Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မျက်စိတစ်ဖက်လှပ်အသင်းအမှု၌မောင်စံရှားစုံထောက်ပုံ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

ကြိုးကြာကန်ရွာ လူသတ်မှုတွင် မောင်စံရှားစုံထောက်ပုံ

များမကြာမီက ရန်ကုန်မြို့၌ နေ့စဉ်ထုတ်ဝေဖြန့်ချိလျက်ရှိသော သတင်းစာ တိုက်တစ်တိုက်တွင် လက်ထောက် သတင်းစာဆရာတစ်ယောက် လစ်လပ်ကြောင်းနှင့် သတင်းစာတစ်စောင်တွင် တွေ့ရှိ၍ သတင်းစာ ရေးသားခြင်း၌ ဝါသနာ ပါရှိသည့် အလျောက် လျှောက်ထားလိုက်ရာ ကျွန်တော်သည် ၎င်းအလုပ်ကို ရရှိပါကြောင်း။

ထိုသို့ ရရှိပြီးနောက် ကျွန်တော်သည် ပစ္စည်းအနည်းငယ်နှင့် မန္တလေးမှ ရန်ကုန် သို့ ဆိုက်ရောက်လာရာ ရန်ကုန်မြို့ပေါ်၌ သိဟောင်းကျွမ်းဟောင်း မိတ်ဆွေသူငယ် ချင်း တစ်ဦးတစ်ယောက်မျှ မရှိသည်နှင့် စားသောက်နေထိုင်ရန် တည်းခိုနေအိမ် မရှိသည့်အခိုက်တွင် ဟိုတယ်တစ်ခု၌ ဧည့်သည်အဖြစ်ဖြင့် သုံးလေးရက် တည်းခိုလျက် နေရပါကြောင်း။ ။

ထိုသို့နေထိုင်စဉ် ကျွန်တော်၏ လခသည် ဟိုတယ်၌ ကြာရှည်စွာ နေထိုင်ရန် မလုံလောက်သည် ဖြစ်သောကြောင့် တော်သင့်တော်ရာ ရှာဖွေတည်းခိုရန် ကြံစည်လျက် ရှိဆဲတွင် ကံအားလျော်စွာ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နှင့် လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံမိပါကြောင်း။ ။

ထိုအခါ ကျွန်တော်သည် သူငယ်ချင်းအား အကျိုးအကြောင်းပြောပြ၍ တည်းခို ရန် အိမ်တစ်ခုကို ရှာဖွေ၍ပေးရန် အကြောင်းကို ပြောလေလျှင် သူငယ်ချင်း ဖြစ်သူကမည်သို့ ဖော်စပ်ရကြောင်း၊ ၎င်းအဆိပ်မျိုးကို စားသောက်မိသည့်အခါ လူနာသည် မည်သို့ ထူးခြားကြောင်း၊ မည်သို့သော နည်းဖြင့် စားမိကြောင်း သိရှိနိုင်ကြောင်း၊နောက်ဆုံးဖော်သည့် အဆိပ်တစ်မျိုးမှာ လျှာပေါ်သို့ ရောက်ရောက်ချင်း လူကို သေစေ တတ်ကြောင်း၊ ၎င်းကို မည်သူ ပထမတွေ့ရှိကြောင်း စသည်ဖြင့် အဆိပ်မျိုးပေါင်း ၅၀ ကျော်ခန့်ကို ရှင်းလင်းသေချာစွာ အတ္ထုပ္ပတ္တိနှင့်တကွ ပြောဆိုနိုင်လေသည်။

ကျွန်တော်သည် မောင်စံရှားနှင့်အတူ နေထိုင်၍ တနင်္ဂနွေ နှစ်ပတ်ခန့်ရှိလျှင် ထိုအတွင်းတွင် မောင်စံရှားထံသို့ လာရောက်ကြသော သူအပေါင်းတို့အနက် အချို့မှာ လည်း သူတောင်းစားကဲ့သို့ ဝတ်ဆင်လျက်၊ အချို့မှာလည်း မစွမ်းမသန် ယောင်ဆောင် ပြီးလျှင် အိမ်ပေါ်သို့ ရောက်သည့်ကာလ လူကောင်းပကတိ ဖြစ်လျက်၊ တစ်ခါတစ်ရံမှာ လည်း ကောင်းမွန်စွာ ဝတ်စားဆင်ယင်၍ မိကောင်းဖခင်တို့၏ သမီးပျိုကလေးများ အသွင်ရှိသော မိန်းကလေးများလည်း လာရောက်တတ်လေသည်။

ကျွန်တော်လည်း ထိုသူတို့ကို မြင်လျှင် မည်သည့်အကြောင်းကိစ္စနှင့် လာ ရောက်ကြသည်များကို သိလိုလှသဖြင့် မောင်စံရှားအား ကျွန်တော်သည် စုံထောက် ပညာများကို လိုလားသူတစ်ယောက် ဖြစ်ကြောင်းနှင့် ပြောဆိုအကျွမ်းဖွဲ့ပြီးလျှင် ကျွန်တော် အားလပ်သည့်အခါနှင့် ကြုံကြိုက်ပါက အမှုစုံထောက်ရန် တစ်ခါတစ်ခေါက် လောက် ခေါ်ငင်ရန် အကြောင်းနှင့် ပြောဆိုလေသည်။

တစ်နေ့သ၌ စနေနေ့ည ဖြစ်သဖြင့် ကျွန်တော်သည် အရိပ်ပြပွဲသို့ သွားမည်ဟု ပြင်ဆင်နေဆဲတွင် မောင်စံရှားသည် ဟောင်းနွမ်းညစ်စုတ်စွာ ဝတ်ဆင်လျက် ခရီးဝေးမှ ပြန်လာသည့် လက္ခဏာနှင့် အိမ်ပေါ်သို့ တက်လာပြီးလျှင် အဝတ်များကို လဲလှယ်ပြီး နောက် ကျွန်တော့်အား

ခင်ဗျား တစ်နေ့က အားလပ်သည့်အခါနှင့် ကြုံကြိုက်လျှင် ခေါ်ပါဟု ကျွန်တော့်ကို ပြောသည် မဟုတ်လား၊ ကဲ အခု ကျုပ် ဇီးကုန်းဘူတာ၊ ကြိုးကြာကန်ရွာ လူသတ်မှုအကြောင်းနှင့် စုံထောက်ရန် သွားရပေမည်၊ ည ၉ နာရီ ၁၅ မိနစ် ရထားနှင့် လိုက်ရမည်၊ ခင်ဗျား လိုက်နိုင်မလား” ဟု ပြောလျှင် ကျွန်တော့်မှာ ၎င်းလူသတ်မှု အကြောင်းကို ထိုနေ့သတင်းစာတွင် တွေ့မြင်ရသဖြင့် အရိပ်ပြပွဲတွင် ပါရှိသော ပုံများမှာ တကယ်မဟုတ်၊ ဆင်၍သာလျှင် ရိုက်ထားသော ပုံများ ဖြစ်သည်။ ယခု အမှုမှာ တကယ်ဖြစ်သည့်အပြင် ထူးဆန်းသော အမှုလည်း ဖြစ်သောကြောင့် အရိပ်ပြပွဲထက် ကောင်းမည်ဟု သဘောရပြီးလျှင် အတူလိုက်ရန် ဝန်ခံလိုက်လေ၏။

၎င်းည ကိုးနာရီ ထိုးခါနီးလျှင် ကျွန်တော်နှင့် မောင်စံရှားတို့သည် လက်ဆွဲ သားရေအိတ်တစ်လုံးစီနှင့် ကွမ်းခြံဘူတာသို့ သွားရောက်၍ ဒုတိယတန်း လက်မှတ် နှစ်စောင်ကို ယူပြီးလျှင် ပြည်ရထားပေါ်တွင် နေရာထိုင်ခင်း ရရှိပြီးနောက် မီးရထား လည်း ထွက်လေ၏။

မောင်စံရှားလည်း သားရေအိတ်မှ ၎င်းညနေထုတ် ရန်ကုန်သတင်းစာကို ထုတ်ပြီး ကျွန်တော့်အားပေးသဖြင့် ကျွန်တော်သည် ၎င်းအမှုနှင့် ပတ်သက်၍ သတင်းစာတွင် ဖတ်ရှုရာ မြန်မာအဓိပ္ပာယ်မှာ

သားက အဖကို သတ်သည်ဆိုသည့် အမှုအကြောင်း

ရန်ကုန်မှ ပြည်သို့ သွားသော မီးရထားလမ်းရှိ ဇီးကုန်း ဘူတာအနီး ကြိုးကြာ ကန်ရွာသား ငပေါ်လာသည် အဖ ဦးပြည့်စုံ ဆိုသူကို လွန်ခဲ့သည့် ကြာသ ပတေးနေ့ ညနေတွင် ဦးခေါင်းကို တစ်စုံတစ်ခုဖြင့် ရိုက်နှက်၍ သတ်ဖြတ် သည်ဆိုပြီး ပုလိပ်တို့သည် ငပေါ်လာကို ဖမ်းဆီးချုပ်နှောင်လျက်ရှိကြောင်း၊ အဆိုပါ ကြာသပတေးနေ့ ညနေတွင် အဖ ဦးပြည့်စုံသည် ရွာအနီးရှိ ရေကန်တစ်ခုသို့ တစ်ယောက်တည်း ထွက်သွားရာ ၎င်းနှင့် မလှမ်းမကမ်းမှ သား ငပေါ်လာသည် ဝါးရင်းတုတ်ကြီး တစ်ချောင်းကို ကိုင်လျက် ထက်ကြပ် လိုက်ပါ၍ သွားသည်ကို မြင်လိုက်ကြောင်းနှင့် တစ်ယောက်သော သက်သေ က ထွက်ဆိုလေကြောင်း၊ ၎င်းပြင် အခြားသက်သေတစ်ဦးကလည်း ရေကန် အနီးတွင် သားအဖ နှစ်ယောက်တို့သည် တစ်စုံတစ်ခုအကြောင်းနှင့် တစ်ယောက်နှင့်တစ်ယောက် အတိုက်အခံ ငြင်းခုံလျက်ရှိရာမှ သား ငပေါ်လာ သည် ဒေါသအမျက် ချောင်းချောင်းထွက်သဖြင့် ဖခင်ကို ထိုးမည်ဟု လက် မြှောက်သည်ကို ရေခပ်နေသူ သူငယ်မကလေးတစ်ယောက်က မြင်လိုက်ကြောင်းနှင့် ထွက်ဆိုလေကြောင်း၊ မိန်းကလေးလည်း သားအဖ ရန်ဖြစ်နေ သည်ကို မကြည့်လိုမူ၍ ရေအိုးကို ချပြီးလျှင် အမိအဖ ရှိရာသို့ ပြေးသွား တိုင်ကြားလျက်ရှိစဉ် အဆိုပါ ငပေါ်လာသည် ဖျာယီးပျာယာနှင့် ၎င်းတို့ထံ ပြေးလာပြီးလျှင် မိမိ၏ ဖခင် သေဆုံးသည့် အကြောင်းကို တုန်လှုပ်သော အမူအရာဖြင့် ပြောဆိုလေကြောင်း၊ သူငယ်မကလေး၏ အမိအဖတို့ လည်း ငပေါ်လာ ပြောသည့်အတိုင်း သွားရောက် ကြည့်ရှုကြရာ ဖခင် ဦးပြည့်စုံမှာ