Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - စိန်၀ေလျံပျောက်ဆုံးမှုနှင့်အခြား၀ထ္ထုတိုများ

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out

စိန်ဝေလျှံ ပျောက်ဆုံးမှု

ကျွန်တော်နှင့် ဦးစံရှားတို့သည် ထမင်းစားပွဲတွင် မျက်နှာ ချင်း ထိုင်ကြလျက်ရှိစဉ် စဉ်းစားစိတ်ကူးဟန်ဖြင့် ကာဖီပန်းကန်ကို ဇွန်းနှင့်မွှေလျက်ရှိသော ဦးစံရှားအား ငေးကြည့်နေခိုက်

ရှား ။ ။ “ကျုပ် လိုက်သွားမှ ဖြစ်မယ်ထင်တယ်ဗျို့ ကိုသိန်းမောင်”

ကျွန် ။ ။ “ဘယ်ကိုလဲဗျာ”

ရှား ။ ။ “ကမာရွတ်ကိုလေ။ ဘာဂျော်ဂျီရဲ့ မြင်း ဇောင်းကိုပေါ့ ”

ထိုစဉ်အခါက ဘုရင်ခံ၏ ဖလားပွဲအတွက် ဖေးဘရိတ်ဖြစ်နေသော “စိန်ဝေလျှံ ပျောက်ခြင်းအတွက် မြင်းသမားလောကနှင့် ရန်ကုန်သတင်းစာများတွင် ပွက်ပွက်ရိုက်လျက်ရှိသောကြောင့် မြင်းရှင် ဘာဂျော်ဂျီ၏ မြင်းဇောင်းသို့ ဦးစံရှား သွားမည်ဆိုခြင်းအတွက် ကျွန်တော်မှာ အံ့ဩသည့်ပြင် ယခုမှ သွားချေသလော ဟူ၍ပင် စဉ်းစားမိသည်။ ယမန်နေ့ကလည်း ဦးစံရှားသည် နက်နဲစွာ တွေးတော ဆင်ခြင်သော အခါများ၌ ပြုလုပ်လေ့ရှိသည့်အတိုင်း မျက်မှောင်ကြီးကြုတ်ကာ ဆေးတံကို မနားမနေ ဖွာလျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက် သည်များကို မြင်ရကတည်းက စိန်ဝေလျှံပျောက်မှုနှင့် ပတ်သက်ရမည်ဟု ကျွန်တော် စဉ်းစားမိပါ၏။

သို့ရာတွင် ဦးစံရှားနှင့် ကျွန်တော်မှာ မိတ်ဆွေဆိုရသော်လည်း ဆရာတပည့် ကဲ့သို့ ရှိနေသည် ဖြစ်သောကြောင့် သူကိုယ်တိုင်က ဖွင့်ဟ၍ မပြောမချင်း မမေးဝံ့ သဖြင့် အကဲခတ်၍သာ နေခဲ့ရပါသည်။

တစ်ခါက

ဘာတွေများ စိတ်ကူးနေသလဲဗျ” ဟု ကျွန်တော်က မေးမိရာတွင် ဦးစံရှား သည် ကျွန်တော်၏စကားကို နားမလည်ပေဟန် အမူအရာနှင့် စိန်းစိန်းကြီး ပြန် ကြည့်နေကတည်းက ကျွန်တော့်အဖို့ သင်ခန်းစာရ၍ နောက်နောင်တွင် မမေးဝံ့ဘဲ ရှိပါတော့သည်။

ယခုအမှုမှာ ဖေးဘရိတ်မြင်း 'စိန်ဝေလျှံ ပျောက်ခြင်းမလှ ပျောက်ရရုံသာ မက ထရိန်နာ ကိုဘကျော့ပါ သေဆုံးသော အမှုဖြစ်၍ ရန်ကုန်တစ်မြို့လုံး စိတ်ဝင် စားလျက် ရှိကြသောကြောင့် လော်ကယ်မီးရထား၊ ဓာတ်ရထားနှင့် ဘတ်စ်ကား များပေါ်တွင် ဤအကြောင်းမှတစ်ပါး ပြောစရာ အခြားစကား မရှိတော့သလောက် ပြောကြ ဆိုကြ ထင်မြင်ချက် ပေးကြသောအမှု ဖြစ်နေပါတော့သည်။

ရှား ။ ။ “ကိုင်း ကိုသိန်းမောင်၊ လိုက်မှာဖြင့် ခင်ဗျား ပွဲကြည့်မှန်ပြောင်း ကလေး ယူခဲ့ဗျာ။ လော်ကယ်ရထားနဲ့ သွားကြတာပေါ့။ ဟိုပေါ်ကျတော့မှ ပြော စရာရှိတာ ကျုပ် ပြောပြပါဦးမယ်။ ဒါထက် လော်ကယ်မီးရထား အချိန်စာရင်း ကြည့်စမ်းပါဦးဗျ”

မီးရထားအချိန်စာရင်းကို ကြည့်လိုက်သောအခါ မီးရထားထွက်ရန် နာရီ ဝက်ခန့် လိုသေးသည်ဖြစ်၍ ကျွန်တော်တို့သည် ဘရုတ်ကင်းလမ်းနေအိမ်မှနေ၍ ဘူတာရုံသို့ ခြေကျင်လျှောက်လာကြပြီးလျှင် ဒုတိယတန်း လက်မှတ်နှစ်စောင် ဝယ်ယူလိုက်ကြသည်။ ။

မီးရထားတွဲပေါ်သို့ တက်ကြသောအခါ ထိုအချိန်မှာ ရန်ကုန်ဘက်သို့ လာ သော ခရီးသည်တို့သာ များ၍ ရန်ကုန်မှ လိုက်ပါလာသော ခရီးသည် နည်းပါးလှ သောကြောင့် မီးရထားတွဲထဲတွင် အင်္ဂလိပ်ကပြား အဘိုးကြီးတစ်ယောက် မှတစ်ပါး ကျွန်တော်တို့ချည်း ရှိနေသည်။

ကျွန်တော်တို့သည် ထောင့်ကျသော ထိုင်ခုံ၌ ထိုင်ကြပြီးနောက် ဦးစံရှား သည် ဆေးတံသို့ ဆေးထည့်၍ စိန်ဝေလျှံ ပျောက်ခြင်းနှင့် ထရိန်နာ ကိုဘကျော့ သေဆုံးသော အမှုအကြောင်းကို အောက်ပါအတိုင်း ပြောပြလေသည်။

ရှား ။ ။ “ဒီအမှုက သိထားတဲ့အကြောင်းအချက်တွေ များလွန်းလို့ အသစ် ထပ်ပြီး ရှာဖို့ မလိုလှဘူး။ ရပြီး သတင်းထဲက မဆီလျော်တာတွေ ဖယ်ပြီးများကို ချိုးတွက်ကာဖြင့် အကြောင်းအချက်များကို တစ်ခုစီ ရေတွက်ပြသလျက် ရှိသော ဦးစံရှား၏စကားကို နားထောင်နေရပါတော့သည်။

ရှား ။ ။ “စိန်ဝေလျှံဆိုတာက ဝင်းသိန်းတူးနဲ့ လေဒီကာဇင်တို့က ပေါက် ဖွားလာတဲ့ မြင်းကျော်တစ်ကောင်ဗျ။ ဝင်းသိန်းဘူးဆိုတာက အထက်မြန်မာပြည်မှာလောင်းကစားအလုပ်ကို ဝါသနာမပါဘဲ စပို့ အတွက် သက်သက်ပြိုင်မြင်းမွေးတဲ့ ဆီစက်သူဌေးတစ်ဦးရဲ့ မြင်းဗျ။ လေဒီကာဇင်ဆိုတာ အိန္ဒိယဘုရင်ခံချုပ်ကတော်ရဲ့ မြင်းမတဲ့ဗျ။ မြင်းတွေကိုယ်တိုင်က ဖလားပွဲကြီးတွေမှာ နိုင်ဖူးလို့ နာမည်ကြီးရတဲ့ အထဲမှာ ပိုင်ရှင်တွေကလည်း တကယ့်ထိတ်ထိတ်ကြဲတွေ ဖြစ်လေတော့ ဒီမြင်းနဲ့ ဒီမြင်းမနဲ့ သားတင်ဖို့အရေးမှာ ဘုရင်ခံတွေ ဘာတွေတောင် ပါဝင်ပြီး စေ့စပ်ပေးရ တယ် ဆိုကပဲ။

ဝင်းသိန်းတုံးကို အိန္ဒိယ မပို့နိုင်ဘူး၊ လေဒီကာဇင်ကို မြန်မာပြည် မတင်နိုင် ဘူး စသဖြင့် တင်းမာနေကြလို့ နောက်ဆုံးမှာ လေဒီကာဇင်ဘက်က လျှော့ပေးပြီး ပင်လယ်ကူး သင်္ဘောနဲ့ တင်လာရတဲ့ မြင်းမတဲ့ဗျ။ အဲဒီက ပေါက်ဖွားတဲ့မြင်းကို ဘုရင်ခံချုပ်ကတော်က `အိုးရှင်းထရဲဗလား” (သမုဒ္ဒရာခရီးသည်)လို့ နာမည်ခေါ် မှည့်သတဲ့။ ဘုရင်ခံချုပ် ကတော်က ဒီမြင်းနဲ့ တစ်ပွဲနိုင်ပြီး အင်္ဂလန်အပြန်မှာ မြင်းကို လေးလံတင်ရောင်းတော့ ဘာဂျော်ဂျီက အများဆုံးပေးဝယ်လို့မို့ မြန်မာပြည် ရောက်လာ ဆိုကိုးဗျ။

ဘာဂျော်ဂျီက “အိုးရှင်းထရဲဗလား ဆိုတဲ့နာမည်ကို မကြိုက်လို့ “စိန်ဝေလျှံ လို့ နာမည်ပြောင်းပြီး မြင်းပွဲမှာ နှစ်ပွဲနိုင်ထားပြီဆိုကိုး။ လာမယ့်စနေနေ့မှာ ဘုရင်ခံဖလားပွဲရှိတော့ ဒီမြင်းဟာ သေချာပေါက်လို့ တစ်ပေးကြတဲ့ မြင်းဆိုကိုးဗျ။ ဒီမြင်းက ယီးတီးယားတားမြင်း မဟုတ်ပေဘူး။ ရာဇဝင်နဲ့ လာတဲ့ မြင်းပေကိုးဗျ”

ကျွန် ။ ။ “စနေနေ့ မြင်းပွဲမှာ ဒီမြင်း မပြေးဖြစ်အောင် လုပ်ချင်တဲ့လူများ ရှိမှာပေါ့ နော်”

ရှား ။ ။ “ဒီလိုလေ။ မြင်းပွဲထုံးစံကတော့ ပွဲထဲရောက်တဲ့အခါကျမှ လောင်း ကြတာပဲ။ သို့သော် စိန်ဝေလျှံမှာတော့ မြင်းရှင် ဘာဂျော်ဂျီက ယခုကတည်းက ကြိုတင်ပြီး “ဘူကီ”တွေဆီမှာ ငွေတော်တော်များများ လောင်းထားတယ်လို့ ကြား တယ်။ အလေးကျောတောင် မရလို့ ဆတူလောင်းရသတဲ့ဗျ”

ကျွန် ။ ။ “ဒီလိုဆို ဟိုနေ့မှာ စိန်ဝေလျှံမပြေးဘူးဆိုရင် ဘူကီတွေ ပွဖို့ရှိ တာပေါ့”

ရှား ။ ။ “ဟုတ်သတဲ့။ ပြီးတော့လည်း ဘုရင်ခံဖလားပွဲမှာ စိန်ဝေလျှံ