ရွှေဥဒေါင်း - ရတနာသိုက်
အခန်း - ၁
မာဆေးဆိပ်ကမ်း
ခရစ်သက္ကရာဇ် ၁၈၁၅ခု-နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ သုံးပင် တိုင်ရွက်သင်္ဘော “ဖာရွန်း” သည် ပြင်သစ်ပြည်၏ ဆိပ်ကမ်းမြို့ကြီး ဖြစ်သော မာဆေးမြို့သို့ ဆိုက်ရောက်လာခဲ့ရာ ကမ်းနားတစ်လျှောက်၌ ပရိသတ် တို့သည် ထုံးစံအတိုင်း စုရုံးကာ ငေးမျှော်ကြည့်ရှုနေကြလေ၏။ သင်္ဘော သည် ကျောက်ဆူးချရန် ပြင်ဆင်လျှက်ရှိစဉ် ပရိသတ်များအနက်မှ လူတစ်ယောက်သည် လှေငယ်တစ်စင်းပေါ်သို့ ခုန်တက်၍ လှေသမားအား သင်္ဘော ဆီသို့ လှော်ခတ်ရန် အမိန့်ပေးသည့်အတိုင်း လှေငယ်သည် ဖာရွန်းသင်္ဘော သို့ ချဉ်းကပ်သွားလေ၏။
ထိုခဏ၌ ဖာရွန်းသင်္ဘောပေါ်တွင် ကြီးကြပ်စီမံလျက်ရှိသော သင်္ဘော သားလူငယ်တစ်ယောက်သည် သင်္ဘောအနီးသို့ လှေငယ်ဖြင့် နီးကပ်လာသော လူကို မြင်သည်နှင့် ဦးထုပ်ကိုချွတ်ကာ လက်တွင်ကိုင်လျက် ခရီးဦးကြိုပြု လေ၏။ သင်္ဘောသားလူငယ်မှာ အသက် ၂၀ အရွယ်ခန့် ရှိ၍ သေးသွယ်ဖျတ် လတ်သော ကိုယ်အင်္ဂါ၊ ချောမောတင့်တယ်ရှုချင်ဖွယ်သော ရုပ်ဆင်းသဏ္ဌာန် တို့နှင့် ပြည့်စုံပေ၏။ ၎င်း၏ ကိုယ်ဟန်အမူအရာနှင့် မျက်နှာထားတို့ကို ကြည့်ရှုခြင်းအားဖြင့်လည်း ထိုလူငယ်မှာ ကလေးအရွယ် သူငယ်ဘဝမှစ၍ဘေးဥပါဒ်အန္တရာယ်တို့ကို မထီမဲ့မြင် သဘောထားဖြင့် ခရီးသွားလာခဲ့သည့် အထိမ်းအမှတ်များကို တွေ့မြင်နိုင်ပေ၏။
လှေငယ်ဖြင့် ဆိုက်ရောက်လာသောသူသည် သင်္ဘောပေါ်သို့ရောက်၍ သင်္ဘောသားလူငယ်နှင့် တွေ့ဆုံမိရာတွင် “ဘယ်နှယ်လဲကွ ဒန်တီ မင်းတို့ သင်္ဘောမှာ ဝမ်းနည်းတဲ့အထိမ်းအမှတ်ပြထားတာ ဘယ်လိုအဓိပ္ပာယ်လဲ” ဟု မေး၏။
ထိုအခါ သင်္ဘောသားကလေးက “ဝမ်းနည်းဆို ဘာပြောစရာရှိမလဲ။ ကျွန်တော်တို့ကပ္ပတိန် “လီကလီးယား” ဟာ လမ်းခရီးမှာ အသက်ဆုံးရှာလို့မို့ ပင်လယ်ထဲမှာ ပစ်ချခဲ့ရပြီဆရာ” ဟု ပြန်ပြောလေ၏။
လှေငယ်ဖြင့် ရောက်လာသူမှာ ဖာရွန်းသင်္ဘောပိုင်ရှင် “မော်ရဲ” ဖြစ်၍ သင်္ဘောသားလူငယ်မှာ ၎င်းသင်္ဘော၏ ပထမအရာရှိ ဒန်တီပင်ဖြစ်လေသည်။ ပထမအရာရှိဆိုသည်မှာ ကပ္ပတိန်လက်အောက်တွင် အကြီးဆုံးအမှုထမ်း တစ်ယောက် ဖြစ်လေရကား ကပ္ပတိန်မျက်နှာလွှဲသည့်အခါတွင် သင်္ဘောကို တာဝန်ခံ၍ စီမံအုပ်ချုပ်ရသော ထုံးတမ်းအစဉ်အလာ ရှိခဲ့၏။
မော်ရဲ။ ။“ကုန်စည်များကောကွဲ၊ အားလုံး စုံစုံလင်လင် ချောချော မောမော ရှိရဲ့ နော်”။
ဒန်တီ။ ။“ချောမောပါတယ်ဆရာ။ အားလုံးနေရာတကျပါပဲ..”။
၎င်းနောက် သင်္ဘောပိုင်ရှင် မော်ရဲက ကပ္ပတိန်လီကလီးယား သေဆုံးပုံ အကြောင်းကို မေးမြန်းသဖြင့် ဒန်တီက ဦးနှောက်ဖျားရောဂါဖြင့် သေဆုံးရှာကြောင်း ပြောပြပြီးလျှင် သင်္ဘောသားများဘက်သို့ လှည့်ကာ ကျောက်ချခြင်း လုပ်ငန်းနှင့်ဆိုင်ရာ ကိစ္စများကို သင်္ဘောသားတို့ ထုံးစံအတိုင်း အော်ဟစ်ကာ အမိန့်ပေးနေလေ၏။ သင်္ဘောပိုင်ရှင်သည် ဒန်တီအမိန့်ပေးပုံများကို ကြည့် လျက် အလွန် သွက်လက် အချက်ကျခြင်းတို့ကို စိတ်ထဲ၌ ချီးမွမ်းနေသည့် လက္ခဏာရှိလေ၏။
ထိုနောက်မှ ဒန်တီသည် မော်ရဲဘက်သို့ တစ်ဖန်လှည့်ပြန်၍ ကပ္ပတိန် လီကလီးယားမှာ နေပလီမြို့ ဆိပ်ကမ်းအရာရှိနှင့် စကားပြောခဲ့ပြီးနောက် ထွက်လာကတည်းက စိတ်နှလုံးမသာမယာ ဖြစ်နေဟန်တူကြောင်း၊ ၎င်း နောက် ၂၄ နာရီအတွင်း အပြင်းအထန်ဖျား၍ ၃ ရက်မြောက်သောနေ့၌ သေဆုံးသွားကြောင်း။ အလောင်းကို ထုံးစံအတိုင်း ပင်လယ်ထဲသို့ ပစ်ချခဲ့ရ ကြောင်းများနှင့် ပြောပြလေ၏။
သင်္ဘောပိုင်ရှင် မော်ရဲသည် ဒန်တီ၏ စကားများကို နားထောင်နေပြီး နောက် “ဒီလိုပေါ့ကွယ် သေမျိုးချည်းဟာကပဲ၊ ကြီးတဲ့လူတွေသေဦးမှ ငယ်တဲ့ လူတွေ ရာထူးများ တိုးတက်ဖို့ရှိတော့မှာပေါ့။ ကုန်တွေတော့ အားလုံး ချော မောရဲ့ နော်...”ဟု ပြောရာ ဒန်တီက “စိတ်ချပါဆရာ၊ ဒါထက် အကြောင်းခြင်း ရာကို အစုံအလင်သိရအောင် ဒန်ဂလားနဲ့ စကားပြောပေဦးတော့ဆရာ။ ကျွန်တော်တော့ အလုပ်ကိစ္စပြီးအောင် ဆောင်ရွက်လိုက်ဦးမယ်” ဟု ပြောလေ ၏။ ထိုခဏ၌ ဒန်ဂလားဆိုသူသည် အနီးသို့ချဉ်းကပ်လာသဖြင့် ဒန်တီသည် မိမိ၏ အလုပ်ကို ဆောင်ရွက်ရန် ထွက်သွားလေ၏။ ။
ဒန်ဂလားဆိုသူမှာ အသက် ၂၅ နှစ်ခန့်ရှိ၍ လူချစ်လူခင်ပေါများသော မျက်နှာမျိုးမဟုတ်ချေ။ ထိုသူသည် အထက်လူများအပေါ်၌ ရိုသေခယခြင်း ရှိသလောက် အောက်လူများအပေါ်တွင် မခန့်လေးစား သဘောထားရှိလေရကား သင်္ဘောသားများသည် ဒန်တီအား ချစ်ခင်ကြသလောက် ဒန်ဂလားကို မုန်းတီးတတ်ကြ၏။ ဒန်ဂလား၏ အလုပ်မှာလည်း သင်္ဘောရှင်၏ ကိုယ်စား လှယ်ဖြစ်နေရကား အလုပ်သဘောအားဖြင့်လည်း လူမုန်းများသောအလုပ်မျိုး ဖြစ်နေ၏။ ထိုအတောအတွင်း အထက်ကို မျက်နှာလုပ်၍ အောက်ကို ညှဉ်း တတ်သော ဒန်ဂလား၏ နဂိုသဘောကို ဖြည့်စွက်လိုက်သောအခါ ၎င်းအား လူမုန်းများသည်မှာ အံ့ဖွယ်ရာမဟုတ်ချေ။
ဒန်ဂလား။ ။“ကပ္ပတိန်သေတဲ့အကြောင်းကို ဆရာကြားပြီးရောပေါ့၊ နှမြောဖို့ ကောင်းတယ်ဆရာ၊ လီကလီးယားလို လူဟောင်း, လူကောင်း, လူကြီး၊ လူလိမ္မာတစ်ယောက်ကို ဆရာရဖို့ ခဲယဉ်းပါလိမ့်မယ်ထင်တယ်။...”။
မော်ရဲ။ ။“ဟုတ်ကဲ့ လူကောင်းပါပဲ။ သို့သော် လူကြီးဖြစ်မှ လူကောင်းဖြစ်တာတော့ ဟုတ်မယ်မထင်ပါဘူး။ ဒန်တီကြည့်ပါလား၊ အသက် ကလေးငယ်ငယ်နဲ့ တယ်တော်တဲ့ လူကလေးပဲ။ ကြည့်စမ်း ဟိုမှာစီမံနေလိုက် ပုံ” ဟု ပြောလျက် အမိန့်ပေးနေသော ဒန်တီကို မေး ၍ ပြလေ၏။
ဒန်ဂလားမှာ ဒန်တီနှင့်တစ်သင်္ဘောတည်း အတူအလုပ်လုပ်ခဲ့သော် လည်း မသင့်မြတ်ခဲ့ရကား “အဆင်းတွန်းရန်” အချက်ကို ရှာနေသူတစ် ယောက်ဖြစ်၏။ သို့ဖြစ်၍
ဒန်ဂလား။ ။ (ဒန်တီရှိရာသို့ မျက်စောင်းထိုးကာ ကြည့်လျက်)။ “တော်တော့တော်ပါရဲ့ ဆရာ။ နို့ပေမဲ့ ကပ္ပတိန်လည်းသေရော သူက သူ့ ကိုယ်သူ ကပ္ပတိန်လုပ်တဲ့ပြီး အမိန့်တွေ ဘာတွေပေးလိုက်တာ တကယ့် ကပ္ပတိန်ကြီး ကျနေတာပဲ။ ပြီးတော့လည်း ကပ္ပတိန်သေပြီးပြီးချင်း မာဆေး မြို့ကို တိုက်ရိုက်မလာသေးဘဲ အဲလဘားကျွန်းမှာ တစ်နေ့နဲ့တစ်ဝက်လုံးလုံး သင်္ဘောဆိုက်ပြီး ထားခဲ့တယ်ဆရာရဲ့...”
မော်ရဲ။ ။“သင်္ဘောမှာ ပြင်ဆင်စရာရှိလို့လား”။
ဒန်ဂလား။ ။ ဘာဟုတ်မှာလဲဆရာ၊ သင်္ဘောက အကောင်းကြီး ဘာတစ်ခုမှ ပြင်စရာမရှိပါဘူး”။ သည်
ထိုအခါ မော်ရဲသည် ဒန်တီကို ချက်ချင်းခေါ်ယူ မေးမြန်းလေရာ ဒန်ဂလားလည်း နောက်သို့ဆုတ်ကာ နားထောင်လျက်ရှိ၏။
မော်ရဲ။ ။“ဒန်တီ-အဲလဘာကျွန်းမှာ ဘာ့ကြောင့်တစ်နေ့ နဲ့ တစ်ဝက်သင်္ဘောဆိုက်ထားသလဲ”
ဒန်တီ ။ ။“ကပ္ပတိန် လီကလီးယား သေခါနီးမှာ စစ်ဗိုလ်ချုပ် ကြီး ဘာကြန်ကို ပေးဖို့ အထုပ်တစ်ထုပ် အပ်နှံထားခဲ့လို့ပါဆရာ”။
မော်ရဲ ။ ။“ဒါဖြင့် စစ်ဗိုလ်ချုပ်ကြီး ဘာကြန်ကို မင်းတွေ့ခဲ့တာ ပေါ့၊ ဟုတ်စ”
ဒန်တီ။ ။ “မှန်ပါတယ်”။
ထိုအခါ မော်ရဲသည် ဒန်တီကို နံဘေးသို့ဆွဲခေါ်၍ တီးတိုးမေးမြန်း သည်မှာ
မော်ရဲ ။ ။“နပိုလီယန် ဘယ့်နှယ်လဲ”။
ဒန်တီ ။ ။ “ကြည့်ရပုံတော့ မာမာချာချာပဲဆရာ”။
မော်ရဲ ။ ။“နပိုလီယန်ကိုယ်တိုင် မင်းတွေ့ခဲ့သလား”။
ဒန်တီ ။ ။“စစ်ဗိုလ်ကြီးနဲ့ ကျွန်တော်နဲ့ စကားပြောနေတုန်းမှာ နပိုလီယန် ဝင်လာတယ်ဆရာ၊ ကျွန်တော့်ကို သင်္ဘောအကြောင်း စုံစမ်းမေး မြန်းသေးတယ်။ လက္ခဏာမှာတော့ သင်္ဘောပေါ်မှာ ကုန်စည်လည်းမပါဘူး၊ ကျွန်တော်လည်း သင်္ဘောပိုင်ရှင်ဖြစ်ခဲ့လို့ရှိရင် သူဝယ်လိုက်ချင်ဟန်တူတယ်။ ကျွန်တော်က ကျွန်တော်မပိုင်ကြောင်း၊ မော်ရဲကုမ္ပဏီပိုင် သင်္ဘောဖြစ်ကြောင်း ပြောတော့ နပိုလီယန်က မော်ရဲများဟာ သင်္ဘောအလုပ်ကို ရိုးရာဆိုလောက်အောင် အစဉ်အဆက်နဲ့ လုပ်နေကြသကိုးတဲ့။ မော်ရဲတစ်ယောက်ဟာ သူနဲ့ အတူ စစ်မှုထမ်းဖူးတာကို သတိရသေးကြောင်း ပြောသေးတယ်ဆရာ”
မော်ရဲ ။ ။ (ဝမ်းသာသော အမူအရာနှင့်) “ဟုတ်လားဟေ့။ ဒါတောင် မှတ်မိသတဲ့ကိုး၊ ငါတို့ဦးလေးတစ်ယောက်ပဲ... ဦးလေးလည်းပြောဖူးတယ်။ ဦးလေးကြားလျှင် သိပ်ဝမ်းသာမှာပဲ၊ တွေ့တဲ့အခါ ပြောပြ လိုက်စမ်းပါကွယ်၊ နပိုလီယန်အရှင်မြတ်က မှတ်မိတယ်ဆိုလျှင် ဦးလေးက ဝမ်းသာလွန်းလို့ ထမင်း ၇ ရက်တောင်မစားဘဲ နေနိုင်လိမ့်မယ်၊ ဒါထက် ကပ္ပတိန်ခိုင်းတဲ့အတိုင်း ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် ပြောဖွယ်ရာ မရှိပေ ဘူး။ သို့သော် စစ်ဗိုလ်ချုပ်ကြီးကို စာပေးခဲ့တယ်။ နပိုလီယန်နဲ့ ကိုယ်တိုင် တွေ့ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို အစိုးရသိသွားရင် မင်းတော့ဒုက္ခပဲဟေ့၊တိတ်တိတ်နေနော် နားလည်လား”
ဒန်တီ ။ ။“ကောင်းပါပြီ ဆရာ”။
ထိုခဏ၌ အကောက်ရုံးမှ အရာရှိများ တက်လာကြလေရာ ဒန်တီသည် ဝတ္တရားအတိုင်း ၎င်းတို့နှင့် တွေ့ဆုံရန်ထွက်သွား၍ မော်ရဲနှင့် ဒန်ဂလားတို့ သာ ကျန်ရစ်ခဲ့လေ၏။
ဒန်ဂလား။ ။“အဲလဘားကျွန်းမှာ သင်္ဘောဆိုက်တဲ့အကြောင်းကို ကျေနပ်လောက်အောင် ပြောနိုင်ရဲ့လားဆရာ”။
မော်ရဲ ။ ။“ကျေနပ်လောက်ပေသားပဲ၊ ကပ္ပတိန်လီကလီးယားရဲ့ အမိန့်အတိုင်း ဆိုက်ကပ်ရတယ်ဆိုကပဲ”။
ဒန်ဂလား။ ။“ဒါထက် ကပ္ပတိန်လီကလီးယားက ဆရာဖို့ စာတစ် စောင် မပေးခဲ့ဘူးလားဆရာ”။
မော်ရဲ ။ ။“မပေးပါကလား”
ဒန်ဂလား။ ။“ပြောတတ်ပါဘူး။ အထုပ်ကလေး တစ်ထုပ်အပြင် စာတစ်စောင်ပေးခဲ့တာကို ကျွန်တော်မြင်လိုက်သလိုလို ထင်လို့ပါဆရာ။
မော်ရဲ ။ ။ ဒီအကြောင်းတွေကို မင်းဘယ့်နှယ်သိသလဲ”။
ဒန်ဂလား။ ။ (မျက်နှာပျက်လျက်) ကပ္ပတိန်နဲ့ ဒန်တီနဲ့ စကား ပြောကြတော့ အခန်းတံခါးကို မစေ့တစေ့ထားလို့ ကျွန်တော်က မြင်လိုက်ရ ပါတယ်ဆရာ”
မော်ရဲ ။ ။“စာအကြောင်းတော့ ဒန်တီက ဘာမျှမပြောဘူးဟေ့။ ပေးဖို့ရာရှိလျှင်လည်း သူပေးမှာပေါ့”
ဒန်ဂလား။ ။“သို့သော်.. ဒီအကြောင်းကိုတော့ ဒန်တီကို မပြော လိုက်ပါနဲ့ဆရာ။ ကျွန်တော်ပြောတယ်ဆိုရင် ကျွန်တော့်ကို မုန်းနေပါဦးမယ်။ ဆရာမို့သာ ကျွန်တော်က ပြောရတာပါ”
ထိုခဏ၌ ဒန်တီရောက်လာပြန်သဖြင့် ဒန်ဂလားသည် ထိုနေရာမှခွာသွားလေ၏။
မော်ရဲ ။ ။“ကိစ္စပြီးခဲ့ပြီလားဟေ့”
ဒန်တီ ။ ။“ပြီးပါပြီဆရာ”
မော်ရဲ ။ ။“ဒီကနေ့ည ဒီပြင်အလုပ်မရှိရင် ငါတို့အိမ်မှာ ထမင်း ညစာ စားလှည့်ပေတော့ကွယ်” ။
ဒန်တီ ။ ။“သည်းခံပါဆရာ၊ ကျွန်တော့်မှာ အဖေအိုကြီးကို သွားတွေ့ဖို့ရှိပါသေးတယ်။ ကျွန်တော်ရောက်တယ်ဆို ရှာလှရော့မယ်။ ကျေးဇူးတင်ပါတယ်ဆရာ” သတင်း
မော်ရဲ ။ ။“မအားရင်လည်း ဘယ်တတ်နိုင်ပေမလဲကွယ်။ သို့ သော်အဖေကြီးနဲ့ တွေ့ပြီးပြီးချင်း လာခဲ့ဦးနော်။ ငါတို့မျှော်နေမယ်”
ဒန်တီ ။ ။“အဖေကြီးနဲ့ တွေ့ပြီးတဲ့နောက်မှာလည်း၊ ဒီပြင်ကိစ္စ တစ်ခု ရှိနေပါသေးတယ်ဆရာ သည်းခံပါ”
မော်ရဲ ။ ။“ဪ.. ဟုတ်ပေသားပဲ။ ကက်တလန်ရပ်ကွက်သူ မာဆဒိ ရှိပေသေးတာကို”
ဒန်တီလည်း ပြုံးရယ်လျက်ရှိ၏။
မော်ရဲ ။ ။“ကိုင်းလေ တွေ့စရာရှိတဲ့လူတွေကို တွေ့ ချေပါဦး တော့။ တစ်ပြည်တစ်နယ်က ပြန်ရောက်လာတယ်ဆိုတာ တွေ့ချင်စရာလူ တွေ အပုံပဲ ရှိပေမှာပေါ့။ ဒါထက်ငွေများ လိုသေးသလား ဒန်တီ”
ဒန်တီ ။ ။“တော်ပါပြီဆရာ။ ကျွန်တော့်အိတ်ထဲမှာ သုံးလခ တွက် ရှိပါသေးတယ်”
မော်ရဲ ။ ။“တော်တဲ့သူငယ်ပဲဟေ့။ ဒီပြင်ပြောစရာ ဘာများရှိ သေးသလဲ”
ဒန်တီ ။ ။“မရှိပါဘူး ဆရာ”
မော်ရဲ ။ ။“ဒါထက် ကပ္ပတိန် လီကလီးယားက ငါတို့စာများ