Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

Shwe U Daung - Great Expectations (Charles Dickens)

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out
Type

မျှော်တလင့်လင့်

(ကျွန်ုပ်) “ပစ်(ပ)ပါတဲ့ခင်ဗျာ”

(လူ) “မင်း .. ဘယ်မှာနေသလဲ၊ လက်ညှိုးထိုးပြစမ်း”

ကျွန်ုပ်သည် ထိုနေရာမှ တစ်မိုင်ခန့်ဝေးကွာ၍ သစ်ပင်များ ထူထပ်စွာရှိသော ကျွန်ုပ်တို့၏ ရွာကလေးသို့ လက်ညှိုးညွှန်ပြလိုက်ရာ လူကြီးမှာ ကျွန်ုပ်အား တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် ကျွန်ုပ်၏ခြေထောက်နှစ်ချောင်းကိုကိုင်၍ ဇောက်ထိုးထားလိုက်ခြင်းအားဖြင့် အိတ်ထဲမှ ဝတ္ထုပစ္စည်းများကို သွန်ချလေ၏။ ကျွန်ုပ်၏အိတ်ထဲမှပေါင်မုန့်ပဲ့လေး တစ်ခုထွက်ကျလာရာတွင် လူကြီးသည် ကျွန်ုပ်ကို သင်္ချိုင်းကျောက်တုံး တစ်ခုပေါ်၌ တင်ထား၍ ပေါင်မုန့်ပဲ့ကလေးကို ကောက်ယူပြီးလျှင်လောဘတကြီး စားလေ၏။

(လူ) “မင့် ပါးကလေးတွေက ဖောင်းလို့၊ ငါကိုက်စားလိုက်ရတယ်ကောင်းမှာပဲ”

(ကျွန်ုပ်) “မစားပါနဲ့ လူကြီးခင်ဗျား”

(လူ) “ဟေ့ ... ကောင်လေး ဒီမှာကြည့်စမ်း၊ မင့်အမေကော”

(ကျွန်ုပ်) “ဟိုမှာပါခင်ဗျာ”လူကြီးမှာ ဖျတ်ခနဲ လန့်သွား၍ ရုတ်တရက် ပြေးသွားပြီးမှရပ်ကြည့်နေလေ၏။

(ကျွန်ုပ်) “ဟိုမှာပါ ခင်ဗျား၎င်း၏မယား” ဆိုတာ ကျွန်တော့် အမေပါပဲ”

(လူ) (ပြန်လျှောက်လာ၍) “ဒါဖြင့် မင့်အမေနဲ့ ယှဉ်နေတဲ့ မြေပုံကမင့်အဖေပေါ့”

(ကျွန်ုပ်) “မှန်ပါတယ် ခင်ဗျား”

(လူ) “ဒါဖြင့် မင်းဘယ်သူနဲ့ နေသလဲ”

(ကျွန်ုပ်) “ကျွန်တော့် မမနဲ့ နေပါတယ်ခင်ဗျာ၊ ပန်းပဲသမား ဂျိုးဂါ

ဂရီရဲ့ မယား မစ္စစ်ဂါဂရီပါတဲ့”

(လူ) “ဟေ .. ပန်းပဲသမှားမယားတဲ့ ... ဟုတ်လား”

လူကြီးသည် သူ၏ခြေထောက်မှ ခြေချင်းကို ငုံ့ကြည့်လေ၏။ ၎င်းနောက် ကျွန်တော်၏ ပခုံးနှစ်ဖက်တွင် လက်နှစ်ဖက်တင်၍ မျက်နှာ ကို စိုက်ကြည့်ရင်း .... ။

(လူ) “ဟေ့ ကောင်လေး ဒီမှာ ကြည့်စမ်း တံစဉ်းသိလား”

(ကျွန်ုပ်) “သိပါတယ်ခင်ဗျာ”

(လူ) “စားစရာကော သိလား”

(ကျွန်ုပ်) “သိပါတယ် ခင်ဗျာ”

(လူ) “ကောင်းပြီ တံစဉ်းတစ်ချောင်းရယ်၊စားစရာရယ် ငါ့ဆီယူလာခဲ့။ မယူခဲ့ရင် မင်းအသည်းနှလုံးကို ငါထုတ်စားမယ် ကြားလား။ နက်ဖြန် နံနက် စောစောကြီး ယူလာခဲ့ရမယ်။ နို့ပြီး ငါနဲ့တွေ့ခဲ့တယ်လို့ ဘယ်သူ့မှ မပြောနဲ့နော်၊ မင့်အသည်းနှလုံးကိုထုတ်ပြီး မီးကင်စားလိမ့်မယ်သတိထား။ မင်းက ငါ့တစ်ယောက်တည်းထင်သလား၊ မဟုတ်ဘူး မောင်လုလင် တစ်ယောက်ပါသေးတယ်။ ဟိုကောင်က သိပ်ဆိုးတဲ့အကောင်ကွ။ သူနဲ့ နှိုင်းလျှင် ငါကသူတော်ကောင်း မောင်ရေ့၊ ဟိုအကောင်ကမှသိပ်ဆိုးတာ။ အခု ငါပြောတဲ့စကားတွေကို သူက အားလုံးကြားတယ် နားလည်လား။ အဲဒီလုလင်က လူစွမ်းကောင်းကလေးကွ၊ မင်းတို့လို ကလေးတွေက သူက အသည်းနှလုံး ထုတ်ထုတ်ပြီးစားတယ်။ သူစားခဲ့တဲ့ကောင်ကလေး ပေါင်းများလှပြီ၊ တတ်နိုင်လို့ မင်းက အိမ်ခန်းထဲဝင် တံခါးပိတ်စောင်ခြုံ ဘယ်လိုပဲ ပုန်းနေနေ သူက တွေ့အောင်ရှာပြီး အသည်းနှလုံးကို နုတ်စား နိုင်တယ်။ အခုတောင် သူက မင့်ကို စားချင်လှပြီ၊ ငါက မနည်း တောင်းပန်ထားရတယ်။ ကိုင်း ... မင်း ဘာပြောချင်သလဲ”

ထိုအခါ ကျွန်ုပ်က သူလိုသော အရာဝတ္ထုနှင့်စားစရာများပါ နံနက်စောစောကြီး ယူခဲ့ပါမည်ဟု ကတိထားလေ၏။

(လူ) “အေး .. ကောင်းတယ်၊ မယူခဲ့ရင် လုလင်ကို ငါလွှတ်လိုက်မယ်နော်”

(ကျွန်ုပ်) “ယူခဲ့မှာပါ ခင်ဗျာ”

(လူ) “ကိုင်း ... ပြန်တော့၊ မမေ့နဲ့နော် ဒါပဲ”

*