Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ရွှေဥဒေါင်း - ကိုယ့်ကြမ္မာကိုယ်ဖန်သည့်သနားဖွယ်ကမ္ဘာသားများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

သဘာဝဓမ္မဆရာကြီး ဘာထရန်ရပ်ဆဲလ်၏

ဖြောင့်စင်းပြတ်သားပုံ

ငြိမ်း ။ “ဘယ့်နှယ်လဲဗျ၊ ခင်ဗျာဆရာကြီး ဘာထရန်ရပ်ဆဲလ်က သူ့ကိုယ်သူ ထင်ပေါ်ကျော်ကြားအောင် တစ်ချက်ထပြီး လုပ်လိုက်ပြန်ပါကောလားဗျ”

ရွှေ ။ “အင်္ဂလန်က လေဘာပါတီမှာ နှစ်ပေါင်း ၅၀ ကျော် ပါဝင်ထားခဲ့တဲ့ အသင်းဝင်ကတ်ပြားကလေးကို ဆုတ်ဖြဲပစ်လိုက်တဲ့ အပြု အမူဟာ သူ့ကိုယ်သူ ထင်ပေါ်ကျော်စောအောင် လုပ်လိုက်ခြင်း ဖြစ်တယ်လို့ ခင်ဗျားက စွပ်စွဲလိုက်တာလား။ ခင်ဗျား တော်တော် ညံ့သေးတဲ့ လူတစ်ယောက်ပဲကိုး၊ ထင်ပေါ်ကျော်စောခြင်းနဲ့ ပတ် သက်ပြီး မလိုချင်အဆုံး ရလာခဲ့လို့ အံခွက်” နေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ခင်ဗျားမို့ ကြံကြံစည်စည် စွပ်စွဲရက်ပေတယ်ဗျာ”

ငြိမ်း ။ “ခင်ဗျားက ဘာ့ကြောင့် ဒီလူကြီးကို သဘောကျနေရတာလဲဗျ”

ရွှေ ။ “ဒီပုဂ္ဂိုလ်ကြီးကို ခင်ဗျားက နှယ်နှယ်ရရ မှတ်လို့လား၊ ဗုဒ္ဓဝါဒအတိုင်း ကျင့်သုံးဝံ့တဲ့ သတ္တိထူးရှိတဲ့ ပုဂ္ဂိုလ်ကြီးဗျ”

ငြိမ်း ။ “ဘယ်လိုလဲဗျ၊ ဗုဒ္ဓက ဘယ်လို ဟောခဲ့လို့လဲ“

ရွှေ ။ “ချီးမြှောက်သင့်တဲ့ အပြုအမူကို ချီးမြှောက်ရမယ်၊ ရှုတ်ချထိုက်တဲ့အပြုအမူကို ရှုတ်ချရမယ်တဲ့ဗျ။ အင်္ဂလန်ပြည် လေဘာပါတီကို အထင်ကြီးပြီး သူကိုယ်တိုင် ဦးဆောင်ပါဝင်လာခဲ့ရာမှာ လေဘာ ပါတီ ဘုန်းကြီးပြီး အစိုးရဖြစ်နေခိုက် အခြားအစိုးရတစ်ခုရဲ့ နောက်လိုက်အဖြစ် ရောက်နေပြီး သူမှားတိုင်း မှားရမလားဆိုတာ ဖော်ထုတ်ရှုတ်ချလိုက်တဲ့အနေနဲ့ အသင်းဝင်ကတ်ပြားကို ဆုတ် လိုက်ခြင်း ဖြစ်တယ်ဗျ။ သည်လို ပုဂ္ဂိုလ်ကြီးတစ်ဦးက ကမ္ဘာမှာ အမြင်မတော်တဲ့ အပြုအမူတစ်ခုကို ပေါ်ပေါ်လွင်လွင် ထင်ထင် ရှားရှား ဖော်ထုတ်ရှုတ်ချပြလိုက်တယ်ဆိုတာဟာ ကမ္ဘာ့လူသား များအဖို့ ကောင်းမြတ်သော လက္ခဏာတစ်ရပ်အနေနဲ့ ယူဆသင့်တယ်ဗျ”

ငြိမ်း ။ “ဘာ့ကြောင့်လဲဗျာ”

 ရွှေ ။ “တန်ခိုးကြီးသော အစိုးရတစ်ခုက သူ့အာဏာစက် ပျံ့နှံ့မှုအတွက်လုပ်ချင်ရာလုပ်နေခြင်းကို အားလုံးက ရေငုံပြီး ကြည့်နေကြတယ် ဆိုလျှင် ဒီလူသားဆိုတဲ့ သတ္တဝါဟာ ဘာမှမျှော်လင့်ချက် မရှိတော့ဘူးဗျ။ လွန်လွန်ကြူးကြူး လောဘကြီးပြီး အာဏာစက် ဖြန့်မှုအတွက် ခွန်အားနည်းတဲ့ တိုင်းပြည်လေးတွေကို ရက်ရက် စက်စက် အစွမ်းပြခြင်းမျိုးကိုတော့ ထင်ရှားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် မျိုးက ရှေ့ဆောင်ပြီး ဆန္ဒပြသင့်တယ်။ ဆရာကြီးနဲ့ တစ်ပြိုင် နက်တည်းလိုလိုပဲ ကမ္ဘာ့တိုင်းပြည်အသီးသီးရှိ မြို့ကြီး၊ မြို့ ကလေးများမှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်အမြောက်အမြားကလည်း ဆန္ဒပြကြတယ်လို့ ကြားရတယ်။ ဒါတွေဟာ ကမ္ဘာ့လူသားများ အဖို့ ကောင်းသောနိမိတ် လက္ခဏာတစ်ခုပဲလို့ ကျုပ်ယူဆတယ်ဗျာ”

ငြိမ်း ။ “ခင်ဗျားက ဘာထရန်ရပ်ဆဲလ်ကို ဘယ်အချက်ကြောင့် အထူးကြည်ညိုသလဲဗျ” ။

ရွှေ ။ “ဒီပုဂ္ဂိုလ်ကြီးက အရာရာမှာ နက်နက်နဲနဲ၊ စူးစူးရှရှ၊ ပြတ်ပြတ်သတ်သတ် စဉ်းစားတတ်တဲ့ ဝါသနာရှိတဲ့အပြင် ဗုဒ္ဓဝါဒနဲ့ ပတ် သက်လို့ သူကိုယ်တိုင် ဝန်ခံချက်တစ်ခု ကြားရဖူးတယ်ဗျ”

ကိုယ့်ကြမ္မာကိုယ်ဖန်သည် သနားဖွယ် ကမ္ဘာသားများနှင့် ဆွေးနွေးခန်းများ

ငြိမ်း ။ “ဘာတဲ့လဲဗျာ”

ရွှေ ။ “ဆရာကြီးက “ဘာသာ” ဆိုတဲ့ အစဉ်အလာ၊ ထုံးစံဓလေ့ကိုလက်ခံတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် မဟုတ်သော်လည်း (တကယ် လို့) ဘာသာဝါဒ တစ်ခုခုကို လက်ခံရမယ်လို့ အကြပ်ကိုင်ခံရတဲ့ အတွက် မလွှဲမရှောင်သာသဖြင့် လက်ခံရတော့မယ်ဆိုလျှင် ကမ္ဘာ့ ဘာသာအမျိုးမျိုးရှိတဲ့အနက် “ဗုဒ္ဓဘာသာ” ကို သူရွေးချယ်လက်ခံမယ်လို့ ပြောဖူးတယ်ဗျ”

ငြိမ်း ။ “ဟုတ်ရဲ့ လား၊ ခင်ဗျားက ဘာထရန်ရပ်ဆဲလ်ကို အားကျတယ်ပေါ့လေ၊ ဒါ့ကြောင့် တချို့လူတွေက ခင်ဗျား သူ့အတုယူ နေတယ်လို့ ပြောင်ကြလှောင်ကြတာကိုးဗျ”

ရွှေ ။ “တကယ်လားပျို့၊ ဒီလိုဆို ဝမ်းသာစရာကြီးပေါ့ ဗျာ။ စကားစပ်မိလို့ ပြောရဦးမယ်။ ကျုပ်ကို ချီးမြှောက်လာတဲ့ လူများလည်း ရှိ၊ ကဲ့ရဲ့တဲ့လူများလည်း အနတက္ကမပေါ့လေဗျာ။ ချီးမြှောက်တဲ့ အထဲမှာ ဆရာဇော်ဂျီတစ်ယောက်က ချီးမြှောက်ပုံကလေးတော့အသည်းစွဲအောင် ကျပ်နှစ်သက်တယ်ဗျာ”

ငြိမ်း ။ “ဘယ်လိုများ ပြောဖူးလို့လဲဗျ”

ရွှေ ။ “လွန်ခဲ့တဲ့ ၅ နှစ်လောက်က မိတ်ဆွေတစ်စုက ကျုပ်ကိုဂုဏ်ပြုတဲ့ထမင်းစားပွဲသို့ ဆရာဇော်ဂျီက ဆရာကြီးဘာထရန် ရေးတဲ့ စာအုပ်သုံးအုပ် ယူလာခဲ့ပြီး ကျုပ်ကို လက်ဆောင်ပေးတယ်။ စာအုပ်များကို ကျုပ်လက်သို့ အပ်ရင်း ဆရာဇော်ဂျီက စာအုပ် တွေကို ဆရာ ဖတ်ကြည့်ပါတဲ့၊ ဆရာကြီး ဘာထရန်ဟာ သူရဲ့ ပထမဆရာပါတဲ့၊ ကျုပ်ဟာ သူရဲ့ ဒုတိယဆရာပါတဲ့၊ ဆရာကြီး ဘာထရန်ဟာလည်း ကျုပ်လိုပဲ နက်နက်နဲနဲ ထိုးထွင်းပြီး (Penetrating) တွေးခေါ်တတ်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်တဲ့ဗျ” ငြိမ်း ။ “ဆရာဇော်ဂျီက ခင်ဗျာကို မြှောက်လိုက်တာနဲ့ ခင်ဗျားက ဝမ်းမြူးသွားတာပေါ့လေ”

ရွှေ ။ “ဆရာကြီး ဘာထရန်ရပ်ဆဲလ်လို ပုဂ္ဂိုလ်ကြီးနဲ့ နှိုင်းယှဉ်ပြီး ဆရာဇော်ဂျီလို ပုဂ္ဂိုလ်က ပြောလိုက်ခြင်းမျိုးကိုတော့ ဝဏ္ဏကျော်ထင်ဘွဲ့တို့ ၊ စာပေဗိမာန်ဆု သုံးကြိမ်ရခြင်းတို့ထက် ကျုပ်က ဂုဏ်ယူတယ်ဗျာ”

ငြိမ်း ။ “ခင်ဗျားက အမြှောက်ကြိုက်တဲ့ လူတစ်ယောက်နဲ့ တူတယ်”

ရွှေ ။ “ရိုးရိုးသားသား ချီးမြှောက်ခြင်းမျိုးကို မကြိုက်တဲ့လူ ဘယ်မှာရှိသလဲဗျ၊ အလောင်းတော်တောင် ကြိုက်သေးတယ်လို့ ဗုဒ္ဓကိုယ် တိုင် ဖွင့်ဟပြီး ဝန်ခံဖူးတာပဲ၊ ကျုပ်အဖို့ကတော့ ချီးမြှောက်တဲ့လူရော၊ ကဲ့ရဲ့တဲ့လူရော ရှိတာပါပဲဗျ”

ငြိမ်း ။ “ဘယ်လိုများ ကဲ့ရဲ့သလဲဗျာ”

ရွှေ ။ “ကျုပ်တစ်ယောက်ဟာ အသက်ကြီးလာလို့ သူငယ်ပြန်ပြီး ရေးချင်တာတွေ လျှောက်ရေးနေတယ်တဲ့ဗျ” ငြိမ်း ။ “ဟာ-ဟား၊ ဟုတ်လိုက်လေဗျာ၊ ခင်ဗျားအသက် ဘယ်လောက်ကြီးနေလို့လဲဗျာ”

ရွှေ ။ “ကျုပ်က ၇၆ နှစ် ရှိပါသေးတယ်၊ ကျုပ်ကို သူငယ်ပြန်တယ်ဆိုကြလျှင် အသက် ၉၃ နှစ်ရှိတဲ့ ဆရာကြီး ဘာထရန်ဆိုလျှင် ရူးနေပြီလို့ ဆိုကြလိမ့်မယ်ထင်တယ်။ ဒီလိုဆိုတဲ့ လူတစ်ယောက်ကိုလည်း တွေ့ခဲ့ဖူးသေးဗျာ” ငြိမ်း ။ “ပြောစမ်းပါဦးဗျာ”

ရွှေ ။ “လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိုးကုတ်မြို့ရောက်တော့ ဆောင်းပါးရေး တော်တော်ကောင်းတဲ့ မျက်နှာဖြူ စစ်ဗိုလ်ကြီးတစ်ယောက် အိမ်ကို ကျုပ်က မိတ်ဖွဲ့ ရအောင်ရောက်သွားတယ်ဗျ။ တောင် စကား၊ မြောက်စကား ပြောကြရာမှ ဆရာကြီး ဘာထရန်ရပ်ဆဲလ် အကြောင်းရောက်သွားတော့ စစ်ဗိုလ်ကြီးက ဒီလူကြီးဟာ စိတ် ဖောက်ပြန်နေတယ်ထင်တယ်တဲ့ဗျ။ ဘာကြောင့်လဲဗျာလို့ ကျုပ် ကမေးတော့ သူက ဒါကြောင့်မို့လို့ ဘိုးဘွား မိဘအစဉ်အဆက် က ရလာခဲ့တဲ့ အားလ်(Earl)ဘွဲ့ (ဗြိတိသျှမှူးမတ် သူကောင်းဘွဲ့) ကြီးကို မဆက်ခံဘဲ လွှင့်ပစ်တာပေါ့ ဗျာတဲ့။ ကျုပ်လည်း သည် စစ်ဗိုလ်ကြီးနဲ့ စကားကြာကြာပြောလို့ မဖြစ်ဘူးဆိုပြီး ထလာခဲ့ ရောဗျ”

ငြိမ်း ။ “မဆက်ခံဘဲ လွှင့်ပစ်ခြင်းကို ခင်ဗျားက ချီးကျူးတယ်လား”

ရွှေ ။ “ကိုယ်တိုင် မတတ်နိုင်တောင် လုပ်ရဲတဲ့လူက လုပ်ခြင်းကို ချီးကျူးတယ်ဗျ”

ငြိမ်း ။ “ဒါဖြင့် ခင်ဗျားလည်း အရူးပဲကိုး”

ရွှေ ။ “ဆိုတမ်းပေါ့ ဗျာ၊ လောကကြီးမှာ တစ်ယောက်ကိုတစ်ယောက်အရူးလို့ စွပ်စွဲနေကြတဲ့ ကိစ္စမျိုးတွေ အပုံကြီးပေါ့ ဗျာ”

 ငြိမ်း ။ “သူ့စာတွေကို ခင်ဗျားဖတ်တော့ ဘယ်အချက်ဟာ မှတ်လောက်သားလောက်ရှိတယ်လို့ ခင်ဗျားယူဆသလဲ”

ရွှေ ။“ကမ္ဘာ့အစိုးရကြီးတစ်ခုတည်း ဖွဲ့စည်းနိုင်တဲ့အဖြစ် ရောက်အောင် လူတွေတတ်သိနားလည်မှုရှိလာတဲ့တစ်နေ့ကျမှ စစ်က လေးတွေရော၊ စစ်ကြီးတွေပါ လက်စသိမ်းသွားနိုင်လိမ့်မယ်ဆိုတဲ့ ' အချက်ကို ကျုပ်သဘောကျဆုံးပဲပျို့”

ငြိမ်း ။ “ဒါကတော့ စိတ်ကူးယဉ်ခြင်းသက်သက်ပါဗျာ”

ရွှေ ။ “မဟုတ်ဘူးနော်၊ အသိပညာဉာဏ် တိုးတက်နေတဲ့ ကမ္ဘာကြီးမှန်ခဲ့လို့ရှိရင် တစ်နေ့နေ့မှာ ကမ္ဘာ့အစိုးရကြီး ဖြစ်လျှင်ဖြစ်၊ မဖြစ်လို့ရှိလျှင် နျူကလီးယားစစ်ပွဲကြီးနဲ့ ဇာတ်သိမ်းဖို့ ရှိနေတယ်ဗျ”

ငြိမ်း ။ “နည်းနည်းရှင်းပြစမ်းပါ” ။

ရွှေ ။ “ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ပြည်နယ်ကို သိမ်းလိုမှုကြောင့် စစ်ဖြစ်ခဲ့ကြတယ်။ မိန်းမချောကို လိုချင်လို့ စစ်ဖြစ်ခဲ့ကြတယ်။ ဈေး ကွက်ကို လိုချင်လို့ စစ်ဖြစ်ခဲ့ကြတယ်။ ဝါဒရေးရာကြောင့် စစ်ဖြစ်တော့မလို တကဲကဲ ဖြစ်ခဲ့ကြတယ် မဟုတ်လားဗျာ”

ငြိမ်း ။ “ဟုတ်ပါတယ်။ ဒါ့ကြောင့် ကွန်မြူနစ်တွေက တစ်ကမ္ဘာလုံးကွန်မြူနစ်ဖြစ်ရလျှင် စစ်ဖြစ်စရာ မရှိတော့ဘူးလို့ ယူဆကြပါလားဗျ”

ရွှေ ။ “ပြောဖူးပါတယ်၊ ကျုပ်လည်းပဲ ဟုတ်နိုးနိုး ထင်ခဲ့ဖူးပါတယ်။အခုတော့ သူတို့ဝါဒတူအချင်းချင်း ရန်ဖြစ်လာကြလေတော့ကွန်မြူနစ်တွေလည်း ဒီစကားသံ တော်တော်တိတ်သွားတယ်ဗျ”

ငြိမ်း ။ “ခင်ဗျားအယူအဆက ဘယ်လိုလဲ”