Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ယဥ်ကျေးမှုနှင့်ကိုယ်ကျင့်တရား

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား

အရှေ့နှင့်အနောက် နှိုင်းယှဉ်ချက်

လွန်ခဲ့သောနှစ်က လူထုသတင်းစာတွင် “ကျွန်ုပ်၏အတွေ့အကြုံနှင့် အတွေး အခေါ်များ” ဟူသော ဆောင်းပါးခန်း၌ ကျွန်ုပ်၏ နေအိမ်ဘုရားစင်အနီးတွင် ဖယောင်း ပုဆိုး ခင်းကျင်းထားသည့် ဧည့်ခန်းသို့ ခုံဖိနပ်ဘုံဘိုင်ရေ ဖိနပ်များစီး၍ တက်ကြသော လူငယ်များအကြောင်း ရေးသားဖူးရာ ခေတ်ပညာတတ်မဟုတ်သည့် လူကြီးတစ် ယောက်သည် ကျွန်ုပ်ထံသို့လာရောက်၍ အောက်ပါအတိုင်း ဆွေးနွေးကြသည်။

ခေတ်လူငယ်တွေ ရိုင်းစိုင်းပုံအကြောင်း ဆရာကြီးရေးထားတဲ့ ဆောင်းပါးကို ကျွန်တော် သဘောကျတယ် ခင်ဗျ။ ဆရာကြီးက အရှေ့တိုင်းယဉ်ကျေးမှုကို ပိုပြီး အလေးပေးပုံရတယ်။ ဟုတ်ကဲ့လား ခင်ဗျာ”

ကျွန်တော်က လူတစ်မျိုးပဲဗျ။ ယဉ်ကျေးမှုမှာ ဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားမှာ ပဲ ဖြစ်ဖြစ်၊ အရှေ့တိုင်းဘက်၊ အနောက်တိုင်းဘက်ရယ်လို့ သဘောမထားဘူး။ အနောက်တိုင်းမှ ကောင်းတယ်ထင်တာတွေ့လျှင် ယူချင်တာပဲ”

ယဉ်ကျေးမှုမှာတော့ ကျွန်တော်တို့ပြည်က သာတယ်ဆိုတာအမှန်ပဲ မဟုတ် လား ဆရာကြီးရယ်”

သာတယ် လျော့တယ်လို့ ကျွန်တော် မဆိုချင်ဘူး။ ကျွန်တော် အကြိုက် များတယ်လို့တော့ ဝန်ခံနိုင်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့တော့ သူတို့ ကဲလည်း မညံ့ဘူးခင်ဗျ”

မညံ့တာထားပါတော့။ သို့သော် ယှဉ်လိုက်လျှင် ကျွန်တော်တို့က သာ တယ် မဟုတ်လားခင်ဗျာ”

ကိုင်း-ဒီလိုလုပ်ကြစို့။ ဒီကိစ္စကို နှစ်ကန့်ထားပြီး ဆွေးနွေးကြစို့။ (၁) ယဉ် ကျေးမှု၊ (၂) ကိုယ်ကျင့်တရား ဟုတ်လားခင်ဗျာ” `

ထားပါခင်ဗျာ”

ရှေးဦးစွာ ယဉ်ကျေးမှုကို ဆွေးနွေးကြရအောင်။ ယဉ်ကျေးမှုနှင့် ပတ်သက် လို့ ကျွန်တော်တို့ မြန်မာလူမျိုးဟာ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြလို့မို့ ဗုဒ္ဓ ယဉ်ကျေးမှုတွေ လွှမ်းမိုးတဲ့အတွက် ကျွန်တော် သဘောကျတယ်။ ရိုသေထိုက်သော သူကို ရိုသေရခြင်း အစရှိတဲ့ မင်္ဂလာတရားတော်ထဲက အချက်တွေပေါ့ ခင်ဗျာ။ သို့သော် မြန်မာ့ယဉ်ကျေးမှု ဆိုတာတွေထဲကတော့ ကျွန်တော်မကြိုက်တာ ရှိချင်ရှိ မယ် ခင်ဗျ”

ဘယ်လိုဟာလဲ ခင်ဗျာ”

သိပ်အရေးမကြီးလှတဲ့ကိစ္စမို့လို့ ဥဒါဟရုဏ် တစ်ခုတလေလောက်သာ ပြပါရစေတော့ ခင်ဗျာ။ မိန်းကလေးတွေ စက်ဘီးစီးတာဆိုပါတော့။ လူခပ်ကြီးကြီး ပိုင်းကဆိုလျှင် မြန်မာ့ယဉ်ကျေးမှုပျက်တယ်။ မိန်းကလေးနဲ့ မလျော်ဘူးတဲ့ ပြောချင်ကြတယ်”

ဆရာကြီးကတော့ သဘောတူသလား”

ကျွန်တော်ကတော့ ခုနင်ကပြောခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှု မပျက်ခဲ့လို့ရှိလျှင် ခေတ်အားလျော်စွာ ပြောင်းလဲသွားတဲ့ကိစ္စတွေမှာ အသုံးဝင်ခြင်းကိုကြည့်ပြီး လက်ခံ ချင်တာပဲ။ စက်ဘီးကိုခွစီးရလို့ အရုပ်ဆိုးပေမဲ့ အသုံးဝင်မှုကိုကြည့်သင့်တယ် ခင်ဗျ။ ဘယ်လောက် လမ်းပေါက်သလဲ”

မိန်းကလေးတွေအဖို့ လမ်းပေါက်ဖို့ ဘာလိုသလဲ ဆရာကြီး”

ရှေးခေတ်ကတော့ ဟုတ်ချင်ဟုတ်မယ်။ ဒီခေတ်မှာတော့ ကျောင်းတက်ရ တယ်၊ ဈေးဝယ်ရတယ်၊ ဆိုင်ထွက်ရတာပေါ့ ခင်ဗျာ။ သို့သော် ဒီလိုကိစ္စမျိုးမှာတော့ ကျွန်တော့အကြိုက်ကိုသာ ပြောခြင်းဖြစ်ပါတယ်။ အမှားအမှန် ဆုံးဖြတ်ခြင်း မဟုတ် ပါဘူး။ ငြင်းမနေပါရစေနဲ့ ခင်ဗျာ”

ဆရာကြီးက တိုးတက်တယ်ဆိုတဲ့ သဘောကို နှစ်ခြိုက်တယ်ဆိုပါတော့”

တိုးတက်တယ် ဆိုတိုင်းလည်း ကျွန်တော် လက်မခံချင်ဘူး ခင်ဗျာ။ ဥပမာ ရုရှားပြည်မှ အဖေက အရက်သောက်တတ်လေတော့ သားသမီးက ဆုံးမတယ်တဲ့”

တယ်လာပါကလား၊ ဘယ်လိုများ ဆုံးမသတဲ့လဲ ဆရာကြီး”

ဒီလိုတဲ့ ခင်ဗျာ။ အလုပ်သမားတစ်ယောက်ဟာ အလုပ်ကအပြန်မှာ အရက် ဆိုင်ဝင်ဝင်ပြီး သောက်တတ်သတဲ့။ မိုးကြီးချုပ်မှ အိမ်ပြန်ရောက်သတဲ့။ သူ့သားကပြောပေမဲ့ မရဘူးတဲ့။ တစ်နေ့သ၌ သူ့သားက သူငယ်ချင်းတွေခေါ်သွားပြီး အရက် ဆိုင်ကိုဝိုင်းပြီး အဖေကြီးကိုအရှက်ခွဲသတဲ့။ အဖေကြီးထွက်လာတော့လည်း နောက် ကလိုက်ပြီး အရက်သမားကြီး”လို့ အော်ကြသတဲ့။ ဘယ့်နှယ်သဘောရသလဲ”

အဖေကြီးတော့ အရက်ပြတ်ကရောတဲ့လား”

လုံးလုံးတော့ပြတ် မထင်ပါဘူး။ သို့သော် အိမ်ကိုတော့ စောစောပြန်တယ်ဆို ထင်ပါရဲ့”

ကောင်း တောင်းတောင်းပဲ ဆရာကြီး” “

“ဒါတော့ ခင်ဗျားကြိုက်ချင်ကြိုက်လေ။ ကျွန်တော့်သဘောကတော့ ဝမ်းစာ ရှာကျွေးတဲ့ဖခင်ကို တောင်းပန်စကားမျိုး ပြောချင်ပြော။ ရပ်သိရွာသိ အရှက်ခွဲခြင်း မျိုးကိုတော့ ကျွန်တော် မကြိုက်နိုင်ဘူးခင်ဗျ။ ဖခင်ဆိုတာ သားမယားရဲ့ တာဝန် တွေကို ထမ်းထားရသူဖြစ်လေတော့ သူ့မှာ လွတ်လပ်ခွင့် ရှိသင့်တယ်။ ပြောစရာရှိ လျှင် မယားလုပ်တဲ့ဟာက တိုးတိုးတိတ်တိတ် ပြောပေါ့။ သားသမီးဆိုတာကတော့ တိုးတိုးတိတ်တိတ်ပြောတာတောင် လွန်လှပြီ အရှက်ခွဲပြီး ဆုံးမဖို့ဆိုတာကတော့ ဘယ်နည်းနဲ့မှ ကျွန်တော်လက်မခံနိုင်ဘူး။ ဒါလည်းပဲ ကျွန်တော် မကြိုက်နိုင်တာကို ပြောတာနော်။ မှားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ တိုးတက်တဲ့ တိုင်းပြည် ဆိုလေတော့ တိုးတက်ရေးဆိုလျှင် ဘာမဆို လုပ်မယ်ဆိုတဲ့ လူတွေကိုးခင်ဗျာ”

ကျွန်တော်တို့ မြန်မာပြည်က လူငယ်တွေလည်း လူကြီးမိဘ ဆရာသမား များအပေါ်မှာ အရိုအသေ ပေါ့လာကြတဲ့အကြောင်း ဆရာကြီးရေးထားတာ ကျွန်တော် ဖတ်လိုက်ရလို့ သဘောကျပါတယ်”

ကျွန်တော်က ကိစ္စတစ်ခုမှာ ရှုထောင့်အမျိုးမျိုးဘက်က စဉ်းစားတတ်တဲ့ လူပါ။ ခင်ဗျားလည်း လူကြီးတစ်ယောက်ဖြစ်လေတော့ ကျွန်တော့်ကို ထောက်ခံမှာပဲ။ သူတို့လူငယ်ပိုင်းကတော့ ဒါတွေဟာ ရှုပ်ပါတယ်လို့ ပြောကြမလား မဆိုနိုင်ဘူး။ သို့သော် အရေးကြီးတာက မိန်းကလေး ဘိုင်စကယ်စီးချင်စီး။ အင်္ကျီပါး ဝတ်ချင် ဝတ်။ မင်္ဂလာတရားတော်ထဲက ဗုဒ္ဓယဉ်ကျေးမှုတွေကိုတော့ ထိန်းသိမ်းလိုက်တယ် လို့ ဆိုချင်ပါတယ်” ။

ကြိုက်ပါတယ် ဆရာကြီး။ ကိုင်း ကိုယ်ကျင့်တရားအကြောင်းကို ပြောပါ ဦး ခင်ဗျာ”

ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့နေရာမှာလည်း ကျွန်တော်က နှစ်ကန့်ခွဲ ချင်တယ်။ (၁) လောကုတ္တရာရေးရာ ကိုယ်ကျင့်တရား။ (၂) လောကီမှုရေးရာ ကိုယ်ကျင့်တရားလို့ ရှိပါတယ်။ လောကုတ္တရာရေးရာ ကိုယ်ကျင့်ဆိုတာမျိုးကတော့သူတို့အနောက်တိုင်းမှာ လုံးဝမရှိဘူးခင်ဗျ။ လောကီအတွက်သာ ရှိပါတယ်”

သူတို့မှာလည်း ကောင်းကင်ဘုံနဲ့၊ ဘုရားသခင်နဲ့ဆိုတော့ လောကုတ္တရာ မှုရှိတယ် ဆိုရမယ်မဟုတ်လား ဆရာကြီး”

ခက်နေပါပြီဗျာ။ လောကုတ္တရာတရား ကိုးပါး ရှိတယ်မဟုတ်လား။ မင်္ဂ လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တဲ့ဗျ။ သူတို့မှာ ဒီဟာတွေရှိသလား ခင်ဗျ"

ကောင်းကင်ဘုံတော့ ရှိဆို၊ ဆရာကြီးရဲ့”

ခင်ဗျားတို့တစ်တွေက နောင်ဘဝအရေးဆိုလျှင် လောကုတ္တရာ မှတ်နေကြ တာကိုး။ နတ်ပြည်ရောက်အောင် ဒါနပြုတယ်ဆိုတာလည်း လောကုတ္တရာလို့ ဆိုကြ တယ်။ အမှန်ကတော့ ကျွန်တော် ပြောခဲ့တဲ့အတိုင်း လောကုတ္တရာ တရား ၉-ပါး ပဲ ရှိတယ်။ ဒါကလွဲလျှင် လောကီချည်းပဲ ခင်ဗျ”

မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်စူးပြီး ဒါနပြုလျှင်ကော ခင်ဗျာ”

ဒါနလောက်ကို မပြောနဲ့ဦး။ တရားအားထုတ်တာတောင် လောကီပဲရှိသေး တယ် ခင်ဗျ”

ဘယ့်နှယ်ကြောင့်လဲ ခင်ဗျ”

ခင်ဗျားတို့လူစုက စကားအသုံးအနှုန်းတွေ ရော ရော နေတော့ အဓိပ္ပာယ် ပါ ရှုပ်ထွေးကုန်တယ်။ ကိုင်း ကျွန်တော် တစ်ခုမေးမယ်။ လူတစ်ယောက်ဟာ ငွေ ရအောင် အလုပ်လုပ်တယ်ဆိုပါတော့။ အလုပ်ကို ငွေလို့ဆိုနိုင်ရဲ့လား ခင်ဗျာ”

မဆိုနိုင်ပါဘူး ဆရာကြီး”

အလုပ်ဟာ အလုပ်၊ ငွေဟာ ငွေပဲမဟုတ်လား။ တရားအားထုတ်တယ် ဆိုတာကလည်း ဒီလိုပေါ့။ မဂ်ဖိုလ်အတွက် ဆိုပေမင့် အလုပ်သဘောကို၌ကတော့လောကီပဲ ရှိသေးတယ်။ လောကီလို့ပဲ ခေါ်ရမယ်။ တတ်နိုင်လို့ တရားအားထုတ်ဆဲ မှာ ဂေါတြဘုတိုင်အောင် ဆိုက်သွားတယ် ဆိုစေဦး၊ လောကီနယ်ပဲ ရှိသေးတယ်လို့ ဗုဒ္ဓဟောတော်မူတယ်” ။

ကြားတော့ ကြားဖူးပါရဲ့ ခင်ဗျာ”

ကြားဖူးပြီး၊ ခင်ဗျားတို့ လူစုက ရော ရောပြီး ရှုပ်အောင်လုပ်ပစ်လိုက်ကြ တာပဲ။ ခရစ်ယာန်များရဲ့ ကောင်းကင်ဘုံဆိုတာကိုတောင် လောကုတ္တရာလို့ ပြော သေးတာကိုး”

ဒါကတော့ ကျွန်တော်မှားပါတယ် ဆရာကြီးရယ်”

ကျွန်တော်တို့ ဆွေးနွေးတာတွေက နံဘေးရောက်ကုန်ပြီ။ အနောက်တိုင်း သားများရဲ့ ကိုယ်ကျင့်တရားနဲ့ ၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ကိုယ်ကျင့်တရားကို နှိုင်းယှဉ်ချက် ထုတ်ခဲ့ကြတယ်မဟုတ်လား”

ဟုတ်ပါတယ် ဆရာကြီး”

နိဗ္ဗာန် မဂ်ဖိုလ်ဆိုတာ သူတို့မှာ မရှိလေတော့ ကျင့်စဉ်လည်း မရှိဘူး။ လောကမှာ လူကောင်းသူကောင်း ဖြစ်ဖို့ကတော့ သူတို့မှာလည်း ကျင့်စဉ်ရှိတယ်ခင်ဗျ”

ကျွန်တော်တို့ကျင့်စဉ်နဲ့ ဘယ့်နှယ်နေသလဲ”

“ခင်ဗျား ဘယ့်နှယ်ထင်သလဲ”

“ဟာ၊ ကျွန်တော်တို့က သာတာပေါ့ ဆရာကြီး”

“ကျွန်တော်တို့လူတွေက သာတာလား။ ကျွန်တော်တို့ကျင့်စဉ်က သာတာလား”

လူရော ကျင့်စဉ်ရော သာတယ်ထင်တာပဲ ဆရာကြီး”

ကောင်းပြီ။ ရှေးဦးစွာ လူချင်းယှဉ်ကြည့်ကြစို့ ။ အနောက်တိုင်းသား ဘယ် လောက်များများ ခင်ဗျားတွေ့ ဖူးသလဲ”

သိပ် များများကြီး မတွေ့ဖူးပါဘူး ခင်ဗျာ”

“ဒါဖြင့် ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်ချက် ထုတ်ကြမလဲ”

“သူတို့တိုင်းပြည်က အကြောင်းတွေ ကြားဖူးနားဝနဲ့ပေါ့ ခင်ဗျာ”

ခင်ဗျာလည်း နည်းနည်းပါးပါးတော့ ကိုယ်တွေ့ ရှိမှာပါပဲ။ ဗြိတိသျှအစိုးရ လက်ထက်က အိုင်စီအက်စ်အရာရှိတွေ ရှိတယ်မဟုတ်လား။ ကျွန်တော်တို့ မြန်မာ အရာရှိတွေနဲ့ ဘယ့်နှယ်နေသလဲ” သည်

သူတို့က လခကြီးတွေယူထားတာကို ဆရာကြီးရဲ့”

ဪ-လခများလို့ တည့်မတ်တယ်လား။ ဒီခေတ်မှာ မြန်မာတွေ လခကြီး စားလာရတော့ သူတို့အဆင့်အတန်းကို မီရဲ့ လား”

ဒါတော့ မီမယ်မထင်ဘူး ဆရာကြီး”

ကောင်းပြီ။ ရွေးကောက်ပွဲတွေကို ကြည့်လိုက်ပါဦး။ သူတို့ဆီမှာလည်း ညစ်ပတ်မှုတွေတော့ ရှိမှာပါပဲ။ နို့ပေမဲ့ ကျွန်တော်တို့ မြန်မာပြည်မှာလို ကန့်ကွက်မှု ပေါများတဲ့တိုင်းပြည် ဘယ်မှာရှိသလဲ”

ဒါကတော့ သူတို့ရှုံးတိုင်းမခံချင်လို့ ကန့်ကွက်ခြင်းလည်း ဖြစ်နိုင်တာပဲ ဆရာကြီး”

ဒါကိုလည်း ကျွန်တော် စဉ်းစားပါတယ်။ သို့သော် ကျွန်တော်ပြောချင်တာ က လူဆိုတာမျိုးဟာ ညစ်ပတ်လို့ဖြစ်နိုင်လျှင် ညစ်ပတ်ချင်တဲ့လူကများပါတယ်။

အဲဒီလို ညစ်ပတ်လို့ဖြစ်နိုင်အောင် စည်းကမ်းကလနားတွေ စုတ်ပြတ်ပျက်စီးနေခြင်း အတွက် ဦးနုပြောတဲ့ စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်ကုန်ကြခြင်း ဖြစ်ပါတယ်။ စာရိတ္တမဏ္ဍိုင် ဆိုတာဟာ လောကီကိုယ်ကျင့်တရားပါပဲ”

ဆရာကြီးအဆိုက အနောက်တိုင်းသားများဟာ ကျွန်တော်တို့ထက် ကိုယ် ကျင့်တရား ကောင်းတယ်ပေါ့လေ။ ဒါဖြင့် ဘာ့ကြောင့် နယ်ချဲ့ချင်တာလဲ ခင်ဗျာ”

အနောက်တိုင်းသားအကြောင်း ပြောရလျှင်တော့ လူတန်းစားခွဲပြောမှ ဖြစ် မယ်။ အင်္ဂလန်မှာဆိုလျှင် အထက်တန်း၊ အလယ်တန်း၊ အောက်တန်းရယ်လို့ လူ သုံးစား ရှိပါတယ်။ အလယ်တန်းက ပညာရှိထွက်ပါတယ်။ နယ်ချဲ့ချင်ကြတာက ရှေးက အထက်တန်းစားတွေ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့တော့ (ကျွန်တော့်အကြိုက်) အလယ်အလတ်တန်းလူတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာတော့ အင်္ဂလန်ပြည်မှာ အလယ်အလတ်တန်းလူတွေက ချယ်လှယ်နေတယ်လို့ ဆိုနိုင်ပါ တယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ သူတို့ကိုလည်း စံချိန်ယူသင့်ပါတယ်”

အရက်သောက်တာတော့ အားလုံးပဲ သောက်ကြတယ် မဟုတ်ဘူးလား ဆရာကြီး”

အရက်သောက်တဲ့လူဟာ ကိုယ်ကျင့်တရား မရှိဘူးလို့ ဆိုချင်တာလား”

“ဆိုရမှာပေါ့ ဆရာကြီး”

“ခင်ဗျားက ဦးနုဂိုဏ်းသား ထင်တယ်”

“ကျွန်တော်တို့ကတော့ ငါးပါးသီလသမားပဲ”

“ခင်ဗျား အရက်သောက်ဖူးသလား”

“မြည်းတောင် မမြည်းပါဘူး ဆရာကြီး”

“ခင်ဗျားနဲ့ ဆွေးနွေးဖို့ အခက်သားပဲ”

“ဘာကြောင့်လဲ ဆရာကြီး”

“အရက်မသောက်တာ ဘာ့ကြောင့်လဲ၊ ဟိုလူဒီလူတွေက မကောင်းဘူးဆိုလို့လား”

ဘုရားကလည်း ဟောလို့ ပေါ့ ခင်ဗျာ”

ခင်ဗျားနဲ့ ကျွန်တော်နဲ့က ဝါသနာတစ်မျိုးစီပဲ။ ကျွန်တော်ကတော့ စုံစမ်းချင် တတ်တဲ့ ဝါသနာရှိတယ်။ ပိုက်ဆံလည်းကုန်တယ်။ လူလည်းကဲ့ရဲ့ တယ် ဒီအထဲက ဝယ်သောက်ကြခြင်းဟာ ဘယ်လိုများအရသာရှိလို့ပါလိမ့်လို့ သိချင်တတ်တယ်”

ဒါဖြင့် ဆရာကြီးက စမ်းဖူးတယ်ပေါ့”

“ဟာ...စမ်းဖူးတာတော့ မပြောနဲ့တော့ စုံလို့”

မကောင်းမှုတွေအားလုံး စမ်းကြည့်ဖူးသလား ဆရာကြီး”

ကျွန်တော်က လူတစ်မျိုးလို့ ပြောခဲ့တယ်မဟုတ်လား။ သူတစ်ပါးကို မထိ ခိုက်သမျှကာလပတ်လုံး စမ်းချင်တယ်ဆိုလျှင် စမ်းကြည့်ခဲ့တာပဲ”

ဒုစရိုက်မှုတွေအားလုံး စမ်းကြည့်တာပဲလား”

ဒုစရိုက်မှုဆိုတော့ သူတစ်ပါးကို ထိခိုက်တယ်။ ဒါကြောင့် စမ်းမကြည့်ရပါ ဘူး။ ရှောင်နိုင်သလောက် ရှောင်ခဲ့ပါတယ်” ။

အရက်သောက်တာ ဒုစရိုက်မဟုတ်လား ခင်ဗျာ”

တယ်ခက်တယ်ဗျာ။ ခင်ဗျားတို့လူစုက ဘုရားဟောတရားကိုလည်း အတိ အကျမလေ့လာဘူး။ ဗုဒ္ဓက ဒုစရိုက်မှု ဆယ်ခုရှိတယ်လို့ ဟောတော်မူထားတယ်။ အဲဒီဆယ်ခုထဲမှာ အရက်သောက်တာ မပါဘူး။ ဒီအကြောင်းကို ရှုမဝမဂ္ဂဇင်းထဲမှာ ကျွန်တော် အကျယ်တဝင့် ရေးဖူးတယ်။ ခင်ဗျားတို့က မဂ္ဂဇင်းဖတ်တဲ့လူထဲက မဟုတ် လေတော့ မဖတ်ဖူးဘူးပေါ့။ တော်ပြီဗျာ...ဒီအကြောင်းကို ကျွန်တော် ထပ်ပြီးမပြော ချင်တော့ဘူး။ ကိုယ်ကျင့်တရားအကြောင်းကို ပြောကြပါစို့”

အရက်သောက်တာ ကိုယ်ကျင့်တရားနဲ့ မဆိုင်ဘူးလား ဆရာကြီးရယ်”

ကျွန်တော် နားလည်တဲ့ ကိုယ်ကျင့်တရားက သူတစ်ပါးနစ်နာအောင် ပြု လုပ်ခြင်း၊ မပြုလုပ်ခြင်း၊ သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ မပြုခြင်း ဒါလောက်ကိုပဲ ကျွန်တော် သဘောထားတယ်”

ကျွန်တော်ဆိုလိုတာက လူချင်းဆက်ဆံမှုနဲ့ ပတ်သက်တဲ့ ကိုယ်ကျင့်တရား ကို ဆိုလိုတယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားက တခြားပဲ ခင်ဗျ”

နိဗ္ဗာန်ရောက်ကြောင်းတရားကို ဆရာကြီးက မယုံကြည်ဘူးလား”

ခက်နေပြီဗျ။ ခင်ဗျားက နံဘေးဖဲ့ဖဲ့ထွက်သွားတာကို။ ကျွန်တော် ပြောလိုက် မယ်။ ခင်ဗျား ယုံချင်ယုံ၊ မယုံချင်နေ။ ဗုဒ္ဓရဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျွန်တော် ထက်ပိုပြီး ယုံကြည်တဲ့လူဟာ မြန်မာပြည်မှာ မရှိဘူးလို့ ဆိုချင်တယ်။ တူလျှင်သာ တူရမယ်။ ကျွန်တော်ထက် ယုံကြည်မှုမပိုနိုင်ဘူး ထင်တယ်”

တယ်ဆိုတဲ့ ဆရာကြီးပါလား”

ခင်ဗျားက ကျွန်တော့်ယုံကြည်မှုကို သံသယဖြစ်ပုံရလို့ ကျွန်တော်ပြောရ ခြင်းပါ။ ခင်ဗျားလို ထင်နေတဲ့လူကြီးတွေလည်း တော်တော်များပုံ ရတယ်။ ကိုင်း ဒီအကြောင်းကို တန်ပါတော့။ အနောက်တိုင်းသားများရဲ့ ကိုယ်ကျင့်တရားအ ကြောင်း ပြောကြပါစို့” “ဆရာကြီးအဆိုက ကျွန်တော်တို့ထက် သူတို့က သာတယ်ပေါ့လေ”