Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဘီလူးစည်းလူ့စည်းပိုင်ဖြားသတ်မှတ်သင့်သောအချက်အလက်များ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ကမ္ဘာနှင့်အဝှမ်း ခေါင်းပါးလာသည့် အခြင်းအရာတစ်ခု

ငြိမ်း ။ “ဒီကနေ့တော့ ခင်ဗျားအားထုတ်ထားတယ်ဆိုတဲ့ မေတ္တာဘာဝနာအကြောင်းကို ဆွေးနွေးကြစို့ဗျာ”

ရွှေ ။ “ခင်ဗျားသိချင်တာကို မေးစမ်းဗျာ”

ငြိမ်း ။ “ခင်ဗျားဟာ ဝိပဿနာနဲ့ပတ်သက်လို့ စာအုပ်တွေတောင် ထုတ်လာခဲ့ပြီး အားထုတ်ရာကျတော့ ဘာ့ကြောင့် မေတ္တာဘာဝနာဘက်ရောက်သွားသလဲဗျာ”

ရွှေ ။ “ဝိပဿနာအလုပ်ဆိုတာက ကိုယ်ရေးကိုယ်တာ လွတ်မြောက်ရေးအတွက် ဖြစ်တယ်။ ဒီခေတ်မှာ ကမ္ဘာနဲ့အဝှမ်း မေတ္တာတရား ခေါင်းပါးလာကြလို့ အတိုက်အခိုက်၊ အသတ်အဖြတ်တွေ ပေါ များနေလေတော့ မေတ္တာ ဘာဝနာအလုပ်ကို အားထုတ်ရလျှင် သတ္တဝါအများအဖို့ ကျေးဇူးပြုနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်မေတ္တာပွားများခြင်းအလုပ်ကို အားထုတ်ကြည့်ခြင်းပါပဲဗျာ”

ငြိမ်း ။ “ခင်ဗျားက မေတ္တာပို့ရုံနဲ့ လူတွေ ကောင်းစားနိုင်ရောလားဗျာ”

ရွှေ ။ “ကျုပ်က စိတ်ရဲ့ တန်ခိုးသတ္တိကို ယုံကြည်ထားတဲ့ လူတစ်ယောက်ဗျ။ လူ့သမိုင်းတစ်လျှောက်လုံးမှာ ထူးထူးကဲကဲ စိတ်စွမ်းရှိပြီး လောဘကြီး တဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ပေါ်ပေါက်လာတဲ့အခါတိုင်း လူတွေအများအပြား ဒုက္ခရောက်ကြရခြင်းကို ကြုံခဲ့ကြ ရတယ်။ ဥပမာ ဂန်ဂစ္စခန်တို့၊ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ကိုင်ဇာတို့၊ ဟစ်တလာတို့ပေါ့ဗျာ။ ဟစ်တလာတစ်ယောက် ပေါ် ပေါက်တဲ့အတွက်ဆိုလျှင် ဒုတိယကမ္ဘာစစ်မှာ ကမ္ဘာသူ ကမ္ဘာသား သန်းပေါင်း ၂၀ ကျော်လောက် သေကျေပျက်စီးခဲ့ရတယ်လို့ ဆို တယ်။ မကောင်းတဲ့ဘက်က အစွမ်းထက်သလို ကောင်းတဲ့ဘက် မှာလည်း အသုံးချတတ်သူရှိလျှင် အစွမ်းသတ္တိရှိနိုင်တယ်လို့ယုံကြည်တယ်ဗျာ”

ငြိမ်း ။ “စိတ်စွမ်းရှိတဲ့ လောဘသမားကြောင့် လူတွေဒုက္ခရောက်ကြရခြင်းကတော့ ဟုတ်ပါပြီ၊ ကောင်းတဲ့ဘက်အကြောင်းကို သာဓကတင်ပြစမ်းပါဦးဗျာ”

ရွှေ ။ “မေတ္တာတရားအကြောင်းကို ဂေါတမဗုဒ္ဓ ဟောတော်မူတာ ခင်ဗျားကြားဖူးတယ် ဟုတ်လား”

ငြိမ်း ။ “ပြောစမ်းပါဗျာ”

ရွှေ ။ “တိရစ္ဆာန်ကို ပေးလှူရခြင်းထက် အလို (လူယုတ်မာ)ကို ပေးလှူရခြင်းက မြတ်တယ်၊ သည့်ထက် လီ (သူတော်ကောင်း)ကို ပေးလှူရခြင်းက အကျိုးကြီးတယ်၊ သူ့ထက် သောတာပန်ပုဂ္ဂိုလ်၊ သည့်ထက် သကဒါဂါမ်၊ သည့်ထက်အနာဂါမ်၊ သည့်ထက် ရဟန္တာ၊ သည့်ထက်ပစ္စေကဗုဒ္ဓါ၊ သည့်ထက် သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားကို ပေးလှူရခြင်းက အကျိုးကြီးတယ်၊ မြတ်စွာဘုရားတွေ တင်ပလ္လင် ခွေလျက် စကြဝဠာ တစ်ပတ်ပြည့်အောင် ထိုင်တော်မူ နေကြသည် ကို သင်္ကန်းတစ်စုံစီ ကပ်လှူရခြင်းထက် မေတ္တာတရားကို ပန်း တစ်နမ်းစာအချိန်မျှလောက် အာရုံပြုရခြင်းက အကျိုးများတယ်လို့ဟောတော်မူခဲ့တယ်ဗျ”

ငြိမ်း ။ “ဒီလိုဆို မေတ္တာတရားဟာ တယ်တန်ဖိုးကြီးပါကလားဗျ။ ဘယ်လို မေတ္တာမျိုးပါလိမ့်ဗျာ”

ရွှေ ။ “မိန်းကလေးတစ်ယောက်ကို ယောက်ျားကလေးတစ်ယောက်က“မင်းကို ငါမေတ္တာရှိပါတယ်ကွယ်” ဆိုတဲ့ မေတ္တာမျိုး မဟုတ်သေးဘူးဗျ”

ငြိမ်း ။ “သားနဲ့အမိ၊ မောင်နဲ့နှမ အချင်းချင်းထားရှိတဲ့ မေတ္တာမျိုးကောဗျာ”

ရွှေ ။ “ကိုယ့်သား ကိုယ်ချစ်ခြင်း၊ ကိုယ့်နှမ ကိုယ်ချစ်ခြင်း ဆိုတာမျိုးတွေကတော့ ဓမ္မတာ မေတ္တာမျှသာဖြစ်တယ်၊ အကျိုးပေးထူးကဲ လောက်အောင် ကြီးကျယ်တဲ့မေတ္တာမျိုး မဟုတ်သေးဘူးဗျ။ ဆွေမ တော် မျိုးမတော် သူငယ်ချင်းမိတ်ဆွေမျှ မဟုတ်တဲ့ သူစိမ်းတစ်ရံ ဆံများအပေါ်မှာ ခုတင်က ပြောခဲ့တဲ့ သားအမိ၊ သားအဖတို့ရဲ့ကောင်းစားစေချင်သော (ဗြဟ္မစိုရ်)မေတ္တာမျိုးထားရှိနိုင်ပါမှ အကျိုးပေး ကြီးကျယ်ထက်သန်နိုင်တယ်လို့ ဆိုလိုတယ်ဗျ”

ငြိမ်း ။ “သဗ္ဗေသတ္တာ အဝေရာဟောန္တု အစချီတဲ့ မေတ္တာသုတ် ပရိတ်တော်ကို ခေါက်ပေါင်းများစွာ ရွတ်ဆိုလျှင်ကောဗျာ”

ရွှေ ။ “ပရိတ်ရွတ်ခြင်းကတော့ အကျိုးရှိပါတယ်။ သို့သော် ခုတင်ကပြောခဲ့တဲ့ ပန်းတစ်နမ်းစာ အချိန်မျှဆိုတဲ့ မေတ္တာမျိုးတော့ မဟုတ် ပေသေးဘူးဗျ။ ဒါမျိုးလောက်နဲ့ဆိုလျှင် ပရိတ်တစ်သုတ်ဆို ပန်း အကြိမ်တစ်ရာနမ်းသလောက်မကလို့ ပရိတ်သမားတွေ ဗြဟ္မာပြည်က ဆင်းရဖို့တောင် မရှိတော့ဘူး”

ငြိမ်း ။ “ခင်ဗျား မေတ္တာပို့ပုံကို ပြောပြစမ်းပါဦးဗျာ”

ရွှေ ။ “ထုံးစံအတိုင်း မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ချင်လည်း ရွတ်ပေါ့ဗျာ၊ မေတ္တာသုတ်ပရိတ်ကတော့ အခါခပ်သိမ်း သင့်တော်အောင် စပ်ဟပ်ထားခဲ့တဲ့ သုတ်ပေကိုးဗျ။ သို့သော် ကျုပ်ကတော့ သည် ခေတ် သည်အခါနဲ့ သင့်တော်အောင် ကိုယ့်ဟာကိုယ် စီမံဖန်တီးထားခဲ့တဲ့ စာကလေးတစ်ပုဒ် ရှိတယ်”

ငြိမ်း ။ “ဘယ်လိုလဲဗျာ”

ရွှေ ။ “သည်ခေတ်ဟာ တိုင်းပြည်သားအချင်းချင်း၊ အစိုးရ အချင်းချင်း၊ကမ္ဘာသားအချင်းချင်း မသင့်မတင့်ရှိကြပြီး နေ့ ရှိသမျှ ရန်ဖြစ်နေ ကြတဲ့ အချိန်အခါ ဖြစ်နေတယ်၊ တစ်ကျပ်တန်အတွက်နဲ့သတ်၊ စကားပြော မတည့်ရုံနဲ့ သတ်၊ အဖိုးမတန်တဲ့ ကျောက်ကုန်းအ တွက် လူပေါင်းထောင်သောင်း အသေခံတိုက်၊ ကမ္ဘာတစ်ခြမ်းကွာလှမ်းတဲ့ဒေသမှာ အာဏာစက်ဖြန့်ချိရေး အတွက် ငွေကိုရေလို သွန်ပြီး အသက်ပေါင်းထောင်သောင်း ဆုံးရှုံးခံတိုက်၊ လူ့သမိုင်းမှာ မကြုံခဲ့ဖူးသလောက် ကြံကြံစည်စည် လောဘဇောထွက်ပြီး အလဟဿငွေကုန်လူသေခံနေကြတဲ့ခေတ်ကြီးပဲလို့ ကျုပ် မြင်နေတယ်ဗျာ

ငြိမ်း ။ “ကျုပ်လည်း သဘောတူပါတယ်၊ သည်တော့ ဘယ့်နှယ်လုပ်မလဲဗျာ

ရွှေ ။ “စိတ်အားထက်သန်စွာနဲ့ မေတ္တာပို့ရမယ်ဗျ”

ငြိမ်း ။ “စိတ်အားထက်သန်စွာ ဆိုတာ ဘယ်လိုလုပ်မှလဲဗျ”

ရွှေ ။ “ခုတင်က ပြောခဲ့တဲ့ နပိုလီယံတို့၊ ကိုင်ဇာဘုရင်တို့၊ ဟစ်တလာတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ လောဘကြီးရုံ ကြီးကြတာ မဟုတ်ဘူးဗျ။ စိတ်ဓာတ် (Will Power) ထက်သန်ကြတဲ့ လူတွေဖြစ်တယ်။ မကောင်းတဲ့ဘက်မှာ ဖြစ်စေ၊ ကောင်းတဲ့ဘက်မှာဖြစ်စေ၊ အစွမ်းထက်ဖို့ဆိုလျှင် စိတ်ဓာတ်ထက်သန်ဖို့ လိုတယ်ဗျ”

ငြိမ်း ။ “ဟုတ်မှာပေါ့ ဗျာ၊ သည်တော့ ခင်ဗျား ဘယ့်နှယ်လုပ်သလဲ”

ရွှေ ။ “စိတ်ဓာတ်အင်အားကြီးထွားအောင် စိတ်စူးစိုက်တဲ့ (Concentration) အလေ့အကျင့် လုပ်တယ်ဗျ"

ငြိမ်း ။ “ဘယ်လိုလုပ်သလဲဗျာ”

ရွှေ ။ “ကျုပ်က အသက် ၃၅-၃၆ နှစ်လောက်ကတည်းက သင်္ကန်းဝတ်ပြီး အားထုတ်ခဲ့တာ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်စိတ်ထိ | အောင် ရောက်ခဲ့ဖူးတယ်”

 ငြိမ်း ။ “ဒါဖြင့် ခင်ဗျား တန်ခိုးသတ္တိထူးတွေ ရခဲ့ဖူးတယ်လား”

ရွှေ ။ “တန်ခိုးဆိုတာ အဘိဉာဏ်ဗျ၊ ဈာန်စိတ်ဖြစ်ရုံနဲ့ အဘိဉာဏ်ရသည် မဟုတ်သေးဘူး။ ကျုပ်ရေးခဲ့တဲ့ တစ်သက်တာမှတ်တမ်းစာအုပ်ထဲမှာ ရှင်းပြဖူးပါတယ်”

ငြိမ်း ။ “ခုလည်း ခင်ဗျားရတယ်လား”

ရွှေ ။ “ဟိုတုန်းကတည်းက ‘လျှောခဲ့ပါပြီ။ သို့သော် ကျုပ်မှာ အထုံပါရမီရှိထားလေတော့ ရက်အနည်းငယ် လေ့ကျင့်လိုက်တယ် ဆိုလျှင် အပုံကြီးစိတ်တည်ငြိမ်လာပြီး သမာဓိကောင်းလာလို့သတ္တိကလေးများ ပေါ်လာပါတယ်”

ငြိမ်း ။ “ပြီးတော့ကောဗျာ”

ရွှေ ။ “စိတ်တည်ငြိမ်ပြီး ထက်သန်အောင် လုပ်ပြီးတဲ့နောက် စိတ်ကိုဖြူစင်အောင် လုပ်ရသေးတယ်။ ကောက်ကျစ်တဲ့စိတ်၊ ညစ်ပတ် တဲ့စိတ်၊ မနာလိုဝန်တိုအားကြီးတဲ့ စိတ်မျိုးရှိလျှင် မအောင်မြင်နိုင်ဘူးဗျ”

ငြိမ်း ။ “ရဟန္တာဖြစ်လောက်အောင် ဖြူစင်မှလားဗျာ”

ရွှေ ။ “ရဟန္တာလောက် မဖြူစင်တောင် ဣဿာ မစ္ဆရိယခေါ်တဲ့ မနာလိုဝန်တိုမှုတို့ကို လက်မခံဘဲဖြူစင်အောင် ကြိုးစားမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တော့ ရှိရမယ်ဗျ”

ငြိမ်း ။ “ဟုတ်တယ်ဒါ့၊ တစ်ဖက်သားကြီးပွားခြင်းကို မနာလိုတတ်တဲ့လူဟာ မေတ္တာဘာဝနာပွားလို့ ဘယ်အောင်မြင်နိုင်မလဲဗျာ၊ ဆန့်ကျင်ဘက်ပဲ၊ နောက်ကောဗျာ”

ရွှေ ။ “စိတ်၏ခွန်အား ထက်သန်ခြင်း၊ ဖြူစင်ခြင်းဆိုတဲ့ အင်္ဂါနှစ်ရပ်နဲ့ပြည့်စုံတဲ့အခါမှာ အောက်ပါအတိုင်း နှလုံးသွင်းတယ်ဗျ။“မိမိမှအစ တိုင်းပြည်သားအချင်းချင်း၊ ကမ္ဘာသားအချင်း ချင်း သင့်သင့်မြတ်မြတ် ကြင်ကြင်နာနာ ကိုယ်ချင်းစာလျက် သဒ္ဓါ ကြည်ဖြူစွာနှင့် ကူညီစောင့်ရှောက်ကြခြင်းများကို မြင်လိုလှပါဘိ သည်၊ ကြားလိုလှပါဘိသည်”

အဲဒီအတိုင်း အကြိမ်ကြိမ်အဖန်ဖန် နှုတ်မှရွတ်ဆိုရင်း ၎င်း စကားများတွင် ပါရှိတဲ့ အနက်အဓိပ္ပာယ်အတိုင်း စိတ်ထဲက လှိုက် လှိုက်လှဲလှဲ လေးလေးနက်နက် နှလုံးသွင်းလိုက်ပါဖို့ ကြိုးစားရ တယ်ဗျ။ တချို့လူတွေ မေတ္တာသုတ် ပရိတ်ရွတ်တော့ ပါးစပ်က ရွတ်ပြီး စိတ်က ရောက်ချင်ရာရောက်၊ စဉ်းစားချင်ရာ စဉ်းစားလို့အကျိုးမများဘူးဗျ”

ငြိမ်း ။ “ဟုတ်တာပေါ့ ဗျာ၊ ဘယ်နှစ်ခေါက်လောက် ရွတ်ရသလဲဗျ”

ရွှေ ။ “အချိန်ပေးနိုင်သလောက်ပေါ့ဗျာ။ နှလုံးသွင်းရင်း ရွတ်ဆိုလို့ စာတော်တော် ကျေလာတဲ့အခါကျတော့ ပါးစပ်ကရွတ်ဆိုခြင်းကို