Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - စုံထောက်ဝထ္ထုရေးနည်း

Regular price 500 MMK
Regular price Sale price 500 MMK
Sale Sold out

စုံထောက်ဝတ္ထုများ၏ အတ္ထုပ္ပတ္တိ

လူတို့သည် ဗဟုသုတအလို့ငှာဖြစ်စေ၊ အပျင်းပြေ ရန်ဖြစ်စေ၊ စိတ်ထဲ၌ မရိုးမရွဖြစ်၍ တုန်လှုပ်ချောက် ချားခြင်းကို ရစေရန်ဖြစ်စေ၊ တွေးတောဆင်ခြင်တတ် သည့် ဉာဏ်ကျက်စားရန်ဖြစ်စေ အမျိုးမျိုးသော ဝတ္ထု များကို စီရင်ရေးသားခဲ့ကြသည်ဖြစ်ရာ ၎င်းတို့အနက်၌ စုံ ထောက်ဝတ္ထုသည် ကား အဆို ပါအခြင်းအရာ အားလုံးတို့နှင့် အကျုံးဝင်သည့်အပြင် ဖတ်ရှုသူတို့၏ ချင့်ချိန်နှိုင်းဆ တိုင်းထွာဆင်ခြင်ခြင်းတည်းဟူသော ဉာဏ်ကို အများဆုံး အသုံးပြုရသော ဝတ္ထုမျိုးဖြစ် သည်။ ယင်းသို့ဖြစ်ရကား အလွမ်းအသောတည်း ဟူသော အရသာကို သက်သက်စည်းစိမ်ခံစားလို၍ဉာဏ်ဦးနှောက်ကို အသုံးမပြုလိုသော စာဖတ်သူ အတန်းအစားမျိုးသည် စုံထောက်ဝတ္ထုများကို နှစ်သက် မြတ်နိုးခြင်း မရှိတတ်ဘဲဖြစ်ရာ ဉာဏ်ကျက်စားလိုသော သူတို့အဖို့မှာမူ စုံထောက်ဝတ္ထုများ၏ အနီးသို့ ချဉ်းကပ်နိုင်သည့် အခြားဝတ္ထုမျိုးဟူ၍ မရှိသလောက် ပင် ဖြစ်ချေသည်။ ။

အစိုးရမင်းတို့၏ တရားဥပဒေသည် လွန်မင်းစွာ ကျပ်တည်းခြင်းရှိ၍ တစ်ခုသော ရာဇဝတ်မှု၌ ပုလိပ် အရာရှိများသည် မိမိတို့ သင်္ကာမကင်းသော လူ တစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ပြီးလျှင် အနည်း နည်းအဖုံဖုံ ညှဉ်းပန်းနှိပ်စက်ခြင်းအားဖြင့် တရားခံ သည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိမိခံစား ရသော ဝေဒနာကို သည်းမခံနိုင်သည်ဖြစ်သောကြောင့် ဟုတ်ပါသည်ဟူ၏ ဖြောင့်ချက်ပေးရသော ခေတ်အခါ မျိုး၌မူ အများပြည်သူတို့သည် အစိုးရ အမှုထမ်းတို့၏ ဘက်၌ မေတ္တာမထားဘဲ တရားခံအပေါ်၌သာလျှင် မေတ္တာသက်ဝင် ကြင်နာသနားခြင်း ရှိတတ်လေသည်။ ထိုသို့သော ခေတ်အခါမျိုး၌မူကား ပြည်သူတို့သည် ပုလိပ်အရာရှိများကို လှည့်စားနိုင်လောက်အောင် ပါးနပ်ကျွမ်းကျင်ခြင်းနှင့် ပြည့်စုံသော ရာဇဝတ်ကောင် တစ်ယောက်ကို ချီးမြှောက်အားပေးခြင်းပြု၍ ပုလိပ်အရာရှိများ၏ အကျဉ်းအကျပ်များ၊ အနှိပ်ခံရခြင်းများ၊ ဦးနှောက်ရှုပ်ထွေးခြင်းများကို မြိန်ရှက်စွာ အရသာ ခံယူတတ်ကြလေသည်။ ယင်းသို့သော ခေတ်အခါမျိုး ၌မူ ဖတ်ရှုသူတို့အား ကျေနပ်လောက်သော စုံထောက် ဝတ္ထုမျိုးကို တီထွင်ရေးသားရန် များစွာပင် ခဲယဉ်းခြင်း ရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စုံထောက် ဝတ္ထုရေးဆရာ၏ ရည်ရွယ်ချက်မှာ မိမိ၏ဝတ္ထု၌ပါရှိသော စုံထောက်ဝတ္ထုများ၏ စည်းကမ်းအရ “ဇာတ်လိုက်” ကြီးပင် ဖြစ်လေရာ ဖတ်ရှုသူတို့သည် “ဇာတ်လိုက်” ဘက်သို့ မေတ္တာမညွတ်ဘဲ ရာဇဝတ်ကောင်ဘက်သို့ မေတ္တာညွတ်ခဲ့ပါမူ ၎င်းဝတ္ထုသည် ဧကန်မုချ “အော်”သော ဝတ္ထုတစ်ခုအဖြစ်သို့ ရောက်ချေမည် ဖြစ်လေ သည်။

အင်္ဂလန်ပြည်၌မူကား သာမည ပုလိပ်အမှုထမ်း တို့သည်ပင်လျှင် ကြီးစွာသောလခကို ရရှိကြ၍ အချို့ မှာ ကောလိပ်ကျောင်းထွက်များပင် ဖြစ်ကြလေရာ အင်္ဂလန်ပြည်ရှိ သာမည ပုလိပ်အမှုထမ်းတို့၏ ဖြောင့် မတ်တည့်မတ်ခြင်းသည်ကား ကမ္ဘာတစ်ဝှမ်းလုံးတွင် ဥဒါန်းတွင်လောက်အောင်ပင် ထင်ရှားကျော်စောခြင်း ရှိပါပေသည် ။ အခါတစ်ပါး၌ ပုလိပ်မင်းကြီး တစ်ယောက်သည် အကာလ ညတစ်ညတွင် အများပြည်သူတို့ လေညှင်းခံရေးအတွက် စီမံသီးသန့်၍ ထားသော ဥယျာဉ်ကြီးတစ်ခုအတွင်း ပြည့်တန်ဆာမ တစ်ယောက်နှင့် ပျော်ပါးသမှု ပြုမိသည်ကို ပုလိပ်အမှု ထမ်းတစ်ယောက်က တွေ့မြင်သဖြင့် ဖမ်းဆီးပြီးလျှင် ဌာနသို့ ခေါ်ဆောင်မည်ပြုလေ၏။ ထိုအခါ ပုလိပ် မင်းကြီးက ပထမ၌ မိမိသည် မည်သူမည်ဝါဖြစ်သည် ကို ထုတ်ဖော်ဖွင့်ဟ၍ မပြောဘဲ မိမိနှင့် တရားခံမိန်းမ ကို လွှတ်ပါရန်အကြောင်းနှင့် တောင်းပန်၍ ပါသမျှငွေ ကို လာဘ်ထိုးလေ၏။ သို့ပါသော်လည်း ပုလိပ်အမှု ထမ်းသည် လာဘ်ထိုးသောငွေကို ဂရုမစိုက်ဘဲ တရားခံနှစ်ယောက်တို့အား ဌာနသို့ လိုက်ခဲ့ရန်သာ လျှင် ခေါ်ဆောင်လျက်ရှိ၏။ ထိုအခါ ပုလိပ်မင်းကြီး က မိမိသည် ပုလိပ်မင်းကြီး၏ မိတ်ဆွေကြီး တစ်ယောက်ဖြစ်သဖြင့် မိမိအား လွှတ်ပေးပါလျှင် ပုလိပ်အမှုထမ်းအား ရာထူးတိုးတက် ချီးမြှင့်ပေးစေဖို့ အကြောင်းနှင့် ပုလိပ်မင်းကြီး ပြောပေးပါမည်ဟု ချော့မော့ပြောဆိုပြန်လေရာ ပုလိပ်အမှုထမ်းသည် ရှေးနည်းအတူပင် ငြင်းဆန်လျက်ရှိလေ၏။ နောက် ဆုံး၌ ပုလိပ်မင်းကြီးသည် အများပြည်သူတို့၏ရှေ့၌ အရှက်ကွဲရမည်ကို ကြောက်ရွံ့စိုးရိမ်လှသည် ဖြစ်သော ကြောင့် မိမိကိုယ်တိုင် ပုလိပ်မင်းကြီးဖြစ်ကြောင်း၊ မိမိအား လွှတ်လိုက်ပါလျှင် ၎င်းပုလိပ်အမှုထမ်းအား နေ့ချင်းညချင်း ရာထူးတိုးတက် ချီးမြှင့်ခန့်ထားပါမည် ဟူ၍ တောင်းပန်ပြောဆိုပြန်လေရာ ပုလိပ်အမှုထမ်းက မိမိ၏ အထက်လူကြီးကို ဖမ်းဆီးရခြင်းအတွက် များ စွာဝမ်းနည်းလှသည် မှန်သော်လည်း ဝတ္တရားအတိုင်း သာလျှင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြောဆိုပြီး လျှင် တရားခံနှစ်ယောက်ကို ဌာနသို့ ခေါ်မြဲတိုင်းပင် ခေါ်သွားလေ၏။ ပုလိပ်မင်းကြီး၏ အမှုကို ရုံးတွင် တင်၍ စစ်ဆေးသောအခါ၌လည်း ၎င်း ပုလိပ်အမှု ထမ်းသည် ပုလိပ်မင်းကြီးက မိမိအား လာဘ်ထိုးခြင်း နှင့်တကွ ရာထူးတိုးတက်ခန့်ထားရန် ကတိထားခြင်း များကိုပါ စုံလင်စွာ ထုတ်ဖော်အစစ်ခံခဲ့ဖူးလေသည်။ ကျွန်ုပ်တို့ မြန်မာပြည်ရှိ ထောင်ပေါင်းများစွာသော ပုလိပ်အမှုထမ်းများအနက် ဘယ်နှယောက်မျှသည် ထိုသို့သော အမှုမျိုး၌ ပုလိပ်မင်းကြီးကို မဆိုထားဘိ ရာဇဝတ်အုပ်ကိုပင် ဖမ်းဆီးခြင်း ပြုကြပါမည်နည်း။

သို့ဖြစ်သောကြောင့် အင်္ဂလန် ပြည်သူပြည်သား များသည် ပုလိပ်အမှုထမ်းများကိုပင် ရိုသေလေးစား ခြင်း ရှိကြပေသည်မှာ ရှိထိုက်သောအရာပင် ဖြစ်ပါပေ သည်။ “စကော့တလင်ယဒ်”ခေါ် အင်္ဂလန်ပြည်၏ အစိုးရစုံထောက် အဖွဲ့ကြီးသည်လည်း ထိုနည်းတူစွာ