Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ရွှေဒါးမောင်လေးရည် - ပန်းနုရောင်အိပ်မက်အလွမ်းအက်ဆေး

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အိပ်မက်ရွှန်းမျှစ် နှစ် ၁၀၀ ဆီ

(၁)

“မှုန်နေအောင်ကျနေသော နှင်းထုကြောင့် ရာမညဆောင်ကို လွန်လာ ပြီး သဲလမ်းအစပ်ကို နင်းလိုက်သည်အထိ လက်ဖက်ရည်ဆိုင်ကို ပီပီမတွေ့ ရ”ဆိုသည့် ပဉ္စမမြောက် ဆောင်းရက်များဝတ္ထု၏ အဖွင့်စာကြောင်းကလေး ဖြင့် ဆရာငြိမ်းကျော်က တက္ကသိုလ်နယ်မြေ၏ ဆောင်းလရက်စွဲများနှင့် အတူ ငွေနှင်းပွင့်ကလေးများနှင့် မိတ်ဆက်သမှု ပြုလိုက်ပေသည်။

ဒီတော့မှပင် ပတ်ဝန်းကျင်အခင်းအကျင်းဆီ ကျွန်တော်၏ အာရုံ မြားဦးကို လမ်းကြောင်းရွှေ့လိုက်မိတော့ အပြင်လောကဆီမှ နှင်း၏ရနံ့ကို သဲ့သဲ့ကလေး ရှူရှိုက်မိလိုက်ရပေသည်။ နှင်းခရက်စွဲများပင်။

နှင်းမှဟုတ်ရဲ့လား။ နှင်းကလေးတွေမှ ဟုတ်ရဲ့လား။

သံသယတောအလယ် မောတယ်အချစ်ရယ် ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကရဲ့ ကျွန်းညိုမြဆိုသည့် တေးသံရှင်တစ်ဦး၏ ဆောင်းနှင့်အတူ တက္ကသိုလ်ရင်ခွင်သို့ စေညွှန်းဖွဲ့ သီကာ လွမ်းမြရှတသူတစ်ဦး၏ ရုပ်ပုံလွှာ ကို မြင်ယောင်လာသည်အထိ အနုပညာမြောက်တေးချင်းတစ်စက ပျံ့လွင့် လာခဲ့သည်။ ဒီစဉ်ခိုက်မှာတော့ ကျွန်တော်၏ သိစိတ်အစဉ်များက ငယ်နု သစ်စ အတိတ်ကာလဆီက အမိတက္ကသိုလ်ရင်ခွင်ဆီ။

(၂)

နံနက်အစောပိုင်း ကလပ်စ် အမီတက်ရမည်မို့ အိမ်မှစော၍ ထွက်ခဲ့ သည်။

ငွေနှင်းပွင့်တို့ဖြင့် ဝေလွင်မှုန်ပျ မပီမသ နံနက်ခင်းပင်။ ဥတ္တရယဉ်စွန်း တန်းအရပ်ဆီမှ ခရီးနှင်ထွက်ခွာလာခဲ့သည့် ချမ်းမြမြလေညင်းတစ်စက ဖွဖွထိနမ်းလာတော့မှ လေးပင်နေခဲ့သည့် ခန္ဓာကိုယ်လည်း လန်းလန်းရွှင် ရွှင်ရှိခဲ့ရတော့သည်။ ကိုယ့်နှယ်ပင် နံနက်ခင်းကလပ်စ်အမီ အရောက်လှမ်း လာခဲ့ကြသည့် ပျားပိတုန်းရောင်စုံကလေးများဖြင့် ဝန်းကျင်အလှက ပီပြင် တောက်ပလျက်ရှိသည်။

ဆောင်း၏ရသမှာ နွေနှင့်မိုးကာလများတွင် ခံစား၍မရနိုင်သည့် အလှ အပတို့ဖြင့် ရက်ရှယ်ထားသည်ဟု ထင်သည်။ ပြီး ရန်ကုန်ဆောင်းဆိုသည် ကလည်း အညာရပ်ဒေသများမှာကဲ့သို့ စိမ့်ချမ်းလှသော အရိုးခိုက်မျှ ဆောင်း မဟုတ်သည်လည်းတစ်ကြောင်းမို့ပင်။ ဒါသည်ပင် ရန်ကုန်ဆောင်း၏ နှစ် သက်ဖွယ်ရာ အင်္ဂါတစ်ရပ်ဖြစ်နေတော့သည်လား မပြောတတ်ပါ။

ပြီးတော့ ဒီနေ့ဘက်ခေတ်အနေအထားက အပူရောင်တို့ဖြင့် နှိပ်စက် ကလူတတ်သည့် ခါသမယသို့ ရောက်နေခဲ့ပြီ။ ကွယ်ဒေသဆီ မျှော်ရည် ကြည့်ကြည့် ကွင်းပြင်ပြောင်ပြောင်၊ တံလျှပ်ရောင်ရှိန် တဟပ်ဟပ်နှင့် အေးကွက်တွေ ဖွေရှာ၍မရ။ အပူရောင်တောထဲ ကျောကုန်းတွေ ကော့နေ ခိုက်မှာ အဲဒီအပူငွေ့ တွေက စတေးရှောင်နိုင်ဖို့ဆိုတာ ဒီဆောင်းဥတုရဲ့ တတိယရာသီကလေးအပေါ် မျှော်လင့်ချက်ရောင်စဉ်တန်းကလေးအဖြစ် ယုံကိုးနေကြရသည်။

တက္ကသိုလ်ဝန်းကျင်ဆီက တတိယရာသီရဲ့ အလှတရားတွေကတော့ ဘယ်သူတွေယှဉ်ပြိုင်လို့ နိုင် နိုင်ပါ့မလဲလေ။ ဒီဝန်းကျင်မှာက စိုစိုစိမ်းစိမ်း မြရည်လိမ်းကျံထားသည့် စိမ်းမြတောအုပ်တွေရယ် အင်းလျားကန်သာရဲ့ ကျောကုန်းပေါ်က ရှပ်တိုက်ပြေးထွက်လာတဲ့ မြကန်ရေရနံ့သင်းနေတဲ့ လေ ညင်းကလေးတွေနဲ့မို့။

(၃)

ပါချုပ်ဆရာ ဒေါက်တာသာလှ လက်ထက်ဆီမှ နံနက်ခင်းဇာတ်လမ်း တစ်ပုဒ်ကို သတိရလိုက်မိပေသည်။

ထိုစဉ်က “မည်သူမျှ ကံ့ကော်ပန်းမခူးရ” ဆိုသည့် တားမြစ်ချက် ထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း နံနက်ခင်းတစ်ခု၌ ကျောင်းသား နှစ်ယောက် ကံ့ကော်ပန်းခူးနေကြသည်။ တစ်ယောက်က ကံ့ကော်ပင်ထက်သို့ တက်၍ ကံ့ကော်ပွင့်များခူးကာ အောက်သို့ပစ်ချပေးနေသည်။

ထိုစဉ်ခိုက် ဆရာကြီးလမ်းလျှောက်လာသည်ကိုတွေ့ ကာ အောက်က စောင့်နေသည့် ကျောင်းသားက လစ်ထွက်သွားခဲ့သည်။ ဆရာကြီးက အပင် အောက်သို့ ရောက်လာပြီး အပင်ထက်က ကျောင်းသားအား အောက်သို့ ဆင်းလာရန်ခေါ်သည်အထိ အပင်ပေါ်က ကျောင်းသားက ဆရာကြီးမှန်း မသိဘဲ ပန်းကို ဆက်၍ခူးနေခဲ့သည်။ အပင်အောက်သို့ ငုံ့ကြည့်မိတော့မှ ဆရာကြီးကိုတွေ့ ကာ အမြန်ဆင်းလာခဲ့ပြီး ဆရာကြီးအား ဦးချကန်တော့ ခဲ့ပေသည်။ ဆရာကြီးက မေးမြန်းပြီး ခူးထားသည့်ပန်းများအား ကျောင်းသား ၏ ချစ်သူထံသို့ သွားရောက်ပေးစေခဲ့သည်။

ထိုဖြစ်စဉ်ကို သိရှိရခြင်းဖြင့် ထိုကာလဆီက ဆရာနှင့် ကျောင်းသား တို့၏ ဆက်ဆံရေးပုံစံကို တွေ့နိုင်ပေရာ လေးစားဦးညွတ်ဖွယ် ကောင်းလှ ပေသည်။ ကျွန်တော်တို့ ကံ့ကော်ရင်ခွင်သို့ ခိုဝင်ခိုက် ထိုနည်းပုံသွင် ဖြစ်စဉ် ကလေးများနှင့် တိုးတိုက်ခိုက် ဆရာကြီး ဒေါက်တာသာလှသို့ လည်ပြန် တမ်းတမိရပြန်ပေသည်။

စံရိပ်ငြိမ် ၆ လမ်းထိပ်မှ ထွက်လာခဲ့ပြီး ပြည်လမ်းမကိုဖြတ်ကာ တက္ကသိုလ်ပရိဝုဏ်ထဲ ဝင်ရောက်ခဲ့သည်။ ဂျဒ်ဆင်ဘုရားကျောင်းသို့ အဝင် လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ ရွှေဘိုဆောင်ဘေးလမ်းသို့ ရောက် မှပင် တောင်ငူဆောင်တည့်တည့်ဆီသို့ ။

လမ်းအနောက်ဘက်ဘေးဆီမှ ပင်စည်ကိုင်းခက်များကြား တွဲရရွဲ ကျလျက်ရှိသည့် သော်ကပွင့် ရဲရဲနီနီရှေ့နားရောက်တော့ ပင်လယ်ကဗွီးပင် ထီးထီးမားမားကြီးများ၏ အရွက်ချွန်ဖျားထက်မှ ယိုစီးကျဆင်းလာခဲ့သည့် နှင်းရည်စက်လက်ကလေးများက မြေပြင်ပေါ်စိုရွဲလျက်။ တောင်ငူဆောင်အဝင် လမ်းမဘေးမှာတော့ အိပ်ငိုက်မူးရီမပြေသေးဟန် စိန်ပန်းပြာပင်နှစ်ပင် က မလှုပ်မယှက်ငြိမ်သက်စွာဖြင့်။

တက္ကသိုလ်နယ်မြေနှင့် ကျွန်တော့်အနေအထား မစိမ်းပြတ်လှဟု ပြော၍ ရနိုင်လောက်ပါသည်။ ကျွန်တော် တက္ကသိုလ်ဝင်တန်း မအောင်မြင်မီ ကာလဆီကပင် တက္ကသိုလ်နယ်မြေအတွင်းသို့ ခြေချခဲ့ဖူးသည့် အကြိမ် အရေအတွက် မနည်းလှသောကြောင့်ပါပေ။ ကျွန်တော်၏နောင်တော်များ ဘွဲ့ရရှိပြီး ရာထူးဝန်အဖွဲ့မှ ခေါ်ယူသည့်အလုပ်လျှောက် စောင့်ဆိုင်းစဉ်ကပင် သူတို့နှင့်အတူ တက္ကသိုလ်ရင်ခွင်ထဲသို့ တိုးဝင်ခဲ့ဖူးပြီမို့ပါ။

ကျွန်တော်တို့ တက္ကသိုလ်ပရိဝုဏ်ထဲ ခိုဝင်လာခဲ့တော့ မိခင်တက္ကသိုလ် တည်ထောင်သည့် နှစ် ၅၀ ပြည့်မြောက်သော ရွှေရတုသဘင်ပွဲ ဆင်ယင် သည့်အချိန်နှင့် တည့်တည့်ကြီးပင် တိုးတိုက်ခဲ့ရပေသည်။

ထိုအထိမ်းအမှတ်ပွဲတော်ကာလ၏ ရက်စွဲများက တိမ်းမူးဖွယ်ရာတို့ ဖြင့် တက်ကြွလန်းမြလျက်ရှိသည်။ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်း သူတို့၏ ဝင်းပမျက်နှာအပေါင်းက အားကျဖွယ်ကောင်းလှသည်။

သူတို့တွေ ဇာတ်တိုက်လေ့ကျင့်ရာသို့ သွားရောက်၍ ငေးမောအားပေး ကြရသည်။ ပွဲတော်ရက်များရောက်တော့ တက္ကသိုလ်နယ်မြေအတွင်း၌ ဇာတ် စင်ကြီးများဖြင့် ခင်းကျင်းကပြကြပြီး လာရောက်ကြည့်ရှုခံစားကြသည့် ရွှေ ပွဲလာဧည့်ပရိသတ်တို့ဖြင့် တိုး၍မပေါက်နိုင်ခဲ့။

အဓိပတိလမ်းမဘေးတစ်လျှောက် ဘာသာရပ်အလိုက် ဈေးဆိုင် တန်းများ ဖွင့်လှစ်ကာ အစားအသောက်များ၊ အမှတ်တရပစ္စည်းများ ရောင်း ချကြပေရာ ကျွန်တော်တို့ မြန်မာစာ မိသားစုများမှ ရွှေတောင်ခေါက်ဆွဲ” ရောင်းချခဲ့ကြသည်။ ရွှေပွဲလာအပေါင်းတို့ဖြင့် အထူးပင်စည်လှပေရာ ကြက်ပျံ မကျပင်။ မေ့ပျောက်မရနိုင်အောင်ပါပေ။ ဆိုင်ခန်းစုံမှ ဖွင့်လှစ်ကြသည့် အမိတက္ကသိုလ်ဖွဲ့ သီချင်းပေါင်းစုံတို့က အပြိုင်အဆိုင် ဝေဝေစည်စည်။

(၄)

အမိတက္ကသိုလ်၏ ချစ်မက်ဖွယ်ဓလေ့စရိုက်များထဲတွင် တစ်ခုအပါ အဝင်ဖြစ်သည့် သူ၏ရင်ခွင်လွှာထဲသို့ ခိုလှုံဝင်ရောက်လာခါစ မောင် ညီမငယ်လေးများအား နွေးထွေးပျူငှာ ကြိုလင့်ရှာသည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲများလည်း ပါဝင်နေပေသည်။

ကျွန်တော်တို့တွေ ဝင်ရောက်လာခဲ့စဉ်မှာ လှိုက်လှဲနွေးမြ ကြိုဆိုခဲ့ကြ သလိုပင် ကျွန်တော်တို့နောင်တော်၊ အစ်မတော်နေရာ ရောက်ခဲ့တော့လည်း မောင် ညီမငယ်တို့အား တုံ့လှယ်တစ်ဖန် အကြိုထောက်ခဲ့ရပြန်ပါသည်။

တေးချင်းတွေ ကျူးသီကြ၊ ပြဇာတ်တွေ တင်ဆက်ကြနှင့် လွမ်းမြစရာ တွေ ချန်ထားရစ်ကြသည်။ တချို့တွေခမျာ စိတ်တွေ ချစ်ကြည်သွားကြသူ တွေနှင့်၊ မိတ်ဆွေအပေါင်းအသင်းစာရင်း ဝင်သွားကြသူတွေနှင့် တက္ကသိုလ် ၏ ချစ်ပုံပြင်စာရင်းထဲ ဝင်သွားခဲ့ကြသူတွေလည်း လွမ်းမြရေးအဖြစ် မှတ်ယူ မည်ဆိုကလည်း လွမ်းတော်မူရုံပဲပေါ့လေ။

ရွှေရတုသဘင်ကာလ တက္ကသိုလ်အဝန်းအဝိုင်းမှ ကဗျာဆရာ၊ စာရေး ဆရာတို့၏ ကဗျာစာအုပ်လေးများ၊ ပို့စ်ကတ်လေးများ အလျှိုလျှိုပွင့်လန်း မွှေးမြလာခဲ့သည်။ ဆရာမောင်ပန်းမွှေး၏ ‘နေလိုလလို” အမည်ရ ကဗျာ စာအုပ်ပါးပါးလေး၊ သူငယ်ချင်း ကိုရွှေသိမ်းမင်း၏ ကဗျာကလေးများ ပါဝင် သည့် ပို့စ်ကတ်လေးများ။ နောင်၏ “မနုမပျို၊ လိပ်ပြာအိုပင်လျှင် မွှေးချိုသင်းသော ပန်းခင်းတောမှာ ပျော်မောမွေ့လို သေးသည် တကား” ဆိုသည့် ကဗျာလေးနှင့် ပန်းတောထဲ ပျံသန်းလျက်ရှိသည့် လိပ်ပြာမောင်နှံစုံပါဝင်သည့် မြစိမ်းရောင်ပို့စ်ကတ်လေးများ ဆောင်းနှင်း ဇာပဝါထဲ ရွက်လွှင့်ခဲ့ပုံ။

မခင်လျှင်လည်း

မခင်သလို နေလိုက်ပါ။

မကြင်လျှင်လည်း

မကြင်သလို နေလိုက်ပါ။

မခင်သလို ခင်သလိုနှင့်

မကြင်သလို ကြင်သလိုနှင့်

နေလိုလလို ကျင့်နဲ့ကွယ်

ဟုဆိုကာ ချစ်သူ၏သဘောထားကို ပြတ်သားစွာ ကြေညာပေးဖို့ တိုးလျှိုးတောင်းပန်မှုပြပုံကလေးကို သရုပ်ထားခဲ့သည်။ “နေလိုလလို”