Skip to product information
1 of 3

Other Websites

ရွှေဥဒေါင်း - ယောက်ျားဘသား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁) 

           ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ အမျိုးသားပျော်ပွဲစားရုံကြီး၌ တစ်နေ့သော ညနေခင်းအချိန်တွင် မြန်မာလူမျိုး လူငယ်တစ်စုတို့ကို လက်ဖက်ရည်သောက်ရင်း ပျော်ရွှင်စွာ စကားပြောလျက် ရှိကြ၏။ | ၎င်း ပျော်ပွဲရုံမှာ အခြားသော ကုလား၊ တရုတ် " လက်ဖက်ရည်ဆိုင်များထက် အနည်းငယ် ဈေးကြီး မြင့်သော်လည်း သပ်ရပ်ခမ်းနားစွာ ခင်းကျင်းထား သည်တစ်ကြောင်း၊ ဆိုင်ရှင်လင်မယားတို့၏ လော က၀တ် ပျူ ငှာရှိခြင်းကြောင့် တစ်ကြောင်း၊ ဟိုက် ကွတ်လွှတ်တော်နှင့် အတွင်းဝန်ရုံးကြီးများမှ စာရေး စာချီတို့သည် ထိုဆိုင်ကို ချီးမြှင့်ကြသဖြင့် အလွန် တရာ လူသန့်သော ပျော်ပွဲရုံကြီး ဖြစ်ပေသည်။

         ၎င်း စာရေးစာချီများသည် တစ်လုံးစီပင် အလုပ် လုပ်ကိုင်ကြသော်လည်း ထိုပျော်ပွဲရုံအတွင်း၌ တွေ့ဆုံ ဖန်များသည် ဖြစ်သောကြောင့် ဖောက်သည်မှန်သမျှ တို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ကျွမ်းဝင်နေကျ သူငယ်ချင်းများသဖွယ် ရယ်မောကာ အရော တဝင် စကားပြောဆိုတတ်ကြလေသည်။

         ကျွန်ုပ်တို့ ရေးသာ ဖော်ပြလျက်ရှိသော ညနေ ခင်းအချိန်၌ကား တစ်ခုသောထောင့်တွင် တည်ခင်း ထားသော ကျောက်စားပွဲကြီး၌ ခြောက်ယောက်မျှသော လူငယ်တစ်စုတို့သည် ဘောလုံးပွဲအကြောင်းကို ပြောလျက်ရှိရာမှ ဘိုင်စကုပ်များအကြောင်းကို ဆက် မိကြလေရာ ၎င်းတို့အနက် တစ်ယောက်သောသူမှာဘိုင်စကုပ် ဇာတ်လိုက်တစ်ယောက် ဖြစ်လေသည်။

          ဇာတ်လိုက် မောင်သန်းညွန့်မှာ အင်္ဂလိပ်စာတတ် ဇာတ်လိုက်တစ်ယောက် ဖြစ်၍ နာမည်ကျော် ဇာတ် ကားကြီးများတွင် ပါဝင်ကပြခဲ့ဖူးသည် ဖြစ်ရကား၊” ဘိုင်စကုပ်အကြောင်းကို စကားစပ်မိကြသည်နှင့် တစ်ပြိုင်နက် တစ်ဦးတည်း ကန်ထရိုက်ခံ၍ စကား ပြောဆိုလျက် ရှိလေ၏။ ထိုအခါက အော်လန်ပီရာရုံ ကြီးတွင် ပြသလျက်ရှိသော သံလက်သီးအမည်ရှိ ကားမှာ အလွန်တရာ လူကြိုက်များလှသည်ဖြစ် ကြောင့် တနင်္ဂနွေလေးပတ်ပင် ပြပြီသော်လည်းလူစည်ကားလှ၍ တိုးမပေါက်နိုင်အောင် ရှိသေးသည်ဖြစ်ရာ ၎င်းကား၌ ဇာတ်လိုက်မှာ မောင်သန်း ညွန့်ပင် ဖြစ်လေသည်။ ထိုကား၌ ဇာတ်လိုက်သည် ဂုဏ်အသရေရှိ မိကောင်းဖခင် သားတစ်ယောက် ဖြစ်ပါလျက် အိမ်များကို တိတ်တဆိတ် ဖောက်ထွင်း ၍ မီးခံသေတ္တာများကို နောက်ဆုံးပေါ်ပေါက်သည့် လက်နက်ကိရိယာများနှင့် ဖွင့်ရသောအခန်းများ လည်း ပါရှိလေရာ မောင်သန်းညွန့်သည် မီးခံ သေတ္တာကို ဖွင့်နိုင်သော သူခိုး၏ ဂုဏ်အရည်အချင်း | ကို ချီးမွမ်းဖွယ်တစ်ခု ဖြစ်လေအောင် အကျယ်တဝင့် - ထုတ်ဖော် ပြောဆိုလျက် ရှိလေ၏။ ကြားရသူများသည်လည်း ထိုအကြောင်းကို မောင်သန်းညွန့်၏ နှုတ်မှ ညနေတိုင်းလိုပင် ပြောသံကြားခဲ့ရသည် ဖြစ်သောကြောင့် နားငြီးလှသော်လည်း အားနာနာနှင့် နားထောင်လျက် ရှိနေကြစဉ် အသက်သုံးဆယ် အရွယ်ခန့်ရှိ လူတစ်ယောက်သည် ဆိုင်တွင်းသို့ ဝင်လာလေ၏။

        ထိုဝိုင်း၌ရှိသော လူငယ်များသည် ထိုသူအား လောကဝတ်ပျူငှာ၊ သူ့ထက်ငါ ဖိတ်ကြား ခေါ်ငင် ကြပုံကို ထောက်သည်ရှိသော် နောက်ဝင်လာသော လူသည် ၎င်းပျော်ပွဲရုံ၌ လူချစ်များသော အစ် ယောက်ဖြစ်ဟန် လက္ခဏာရှိပေသည်။ ၎င်းမောင်တင်မြင့်မှာ အရပ်အမောင်း ထောင်ထောင်မောင်း မောင်းနှင့် လုံးကြီးပေါက်လှဖြစ်၍ ၎င်း၏ အရပ် အရည်မှာ ဇာတ်လိုက် မောင်သန်းညွန့်ကဲ့သို့ ချော မောလှပသည်ဟု မဆိုနိုင်ငြားသော်လည်း ခံ့ညားသော ကာယိနှင့် ပြည့်စုံသည့်ပြင် ၎င်းကို မြင်ရ သူအပေါင်းတို့မှာ ဤသူကား မဟုတ်လျှင် မခံတတ်၊ သေးနုတ် ညစ်ပတ်သော အပြုအမူမျိုးကိုလည်း အဘယ်အခါမှ ပြုမည့်လူတစ်ယောက် မဟုတ် ဟူ၍ ယုံကြည် စိတ်ချနိုင်မည့် လူစားမျိုးတစ်ယောက် ဖြစ်လေသည်။

         မောင်တင်မြင့်သည် အိုင်အေစာမေးပွဲကို အောင် မြင်ပြီးနောက် မိဘများ သေဆုံးသောအခါတွင် အတွင်းဝန်ကြီးရုံး၌ စာရေးအလုပ်ဖြင့် လုပ်ကိုင်လျက် ရှိသည်။ လူပျိုကြီးဖြစ်သော ဘကြီးတစ်ယောက် သေဆုံးသဖြင့် တစ်သိန်းကျော်မျှသော အမွေအနှစ် တို့ကို ရရှိရာတွင် အလုပ်မှ နုတ်ထွက်၍ ဘဏ်တိုးနှင့် အေးအေး စားနေသူတစ်ယောက် ဖြစ်လေသည်။ မောင်တင်မြင့်မှာ စာရေးဘဝ၌ရှိစဉ်ကပင် ရက်ရော သောသဘော ရှိသူတစ်ယောက် ဖြစ်ရကား အခြားသော စာရေးသူငယ်ချင်းများသည် ၎င်း၏နေအိမ်ကို စားအိမ်သောက်အိမ် ပြုလုပ်လျက် မြင်းပွဲရှုံးသော စာရေးများသည် အိမ်ပြေးရင်း ငါးရက် ဆယ်ရက်တန်သည်ဖြင့် တည်းခို နေထိုင်တတ် ကြလေသည်။ မောင်တင်မြင့်၏ လခမှာ ၁၅ဝ ကျပ်မျှသာ ဖြစ်သော် လည်း လူပျိုဖြစ်၍ လောင်းစားခြင်း သောက်စား ခြင်းတို့၌ ဝါသနာမပါသည် ဖြစ်သောကြောင့် အိမ် ပြေးသော သူငယ်ချင်းများကို ကျွေးမွေးပြုစုနိုင်မည် ပင်။ ငါးကျပ်သား၊ တစ်ဆယ်ကျပ်မျိုး ငွေမျိုးကိုလည်း ကျပ်တည်းသူများအား ချေးငှားနိုင်သည် ဖြစ်ရကား အားလုံးသော စာရေးများသည် ၎င်းအား အစ်ကိုတစ် ယောက်သဖွယ် အားထား ချစ်ခင်ကြလေသည်။

         မောင်တင်မြင့် မှာ လူတစ်ဖက်သားအား ကျေးဇူးပြုရန် အစဉ်မပြတ် အဆင်သင့်ရှိ၍ ချစ်ဖွယ် သောစကားကို ဆိုတတ်သူတစ်ယောက် ဖြစ်သည် မှန်သော်လည်း ကြံ့ခိုင်တင်းမာ၍ ယောက်ျားပီသသော လူတစ်ယောက် ဖြစ်လေသည်။ အခါတစ်ပါး၌ ပကျူးလူမျိုးများသည် ရန်ကုန်မြို့သို့ ဆိုက်ရောက်၍ မနီလာရှိ ပြသလျက်ရှိရာ၊ ၎င်းတို့အနက်တွင် လက်ဝှေ့သတ် အလွန်ကောင်းသူတစ်ယောက် ပါ လာခဲ့လေသည်။ ထိုလက်ဝှေ့သမားသည် အရှေ့ ဘက် တိုင်းနိုင်ငံတစ်လွှား၌ အလွန်တရာ နာမည် ကြီးသဖြင့် ၎င်းနှင့် ထိုးသတ်ဝံ့သူ မပြုမထွက်ရုံအောင် ရှိခဲ့ရာ မနီလာရှိုးမန်နေဂျာက မည်သူမဆို ၎င်းလက်ဝှေ့သမားနှင့် သုံးချီ ထိုးသတ်၍ မလဲဘဲခံနိုင်ခဲ့လျှင် ဆုငွေ ၁ဝဝ ကျပ်ပေးမည်ဟု ကြော်ငြာ ထားလေသည်။ မောင်တင်မြင့်မှာ ကျောင်းနေစဉ် အခါက ပထမတန်း လက်ဝှေ့သမားတစ်ယောက် ဖြစ်၍ မထိုးမသတ်ရသည်မှာ ကြာပြီဖြစ်သော်လည်း မြန်မာပြည်တွင် ထိုကဲ့သို့ ဝင့်ဝါစွာ ဟိတ်ဟန်ကြီး နှင့် ကြော်ငြာပါလျက် မြန်မာများအနက်မှ တစ်ဦး တစ်ယောက်မျှ မထွက်ပေါ်ဘဲ နေရမည်ကို တစ်မျိုး လုံးအတွက် ရှက်လှသည်တစ်ကြောင်း၊ မခံချင် သည်က တစ်ကြောင်းကြောင့် ပသျှူးလက်ဝှေ့သမား နှင့် ထိုးသတ်ရန် ထွက်လာလေ၏။ မောင်တင်မြင့် သည် ထိုပတ္တူနှင့်သတ်ရာတွင် မရှုဝံ့အောင် နာသည် မှန်သော်လည်း အသည်းလည်းကောင်း၊ သတ္တိလည်း ကောင်း အကယ်စင်စစ်လည်း ကျင်လည်သူတစ် ယောက် ဖြစ်ရကား၊ သုံးချီ သတ်ပုတ်ပြီးသော်လည်း မလဲဘဲ ရှိနေသည် ဖြစ်သောကြောင့် ဆုငွေ ၁၀၀ ကျပ်ကို ရခဲ့ဖူးလေသည်။ မန်နေဂျာသည် ထိုသူ၏ အစွမ်းကို အားရနှစ်သက်လှသည် ဖြစ်သောကြောင့် လက်ဝှေ့သမားအဖြစ်နှင့် အသက်မွေးလိုပါက တစ် လလျှင် ၅၀၀ ကျပ်မျှပေးရန် တာဝန်ခံသော်လည်း မောင်တင်မြင့်က ငြင်းပယ်ခဲ့လေသည်။

         မောင်တင်မြင့် ဝင်လာသောအခါ၌ ပျော်ပွဲရုံ အတွင်း လက်ဖက်ရည်သောက်နေသူများသည် သူ့ထက်ငါ ဖိတ်ခေါ်ကြလေရာ မောင်တင်မြင့်သည် | တစ်ခုသော ကုလားထိုင်၌ ညောင်းညာသော အမူ အရာနှင့် ထိုင်လေ၏။

          တစ်ယောက်။ ။“ကိုတင်မြင့် မန္တလေးက ဘယ် တုန်းက ပြန်ရောက်သလဲ" | အခြားတစ်ယောက်။ ။'ခင်ဗျားမျက်နှာ တယ်ညှိုး ပါကလားဗျို့၊ ဘာများ ဖြစ်လာသလဲ' အခြားတစ်ယောက်။ ။“တောင်ပြုံးပွဲတွေ ပြာတွေ တော်တော် နိပ်ခဲ့ရလားပျို့”

စသည်ဖြင့် တစ်ယောက်တစ်ခွန်း နှုတ်ဆက် မေးမြန်းကြလေ၏။

မြင့်။ ။“ခင်ဗျားတို့ ဘာအကြောင်းများ ပြောနေကြသလဲ" . | တစ်ယောက်။ ။“ကျုပ်တို့ မပြောရပေါင်ဗျာ၊

ဟောဒီက ကိုသန်းညွန့်ကချည်း ကန်ထရိုက်ခံ ပြော နေတာပါပဲ၊ သူပြောပုံတော့ သူများအိမ်ကို ဖောက်ပြီး ဝင်နိုင်တဲ့လူဟာ တကယ့် လူစွမ်းကောင်းကြီးတစ် ယောက် ဖြစ်နေပြီကော ... ။

မြင့်။ ။“အိမ်ဖောက်ဝင်တာ ဘာခက်လို့ လဲဗျ၊ ခြေနဲ့ လက်နဲ့ရှိလျှင် ဝင်နိုင်တာပဲ'

ညွန့်။ ။“ပြောတော့ လွယ်တယ် ဆရာ၊ လုပ်တော့မှ ခက်တယ်”

မြင့် ။ ။“ကျုပ် ဖောက်ဝင်မယ်၊ခင်ဗျား ဘာ လောင်းမလဲ"

ညွန့်။ ။“ခင်ဗျား လူပုံနဲ့လား' တစ်ယောက်။ ။“လူပုံတွေ ဘာတွေ လုပ်မနေပါနဲ့ လေ၊ သူက လောင်းမယ်ဆို ခင်ဗျားက လောင်းဂံရဲ့ရမယ်"

ညွန့်။ ။“လောင်းဝံ့ပါတယ်ဗျာ” မြင့်။ ။'ဘာလောင်းမလဲ"

ညွန့်။ ။“ခင်ဗျား လောင်းချင်တာလောင်း' တစ်ယောက်။ ။“ကိုင်း... ဒီလိုလုပ်၊ ဒီကနေ့ည တိုက်တစ်တိုက်တိုက်ကို ကိုတင်မြင့် ဖောက်ဝင် ရမယ်၊ ရှုံးတဲ့လူက အခုရှိတဲ့ ကျုပ်တို့လူငါးယောက် ကို ကွန်တီနင်တယ်ဟိုတယ်မှာ ညစာ ထမင်းကျွေး

မြင့်။ ။ 'စိန်လိုက်ဗျာ”

ညွန့်။ ။“ခင်ဗျား ရှုံးသွားမယ်ဗျ၊ မလုပ်နဲ့” | ဟစ်ယောက်။ ။“ခင်ဗျားအပု မဟုတ်ပါဘူး၊ သူရှုံး

လျှင် သူက ကျွေးလိမ့်မပေါ့၊ ခင်ဗျားက မလောင်းရဲ ဘူး လား”

ညွန့်။ ။“စိန်ပါတယ်ဗျာ၊ လောင်းလိုက်ပါ”

၎င်းနောက် သူငယ်ချင်းများသည် အခြား စကားများကို ပြောဆိုကြပြီးနောက် ခွဲခါနီး၌ မောင်

တင်မြင့်အား လောင်းထားသည့်အကြောင်းကို သတိ ပေးကြရာတွင် ... ။ တစ်ယောက်။ ။“ခင်ဗျား ဖောက်ကြောင်း သက် သေခံ ဘယ်လိုပြမယ်”

မြင့်။ ။“ကျုပ်ဖောက်တဲ့ တိုက်တံခါးမှာ အတွင်းက ကျုပ်နာမည် T.M လို့ အတိုကောက် ရေးထားခဲ့မယ်ဗျာ"

ညွန့်။ ။“ကြိုက်ပြီ... စိန်လိုက်" ၎င်းနောက် သူငယ်ချင်းများသည် ပျော်ပွဲရုံမှ ထွက်လာကြ၍ လူစုခွဲသွားကြလေ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)