ပြောသည်နှင့် လီဗိုင်သည် လာခဲ့မိသည့်အတူတူ “မကျော်ရပြန်ရုံ” ဆိုသော စကားကို သို့ မိမိ၏ ကြံရွယ်ချက်အတိုင်း ကစ်တီအား ဖွင့်ဟပြောပြတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။
ကစ်တီ၏ မိဘနှစ်ပါးအနက် ဖခင် ချာဘက်စကီသည် လီဗိုင်၏ တည့်မတ်ဖြောင့်စင်းသော စိတ်သဘောထားကို သိရှိပြီးဖြစ်သည့်ပြင်တောရွာ၌ နေထိုင်သူတစ်ယောက် ဖြစ်စေကာမူ မြေပိုင်ရှင်တစ်ဦး ဖြစ် သည်ဆို၍ သမီးကစ်တီနှင့် သဘောတူ၏။ မိခင်ကမူကား ဥစ္စာပေါ ရုပ်ချောအမျိုးမြတ်၍ ရာထူးလက်ကိုင်ရှိသော ရောင်စကီကိုသာ သဘောကျ၏။ သို့ရာတွင် ရောင်စကီသည် မိမိ၏သမီးကို ချစ်ကြိုက်ရိုးမှန်ပါ လေ၏လောဟူ၍ကား ယုံမှားခြင်းရှိမိ၏။
နောက်တစ်နေ့ညနေ၌ လီဗိုင်သည် ကစ်တီ ချာဘက်စကီ၏ နေအိမ်သို့သွား၍ ဧည့်ခန်းတွင် ကစ်တီနှင့် အဆင့်သင့်တွေ့သည်နှင့် ရိုးသားတည့်မတ်သော လူတစ်ယောက်ပီပီ မိမိ၏မေတ္တာကို ဖွင့်ဟပြော ပြ၍ မိမိနှင့် အိမ်ထောင်ဘက်ဖြစ်ဖို့ သဘောတူပါ၏လောဟု တိုက်ရိုက် မေးလေ၏။ ကစ်တီသည် လီဗိုင်နှင့် ယခင်က ကြိမ်ဖန်များစွာ တွေ့ဆုံ၍ ၄င်း၏ ရိုးသားဖြောင့်မတ်သော သဘောကိုသိသဖြင့် ငြင်းပယ်ဖို့ မရှိ သည် ကားမှန်၏။ လီဗိုင်ကို သဘောကျသည်လည်း မှန်၏။ ထိုအခါ က လီဗိုင်က ဤကဲ့သို့သော မေးခွန်းမျိုးမေးခဲ့သည်ရှိသော် လီဗိုင် မျှော်လင့်သော အဖြေကိုပင် ပေးကောင်းပေးမည် ဖြစ်၏။
သို့ရာတွင် ယခုတစ်လောမူကား မော်စကိုသို့ စစ်တပ်နှင့်အတူ ပြောင်းရွှေ့လာသော စစ်ဗိုလ်ကလေး ရောင်စကီနှင့် တွေ့ဖူးမြင်ဖူး သိ ကျွမ်းဖူးသည် ဖြစ်သောကြောင့် ကစ်တီ၏စိတ်သည် လွတ်လပ်စွာ မရှိတော့ချေ။ ရောင်စကီ ကိုယ်တိုင်က ချစ်ကြိုက်ပါသည်ဟူ၍ ဖွင့်ဟ ပြောဆိုဖူးသည် မဟုတ်သေးသော်လည်း အချိန်ရှိသမျှ ၄င်းနေအိမ်သို့ ဝင်ထွက်သွားလာလျက် ရှိသည်ဖြစ်၍ လူတိုင်းက အထင်ရောက်လျက် ရှိ၏။ သို့ဖြစ်၍ ကစ်တီက မိမိအား ဤကဲ့သို့ ဖွင့်ဟဝန်ခံခြင်းအတွက် ဂုဏ်ရောက်ဖွယ် အခြင်းအရာဟူ၍ မှတ်ယူငြားသော်လည်း မဖြစ်နိုင် သဖြင့် ဝမ်းနည်းကြောင်းနှင့် လီဗိုင်အား ပြန်ပြောလေ၏။
၃]
ရောင်စကီမှာ ငယ်စဉ်ကတည်းက ဖခင်သေဆုံး၍ အမိမုဆိုးမနှင့် ကြီးပြင်းလာခဲ့ရာ မုဆိုးမဆိုသော်လည်း နုပျိုသေး၍ ရုပ်ရည်ချောမောလက်စပြတ်သည်နှင့် တစ်ပြိုင်နက် ကစ်တီတို့ နေအိမ်မှ ထွက်လာခဲ့ လေ၏။
ရောင်စကီမှာမူ လီဗိုင် ပြန်သွားပြီးနောက် ထိုနေအိမ်၌ အချိန် ကြာရှည်စွာနေခဲ့၍ အချိန်ကုန်သဖြင့် ထွက်လာသောအခါ၌လည်း ဟိုတယ်၊ ကလပ် အစရှိသော နေရာများသို့ မသွားတော့ဘဲ နေအိမ်သို့ဖြောင့်တန်းစွာပြန်၍ အိပ်ခြင်းကို ထောက်ခြင်းအားဖြင့် ရောင်စကီသည် ကစ်တီကို ချစ်ကြိုက်သေးသည်မဟုတ်ဟု ဆိုစေကာမူ ကစ်တီတို့ အိမ်မှ တစ်ပါး အခြားသောနေရာများ၌ မပျော်ပိုက်နိုင်ဟူသော အဓိပ္ပာယ်မျိုး ကား သက်ရောက်လျက်ရှိ၏။
(၄)
နောက်တစ်နေ့၌ ရောင်စကီသည် စိန်ပီတာစဘတ်မြို့မှ ဆိုက် ရောက်လာမည့် မိခင်ကိုကြိုဆိုရန် ဘူတာရုံသို့သွားရာတွင် အစ်မဖြစ်သူ အင်နာကို ကြိုဆိုရန် လာရောက်သော စတီပင်နှင့် တွေ့ဆုံမိလေ၏။ရောင်စကီနှင့်စတီပင်တို့သည် သိကျွမ်းပြီးမိတ်ဆွေများ ဖြစ်ကြသည့် အလျောက် မိမိတို့ လာရောက်သော ကိစ္စကို အသီးသီးပြောပြကြပြီးလျှင် စတီပင်က ယမန်နေ့ညနေက ကစ်တီတို့ နေအိမ်တွင် မိမိ၏သူငယ်ချင်း လီဗိုင်ကို တွေ့ခဲ့သည် မဟုတ်ပါလောဟု မေး၏။ တွေ့ခဲ့ပါကြောင်းနှင့် ရောင်စကီက ဝန်ခံသည်တွင် စတီပင်ကလီဗိုင်သည် မိမိ၏ခယ်မ ကစ်တီ အား ချစ်ကြိုက်နေသည်မှာ ကြာလှပြီဖြစ်၍ ထိုနေ့က ဘူးရုံကွဲအောင် စုံစမ်းမေးမြန်းရန် အကြံအစည်နှင့် သွားရောက်ခြင်းဖြစ်ကြောင်း ပြော၏။
စတီပင်သည် ဤစကားကို ပြောရာ၌ ကစ်တီအပေါ်တွင် ရောင် စကီက မည်ကဲ့သို့ သဘောထားသည်ကို စုံစမ်းလိုသော အကြံနှင့်လမ်းခရီး၌ အင်နာက ရောင်စကီနှင့် သိကျွမ်းသည်မှာ အတော် ကြာလေပြီလောဟု စတီပင်အား မေးသဖြင့် စတီပင်က မကြာသေးကြောင်း ပြောပြီးလျှင် မိမိ၏ခယ်မ ကစ်တီနှင့် လက်ထပ်ဖို့ မျှော်လင့် နေကြသော သတို့သားသည်ကား ဤလူပင်ဖြစ်ကြောင်းနှင့် ပြောပြသေး ၏။ ၄င်းနောက် မောင်နှမနှစ်ယောက်တို့သည် မိမိတို့၏ အိမ်တွင်းရေး ကိစ္စများကို ဆက်လက်တိုင်ပင်ကြရာ စတီပင်သည် မိမိနှင့်ဆရာမတို့ မှားယွင်းသဖြင့် မယား ဒေါ်လီက စိတ်ကောက်လျက်ရှိကြောင်းများကို အစ်မကြီးအား စုံလင်စွာပြောပြ၍ နေအိမ်သို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် အင်နာကို ထားခဲ့ပြီးလျှင် ရုံးသို့ထွက်သွားလေ၏။
၅]
အင်နာကရနီနားသည် စတီပင်၏ နေအိမ်သို့ ရောက်လာခဲ့သည်တွင် ယောက်မ ဒေါ်လီသည် ပထမ၌ လင်ဖြစ်သူ စတီပင်အပေါ်၌ စိတ် ကောက်လျက် ရှိသည့်အတွက်ကြောင့် ယောက်မကိုလည်း ဧည့်မခံဘဲ ပစ်ထားမည်ဟု ကြံစည်မိ၏။ သို့ရာတွင် ယောက်မ အင်နာ၏ သဘော ထားကြီး၍ မြင့်မြတ်ခြင်းနှင့် မိမိအပေါ်၌ မေတ္တာထားခဲ့ဖူးခြင်းတည်း ဟူသော အခြင်းအရာများကို စဉ်းစားမိသည်နှင့် ဒေါ်လီသည် အင်နာအား ခရီးဦးကြို ပြုပြီးလျှင် စတီပင်၏ သစ္စာမရှိပုံ အဖြစ်အပျက်များကို တိုင်တန်းလေ၏။
နာ “စတီပင် ဆိုးတာလည်း မှန်ပါတယ်၊ အစ်မကြီးက ကိုယ့်မောင် ကို ကာကွယ်ပြောလိုစိတ်ကလည်း မရှိပါဘူး။ ဒီအကြောင်းကြားရက တည်းက ညီမလေးအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းတာလောက် ရှိတာပါပဲ၊ ညီမလေး စိတ်မဆိုးပါနဲ့လို့လည်း အစ်မကြီး မပြောပါဘူးနော်”


