Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ဒေါက်တာဘူကာတီ၀ါရှင်တန်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
Type

ဘူကာ၊ တီ၊ ဝါရှင်တန်၏ ပဏာမ

အတ္ထုပ္ပတ္တိအကျဉ်းချုပ်

ဘူကာ၊ တလိအဖာရ်ရို၊ ဝါရှင်တန်ခေါ် ကပ္ပလီ လူရည်မွန် ပုဂ္ဂိုလ်တစ်ဦး၏ နောက်ကြောင်း အတ္ထုပ္ပတ္တိကို ကြည့်သော်၊ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကျွန်သားပေါက်ကလေး တစ်ဦးအနေနှင့် မွေးဖွားပေါက်ပွားလာသည်။ ကျောင်းနေစဉ်အချိန်တွင် အလွန်ပင်ပန်း စွာ အလုပ်လုပ်လျက် ပညာကို သင်ကြားနာယူခဲ့သည်။ အသက် ၂ဝ နှင့် ၃ဝ စပ်ကြားအရွယ်တွင် ပြည်ထောင်စုအမေရိကန်နိုင်ငံ၌ ထင်ရှားကျော်စောခဲ့သော ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်တည်ထောင် စီမံ အုပ်ချုပ်ခဲ့သည်။

ကလေးအရွယ်

၁၈၅၉-ခုနှစ်တွင် ဗာဂျီးနီးယားနယ် ဆေးပင်စိုက်ခင်းကြီးများဝယ် ဘူကာ ဝါရှင်တန် ဖွားမြင်သည်။ သူ့ဖခင် ဘယ်သူဘယ်ဝါ ဖြစ်သည်ကို သိခွင့်မရရှာ။ မိခင်ဖြစ်သူမှာလည်း ဆေးပင်အခင်းများတွင် အလုပ် လုပ်ရသော ဆေးခင်းရှင်၏ ပိုင်ကျွန်တစ်ဦးဖြစ်သည်။ ကလေးငယ်၏ ငယ်နာမည်မှာ “ဘူကာ”ပင် ဖြစ်သည်။ သို့သော် ဘူကာသည်ကျောင်းနေသောအခါ၌ မိမိအမည်ကို ဝါရှင်တန်ဟု ပြောင်းလိုက်သည်။ ဘူကာနှင့် ဝါရှင်တန်စပ်ကြားရှိ “တီ”၏ အရှည်နာမည်မှာ တလီအာမ ဖယ်ရို ဟုခေါ်သည်။ ဤအမည်မှာ သူတို့၏ အာဖရိကလူမျိုး အစဉ် အလာ ဘိုးစဉ်ဘောင်ဆက်မှ ဆက်ခံလာသည့် အမည်နှင့်တူသည်။

ဘူကာဝါရှင်တန်သည် လူငယ်ကလေး ဖြစ်စဉ်အခါ၌ ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရသည်။ ထင်းခွေ၊ ရေဆွဲရသည့်အလုပ်၊ ခြံဝင်းကို ရှင်းလင်း လှည်းကျင်းရသည့်အလုပ်၊ တစ်ခါတစ်ရံ သူ့သခင်မကလေး၏ စာအုပ် များကို ကျောင်းသို့ သယ်ပို့ရသည့်အလုပ် စသည့်အလုပ်မျိုးတို့ကို ပြုလုပ်ခဲ့ ရသည်။ သူ့သခင်မကလေး၏ စာအုပ်များကို သယ်ပိုးလျက် စာသင်ကျောင်းသို့ ပထမအခေါက် ရောက်သည့်အခါ သူ၌ အလွန်ပင် စာသင် လိုသည့်စိတ် ပေါ်ပေါက်လာသည်။ သို့သော် ထိုအချိန်ကား ကပ္ပလီ လူမည်း ကျွန်လူမျိုးတို့အား စာသင်ခွင့်ပြုသော အချိန်အခါ မဟုတ်သေး ချေ။ ဘူကာဝါရှင်တန်၏ စိတ်ထဲ၌ပင် “ငါဖြင့် ဘယ်တော့မှ စာတတ် မှာ မဟုတ်ဘူး” ဟူသည့် သဘောကိုပင် ပိုက်မိလေတော့သည်။

ကျောင်းနေခွင့်

ဘူကာဝါရှင်တန်၏ အသက်မှာ ရှစ်နှစ်သို့ ရောက်ကာလ၊ အမေရိ ကန်ပြည်ရှိ ကျွန်အားလုံးပင် ကျွန်တွင်းမှ လွတ်မြောက်ကြသည်။ ဘူကာ တို့၏ အိမ်သူအိမ်သား အားလုံးပင် ဗာဂျီးနီးယားနယ် အနောက်ပိုင်း ဒေသသို့ ပြောင်းရွှေ့ နေထိုင်ကြကုန်သည်။ ဘူကာမှာ မိမိ၏ ဘထွေး ဖြစ်သူနှင့်အတူ ဆားတွင်းတူးဖော်သည့် အလုပ်ကို လုပ်ရသည်။ ဤ ဆားတွင်းအနီး၌ မြို့တစ်မြို့ ပေါ်ပေါက်လာသည်။ ထိုမြို့၌ကား ကပ္ပလီ များအတွက် ညကျောင်းတစ်ခု ဖွင့်လှစ်သည်။ သို့နှင့် ဘူကာမှာ စာရေး စာဖတ် ဤကျောင်း၌ အစပြု၍ တတ်မြောက်လေတော့သည်။

လှည်းကျင်းသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် လေးကြိမ် လေးခါတိုင်တိုင် အခန်းကို လှည်းကျင်းသည်။ စားပွဲ၊ ခုံ၊ ကုလားထိုင် စသည်တို့ကိုလည်း ဖုန်လေး ဖုန်မွှား အလျှင်းမရှိအောင် အဝတ်နှင့် သုတ်ခါသည်။ ဆရာမ ကြီးသည် ပြန်ရောက်လာကာ မိမိ၏ လက်ကိုင်ပဝါနှင့် ခုံကုလားထိုင် စသည့် ပရိဘောဂများကို တိုက်ကြည့်သည့်အခါဝယ် ဖုန်လေး ဖုန်မွှား များ တစိုးတစိမျှ မတွေ့ရချေတော့။ ဤနည်းဖြင့် ဘူကာဝါရှင်တန်သည် ကျောင်းဝင် အစမ်းစာမေးပွဲကို ဂုဏ်ထူးနှင့် အောင်မြင်လေတော့သည်။

ကျောင်းဆရာ -

ဘူကာဝါရှင်တန်သည် သုံးနှစ်မျှနှင့် ထိုကျောင်းတွင် တန်းကုန် သည်။ ထိုကျောင်း၌ အမြင့်ဆုံး အတန်းကို အောင်မြင်ပြီးနောက် မိမိ နေရပ်ဌာနီ မောလ်ဒင်မြို့သို့ ပြန်သွား၍ ကပ္ပလီလူကလေးများအတွက် စာသင်ကျောင်းတစ်ခုကို ဖွင့်လှစ်သည်။ ဆရာအဖြစ်နှင့် ၂ နှစ် နေပြီး နောက် အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်မြို့တွင် တည်ထောင် ထားသော ကျမ်းစာသင် သိပ္ပံကျောင်းသို့ သွားရောက်၍ ဓမ္မပညာရပ်ကို ဆည်းပူးသည်။ ကျမ်းစာသိပ္ပံကျောင်း၌ (၈) လမျှ ကြာလတ်သော် စစ်ဗိုလ်ကြီး ဂျင်နရယ် အမ်းစ်တရွန်း၏ ဖိတ်ခေါ်ချက်အရ သူနေခဲ့သော ဟမ္မတင် မြို့ကျောင်းတွင် ကျောင်းဆရာ ပြန်၍လုပ်ရသည်။ ဤအခွင့် ကို ဘူကာ ရရှိသည့်ကာလ အလွန်မှ အားရဝမ်းမြောက်ခြင်း ဖြစ်လေ သည်။ ထိုအခါ၌ကား ဘူကာမှာ အသက် (၂၀) မျှပင် ရှိချေသေးသည်။

ဟမ္မတင်ကျောင်းတွင် သစ္စာရှိစွာနှင့် အစွမ်းကုန် အမှုထမ်းသည်။ သို့နှင့် သူ၏ အရည်အချင်းကို သဘောကျသဖြင့် အလာဘားမားနယ် တက္ကစီဂျီခေါ် အရပ်တွင် လက်မှုပညာနှင့် ဆရာဖြစ် သင်ကျောင်းတစ်ခု ကို ဖွင့်လှစ်စီမံရန် ၁၈၈၁ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည့် ကျောင်းကိုအစပြုရန်မှာ အဆောက်အဦလည်း မရှိ၊ ငွေရင်းလည်း အလျှင်းမရှိ။ သို့သော် ဘူကာဝါရှင်တန်၏ ကြိုးပမ်းစွမ်းဆောင်မှုကြောင့် များမကြာ မီအတွင်း တက္ကစီဂျီအရပ်တွင် အကောင်းဆုံး ကပ္ပလီအမျိုးသား ကျောင်း တစ်ခု ဖြစ်မြောက်လာချေသည်။ ထိုအချိန်တွင် ဘူကာဝါရှင်တန်၏ အသက်မှာ ၂၂ နှစ်မျှပင် ရှိသေးသည်။ ယခုအခါ၌မူကား အမေရိကန် ပြည်ထောင်စု၊ တက္ကစီဂျီသိပ္ပံကျောင်းသို့ လက်မှုစက်မှု အတတ်မျိုးစုံ လာရောက်သင်ကြားသူ ကျောင်းသားပေါင်းမှာ တစ်နှစ်တစ်နှစ် (၃၀၀၀)ကျော်မျှပင် ဖြစ်ချေသည်။ ဤကျောင်းသို့ ကမ္ဘာအရပ်ရပ်မှ လာရောက် ကြည့်ရှုကြသူ အမြောက်အမြားပင် ဖြစ်သည်။

အပြောအဟောကောင်း ပုဂ္ဂိုလ်

တက္ကစီဂျီသိပ္ပံကျောင်းမှာ စင်စစ်အားဖြင့် လူများ၏ ကုသိုလ်ဒါန အလှူဝတ္ထုကိုသာ အမှီတံကဲပြု၍ ဆက်လက်တည်ရှိခြင်း ဖြစ်ပေသည်။ကျောင်း၏ ဝေယျာဝစ္စ စရိတ်ကြေးငွေများ ရရှိရန် ကျောင်းအုပ်ဖြစ်သူ ဘူကာဝါရှင်တန် ကိုယ်တိုင် အမြို့မြို့သို့ လှည့်လည်၍ တရားဟော ပြောရသည်။ ပရိသတ် သဘောကျအောင် ပြောဟောနိုင်သူ ဖြစ်သောကြောင့် သူ၏ ကျောင်းအကြောင်းကို သိမြင်နားလည်လေသူ မှန်သမျှ မလှူဘဲမနေနိုင်အောင် စိတ်၌ ဖြစ်ပေါ်ကြသည်။ ဤနည်းဖြင့် ငွေမြောက် မြားစွာ ကျောင်းရန်ပုံငွေအတွက် ရရှိချေသည်။ သူ၏ အပြောအဟောကောင်းမှုအတွက် သူသည် အထူးနာမည်ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချေသည်။ ထိုအချိန်အခါက အမေရိကန် တစ်ပြည်လုံးတွင် လူထု ပရိသတ်အား ဟောပြောရေးတွင် အတော်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုရချေမည်။

ချီးမြှင့်ခံရသည့် ဂုဏ်ထူးဘွဲ့များ

၁၈၉၆-ခုနှစ်တွင် အမေရိကန်ပြည်၏ အကျော်ကြားဆုံး တက္ကသိုလ် ဟားဗတ်ယူနီဗာစီတီသည် ဘူကာဝါရှင်တန်အား မဟာဝိဇ္ဇာဘွဲ့ (M.A] ကို ချီးမြှင့်ချေသည်။ ၁၉၀၁ ခုနှစ်တွင်ကား ဒတ္တမောက် ကောလိပ်သိပ္ပံမှ [LL.D] ဥပဒေ ပါရဂူဘွဲ့ထူး ချီးမြှင့်ခြင်း ခံရသည်။

ဒေါက်တာ ဝါရှင်တန်မှာ ပြည်ထောင်စု အစိုးရ၏ သမ္မတကြီး ကလိဖ်လင်၏ မိတ်ဆွေရင်း တစ်ဦးဖြစ်သည်။ တစ်ကြိမ်မကပင် သမ္မတ ကြီး၏ ဖိတ်မန္တကပြုချက်အရ အစိုးရ အိမ်ဖြူတော်၌ သွားရောက် စားသောက် နေထိုင်ခွင့်၊ စကားပြောဆို ဆွေးနွေးခွင့် ရရှိသည်။ အင်္ဂလန် ဘုရင်မကြီး ဝိတိုရိယပင်လျှင် ဒေါက်တာဝါရှင်တန်အား မိမိနန်းတော် သို့ တစ်ကြိမ်ဖိတ်ခေါ် ကျွေးမွေးဧည့်ခံဖူးလေသည်။

မသေခင် နောက်ဆုံးအချိန်

- ၁၉၁၅ နှစ် နွေဦးပေါက်စအချိန် တစ်နေ့သောအခါတွင် ဒေါက်တာ ဝါရှင်တန်သည် စည်းဝေးတစ်ခု၌ ပရိသတ်အား ဟောပြောပြီးသည့် နောက် ရုတ်တရက် အားကုန်၍ လဲကျသွား၏။ မိမိသေရတော့မည့် ဆဲဆဲဖြစ်ကြောင်း ရိပ်မိနားလည်သဖြင့် သူ့အား မည်သို့ မြှုပ်နှံသဂြိုဟ် ရန် ညွှန်ကြားခဲ့သည်။ သူ၏ မွေးရင်းဇာတိချက်မြှုပ်ရာဌာန အမေရိကန်တောင်ပိုင်း ပြည်ထောင်စု သူ့မွေးရင်းဇာတိအရပ်၌ သူ့အား မြှုပ်နှံ သင်္ဂြိုဟ်ရန် မှာကြားခဲ့လေသည်။ သို့နှင့် သူ့အား အလာဘားမားနယ် တက္ကစီဂီ အရပ်ဌာနသို့ အရောက်ပို့ကြရသည်။ ရောက်ရှိ၍ တစ်ညလွန် ပြီး နောက်တစ်နေ့ အချိန်တွင် အသက်ပျောက်လေသည်