Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဟစ်တလာလုပ်ခဲ့သမျှ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
Type

အခန်း (၁)

၁။ ဟစ်တလာ၏ မျိုးရိုးဗီဇ

ဥရောပတိုက်၌ မိမိတို့ကိုယ်ကို “ဆွေကြီးမျိုးကြီး”ဟူ၍ ဝင့်ဝါ တတ်သော လူများသည် မိမိတို့၏ ဆွေမျိုးအစဉ်အဆက်ကို ဘေးဘိုး ဘီဘင်မျှတွင်မက နှစ်ပေါင်းလေးငါးရာမျှတိုင်အောင် “ဆွေမျိုး စပ်” နိုင်ကြသည်ဖြစ်ရာ။ ဟစ်တလာမှာမူ ယုံမှားသံသယမကင်းသော အမျိုး အဆက်များကို ထည့်သွင်းဆက်စပ်သည်တိုင်အောင် ခရစ်သက္ကရာဇ် ၁၇၂၅ အထိမျှသာ ဆွေစဉ်မျိုးဆက်ကို ဖော်ပြနိုင်၏။ ဟစ်တလာ၏ ဖခင်မှာ မယားအတော်များသော တောသားဖိနပ်ချုပ်သမားတစ်ယောက် ဖြစ်ရာ နောက်ဆုံး၌ မယား၏ဂုဏ်ဒြပ်ကို အမှီပြု၍ သြစတြီးယားပြည် ၌ အရာရှိငယ်တစ်ယောက်အဖြစ်သို့ ရောက်လာ၏။ ဟစ်တလာမှာ ၎င်းဖခင်၏ တတိယမယားမှ ပေါက်ဖွား၍ ၎င်း၏မိခင်မှာ အစေခံ အလုပ်ဖြင့် အသက်မွေးခဲ့ရသူတစ်ယောက်ဖြစ်၏။

ဟစ်တလာ၏ မိခင်သည် ဟစ်တလာအား “လူပေါ့ ”ဟု အမှတ်ထား၍ “နှိမ်”လေ့ရှိသည်ဖြစ်ရာ ထိုအခြင်းအရာကို မခံချင်ဟန်တူသော ဟစ်တလာသည် “စိတ်ချဉ်ပေါက်”ဟန်လက္ခဏာနှင့် ကမ္ဘာသူ ကမ္ဘာသားတို့အပေါ်တွင် လက်စားချေလိုသော သဘောမျိုးထားဟန် ရှိ၏။ မိမိ၏ ဆွေမျိုးရင်းချာဖြစ်သော သြစတြီးယားပြည်သားများကို ကြည့်ရှုစောင်မခြင်းမပြုသည်မှာလည်း ထိုအခြင်းအရာကြောင့်ပင် ဖြစ် တန်ရာ၏။

ကျောင်း၌ရှိစဉ် ဟစ်တလာသည် အခြားသော ကျောင်းသား များနည်းတူ စာပေကို ကြိုးစားသင်အံခြင်းမပြုဘဲ ၎င်းစိတ်ပါဝင်စား သည့် ပထဝီဝင်နှင့် ကမ္ဘာ့ရာဇဝင်တည်းဟူသော ဘာသာနှစ်ရပ်ကိုသာ လျှင် အထူးလေ့လာကျက်မှတ်ခဲ့၏။ အခြားသော ကျောင်းသားများက မြေပုံကို မကြာခဏ ကြည့်လေ့ရှိသော ဟစ်တလာအား လှောင်ပြောင် ပြက်ရယ်ပြုကြသည့်အခါ ဟစ်တလာသည် သူငယ်ချင်းများအား မျက်လုံးပြူးကာကြည့်လျက် “ငါက ဂျာမနီ နယ်နိမိတ်ကို ဖျက်ပစ်ပြီး ကြီးအောင်ချဲ့ပေးမလို့” ကွ .. ကြီးအောင်ချဲ့ပေးမလို့”ဟု မူတည်တည် နှင့် ပြန်ပြောသည်ဟု ကျောင်းသားတစ်ယောက်က ပြောပြဖူးသည်။ စင်စစ်မှာ ဟစ်တလာသည် အလွန်ကြီးကျယ်သော အကြံကြီးများနှင့် စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်၏။

၁၃ နှစ်သားအရွယ်မှ ၁၈ နှစ်သားအရွယ်သို့တိုင်အောင် ဟစ်တလာသည် မည်သည့် ပညာကိုမျှ သင်ကြားလေ့ကျင့်ခြင်းမပြု ခဲ့ဘဲ “လိုဖာ” အလုပ်မျိုးဖြင့် အချိန်ဖြုန်းခဲ့၏။ မကျန်းမာ မသန်စွမ်းသော ကိုယ်ကာယရှိသူတို့၏ ထုံးစံအတိုင်း မိမိကိုယ်ကိုယ် အတော်ပင် အထင်ကြီး၍ သာမည အလုပ်အကိုင်မျိုးနှင့် မတန်ဟူ၍ သဘောပိုက်ခဲ့ ၏။

၁၈ နှစ်သားအရွယ်၌ ဟစ်တလာသည် သြစတြီးယားပြည် ဗီယာနာမြို့တော်သို့သွား၍ အလုပ်ကြမ်းသမားအဖြစ်နှင့် ဝမ်းစာရှာမှီးခဲ့၏။ သို့ရာတွင် အလုပ်ကြမ်းကိုလည်းကောင်း၊ အလုပ်ကြမ်းလုပ်ကိုင် သူများကိုလည်းကောင်း စုံမက်ချစ်ခင်ခြင်း မရှိချေ။ နောက်ဆုံး၌ ဟစ်တလာသည် ရဟူဒီများနှင့် အလုပ်ကြမ်းသမားများကို မုန်းတီးသောစိတ်နှင့် ဗီယာနာမြို့တော်မှ ထွက်ခွာလာခဲ့၍ မြူးနစ်မြို့သို့ရောက် သွား၏။ ၎င်းမြို့တွင် ကြော်ငြာစာရွက်ကြီးများ အိမ်များနှင့် ပို့စကတ် များကို ဆေးခြယ်ခြင်းအလုပ်ဖြင့် အသက်မွေးခဲ့၏။

၁၉၁၄ ခုနှစ်သည်ကား ဟစ်တလာအဖို့ အကြီးအကျယ် ကော် သောနှစ်ဖြစ်၏။ ယောင်သုံးဆယ်အဖြစ်နှင့် အလုပ်အကိုင် နေရာတကျ မရရှိနိုင်ဘဲ တဝဲလည်လည်နေခဲ့ရသော ဟစ်တလာမှာ စစ်ဖြစ်သည် အတွက်ကြောင့် အလုပ်အကိုင်ရ၍ ကျေးဇူးတင်လှသောကြောင့် ဒူးထောက် ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိကြောင်းနှင့် ရေးသား ဖော်ပြဖူး၏။ စစ်ဖြစ်သည်နှင့်တစ်ပြိုင်နက် ဟစ်တလာသည် ၁၆နံပါတ် ဆာဗေရီယန်စစ်တပ်တွင် အမည်စာရင်းတင်သွင်း၍ ပထမ ရိုင်ပရေ စစ်ပွဲမီ စစ်မြေပြင်အရပ်သို့ ထွက်ခွာသွားလေ၏။

စစ်ဖြစ်သော ၄ နှစ်ကျော်အချိန်အတွင်း၌ ဟစ်တလာသည် စစ်ပွဲပေါင်း ၄၈ ပွဲမျှ ပါဝင်တိုက်ခိုက်ခဲ့၏။ စစ်ပွဲများတွင် ရဲရင့်ခြင်း အတွက် တံဆိပ်များရရှိ၍ ထိမှန်သောဒဏ်ရာများ၏ အမှတ်အသား များမှာ ဟစ်တလာ၏ ကိုယ်ကာယတွင် ယနေ့တိုင် တွေ့မြင်နိုင်သေး ၏။

စစ်မြေပြင်အရပ်၌ ဟစ်တလာမှာ လူချစ်လူခင်များသူတစ် ယောက်မဟုတ်ချေ။ စစ်သားများသည် ကိုယ့်စိတ်ကူးနှင့် ကိုယ်နေတတ် သော ဟစ်တလာအား ဟန်ကြီးပန်ကြီးရှိသည် ထင်မှတ်ကြရာ အရာရှိ များသည်လည်း ပျော်ပျော်ရွှင်ရွှင် ဟေးလား ဝါးလား နေတတ်သူမျိုးကို သာလျှင် ချစ်ခင်တတ်သောကြောင့် ဟစ်တလာကို မလိုလားကြချေ။

မိတ်ဟောင်းဆွေဟောင်းများအပေါ်၌ သစ္စာရှိတတ်သော ဟစ်တလာ သည် ကြီးပွားနေသော ယခုအခါ၌ ဆာဂျင်မေဂျာအမန်းဆိုသူမှတစ်ပါး မည်သည့် မိတ်ဆွေဟောင်းကိုမျှ ချီးမြှင့်မြှောက်စားခြင်းမပြုသည်မှာ ဤအကြောင်းကြောင့်ဖြစ်တန်ရာ၏။ အခြားလူများမှာ စစ်အတော အတွင်း၌ ကြီးမြင့်သော ရာထူးများတွင် တိုးမြှင့်ခန့်ထားခြင်းခံရသော် လည်း ဟစ်တလာမှာမူ ၄ နှစ်မျှ စစ်မှုထမ်းပြီးသည့်အဆုံးတွင် လင့်စ်ကော်ပိုရယ်ခေါ် အရာရှိအငယ်စားကလေးအဖြစ်နှင့်သာ ရောင့်ရဲ တင်းတိမ်ခဲ့ရ၏။ ၁၉၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဟစ်တလာသည် မွန်တိန်စစ်ပွဲတွင် ဒဏ်ရာရရှိ၍ ဆေးရုံ၌ ကုသခြင်း ခံရသဖြင့် ဒဏ်ရာပျောက်ကင်းပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် “နိုင်ငံရေးသမားလုပ်ပါတော့မည်” သန္နိဋ္ဌာန်ချလိုက်လေသတည်း။

(၂) ဟစ်တလာ၏ စိတ်နေသဘောထား

ဟစ်တလာသည် မိမိစိတ်ကူးနှင့် မိမိတွေးတောချင်ရာ မောစိတ်ကူးနေတတ်သူတစ်ယောက်ဖြစ်သည့်အတိုင်း ကက်ဘိနက် အစည်းအဝေးများတွင် အရေးကြီးသောကိစ္စများကို ဆွေးနွေးတိုင်ပင် နေကြသည့်အခိုက်အတန့်၌ပင် သူတစ်ပါးတို့ပြောသော စကားများကို နားမကြားသည့်အလား တွေးလိုရာ စိုက်ေတွေးတောနေတတ် ကြောင်းနှင့် အကျွမ်းဝင်သူများက ပြောကြဖူး၏။

ရှေးအခါက ခရစ်တော်၏အရိုးဂူကို တူရကီတို့သိမ်းပိုက်ထား စဉ် ဥရောပတိုက်အတိုင်းတိုင်း အပြည်ပြည်လူစွမ်းကောင်း ခရစ်ယာန် များသွားရောက်တိုက်ခိုက်ကြသည့်နည်းတူ၊ ဟစ်တလာသည် ကမ္ဘာသူ ကမ္ဘာသားများအား ဘိုလ်ရှီဗစ်ဝါဒမှကယ်ဆယ်ပေးရမည့် လူစွမ်းကောင်း တစ်ယောက်ကဲ့သို့ မိမိကိုယ်ကိုယ် မှတ်ယူထား၏။ အဂ္ဂိရတ် ထိုးတတ်သော လူသာမညတို့သည် ရွှေဖြစ်သည့်အခါ၌ ဘယ်ကဲ့သို့ သုံးစွဲစီမံလိုက် မည်ဟု စိတ်ကူးတတ်သည့်နည်းတူ ဟစ်တလာသည် ယူကရိန်းနယ်နှင့် ဆိုင်ဗီရီယာနယ်များကို သိမ်းပိုက်ရရှိသည့်အခါ ကမ္ဘာတစ်ခုလုံးက အံ့သြငေးမောနေလောက်အောင် ဘယ်ကဲ့သို့ ဖန်တီးစီမံလိုက်မည်ဟု စိတ်ကူးယဉ်လေ့ရှိ၏။ စိတ်ကူးသည့်အတိုင်း ထုတ်ဖော် ပြောဆိုသည့် အခါ ဂျာမန်လူမျိုးတို့မှာ နားကျောစိမ့်၌ အလွန်တရာ နှစ်သိမ့်ကြည်နူး လေ့ရှိ၏။ ဟစ်တလာသည် လက်ကိုဆန့်တန်း၍ မျက်လုံးများကိုအထက် သို့ လှန်ပြီးလျှင် မိမိအား ဂျာမနီပြည်ကြီးကိုပေးအပ်သည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ကြောင်း၊ တိုင်းသူပြည်သားတို့ကလည်း ၎င်းတို့အားကျေးဇူးတင်ကြောင်း၊ တိုင်းသူပြည်သားတို့ကလည်း ၎င်းတို့ အား ဘုရားသခင်က မိမိကဲ့သို့သော လူတစ်ယောက်ကို ပေးအပ်လိုက် သည့်အတွက် ကျေးဇူးတင်ထိုက်ကြောင်းနှင့် ပြောဟောလေ့ရှိ၏။

ဟစ်တလာ၏ သတ်ဖြတ်ခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ၊ ထောင်သွင်း အကျဉ်းချထားခြင်းများသည် တိုင်းသူပြည်သားတို့၏ မျက်စိ၌ဟစ်တလာနှင့် ဆက်သွယ်ခြင်းရှိသည်ဟူ၍ မထင်မြင်ကြချေ။ အဆိုပါအပြုအမူများမှာ စစ်ဗိုလ်ကြီး ဂိုရင်၏အလုပ်မျှသာဖြစ်သည်ဟု ၎င်းတို့က သဘောပိုက်ကြ၏။ စိတ်ကူးသမားဖြစ်သော ဟစ်တလာ သည် ဂိုရင်နှင့် တွဲဖက်မိသောကြောင့်သာလျှင် နာဇီဝါဒထမြောက်အောင်မြင်ခဲ့ခြင်းဖြစ်၏။ ဟစ်တလာသည် နာဇီအဖွဲ့ တည်းဟူသော အမှီကိုမရဘဲ ရပ်တည်ခြင်းငှာ မတတ်နိုင်သည့်နည်းတူ နာဇီအဖွဲ့သည် လည်း ဟစ်တလာကဲ့သို့သော ခေါင်းဆောင်တစ်ယောက်မရှိဘဲ ခိုင်မြဲ တည်တံ့ခြင်းငှာ တတ်နိုင်မည်မဟုတ်ချေ။

ဟစ်တလာမှာ အလွန်အမင်းထူးကဲသော အရည်အချင်းမျိုး ရှိသူတစ်ယောက်ဟူ၍ မည်သူကမျှ ထောက်ခံပြောဆိုမည်မဟုတ်ချေ။ လောက၌ ကြီးကျယ်မြင့်မြတ်သော အခြေအနေသို့ရောက်ရသူဟူသမျှ မှာ နှိုင်းချိန်စဉ်းစားတတ်သော အရည်အချင်းမျိုးရှိရမည်သာတည်းဟု အင်္ဂလိပ်ပညာရှိကြီး ရက်စကင်က ရေးသားဖူးရာ၊ ဟစ်တလာမှာမူ ၎င်းအရည်အချင်းမျိုး အလျဉ်းပင်မရှိချေ။ ထိုအကြောင်းကြောင့် ဟစ်တလာ၏ စိတ်နေသဘောထားနှင့် အရည်အချင်းတို့ကို ခန့်မှန်းသူ ပညာရှိကြီးများမှာ အခက်အခဲတွေ့ကြရ၏။ ဟစ်တလာ၏ထူးကဲသော သတ္တိတစ်ခုမှာ မိမိကိုယ်ကိုယ် ကမ္ဘာသူကမ္ဘာသားတို့အား ကယ်ဆယ် မည့် ကျေးဇူးရှင်ကြီးသဖွယ် အကယ်မှတ်ထင်၍ လျှို့ဝှက်နက်နဲသော ပြဿနာများကို ဘုရားသခင်ကိုယ်တော်ထံမှ တိုက်ရိုက်နည်းအားဖြင့် ညွှန်ပြခြင်းခံရသကဲ့သို့ မှတ်ယူတတ်ခြင်းပင်ဖြစ်၏။

ဟစ်တလာ၏ စိတ်မှာ သိမ်မွေ့နက်နဲခြင်းမရှိသည့် အလျောက် တိုင်းရေး ပြည်ရေးနှင့် ပတ်သက်သည့် သိမ်မွေ့နက်နဲသော ပြဿနာ များကို မိမိနားလည်သလို လွယ်လွယ်နှင့်ရှင်းလင်းလေ့ရှိ၏။ ဟစ်တလာ သည် ထင်ထင်ရှားရှား ရိုးဖြောင့်သူတစ်ယောက်ဖြစ်သည့်အတိုင်း မိမိ ယုံကြည်သည့်အလျောက် ပြောဆိုလေ့ရှိ၍ မိမိပြောသမျှသောစကား၊ မိမိလုပ်သမျှသော အပြုအမူများတွင် မိမိ၌ရှိသမျှသော စိတ်အင်အားကို သွတ်သွင်းကာပြုလုပ်ပြောဆိုလေ့ရှိ၏။ ထိုကဲ့သို့ စိတ်အားထက်သန်စွာ ပြောဟောတတ်သည့်အတွက်ကြောင့် ၎င်းအား ကြားနာရသူများသည် ရေစီးတွင်မျောပါသွားသည့်အလားကဲ့သို့ ၎င်းယုံကြည်သည့်အတိုင်း ယုံကြည်သောအဖြစ်သို့ရောက်ကြရခြင်းဖြစ်လေသည်။

သို့ရာတွင် ဟစ်တလာသည် ယနေ့တစ်မျိုးပြော၍ နက်ဖြန် ရောက်သောအခါ တစ်နေရာ၌ တစ်မျိုး ပြင်ဆင်ပြောတတ်သည်ကား မှန်၏။ သို့သော် ထိုကဲ့သို့ ပြောင်းလဲပြောဆိုမိခြင်းမှာ မရိုးဖြောင့်သော ကြောင့်မဟုတ်၊ ပြောသော တစ်ခဏ၌ အမှန်ယုံကြည်သည့်အတိုင်းပြောဆို၍ မိမိပြောင်းလဲသည့်အဖြစ်ကို သိဟန်မတူသောကြောင့် မျှသာ ဖြစ်လေသည်။ ၎င်းအား အကြံပေးရသူများသည် နောက်တစ်နေရာ၌ မည်ကဲ့သို့ပြောလိမ့်မည်ဟု မသိနိုင်ကြချေ။ ဟစ်တလာသည် စိတ်အား ထက်သန်သည့်အလျောက် တစ်ခါတစ်ရံ ထင်ရာမြင်ရာ ပြောခဲ့မိသော် လည်း ၎င်း၏မိန့်ခွန်းကို ဂိုဘဲလ်က ခဲတံပြာနှင့် ခြစ်မှတ်ပြင်ဆင်ပြီးမှ သတင်းစာတိုက်များသို့ ပို့ရ၍ သတင်းစာများက ၎င်းပြင်ဆင်ချက် အတိုင်း ထည့်သွင်းရိုက်နှိပ်ကြရလေသည်။

ဟစ်တလာသည် စကားပြောစ အရှိန်မရမီအခိုက်တွင် ထစ် ထစ်ငေါ့ငေါ့ ရှိ၍ ရောက်တတ်ရာရာ ဤမှ ထိုမှခုန်လွှားကူးကျော်တတ် သော်လည်း အရှိန်ရ၍ စိတ်အားထက်သန်လာသောအခါတွင်မူကား ကရားမှရေကိုသွန်းလောင်းလိုက်ဘိသကဲ့သို့ တဒေါင်းဒေါင်းနေအောင် ပြောသွားနိုင်၏။ သို့ရာတွင် အရှိန်ပြတ်၍ အဆက်ပြတ်သောအခါများ တွင်မူကား တစ်ခါတစ်ရံ တုံးတိတိနှင့်ပင်ထိုင်ချလိုက်ကာ တစ်ခါတစ်ရံ ၎င်းတီထွင်ထားသော ဆလံပေးနည်းအတိုင်း လက်ကိုဆန့်တန်းကာ ရှေ့သို့ကြောင်တောင်လျက် စိုက်ကြည့်နေတတ်၏။ ထူးခြားသော အချက်တစ်ခုမှာ ဟစ်တလာသည် “ဆီပွတ်ကျည်ပွေ့”ဟူသော စကား ၏ လေးနက်ခြင်းကို အသိအမှတ်ပြုထားဟန် လက္ခဏာနှင့် အဓိပ္ပာယ် ကို အချိန်အခါတိုင်း၊ နေရာတိုင်း ထပ်ခါထပ်ခါ ပြောဆိုခြင်းအားဖြင့် ကြားနာသူတို့၏စိတ်ထဲတွင် သံမှိုစွဲသကဲ့သို့ မြဲနိုင်သည့်တိုင်အောင် တည်တံ့နေနိုင်စေခြင်းပင် ဖြစ်ပေသတည်း။

(၃) ဟစ်တလာ၏ အနေအထိုင်

ဟစ်တလာမှာ ခပ်ရိုးရိုးနေထိုင်တတ်သူတစ်ယောက်ဖြစ်သည့် အလျောက် ဘာလင်မြို့တော်၏ နန်းတော်ကြီးအတွင်း နေထိုင်ရခြင်း