စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - မိုးကုတ်အမွေအမှု၌မောင်စံရှားစုံထောက်ပုံ

ရွှေဥဒေါင်း - မိုးကုတ်အမွေအမှု၌မောင်စံရှားစုံထောက်ပုံ

ပုံမှန်ဈေး 2,250 Ks
ပုံမှန်ဈေး 2,500 Ks ရောင်းဈေး 2,250 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

မိုးကုတ်အမွေအမှု၌ မောင်စံရှားစုံထောက်ပုံ

တစ်နေ့သ၌ မောင်စံရှားသည် ညောင်ကန်ရွာ ဓားပြမှုနှင့် လူသတ်မှုများ အတွက် အလွန်တရာ အလုပ်ရှုပ်လျက်ရှိနေစဉ် အသက် ၂၃ နှစ်ခန့် ရှိ၍ ဖျတ်ဖျတ် လတ်လတ်ရှိသော သူငယ်မတစ်ယောက်သည် အခန်းတွင်းသို့ ဝင်လာ၍

ဦးစံရှား ရှိပါရဲ့ လားရှင်” ဟု မေးရာ မောင်စံရှားသည် လူသတ်မှုအကြောင်းနှင့် စဉ်းစားစိတ်ကူးလျက် ရှိနေသည် ဖြစ်သောကြောင့် မိမိ အလုပ်လုပ်နေစဉ် နှောင့်ယှက် ခြင်းကို မကြိုက်မနှစ်သက်တတ်မြဲ ဖြစ်သည့်အတွက် စိတ်ရှုပ်သည့် လက္ခဏာနှင့်

ရှိတော့ ရှိပါတယ် ကလေးမရယ်၊ သို့သော်လည်း အမှုတစ်ခုရှိနေသေးလို့” ဟု ပြန်ပြောလေရာ ထိုမိန်းကလေးက မောင်စံရှား၏ မျက်နှာကို ခပ်ပြုံးပြုံး ကြည့်၍

အလုပ် ဘယ်လိုရှုပ်သော်လည်း ကျွန်မက တိုင်ပင်စရာရှိလို့ လာခဲ့တာများ အိမ်ပေါ်ကတော့ မောင်းမချကောင်းပါဘူး ထင်ပါရဲ့ ရှင်” ဟု ပြောသည်တွင် မောင်စံရှား မှာ မိန်းကလေး၏ ပြုံးရွှင်သော မျက်နှာကို မြင်ရ၍ စိတ်ကူး၍ ရသွားဘိသကဲ့သို့ ပြုံးရယ်ပြီးလျှင်

ကိုင်း ကိုင်း ဘာကိစ္စရှိလို့တုံး ဆရာမ၊ ဆယ်မိနစ်လောက်တော့ ကျုပ် နားထောင်ရမှာပေါ့လေ”

သူငယ်မ။ ။ “ကျွန်မက ဆရာမမှန်း ရှင် ဘယ့်နှယ်လုပ်သိသလဲ”

ရှား။ ။ “မိန်းကလေး ၁ဝဝ အင်္ဂလိပ်စာသင်ရင် ၉ဝ လောက်ဟာ လက်ပြင် နည်းနည်းကုန်းရောဗျ၊ ၉၅ ယောက်လောက်က ဘိုဆန်ဆန် ဖြစ်ကရော၊ ၉၉ ယောက်က ဆရာမ လုပ်ကရောဗျ” ဟု ပြောလေလျှင် သူငယ်မသည် ရယ်မော၍

ဟုတ်ပါတယ်ရှင်၊ ကျွန်မက ဆရာမပါပဲ၊ ကျွန်မ အဖြစ်အပျက်ကလေး တစ်ဆိတ်လောက် သည်းခံပြီး နားထောင်စေချင်ပါတယ်ရှင်”

ရှား။ ။ “ပြောပါဗျာ ပြောပါ၊ ဆယ်မိနစ်နော်”

သူငယ်မ။ ။ “ကောင်းလှပါပြီရှင်၊ ကျွန်မက မုဆိုးမ သမီးပါရှင်၊ ကျွန်မအဖေ ဆုံးတာ ငါးနှစ်လောက် ရှိပါပြီ။ ကျွန်မတို့အဖေမှာ ညီတစ်ယောက် ရှိတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပျောက်ပြီးသွားလိုက်တာ မိုးကုတ်မှာလိုလို သတင်းတော့ ကြား ရပါရဲ့၊ သို့သော် သူ့ဆီကတော့ ပျောက်သွားကတည်းက စာလည်း မပေး လူလည်း မလာ လူကြုံကလေးများ တွေ့တဲ့အခါမှာ သတင်းကလေး ကြားရရဲ့ ရှင်၊ အခုဖြင့် အဖေ ဆုံးပြီးကတည်းက တစ်ခါမှ မကြားရပါဘူးရှင်၊ ဒီလိုနဲ့နေတုန်း တစ်နေ့သ၌တော့ လူနှစ်ယောက် ကျွန်မတို့အိမ်ကို မေးပြီး ပေါက်လာကြတယ်ရှင့်၊ သူတို့က ကျွန်မတို့ ဦးလေးနဲ့ သူငယ်ချင်း မိတ်ဆွေများပါတဲ့၊ အင်မတန် ခင်ပါတယ်တဲ့၊ ရန်ကုန် ရောက်တဲ့အခါ ဝင်ခဲ့ပါဆိုလို့ ဝင်ခဲ့ပါတယ်တဲ့”

ရှား။ ။ “ဒီဟာက ဘယ်တော့ကလဲ၊ ဘယ်လောက် ကြာပြီလဲ”

မ။ ။ “နှစ်လလောက် ရှိပါပြီရှင်”

ရှား။ ။ “ကောင်းပြီ၊ ပြောပြစမ်းပါဦး”

မ။ ။ “ဒီလူနှစ်ယောက်အနက် တစ်ယောက်ကတော့ ကိုအဲရီတဲ့၊ မိုးကုတ်ရှမ်းပါပဲ။ လူပုံက တယ်ကြီး အရုပ်မဆိုးပေမဲ့ လူမြင်မြင်ချင်း ပြုံးစိစိလိုလို ဘာလိုလို မျက်နှာထား နှင့် အင်မတန် ရွံဖို့ကောင်းတဲ့ လူတစ်ယောက်ပါပဲ၊ တစ်ယောက်ကတော့ဖြင့် အသက် သုံးဆယ်ကျော်လောက် ရှိပြီ၊ ဦးလင်းတဲ့၊ သူကတော့ဖြင့် မွန်မွန်ရည်ရည် ပြေပြေပြစ်ပြစ် စကားပြောတတ်ပါရဲ့ ရှင်၊ ဟိုလူကတော့ဖြင့် အသက် ၂၅ နှစ်လောက်၊ အသားက ဖြူဖြူစပ်စပ်နှင့်၊ အမြင်ကတ်ဖို့ ကောင်းတဲ့ လူတစ်ယောက်ပါပဲရှင်၊ ဒါနဲ့ အဲဒီ လူခပ် ကြီးကြီး ဦးလင်းဆိုတဲ့သူက ကျွန်မတို့ သားအမိနှစ်ယောက်မှာ ဘွိုင်းကောက်တွေ ဘာတွေကြောင့် အလုပ်မရှိအကိုင်မရှိတဲ့ အကြောင်းကြားသိလေတော့ သူ့မှာ သမီး ကလေးတစ်ယောက် ရှိပါတယ်တဲ့၊ ယခု သူနေတော့ သမိုင်းမှာ ခေတ္တ တည်းခိုနေပါ တယ်တဲ့၊ သုံးလလောက် ကြာမှ ပြန်ပါမယ်တဲ့၊ ဒီတော့ကာ သူတို့ မိုးကုတ်မပြန်ခင်

သူငယ်မ။ ။ “မရှိဘူးရှင့်”

ရှား။ ။ ‘လမ်း ဒီတစ်ခုပဲ ရှိတယ် ဟုတ်စ၊ အဝေးကြီး မျှော်ကြည့်သေးသလား”

သူငယ်မ။ ။ “ကြည့်ပါတယ်ရှင်၊ လမ်းကြီးမှ ဖုန်လို့”

ရှား။ ။ ဒီအနားမှာ အိမ်များ မရှိဘူးလား”

သူငယ်မ။ ။ “မြောက်ဘက်ကတော့ဖြင့် လယ်ပြင်တွေပဲရှင့်၊ တောင်ဘက်ကတော့ ဒီအနားမှာ အိမ်ကြီးတစ်လုံး မြင်တယ်။ သို့ပေမဲ့ လူတော့ ရှိဟန် မတူဘူး၊ ကိုင်း ဒါပါပဲ ရှင်၊ ဒီအကြောင်း ကျွန်မ မဝေခွဲတတ်အောင် ရှိလေတော့ ဦးတို့ တစ်ဆိတ် တတ်နိုင်မလားလို့ လာခဲ့ပါတယ်ရှင်” ဟု ပြောလျှင် မောင်စံရှားလည်း ခေတ္တမျှ စဉ်းစား စိတ်ကူးကာ နေပြီးနောက် ၊

ရှား။ ။ “ကျုပ် တစ်ခု မေးမယ်၊ မိန်းကလေး ရှက်တတ်မှာလား”

သူငယ်မ။ ။ “မရှက်ပါဘူးရှင်၊ မေသာ မေးပါ”

ရှား။ ။ “မိန်းကလေး ရည်းစားများ ရှိသလား”

သူငယ်မ။ ။ (မျက်နှာပျက်လျက် ရှက်ရှက်နှင့်) “ရှိတော့ ရှိပါတယ်ရှင်၊ သို့သော် ဘယ်နည်းနဲ့မှ ကိုတင်အောင်တော့ မဟုတ်နိုင်ပါဘူး”

ရှား။ ။ (ပြုံးလျက်) “ဪ ကိုတင်အောင်တဲ့လား၊ ဒါထက် ဒီပြင် မိန်းကလေးကို ပိုးနေတဲ့ လူများ ရှိသလား” သူငယ်မ။ ။ မရှိပါဘူး၊ ခုနက ပြောတဲ့ ကိုအဲရီ တစ်ယောက်ပဲ ရှိပါတယ်”

ရှား။ ။ “စဉ်းစားပါဦးဗျာ၊ ဒီပြင်များ မရှိဘူးလား”

သူငယ်မ။ ။ (မျက်နှာနီလျက်) “ကျွန်မ ကျွန်မ အထင်ပြောရမှာဖြင့် ဦးလင်းကလည်း ကျွန်မကို မေတ္တာရှိတဲ့ လက္ခဏာတော့ ရှိတယ်ရှင့်၊ သို့သော်လည်း ဒီအကြောင်းကို တစ်လုံးဖွင့်ပြီး မပြောဖူးရှာပေဘူးရှင်၊ ဒါပေမဲ့ မိန်းမဆိုတာမျိုးဟာ ယောက်ျား မျက်နှာမြင်ရင် ကိုယ့်ကို ချစ်ခင်တယ် မချစ်ခင်ဘူးဆိုတာ အသိသားဟာကိုးရှင့်” ရှား။ ။ “သော် ဟုတ်ကဲ့လား၊ ဒီလူက ဘာများ လုပ်ကိုင်စားသောက်သလဲ”

သူငယ်မ။ ။ “မိုးကုတ်မှာတော့ ကျောက်ပွဲစားပဲရှင့်၊ ဒီမှာတော့ ဘာမှ မလုပ်ဘူး၊ အလည်သက်သက်လာတယ် ပြောတယ်”

 ရှား။ ။ “ကိုင်း ကိုင်း တော်လောက်ပါပြီ၊ ပြန်ပေဦးတော့ မိန်းကလေးရယ်၊ ကျုပ်လည်း ယခုတော့ဖြင့် နည်းနည်းအလုပ်ရှုပ်သေးတယ်၊ နောက်များမှ ဒီအကြောင်း ထပ် လောင်းပြီး စုံစမ်းရသေးတာပ၊ သို့သော် ကျုပ်ကို မတိုင်ပင်ဘဲ ဘာတစ်ခုမှ မလုပ်နဲ့နော်၊

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။