Skip to product information
1 of 16

Other Websites

ရွှေကြောဦးစိုးမြင့် - နာခံတော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)     

 

         မြန်မာသက္ကရာဇ် ၉၆၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက်၊ တနင်္ဂနွေနေ့ တွင် မြန်မာနိုင်ငံတော် ရတနာပူရ အဝမြို့တော်၌ ညောင်ရမ်းမင်းတရားကြီး၏ ရင်သွေးဖြစ်သောသက်တော်၂၈နှစ်ရှိသားတော် အိမ်ရှေ့မဟာဥပရာဇာ သခင်လတ်သည် မဟာဓမ္မရာဇာ ဟူသော ဘွဲ့အမည်ကို ခံ၍ နန်းတက်တော် မူလေ၏။ အဖေတူ၊ အမေတူ ဖြစ်သော နှမအရင်းကို တောင်ညာတင်ကာ ကြင်ရာထား၍ မိဖုရားပြုလုပ်ခံစားသောရှင်ဘုရင်သည်မြန်မာရာဇဝင် တစ်လျှောက်၌ ထိုမင်းတစ်ပါးသာ ရှိကြောင်း ကြားဖူး၏။ ထိုကဲ့သို့နှမတော်အရင်းကိုတောင်ညာတင်သည့်အတွက် ကဲ့ရဲ့ဖွယ် မရှိသည့်ပြင် ထက်မြက်သော ဘုရင်တစ်ဦးဟုပင် ချီးကျူးကြရ၏။ အကြောင်းမူကား ဒေဝဒဟ၊ ကပိလ တွင် နှမနှင့်မောင်ပြည်တည်ထောင်ဟူသောသာကီဝင်အစဉ်အလာရှိသောကြောင့်တည်း။မဟာဓမ္မရာဇာမင်းတရား နန်းတက်၍ တစ်နှစ် ရှိသောအခါ သက္ကရာဇ် ၉၆၈ ခုနှစ်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌ ဘုရင်အသီးသီးတို့သည် တစ်ထီး တစ်နန်းစီ ထူထောင် အုပ်စိုးလျက် ရှိကြလေ၏။ 

၁။ မဟာဓမ္မရာဇာကို မြန်မာရာဇဝင် ဆရာတို့က အနောက်ဘက်လွန်မင်းတရားဟု ခေါ်၏။

 

ထိုရှင်ဘုရင်တို့၏ ဘွဲ့မည်နှင့် တိုင်းပြည်နိုင်ငံများ

 

          (၁) တောင်ငူ၌ တောင်ငူ ရွှေနန်းတည်မင်းတရား၊ (၂) ပြည်မြို့၌ ရန်နိုင်စား၊ (၃)သန်လျင်၌ကုလားငဇင်ကာ၊ (၄) မုတ္တမ၌ ဗညားဒလ၊ (၅) ဇင်းမယ်၌ နော်ရထာမင်းစော၊ (၆) ရခိုင်၌ မင်းရာဇာကြီး။

 

သန်လျင်သို့ အဘယ်ကြောင့် ပေါ်တူဂီ ရောက်ရသနည်း

 

          သက္ကရာဇ် ၉၆၁ ခုနှစ်တွင် တောင်ငူဘုရင်သည် ရခိုင်ဘုရင် ရာဇာကြီး ကို စစ်ကူတောင်း၍ ဟံသာဝတီကို တိုက်ရာ အောင်မြင်သဖြင့် တောင်ငူဘုရင်မှာ ဟံသာဝတီ ရွှေနန်းကို သိမ်းမြန်း စိုးစံရလေ၏။ ရခိုင်ဘုရင်ကိုလည်း စစ်ကူ သည့်အတွက် အထူးထူးသော လက်ဆောင်တို့နှင့်တကွ ဆင်ဖြူတစ်စီးအပြင် နန်းကျ ဟံသာဝတီ ဘုရင်၏ သမီးတော် ခင်မနှောင်းကိုပါ လက်ဆောင်ပေး၍ အရေးတော် ပြီးကြပြီးနောက် တောင်ငူဘုရင်သည် ဟံသာဝတီမှာ မြို့စောင့် ထားကာ တောင်ငူသို့ ပြန်၍ နန်းစံလေ၏။ ထိုကစ၍ တောင်ငူနှင့် ရခိုင်တို့ သည် မဟာမိတ်ဖြစ်ကြလျက် တစ်ဦးထံ တစ်ဦး ရာဇသံများ စေလွှတ်ကာ မင်းနှစ်ပါး ချစ်ကြည်၍ နေကြလေရာ အတန်ကြာသောအခါမြန်မာနှင့် ရခိုင် အကြား၌ ရှိသော တောပုန်း ခိုးသား ဓားပြတို့သည် မင်းနှစ်ပါး စေသော သံတမန်တို့ကို လမ်းခရီးက နေ၍ တိုက်ခိုက် လုယက်ကြသဖြင့် ရခိုင်ဘုရင်က လက်နက်ကိုင်လူ၃ဝဝစေလွှတ်ပြီးတောင်ငူဘုရင်ထံအောက်ပါအတိုင်း အကြောင်းကြားလေ၏။ 

 

         ၁။  ကဗျာရတု၊ သီဆိုမှု၌၊ တုဖက်ကင်းသော နတ်ရှင်နောင်၏ ခမည်းတော် ဖြစ်သည်။ 

         ၂။  မဟာသွေးမဟုတ်။ ပြည်ဘုရင်မင်းကြီးနှောင်း၏ အထိန်းတော်ဖြစ်သည်။ မင်းကြီးနှောင်း

              ကို သတ်၍ ဘုရင်လုပ်နေသူ ဖြစ်သည်။ 

         ၃။  ပေါ်တူဂီလူမျိုး ဥရောပတိုက်သား ဖြစ်သည်။ 

         ၄။  မြန်မာတို့က “ဗြနရာဇ်” ခေါ်သော ထိုင်းဘုရင် “ဖရနရေဆူအင်”က ဘုရင်အဖြစ် ခန့်ထား

              ခဲ့သော အမတ်ကြီး ဝင်းယော်စား၏ တူ ဖြစ်သည်။

         ၅။  ဘုရင့်နောင် ခေါ် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏ သားတော် ဖြစ်သည်။

         ၆။  သက်တော် ၉၇ နှစ် နေရသည်။ ရှင်ဘုရင်အဖြစ် စည်းစိမ်တော် နှစ်ပေါင်း ၄ဝ ခံစားရသည်။

              ဗုဒ္ဓသာသနာကို ပြုစုရာ၌ ရခိုင် ရာဇဝင်တွင် တုဖက်ကင်းသော ဘုရင်တစ်ပါး ဖြစ်၏။

 

 

ဓညဝတီ ရခိုင်ပြည်ကြီးကို အစိုးရတော်မူသော တူတော်ဘုရင်

          “မင်းရာဇာ”ထံမှ ဆက်သလိုက်သော အလွှာတော် 

            တူတော် ဘုရင်မင်းမြတ် ကြားရောက်အပ်ပါသည်။ ကေတုမတီ 

            ရာဇဌာနီ တောင်ငူ နေပြည်တော်ကြီးနှင့်တကွ ရာမညတိုင်း သုံးရပ်

            မကျန် မြန်မာနိုင်ငံ တစ်ဝန်းကို အစိုးရတော်မူသော ဦးရီးတော် ဘုရင်မင်းမြတ်။ 

            အကြောင်းမှာ တောင်ငူနှင့် ရခိုင်အကြား၌ ရှိသောတောပုန်း ခိုးသား

            ဓားပြတို့သည် သံတမန်တို့ကို လုယက်တိုက်ခိုက်နေ ကြသဖြင့် တစ်ပြည်နှင့်

            တစ်ပြည် သံတမန် မပေါက်ရောက်နိုင်ဘဲ ရှိနေပါသည်။ သံတမန်

            မပေါက်ရောက်နိုင်ကလည်း ရှေ့အဖို့၌ တစ်ပြည်နှင့် တစ်ပြည် ကူးသန်း 

            ရောင်းဝယ်ရေးမှာ အခက်အခဲနှင့် တွေ့ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ တူတော်၏ထံမှ

            လူသူ အလုံး အရင်းနှင့်တကွ သန်လျင်တွင် ကင်းစောင့်အဖြစ်နှင့် ကိုယ်စားလှယ်

            ခန့်ထားလိုပါသည် ဦးရီးတော် ဘုရင်မင်းမြတ်။

           ဤစာကိုပေးသောအချိန်၌ရခိုင်ဘုရင်ရာဇာကြီးသည်အသက်၆၇နှစ်ရှိ၍တောင်ငူဘုရင်ရွှေနန်းတည်မင်း

မှာ ၅၄ နှစ်မျှ ရှိသေး၏။ မိမိ ထက် အသက်အားဖြင့်၁၃နှစ်တိတိငယ်ရွယ်သူကိုအဘယ်ကြောင့်ဦးရီးခေါ်ရပါသနည်း ဆိုသော်ရတနာရောင်တို့ဖြင့်တောက်ပြောင်လျက်ရှိသည့်ဓညဝတီနန်းတော်ကြီးအတွင်းခင်းထားသောကမ္ဗလာ

ထက်၌ အရွယ်တော် ၂၀ကျော်ခါစပဉ္စကလျာအင်ငါးဖြာနှင့်လက္ခဏာရုပ်ဓာတ်မိန်းမမြတ်တို့ကျက်သရေဝါရွှေသော အဆင်း၊ နုထွားသော အသား၊ စိမ်းမြသော အကြော တို့ဖြင့် ချောချင်တိုင်း ချောလျက် သဘောတွေ့ မနောခွေ့ မြောမေ့၍သွားလောက်အောင်အချိုးအစားကျန၍လှပသောမိဖုရားကလေးတစ်ဦးအနီးတွင်အသက်၆၀ကျော်အ

ဘိုးကြီး ဖြစ်သော ရှင်ဘုရင်ကြီးသည် ချော့မော့ယုယ လျက် ရှိလေ၏။

          ဘုရင် ။ ။  “ဟံသာဝတီ ရွှေနန်းကို လွမ်းတော်မူပါသလား စုစုရဲ့”

         မိဖုရား။ ။ “မှန်လှပါ၊ဇာတိချက်ကြွေစံရာမြေကိုတွေးလေတွေးလေဆွေးမပြေဖြစ်ရတော့သည်ကိုယ်တော်ဘုရား”

          ဘုရင်။ ။“ဒီကမောင်ဘုရားအပေါ်မှာ မေတ္တာတော်သက်ဝင်ပြီး ချစ်ကြင်တော်မူပါက ဟံသာဝတီရွှေနန်းကိုလွမ်းတော်မမူသင့်ပါဘူး စုစုရယ်”

          ဘုရင်ကြီးသည် မိဖုရားကလေး၏ ကျောပေါသို့လက်တင်လိုက်ရာ မိဖုရားလေးသည် ရုတ်တရက်ဘုရင်ကြီး၏ လက်ကို ပုတ်ချလိုက်လေသည်။

          ဘုရင် ။ ။“စုစုရယ် ပြုတော်မူရက်ပါပေရဲ့၊ မောင်ဘုရားကို ခုထက်ထိ မေတ္တာတော် မရှိနိုင်သေးဘူးလား”

          မိဖုရားကလေးသည်ရှင်ဘုရင်ကြီးလက်ကိုဆွဲယူကာတင်မြဲတိုင်းမိမိကျောပေါ်သို့တင်စေလျက်ဣန္ဒြေမပျက် မျက်နှာထားတည်တည်နှင့် -

          မိဖုရား ။ ။“အထင်လွဲတော် မမူပါနှင့် ကိုယ်တော်ဘုရား၊သည်ကစုတစ်ပါးကိုမြှောက်စားယုယပြီးသုခရိပ်ငြိမ် စည်းစိမ်တော် လွှဲအပ်လို့ မြင့်မြတ် တဲ့ အခြေနှင့် ကျက်သရေရှိတဲ့ တိုက်ခန်းမှာ တောင်နန်းဒေဝီ မဟေသီအဖြစ် ချစ်တော်မူတဲ့ ကျေးဇူးတွေကို မေ့နိုင်ဖွယ်ရာ မရှိပါ မောင်မောင်”

          ဘုရင် ။ ။“ဒီလို သိလျက်သားနှင့် မိမိရယ်.. အစက အတိ အလင်း လျှောက်ပါတော့လား။ ပရိယာယ်တော် အမူလုပ်ပြီး စိတ်ရှုပ်စရာ မောင်ဘုရားကို ညှဉ်းဆဲခဲ့ပလေတယ်””

          မိဖုရား ။ ။“လျှောက်ရင် စိတ်ဆိုးမှာလား ကိုယ်တော်””

          ဘုရင် ။ ။“စုစုအပေါ်မှာ ဘယ်အခါမှ စိတ်ဆိုးလိမ့်မယ် မဟုတ် ပါ။ လျှောက်ချင်တာကို ဘာမဆို တင်သာ တင်ပါ မိမိင့်”

          မိဖုရား။ ။“အစကပရိယာယ်လုပ်ပြီး စိတ်ရှုပ်စရာဖန်ဆင်းလို့ မောင်တော်ဘုရားကို ညှဉ်းဆဲခဲ့တာမဟုတ်ရပေါင်ဘုရား။ စုစုတို့စံရာဟံသာဝတီရွှေနန်းကို တောင်ငူဘုရင်က မောင်မောင်ဘုရားထံ စစ်ကူတောင်းပြီးထောင်းထောင်းကြေအောင် တိုက်ခိုက်လို့ ဟံသာဝတီ ပြည်ကြီး ပျက်စီးတယ် မဟုတ်ပါလား ဘုရား။ ဒါတင်မကသေးဘူး။ တောင်ငူဘုရင်က စုစုရဲ့ ခမည်းတော် ဟံသာဝတီဘုရင်ကို ဆောင်ယူသွားတာလည်း မောင်ဘုရား အသိသား ပဲ။ အခြားဘုရင်တစ်ဦးက လာပြီး တိုက်ခိုက်သိမ်းယူ သွားမယ်ဆိုရင်စုစုစိတ်မှာဒီလောက်နာကြည်းမယ်မဟုတ်ပါဘူး။ အခုတောင်ငူဘုရင်ဆိုတာကတော့ စုစုရဲ့ခမည်းတော်နှင့် ညီအစ်ကိုတော်တယ်၊ဒါကြောင့်စုစုဟာသူ့ရဲ့တူမတော်ကလေး မဟုတ်လား။ အဲ့ဒီဆွေတော်မျိုးတော် ဖြစ်တဲ့ ကိုယ့်တူမလေးကိုလည်း အရေးတော်ပြီးတာနဲ့တစ်ပြိုင်နက် စစ်လက်ဆောင်လုပ်ပြီး မိဖုရားကြီးတို့အဆောင်အယောင်နှင့်မောင်မောင်ဘုရားထံ လက်ဆောင်ပေးလိုက်တယ်။

တကယ်ဆိုရင်ပေးချင်ပါဦးတော့၊ခပ်ဖြည်းဖြည်းမှအေးအေးဆေးဆေးသည်အရေးမျိုးမှာမေတ္တာတရားကို နားချဖို့ သင့်တယ် မဟုတ်ပါလား။ ဒီအခါတုန်းကလည်း ဒီကမိမိမှာပရိဒေဝမီးဖိစီးတောက်လောင်နေတဲ့အချိန်မို့ခေတ္တခဏ အကျိုးအကြောင်းပြသ ဖေးမကူညီပြီး ဆိုင်းငံ့ထားဖို့သင့်ပါတယ်။ သည့်ပြင်တစ်ချက်ကတော့ ခမည်းတော်ဘုရားကိုတောင်ငူရောက်တဲ့အခါ သူ့သားတော်နတ်ရှင်နောင်က တိတ်တိတ်ပုန်းလုပ်ကြံလို့ ခမည်းတော်ဘုရားနတ်ရွာစံတယ် ဆိုတဲ့ သတင်း ကြားရပြန်တယ်။ အဲဒီ အကြောင်းတွေကြောင့် စိတ်မကောင်းဖြစ်ပြီး ...”

          ဘုရင် ။ ။“ဪ... ဒါကြောင့်လား၊ မောင်ဘုရားက...”

       

          ဤကား ရခိုင်ဘုရင် မင်းရာဇာကြီးနှင့် မြန်မာမိဖုရား ခင်မနှောင်း 

          တို့ အချင်းချင်း မိန့်တော်မူပုံ ဖြစ်၏။ ဤအထက်ပါ အခြင်းအရာကို

          ထောက်ထား၍ ရခိုင်ဘုရင် မင်းရာဇာကြီးက တောင်ငူဘုရင်ကို 

          ဦးရီးတော်ဟု ခေါ်ခြင်း ဖြစ်ပေသတည်း။

 

          တောင်ငူဘုရင်လည်း ရခိုင်ဘုရင်၏ကျေးဇူးရှိဖူးသဖြင့်သန်လျင်၌ရခိုင်ကအစောင့်ထားရန် သဘောတူလိုက်လေ၏။ သို့ဖြစ်၍ ရခိုင်ဘုရင်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ ကြံရည်ဖန်ရည် ရှိသော မိမိ၏ အပါးတော်မြဲ ကျွန်ယုံ တစ်ဦး ဖြစ်သည့် ဥရောပတိုက်သား ပေါ်တူဂီလူမျိုး ကုလား ဗရင်ဂျီငဇင်ကာ ကို သင်္ဘော သုံးစင်း၊ လွန်းကြင်၁၀၀ ကျော်၊ လူ ၂၀၀၀ နှင့် သန်လျင်တွင် ဘုရင်ခံ အဖြစ်မျိုး အခိုင်အလုံ နေ၍ သံတမန်တို့ကို လုယက် တိုက်ခိုက်လျက် ရှိသော တောပုန်း ဓားပြတို့ကို သုတ်သင်ရှင်းလင်းရန် ကင်းစောင့် ကိုယ်စားလှယ် အဖြစ်နှင့် ခန့်ထားလိုက်လေ၏။

          လွန်းကြင် ဟူသည်ကားလွန်းကြင်အမည်ရှိသောငှက်မျိုးတည်း။ထိုငှက်မျိုးသည်တစ်ကောင်နှင့်တစ်ကောင် အလွန်တရာ ချစ်ခင်လေ့ရှိ၏။ ချစ်ခင်သောကြောင့်ပင် တစ်ဦးနှင့် တစ်ဦး ကွေကွင်းသောအခါ လွမ်းဆွတ်တတ်၏။ တစ်ဦးကိုတစ်ဦးကလည်းအလွန်ပင်ကြင်နာတတ်၏။သို့ဖြစ်၍လွမ်းကြင်ဟုခေါ်၏။ထို့ကြောင့်တောပုရှင်ဥက္ကံသမာလာ၏ မေတ္တာစာ၌ -

         

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)